ဆေးပညာဂျာနယ်တစ်စောင်မှာ အမျိုးသမီးတစ်ဦးရဲ့ မေးခွန်းကို ဖော်ပြထားပါတယ်။ သူမရဲ့ မေးခွန်းအရ သူမဟာ အသက်လေးဆယ်အရွယ် အားကစားလိုက်စားသူဖြစ်ကြောင်း၊ တစ်ပတ်ကို ၆ရက်ခန့် တစ်ရက်ကို တစ်နာရီခန့် အားကစားလေ့ကျင့်ကြောင်း၊ ဒါပေမယ့် စားသောက်ချင်စိတ်များနေပြီး ကိုယ်အလေးချိန်ကျသင့်သလောက် မကျကြောင်း စသဖြင့် အကြံဉာဏ်တောင်း မေးမြန်းထားပါတယ်။