တူညီတဲ့ ကယ်လိုရီပမာဏကို လောင်ကျွမ်းစေဖို့အတွက်တော့ လမ်းလျှောက်ခြင်းမှာ အချိန်ပိုယူရမှာဖြစ်ပါတယ်။ သုတေသီတဦးရဲ့ လေ့လာချက်အရ ၄.၃ မိုင်ခန့်ကို ခပ်သွက်သွက်လမ်းလျှောက်ပေးခြင်းဟာ ၃ မိုင်ပြေးခြင်းနဲ့ စွမ်းအင်သုံးစွဲမှုခြင်း တူညီတယ်လို့ ဆိုပါတယ်။
၃။ စက်ဘီးစီးခြင်း
စက်ဘီးစီးခြင်းဟာလည်း ခပ်သွက်သွက်လမ်းလျှောက်ခြင်းလောက် စွမ်းအင်တူညီစွာ သုံးစွဲရပါတယ်။ အရိုးအဆစ်တွေကိုတော့ ပိုမိုသက်သာစေပါတယ်။ ဒါကြောင့် အသက်ကြီးလာသူတွေအတွက် ပိုအဆင်ပြေပါတယ်။ မကြာခဏ အဆစ်နာသူတွေဟာ ပြေးခြင်းထက်စာရင် စက်ဘီးစီးခြင်းနဲ့ ပိုသင့်တော်ပါတယ်။
သုတေသနစာစောင်တခုမှာ ဖော်ပြချက်အရ လုပ်ငန်းခွင်ကို စက်ဘီးစီးပြီးသွားသူများဟာ တခြားသူတွေထက်စာရင် ကိုလက်စထရောနည်းပါးတယ်လို့ ဆိုလိုပါတယ်။ ဒါ့အပြင် စက်ဘီးစီးချိန်မှာ ဖြစ်ပေါ်တဲ့ သွေးလည်ပတ်မှုဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ အသက် ၅၀ နဲ့ ၆၅ နှစ်ကြား အရွယ်ရှိ စက်ဘီးပုံမှန်စီးသူများကို လေ့လာခဲ့ရာမှာ ဘာမှမလုပ်သူ တခြားအရွယ်တူများထက်စာရင် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုနည်းတယ်လို့ ဆိုပါတယ်။
၄။ ရေကူးခြင်း
ရေကူးခြင်းဟာ အဆစ်အမြစ်များကို ထိခိုက်နိုင်ခြေအနည်းဆုံး လေ့ကျင့်ခန်းတခု ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ အသက် ၅၀နဲ့ ၇၀ကြား ရေကူးသူအမျိုးသမီးများနဲ့ လမ်းလျှောက်သူအမျိုးသမီးများကို လေ့လာခဲ့ရာမှာ ရေကူးခြင်းဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ၊ အဆီချရာမှာ လမ်းလျှောက်ခြင်းထက် ပိုမိုသာလွန်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပုံမှန်ရေကူးသူများဟာ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ ပိုနည်းတယ်လို့ ဆိုပါတယ်။
၅။ ယောဂကျင့်ခြင်း
ဖော်ပြပြီးခဲ့တဲ့ အင်အားအသင့်အတင့်သုံးရတဲ့ လေ့ကျင့်ခန်းတွေနည်းတူ တည်ငြိမ်စွာ လှုပ်ရှားရတဲ့ ယောဂလေ့ကျင့်ခန်းတွေဟာလည်း ကိုလက်စထရောလျှော့ချဖို့ အထောက်အကူ ပြုပါတယ်။ သုတေသနတွေအရ သုံးလလောက်ဆက်တိုက် ယောဂလေ့ကျင့်ခန်းလုပ်ပေးရင် LDL ကိုလက်စထရောကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
Takeaway
အထက်ဖော်ပြပါ လေ့ကျင့်ခန်းအားလုံးဟာ
နှလုံးကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ကိုလက်စထရောကို လျှော့ချပေးပါတယ်။ မိမိကျန်းမာရေး အခြေအနေနဲ့ လိုက်လျောညီထွေမယ့် လေ့ကျင့်ခန်းတခုခုကို ရွေးချယ်လုပ်ဆောင်နေသင့်ပါတယ်။
ပြေးခြင်း၊ လမ်းလျှောက်ခြင်းအပြင် တင်းနစ်ရိုက်ခြင်း၊ ကခုန်ခြင်း စတာတွလည်း ပြုလုပ်နိုင်ပါတယ်။ အဓိကကတော့ အင်အားအသင့်အတင့်စိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းမျိုးကို တစ်နေ့ မိနစ် ၃၀ နှုန်းနဲ့ နေ့စဉ်ပြုလုပ်သွားနိုင်ဖို့ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။