လမ်းလျှောက်ခြင်းဆိုတာ ကျန်းမာရေးအတွက် ကုန်ကျစရိတ်အနည်းဆုံးနဲ့ လုပ်ဆောင်နိုင်တဲ့ လေ့ကျင့်ခန်းတမျိုး ဖြစ်ပါတယ်။ ပစ္စည်းကိရိယာ တန်ဆာပလာ အထွေအထူးလည်း သိပ်မလိုတဲ့အပြင် အင်အားလည်း ပင်ပင်ပန်းပန်း စိုက်ထုတ်စရာမလိုတဲ့အတွက် သက်ကြီးရွယ်အိုတွေပါ လုပ်ဆောင်နိုင်ပါတယ်။
ယခုဆက်လက်ဖော်ပြမှာကတော့ သင့်ရဲ့တနေ့တာကို လမ်းလျှောက်ခြင်း နဲ့ ဘာကြောင့် စတင်သင့်သလဲ ဆိုတာပါပဲ။ တနည်းအားဖြင့် လမ်းလျှောက်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ ရိုးရှင်းတယ်ထင်ရပေမယ့် သိပ္ပံနည်းကျ သုတေသနရလဒ်တွေဖြစ်တာကြောင့်ခိုင်မာမှု ရှိပါတယ်။