ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

လေ့ကျင့်ခန်းလုပ်ဖို့၊ ကိုယ့်ကိုယ်ကို ကျန်းမာအောင် နေဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးတွေ ကျန်းမာမယ်၊ ကြွက်သားတွေ သန်မာမယ်၊ စိတ်တွေ လန်းဆန်းလာပါမယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလုပ်တာက တချို့ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

Reverse prayer ယောဂပို့စ်လေးရဲ့ ကောင်းကျိုးလေးများ

Reverse prayer ယောဂပို့စ် ဆိုတာက ယောဂပို့စ် တစ်ခုပါပဲ။ အမည်အရ မရင်းနှီးသလို ခံစားရနိုင်ပေမယ့် ပုံမှန် လုပ်မိနေတဲ့ ယောဂပို့စ်လေးတောင် ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လုပ်ရတာလည်းလွယ် ကျန်းမာရေးအတွက်လည်း ကောင်းကျိုးလေးတွေ ပေးစွမ်းနိုင်တယ်လို့ ဆိုကြတဲ့ Reverse prayer ယောဂပို့စ်လေးရဲ့ အကြောင်းနဲ့ ကောင်းကျိုးလေးတွေကို ပြောပြပေးသွားပါမယ်။  Reverse prayer ယောဂပို့စ် ဆိုတာ Reverse prayer ယောဂပို့စ် ဆိုတာက ယောဂပို့စ်တစ်ခုပါ။ မြင်သာအောင်ပြောပြရရင် လက်အုပ်ချီထားတဲ့ ပုံစံကို လက်နောက်ပြန် အနေအထားနဲ့ နောက်ကျောမှာ ကပ်ထားတဲ့ ယောဂပို့စ် တစ်ခုမျိုးပါ။ ဒီပို့စ်က ခန္ဓာကိုယ် အပေါ်ပိုင်း အထူးသဖြင့် လက်မောင်းနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို သက်ရောက်မှု ရှိနေတာပါ။  ပခုံးနဲ့ လက်ကောက်ဝတ်တွေကို အကြောတွေ ပြေလျော့စေသလို နောက်ကျော ကြွက်သားတွေနဲ့ […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

မေးစေ့ အောက်က အဆီ ဘယ်လို ကျအောင် လုပ်ရမလဲ

မေးစေ့ အောက်မှာ အဆီတက်နေတာ မှန်ကြည့်တိုင်း သတိထားမိလာတယ်။ ဒါကို မေး နှစ်ထပ် လို့ ခေါ်ကြတယ်လေ။ ဝလာတဲ့ လက္ခဏာ တစ်ခု ဖြစ်သလို တချို့တွေ လူမဝလည်း မေးစေ့ အောက်က အဆီ ရှိနေလို့ အဆင်မပြေ ဖြစ်တတ်ပါတယ်။ မျက်နှာလေး သွယ်လျ လှပနေဖို့ V shape ဆေးတွေ၊ နည်းလမ်းတွေတောင် သုံးကြတဲ့ ခေတ်မှာ မေးနှစ်ထပ် ဖြစ်နေလို့ ဘယ်ဖြစ်ပါ့မလဲလို့။ အဲဒါကြောင့် ဒါလေးတွေ လုပ်ကြည့်နော်။ မေးစေ့ အောက်က အဆီ ကျစေဖို့ လွယ်ကူတဲ့ နည်းလမ်းများ ပီကေ ပီကေ ဝါးရင် ပါးတွေ၊ မေးစေ့ တစ်ဝိုက် အစိတ်အပိုင်း အကုန်လုံး လှုပ်ရှားရတာမို့ လေ့ကျင့်ခန်း လုပ်သလို ဖြစ်စေနိုင်ပါတယ်။ ပီကေ ဝါးနေတဲ့ အချိန်ဆို မေးစေ့ […]


အခြားလေ့ကျင့်ခန်းများ

အစာမရှိဘဲ ပြေးသင့်သလား

ပြေးခြင်းဟာ သွေးလေလှုပ်ရှားမှု မှန်ကန်ဖို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်းတစ်မျိုး ဖြစ်ပါတယ်။ ကုန်ကျစရိတ်သိပ်မရှိဘဲ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ပြီး မိမိရဲ့ နေ့စဉ် နေထိုင်မှုပုံစံအပေါ် အကျိုးကျေးဇူးပြုပါတယ်။ ဒီတစ်ခေါက်တော့ အစာမရှိဘဲ ပြေးသင့်သလား ဆိုတာကို ပြောပြပေးချင်ပါတယ်။ အစာမရှိဘဲ ပြေးသင့်သလား အပြေးလေ့ကျင့်ရာမှာ တချို့က အစာမရှိဘဲ ပြေးလေ့ရှိပါတယ်။ သူတို့ဟာ ညဖက်အိပ်ချိန်အပါအဝင် အစာမစားဘဲ ၆-၈ နာရီကြာပြီးမှ မနက်ပိုင်းမှာ ပြေးလေ့ရှိပါတယ်။ အစာမစားထားတဲ့အခါ သွေးထဲမှာ ဂလူးကို့စ်ပမာဏ လျော့နည်းနေပါတယ်။ ဒါကြောင့် စွမ်းအင်အတွက် သိမ်းထားတဲ့ ဂလူးကို့စ်ကို ပြန်သုံးရပါတယ်။ ဂလိုက်ကိုဂျင်ဆိုတာ ဂလူးကို့စ်ကို ကိုယ်ခန္ဓာထဲမှာ သိုလှောင်ထားတဲ့ပုံစံ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာကနေ စွမ်းအင်အဖြစ် ပြန်လည်ထုတ်ယူ သုံးစွဲပါတယ်။ ယခု ဆက်လက်ဖော်ပြမှကြတော့ အစာမရှိဘဲ ပြေးတဲ့အခါ ကြုံတွေ့နိုင်တဲ့ ကောင်းကျိုးဆိုးကျိုးတွေ ဖြစ်ပါတယ်။ အစာမရှိဘဲပြေးခြင်း၏ အကျိုးကျေးဇူးများ အဆီလောင်ကျွမ်းမှုကို များစေခြင်း အစာမရှိဘဲပြေးတဲ့အခါ […]


အခြားလေ့ကျင့်ခန်းများ

ဆိုင်ကယ်မောင်းခြင်းက ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာ သင်သိပါသလား

မော်တော်ဆိုင်ကယ်တွေဟာ လမ်းပန်းဆက်သွယ်ရေးအတွက် အလွန်အသုံးဝင်ပါတယ်။ အထူးသဖြင့် နယ်မြို့တွေမှာ နေထိုင်သူတွေဟာ‌ ‌စျေးဝယ်သွားတာဖြစ်စေ၊ အလုပ်သွားတာဖြစ်စေ၊ ဆိုင်ကယ်နဲ့သာ အသွားအလာလုပ်တတ်ကြပါတယ်။ နောက်ဆုံးပေါ် မော်တော်ဆိုင်ကယ်တွေကို အပျော်မောင်းနှင်ကာ သဘာဝရှုခင်းကို ခံစားတတ်တဲ့ခရီးသွားတွေလည်း ရှိပါသေးတယ်။ လမ်းပန်း ဆက်သွယ်ရေးတင်မကပါဘူး၊ မော်တော်ဆိုင်ကယ်မောင်းနှင်ခြင်းဟာ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရနိုင်ပါသေးတယ်။ စိတ်ကျန်းမာရေးတင်မကဘဲ ရုပ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်ပါတယ်။ “Gym သွားဖို့ အချိန်မရှိရင် ဆိုင်ကယ်မောင်းပါ” လို့တောင် တင်စားတတ်ကြပါသေးတယ်။ (၁)     ဦးနှောက်စွမ်းရည်ကို တိုးတက်စေပါတယ် ဂီယာနဲ့ ကလက်ပါတဲ့ ဆိုင်ကယ်တွေကို မောင်းနှင်ဖို့ဆိုရင် ဦးနှောက်ရဲ့စဉ်းစားဉာဏ် လိုအပ်ပါတယ်။ ဂီယာ (Gear)၊ ကလက် (Clutch) နဲ့ ဘရိတ် (Brake)တို့ကို လိုအပ်သလို ထိန်းညှိကာ မောင်းနှင်နိုင်ဖို့ပါ။ ဆိုင်ကယ်ပေါ်မှာ ဟန်ချက်ညီညီ ထိုင်ပြီး လိုအပ်တဲ့အစိတ်အပိုင်းတွေကို လိုအပ်သလို ထိန်းညှိမောင်းနှင်ဖို့ရန်အတွက် အာရုံစူးစိုက်မှုကောင်းစွာ လိုအပ်ပါတယ်။ ဒါကြောင့် […]


အခြားလေ့ကျင့်ခန်းများ

တရားထိုင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူပြုသလား

ယနေ့ကမ္ဘာတလွှားမှာ တရားထိုင်ခြင်းကို ဘာသာရေးအနေနဲ့သာ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ စိတ်ကျန်းမာရေး စတာတွေအတွက် ကျင့်သုံးလာကြပါတယ်။ တရားထိုင်ခြင်းကြောင့် စိတ်တည်ငြိမ်လာခြင်း၊ အာရုံစူးစိုက်မှု အားကောင်းခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများစွာ ရရှိလာကြပါတယ်။ နောက်ပိုင်းမှာ တရားထိုင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ အရသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အထောက်အကူပြုကြောင်း ပညာရှင်များကပါ လက်ခံလာကြပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ တရားထိုင်ခြင်းကြောင့် ရရှိနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ၁။ သွေးတိုး ကျစေခြင်း တရားထိုင်ခြင်းဟာ နှလုံးအပေါ်သက်ရောက်တဲ့ ဖိအားတွေကို သက်သာစေပါတယ်။ သွေးတိုးရှိသူတွေဟာ နှလုံးကနေ သွေးကိုညှစ်နိုင်ဖို့ ပိုပြီးအားစိုက်ထုတ်ရပါတယ်။ ဒါ့အပြင် သွေးကြောများ မာကြောပြီးကျဉ်းမြောင်းစေတတ်ပါတယ်။ သုတေသနတွေအရ တရားထိုင်ခြင်းကြောင့်နှလုံးနဲ့သွေးကြောများကို ထိန်းချုပ်ပေးတဲ့ အာရုံကြောများကို ပြေလျော့စေပြီး သွေးကြောများအတွင်းက ဖိအားကိုလည်း လျော့ကျစေပါတယ်။ ဒီနည်းနဲ့ သွေးတိုးခြင်းကိုလည်း […]


အခြားလေ့ကျင့်ခန်းများ

နွေရာသီ နှင့် လေ့ကျင့်ခန်းလုပ်ခြင်း

အခုလို နွေရာသီ အချိန်ရောက်လာတဲ့အခါ အထူးသဖြင့် အပူပိုင်းဒေသတွေမှာ နေထိုင်တဲ့ သူတွေဟာ အပူဒဏ်ကို အလွန့်အလူး ခံစားကြရပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာလည်း အပူကြောင့် ဖြစ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေနဲ့ အပူဒဏ်ကြောင့် အသက်ဆုံးရှုံးမှုတွေ များလာတာကို တွေ့ရပါတယ်။ နေပူအောက်မှာ အချိန်အကြာကြီး အလုပ်လုပ်တာ၊ နေရောင်ကို ကာကွယ်တဲ့ ပစ္စည်းတွေ အသုံးမပြုတာ၊ ရေဓာတ်ဆုံးရှုံးတာ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာ စတာတွေကြောင့် အပူလျှပ်ခြင်း၊ သတိလစ်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ဒီလို ပူပြင်းတဲ့ ရာသီမှာ တတ်နိုင်သလောက် အပူဒဏ်ကို ရှောင်ပြီးနေကြဖို့၊ မိမိကိုယ်ကို ဂရုစိုက်ကြဖို့၊ ပူပြင်းတဲ့နေရောင်အောက်မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။  ဒါဆိုရင် ဒီလို နွေရာသီ မှာ လေ့ကျင့်ခန်းမလုပ်သင့်ဘူးလား။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ရော ကိုယ်ကိုပါ ကောင်းကျိုးတွေ အများကြီးဖြစ်စေနိုင်ပေမယ့် ဒီလို […]


အခြားလေ့ကျင့်ခန်းများ

အသက်ရှည်ရာ အနာမဲ့ကြောင်း

အသက်ရှည်ရှည် ကျန်းကျန်းမာမာနေရဖို့ဆိုတာ မျိုးရိုးဗီဇပေါ် မူတည်တယ်လို့ လူအများက ထင်ကြပါတယ်။ တကယ်တော့ မျိုးရိုးဗီဇဟာ အနည်းငယ်လောက်သာ လွှမ်းမိုးပြီး ပတ်ဝန်းကျင်ပြင်ပ အကြောင်းခြင်းရာတွေဖြစ်တဲ့ စားသောက်မှု၊ နေထိုင်မှုပုံစံတွေက အဓိကကျပါတယ်။ ဘဝတစ်သက်တာမှာ မည်သို့မည်ပုံနေထိုင်သွားတယ်ဆိုတဲ့အချက်က သင့်ကိုယ်စိတ်ကျန်းမာရေးကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ယခု ဆက်လက်ဖော်ပြသွားမှာကတော့ အသက်ရှည်စွာနဲ့ အနာရောဂါကင်းရှင်းအောင် ဘယ်လိုနည်းလမ်းတွေကို ကျင့်သုံးသွားသင့်သလဲ ဆိုတာပါပဲ။ ၁။ အစားကို အလွန်အကျွံ မစားပါနဲ့ အစားကုန်အောင်စား ဆိုတဲ့ စကားရှိပေမယ့် တရားလွန်စားသောက်မိရင်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ စားမိတဲ့ ကယ်လိုရီပမာဏနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့အကြား ဆက်နွယ်မှုရှိပါတယ်။ ကယ်လိုရီလျှော့စားနိုင်ရင် သက်တမ်းပိုမိုကြာရှည်နိုင်မှာ ဖြစ်ပါတယ်။ ကယ်လိုရီလျှော့ခြင်းအားဖြင့် ကိုယ်အလေးချိန်နဲ့ ဝမ်းဗိုက်အဆီတွေ လျှော့ချရာရောက်ပြီး နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို စတာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ၂။ အခွံမာသီး၊ အစေ့အဆန်များများစားပါ အစေ့အဆန်တွေမှာ […]


အခြားလေ့ကျင့်ခန်းများ

အမျိုးသားတိုင်း အလေးတုံးမလိုဘဲ လုပ်လို့ရမယ့် လေ့ကျင့်ခန်းတွေ

လေ့ကျင့်ခန်းကို လူတော်တော်များများက လုပ်ရမှာ ပျင်းကြပါတယ်။ အချိန်မရှိတာထက် လုပ်ချင်စိတ်မရှိတာက ပိုများနေတတ်ကြတာကိုး။ တကယ်တော့ လေ့ကျင့်ခန်းဆိုတာ ကိုယ်ခန္ဓာကြံ့ခိုင်ရေးနဲ့ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများစွာ ရှိစေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေလို တစ်နေ့လုံး အလုပ်ခွင်မှာ ပင်ပင်ပန်းပန်း လုပ်ရတာ၊ စိတ်ဖိစီးမှုပြဿနာတွေ အမြဲကြုံနေရတဲ့သူတွေအတွက် ကိုယ်ခန္ဓာက လန်းဆန်းပေါ့ပါးပြီး စိတ်အာရုံတက်ကြွနေဖို့ အရေးကြီးပါတယ်။ ခုလို Covid-19 ကြောင့် Gym တွေလည်း ပိတ်၊ အပြင်လည်း မသွားရ၊ တစ်နေကုန် အိမ်မှာပဲ ထိုင်ပြီး အလုပ်လုပ်ရင် လုပ်၊ မလုပ်ရင်လည်း အိပ်ရာပေါ်မှာပဲ လှဲနေတဲ့အခါ လူက လေးလံထိုင်းမှိုင်းပြီး ပျင်းရိလာတတ်ပါတယ်။ စားထားသမျှကလည်း လေ့ကျင့်ခန်း မလုပ်တော့ ကယ်လိုရီတွေ လောင်ကျွမ်းမှု အရမ်းနည်းပြီး အဆီတက်လာနိုင်ပါတယ်။ ဒီအတွက်ကြောင့် အလေးမလိုဘဲ ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်အိပ်ခန်းထဲမှာ […]


အားကစားလုပ်ရာတွင်အန္တရာယ်ကင်းစေမည့်နည်းလမ်းများ

အားကစားလုပ်တော့မယ်ဆိုရင် အားကစားသုံးဘရာစီယာ (Sport bra) ကို မဖြစ်မနေ ဝတ်ပါ။

ကျွန်မတို့ အမျိုးသမီးတွေဟာ အားကစားသုံးဘရာစီယာ (Sport bra) ကို ဝယ်ဖို့လက် တွန့်နေတတ်ကြပါတယ်။ နံပါတ်(၁)အချက်ကတော့ ဈေးကြီးလို့ပါ။ နံပါတ်(၂)ကတော့ အားကစားသုံးဘရာစီယာ (Sport bra) တွေကို မရှိမဖြစ် အသုံးလိုတဲ့ပစ္စည်းအနေနဲ့ မသတ်မှတ်ထားလို့ပါ။ မည်သို့ပင်ဆိုစေကာမူ ဘယ်လို အလုပ်မျိုးကို လုပ်တော့မယ်ဖြစ်စေ သီးသန့်ပစ္စည်းဆိုတာ ရှိပါတယ်။ ဆိုလိုရင်းကတော့ အားကစား လုပ်တော့မယ်ဆိုရင် သူ့အတွက်သီးသန့်ထုတ်ထားတဲ့ Sport Bra လိုအရာမျိုးတွေ၊ Shoe မျိုးတွေကို သာ ဝတ်ဆင်အသုံးပြုသင့်ပါတယ်။ အကြီးမားဆုံးမေးခွန်းကတော့ Gym ဆော့တဲ့အခါ Sport bra ကို မဖြစ်မနေ ဝတ်ဆင်သင့်သလားဆိုတာပါပဲ။ ဒီဆောင်းပါးလေးမှာတော့ အောက်ပါမေးခွန်းလေးတွေကို ဖြေထားပါတယ်။ (၁)   အမျိုးသမီးတွေဟာ Sport bra မပါဘဲ ဘာလို့အားကစားလုပ်ကြသလဲ။ (၂)   Sport Bra မဝတ်ဘဲ Gymဆော့မိတဲ့အခါ ဘာတွေဖြစ်မှာလဲ။ (၃)   […]


အခြားလေ့ကျင့်ခန်းများ

ရင်သား တင်းရင်း လှပစေဖို့ ဘာတွေ လုပ်မလဲ

ပျိုမေတို့ရဲ့ အလှတရား မှာ ခန္ဓာကိုယ် အချိုးအဆစ် ပုံကျလှပဖို့က သိပ်အရေးပါတာနော်။ အချိုးအစားလှဖို့ ဆိုတာကလည်း ရင်သား ပုံကျလှပဖို့၊ တင်းရင်းအချိုးကျဖို့ လိုတယ်မဟုတ်လား။ ရင်သား မရှိသလို ဖြစ်နေတာ၊ ရင်သားလျော့တွဲတာတွေကြောင့် အဝတ်အစားလည်း လှတပတ ဝတ်လို့အဆင်မပြေဘူးလေ။ ဒီတော့ ရင်သား တင်းရင်း လှပစေဖို့ ဘာတွေ လုပ်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ရင်သားသေးတဲ့ မိန်းကလေးတွေက လေ့ကျင့်ခန်းလုပ်တာ၊ အစားအသောက်စားတာတွေနဲ့ ကြိုးစားယူလို့ရနိုင်ပါတယ်။ ဒါပေမယ့် ပစ္စည်းရှိပြီးသား ပျိုမေတချို့မှာတော့ ဒီအကြောင်းရင်းတွေကြောင့် ရင်သားပုံပျက်ရတတ်ပါတယ် - ကိုယ်ဝန်ဆောင်ခြင်း ဆေးလိပ်သောက်ခြင်း ရင်သား အရွယ်အစားကြီးခြင်း ကိုယ်အလေးချိန်အများကြီးကျဆင်းသွားခြင်း ကိုယ်အလေးချိန်များခြင်း နေရောင်ခြည်ထိတွေ့မှုများခြင်း သွေးဆုံးခြင်း ပြင်းထန်တဲ့အားကစားလေ့ကျင့်ခန်းတွေလုပ်ခြင်း၊ စတာတွေ ကြောင့် ရင်သားလျော့တွဲခြင်း ဖြစ်လာနိုင်ပါတယ်နော်။ ပုံစံတကျ ရင်သား တင်းရင်း လာအောင် […]


ကိုယ်လက်လှုပ်ရှားမှုအတွက်တိုက်တွန်းခြင်း

အလုပ်လုပ်နေရင်းနဲ့လည်း ကိုယ်အလေးချိန် ထိန်းသိမ်းကြမယ်

အလုပ်လုပ်နေတဲ့ လေဒီတို့အနေနဲ့ တစ်နေကုန်အလုပ်စားပွဲမှာ အထိုင်များတာကတကြောင်း၊ လုပ်ငန်းခွင်က စိတ်ဖိစီးမှုတွေကြောင့် အစားတွေ ပိုမိုစားမိတာက တစ်ကြောင်းနဲ့ တစ်နေ့တစ်ခြား ဝလာတတ်ကြပါတယ်။ သင့်အနေနဲ့ အဝမလွန်ခင်မှာ ထိန်းသိမ်းဖို့သင့်တယ်နော်။ အလုပ်တစ်ဖက်နဲ့ ဘယ်လိုထိန်းသိမ်းမလဲလို့ ဆင်ခြင်ပေးမယ့် ပျိူမေတွေအတွက် ရုံးမှာအလုပ်လုပ်နေရင်းနဲ့လည်း ဝိတ်ချနိုင်တဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးမှာမို့လို့ ဆက်လက်ဖတ်ရှုပေးပါနော်။ (ကိုယ်နဲ့ သင့်တော်နဲ့ အလေးချိန် ရှိမရှိကို BMI တွက်ကြည့်လို့ ရပါတယ်။) (၁) ရေများများသောက်ပါ အမေရိကန်နိုင်ငံရှိ ကိုယ်ကာယအဖွဲ့ရဲ့ ညွန်ကြားချက်အရ တစ်နေ့ကို အနည်းဆုံး ရေ ၂.၇လီတာသောက်သုံးရမှာဖြစ်ပါတယ်။ ရေများများသောက်ခြင်းဖြင့် ပင်ပန်းမှုတွေကို ပြေပျောက်စေတဲ့အပြင် ဗိုက်ပြည့်စေလို့ အစာတွေတဇွတ်ဇွတ်စားခြင်းကို တားဆီးပေးပါသေးတယ်။ (၂) ပီကေဝါးပါ အလုပ်လုပ်နေရင်း ပီကေဝါးခြင်းဖြင့် သင့်ကိုနိုးကြားစေမယ့်အပြင် စိတ်ဖိစီးမှုကို လျော့စေပါတယ်။ ကော်တီဇောဟော်မုန်း ထုတ်လုပ်တာကို နည်းစေလို့ ဝမ်းဗိုက်တစ်ဝိုက်မှာ အဆီစုခြင်းကို ကာကွယ်ပေးပါတယ်။ (၃) မိမိအိမ်ကနေ ထမင်းဘူးထည့်လာပါ နေ့လည်စာစားချိန်မှာ အသင့်စားအစာများ၊ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)