အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

အသည်းရောဂါရဲ့ နောက်ဆုံးအဆင့်တွေ တစ်နည်းအားဖြင့် အသည်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမှာဆိုရင် အသည်းအစားထိုးကုသမှု ခံယူတာက လူနာတွေရဲ့ သက်တမ်းကို ရှည်စေတဲ့ ကုသမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ အရင်ကတော့ ဆုံးပါးသွားတဲ့သူတွေဆီကနေ အလှူခံရာကနေ ဒီနေ့ခေတ်မှာဆိုရင်တော့ သက်ရှိအလှူရှင်တွေဆီကနေလည်း ရယူနိုင်ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း က အားသာချက်တချို့ ရှိနေတာကြောင့်ပါ။ အသည်းအစားထိုးကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေက အသည်းအစားထိုးတာကို လူကြီးရော ကလေးပါ ခံယူလို့ရပါတယ်။ အသည်းက အလုပ်မလုပ်နိုင်ဘူး၊ တခြားကုသနည်းတွေနဲ့လည်း ကုသလို့ မရဘူးဆိုရင်တော့ အသည်းအစားထိုးတာက နောက်ဆုံးနည်းလမ်းပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းပျက်စီးပြီး ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင် အသည်းအစားထိုးရမှာပါ။ များသောအားဖြင့် အသည်းအစားထိုးတာကို ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရုတ်တရက် အသည်းပျက်စီးတာ နာတာရှည် အသည်းရောဂါတွေ ဖြစ်တဲ့ -အသည်းခြောက်တာ  (ဥပမာ အရက်ကြောင့်၊ […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်အနာ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

လေနဲ့ ဝမ်းနဲ့ မကွဲရတာ ဘာကြောင့်လဲ ။ ။

အစာခြေစနစ်နဲ့ သက်ဆိုင်တဲ့ ပြဿနာတွေထဲမှာ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ ၊ လေအောင့်တာ အပြင် လေနဲ့ဝမ်းနဲ့ မကွဲတာလည်း ရှိတတ်ပါသေးတယ်။ ။ ဒါဆိုရင်တော့ လေနဲ့ ဝမ်းနဲ့ မကွဲရတာ ဘာ့ကြောင့်လဲ ဆိုတာကို ကြည့်လိုက်ရအောင်လား ..... လေနဲ့ ဝမ်းနဲ့ မကွဲရတာ ဘာ့ကြောင့်လဲ ။ ။ လေလည်တယ်ဆိုတာ ကျန်းမာတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ သင်္ကေတပါ။ လေလည်တာဟာ စကားပြောရင်း၊ အစားစားရင်း လေကို မျိုချမိတာ၊ ပီကေဝါးတာ၊ ဆေးလိပ်သောက်တာကနေ ဖြစ်လာရတဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ လေမလည်ရင် ကျန်းမာရေးအတွက် မကောင်းဘူးဆိုရလောက်အောင် လေလည်ခြင်းက အူလမ်းကြောင်းအတွက် အရေးကြီးပါတယ်။ အမှန်ဆို လေလည်တဲ့အချိန် လေပဲပါရမှာ ဝမ်းပျော့ပျော့လေးပါသွားရင်တော့ တစ်ခုခုဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ ဒါမျိုး ဘာကြောင့်ဖြစ်ရလဲ ။ လေနဲ့ ဝမ်းနဲ့ မကွဲရတဲ့ အကြောင်းရင်း […]


ဝမ်းချုပ်ခြင်း

ဘယ်အချိန်မှာ ဝမ်းပျော့ဆေး သောက်သင့်လဲ

ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေညီညွတ်မျှတမှာ ခန္ဓါကိုယ်ကကျန်းမာတာပါ။ ကားတစ်စီးကောင်းကောင်းမောင်းနိုင်ဖို့ ဆီ၊ရေ၊လေ၊ဝိုင်ပြည့်စုံဖို့လိုအပ်သလို လူတစ်ယောက်ကျန်းမာဖို့အတွက်ဆိုရင်လည်း ဆီး၊ဝမ်း၊လေမှန်ဖို့လိုပါမယ်။ လူတစ်ယောက်ဟာနေ့စဉ် အာဟာရမျှတအောင်စားရမယ်၊ အိပ်ချိန်ပြည့်ပြည့်ဝဝအိပ်ရမယ်။ ဆီး၊ဝမ်းပုံမှန်စွန့်ရပါမယ်။ ပုံမှန်အားဖြင့်တော့ ခန္ဓါကိုယ်က သူ့ရဲ့ ဇီဝကမ္မလုပ်ငန်းစဉ်တွေကို စည်းချက်ညီညီနဲ့လည်ပတ်နေစေတာပါ။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်တွေထဲက တစ်ခုမှာလိုအပ်ချက်ရှိသွားပြီဆိုရင်တော့ အခြားဖြစ်စဉ်တွေမှာပါ သွားထိခိုက်တော့တာပါပဲ။ ဝမ်းချုပ်ခြင်း ဝမ်းချုပ်တယ်ဆိုတာက လူတိုင်းလိုလိုကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပေါ့။ လူတစ်ယောက်က တစ်နေ့ကို တစ်ခေါက်ဝမ်းပုံမှန်သွားရမယ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် အနည်းဆုံး နှစ်ရက်တစ်ခါလောက်တော့ ပုံမှန်ဝမ်းသွားနေဖို့လိုအပ်မှာပါ။ ဝမ်းချုပ်တယ်ဆိုတဲ့နေရာမှာလည်း ဝမ်းလုံးဝမသွားဘဲ ဗိုက်ထဲမှာတင်းတောင့်တောင့်ကြီးဖြစ်နေတာမျိုးဖြစ်နိုင်သလို ဝမ်းသွားတဲ့အခါ ခက်ခက်ခဲခဲသွားရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဝမ်းချုပ်တဲ့အခါ ခန္ဓါကိုယ်မှာညောင်းညာကိုက်ခဲတာ၊ အရေပြားမှာ အဖုအပိမ့်တွေဖြစ်တာ၊နေရထိုင်ရတာ မအီမသာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီအချက်တွေကြောင့် ဝမ်းချုပ်နိုင်ပါတယ် ဝမ်းချုပ်ရတဲ့အကြောင်းအရင်းကတော်တော်လေးတော့များပါတယ်။ သင့်အနေနဲ့အခုပြောပြတဲ့အချက်လေးတွေကိုလုပ်မိနေတာကြောင့်လည်း ဝမ်းချုပ်တာမျိုးဖြစ်နိုင်ပါတယ်။ အမျှင်ဓါတ်လုံလောက်လောက်မစားသုံးမိတာ - ဒါကတော့ ဝမ်းချုပ်တာကိုအများဆုံးဖြစ်စေနိုင်တဲ့အကြောင်းရင်းပါ။ လူတစ်ယောက်အနေနဲ့ ဝမ်းမှန်ဖို့ဆိုရင် တစ်နေ့ကို အမျှင်ဓါတ်၁၈ ဂရမ်စားသုံးမိဖို့လိုပါမယ်။ အမျှင်ဓါတ်ကအစာကြေခဲပြီး အူမကြီးထဲမှာကျန်ရှိနေတဲ့အတွက် ဝမ်းသွားစေဖို့ လှုံ့ဆော်ပေးပြီး အူမကြီးကို […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေလည်ချင်တာ အောင့်ထားလိုက်ရင် ဘာဖြစ်မှာလဲ

လူကြားထဲလေလည်တာမကောင်းဘူး၊လေထုညစ်ညမ်းတယ်(နံတယ်ပေါ့)၊ ယဉ်ကျေးမှုမရှိဘူး စတာတွေပြောကြတယ်။ အိမ်မှာ လူကြီးတွေပြောကြတာတော့ မိန်းကလေးကလေလည်စရာလားတဲ့။ ဒိုးခပါပဲ။လေလည်တာက လူတိုင်းဖြစ်တတ်တဲ့(လူသိသိ မသိသိ) ကျန်းမာရေးအလေ့အထနော်။ ကဲ ဒီအသံတွေကိုကြောက်လို့၊ သူများနှာခေါင်းရှုံ့မှာစိုးလို့လေလည်တာကိုအောင့်ထားလိုက်မယ်ဆိုရင် ဘာဆက်ဖြစ်မလဲသိလား။ သင်သတိမထားမိလောက်ပေမယ့် ခန္ဓါကိုယ်ထဲကပြန်ထွက်ချင်နေတဲ့လေကအောက်ကနေမထွက်ရတဲ့အခါ ပါးစပ်ကပြန်ထွက်လာနိုင်ပါတယ်။ လေမလည်ဘူးဆိုရင် ခန္ဓါကိုယ်ထဲမှာရှိနေတဲ့လေတွေကိုပြန်စုပ်ယူပြီး အသက်ရှူထုတ်တဲ့အထဲ ပါသွားစေတဲ့ဖြစ်စဉ်အကြောင်းကိုUniversity of Newcastle ပါမောက္ခ ကလဲရ်ကောလင်းစ် ကထောက်ပြခဲ့ပါတယ်။ ဒီတော့လေလည်ချင်တာအောင့်ထားလိုက်လို့ပျောက်သွားတယ်ဆို အဲဒီလေက သင့်ပါးစပ်ကနေပြန်ထွက်သွားပါလိမ့်မယ်နော်။ ပါးစပ်ကထွက်တယ်ဆို လေလည်သံလည်းမမြည်၊ အနံ့လည်းမနံတော့ မဆိုးဘူးပေါ့နော် လို့ သူကပြောပါတယ်။ "လေလည်တာကို ကြာကြာအောင့်ထားလိုက်ရင် အူလမ်းကြောင်းမှာ စုနေတဲ့လေတွေက နောက်ဆုံးမှာ ထိန်းမရအောင် ကန်ထွက်တော့တာပဲ။" ထိန်းမရတဲ့အခါ ေလလည်သံကျယ်ကျယ်နဲ့ ဝုန်းခနဲပေါက်ကွဲနိုင်သလို ဗိုက်အောင့်တာလည်းဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့်လေလည်ချင်နေပြီဆိုရင် ဖွင့်ချလိုက်ပါ။ လူရှင်းတဲ့နေရာကို လစ်တာပဲဖြစ်ဖြစ်၊ အိမ်သာထဲပြေးတာဖြစ်ဖြစ် မသိမသာလေးဖြေရှင်းလိုက်ပါ။အောင့်ထားလိုက်လို့ အန္တရာယ်ကြီးကြီးမားမားမဖြစ်ပေမယ့်နေရခက်တာ၊လေထိုးလေအောင့်တာတွေဖြစ်နိုင်တာကိုး။ အမှန်တော့ လေလည်တယ်ဆိုတာက အစာကို ဖြိုခွဲပြီး ချေဖျက်ဖို့ ခန္ဓါကိုယ်က ကြိုးစားတဲ့အခါ သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုပါပဲ။ ကိုယ်စားချလိုက်တဲ့အစားအသောက်ေတွကို အစာအိမ်နဲ့ […]


အသည်းရောဂါများ

အသည်းအတွက် အကောင်းဆုံးနဲ့ အဆိုးဆုံး အစားအသောက်များ

အသည်းအတွက် အကောင်းဆုံးနဲ့ အဆိုးဆုံး အစားအသောက်များ က ဘာတွေလဲ ဆိုတာကို သိပြီးပြီလား။ လူတွေများ သူတို့စားချင်ပြီဆို အစာလည်းဆေး၊ ဆေးလည်းအစာလို့ ပြောကြတယ်။ ဒါကတည့်တယ် စားလို့ရတယ်၊ အသည်းအတွက်ကောင်းတယ်၊ အဆုတ်အတွက်ကောင်းတယ်နဲ့။ ကိုယ်ကြိုက်တဲ့အစားအစာတွေကို ဒီလိုပဲစိတ်ဖြေ၊ နာမည်ကောက်တပ်ပြီး စားပစ်လိုက်တာပဲ။ ကိုယ်သည်သာ ကိုယ့်ဆရာဝန်ပဲ။ ဟုတ်တယ်မလား တော်တော်များများ။ ဘယ်အစားအစာက ဘယ်အတွက် ကောင်းကျိုးပြုတာလဲ၊ ဆိုးကျိုးပြုတာလဲ တကယ်ရော သိပြီလား။ အချိန်ယူပြီး သုတေသနပြု၊ လေ့လာထားကြတဲ့ အထောက်အထားတွေကို အခြေခံတဲ့ ကျန်းမာရေးအကြံပြုချက်တွေကို ရှာဖတ်ပါလေ။ ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တွေဆီကပေါ့။ အွန်လိုင်းမှာရေးသမျှ ဆေးမြီးတိုတွေကို မဆိုလိုပါဘူးနော်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အားလုံးအတွက် အစားအသောက်တွေ ရှာဖွေခွဲခြမ်းပြရရင် ဆုံးမှာကိုမဟုတ်လို့ ဒီတစ်ခါတော့ အသည်းအတွက် အကောင်းဆုံးနဲ့ အဆိုးဆုံးအစားအစာတွေ ပြောပြပေးပါမယ်။ တစ်ခုချင်းစီမှာပဲ ရှင်းပြထားမှာမို့လို့ ဘယ်ဟာက […]


ဝမ်းချုပ်ခြင်း

သင် ဝမ်းချုပ် တတ်ပါသလား။ ဘယ်လိုကာကွယ်ရမလဲဆိုတာရော သိပြီလား။

ဝမ်းချုပ်တယ်ဆိုတာ လူတိုင်းနဲ့ မစိမ်းတဲ့ အသုံးအနှုန်းတစ်ခုပါ။ လူတွေသတ်မှတ်ထားကြတာကတော့ တစ်နေ့ တစ်ခါ အိမ်သာသွားရင် ဝမ်းမှန်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် တစ်ရက်ခြားတစ်ခါ၊ နှစ်ရက်နေမှတစ်ခါ အိမ်သာသွားတဲ့ သူတွေလည်း ရှိပါတယ်။ ဒါဆို သူတို့တွေကို ဝမ်းချုပ် တယ်လို့ ပြောလို့ရပါသလား။ ဝမ်းချုပ် တယ် မချုပ်ဘူးဆိုတာကို ဘယ်လိုအချက်တွေနဲ့ ဆုံးဖြတ်လဲ။ ။ တစ်ရက်တစ်ခါ အိမ်သာမသွားတာနဲ့ပဲ ဝမ်းချုပ်နေတယ်လို့ပြောလို့ရမရပါဘူး။ တစ်ရက်ခြားတစ်ခါ၊ နှစ်ရက်နေမှတစ်ခါ အိမ်သာသွားတဲ့သူတွေလည်း အများကြီးပါ။ သူတို့အတွက်တော့ ရက်ခြားသွားနေရတာ ပုံမှန်လိုတောင်ဖြစ်နေပါပြီ။ တစ်ရက်တစ်ခါ ဝမ်းမသွားလို့ သူတို့ကို ဝမ်းချုပ်နေပြီလို့ပြောလို့မရပါဘူး။ ဒါဆို ဘယ်နှစ်ရက်လောက်နေမှ ဝမ်းသွားတာကို ဝမ်းချုပ်တယ်လို့ခေါ်သလဲ။ ဝမ်းချုပ်တာကို ဘယ်လိုအချက်တွေနဲ့ ဆုံးဖြတ်လဲဆိုတာ ဆက်ကြည့်ရအောင်။ တစ်ပတ်လုံးနေမှ ဝမ်းသွားတာ ၃ကြိမ်တောင် မပြည့်ဘူး။ အိမ်သာသွားတဲ့ အချိန်မှာ အူက သူ့အလိုလို နာလာတာမျိုးမရှိဘဲ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းထဲသွေးပါ ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ။

အားလုံး ဝမ်းမချုပ်ဘူးတဲ့သူ မရှိဘူးလို့ထင်ပါတယ်။ ဝမ်းချုပ်တဲ့ ပြဿနာဟာ တကယ်ကို စိတ်ရှုပ်ရတဲ့ ပြဿနာတစ်ခုပါ။ ဝမ်းထဲသွေးပါ ရင် ပိုလို့တောင် အထိတ်တလန့် ဖြစ်ရပါသေးတယ်။ ဘာများဖြစ်နေပြီလဲ စိုးရိမ်ရလားဆိုပြီးတော့ပေါ့။ ဒါကြောင့် ဒီဆောင်းပါးလေးထဲမှာ ဝမ်းထဲ သွေးပါခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေ ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။ ဝမ်းထဲသွေးပါ တာ နှစ်မျိုးရှိပါတယ်။ လတ်လတ်ဆတ်ဆတ် သွေးအနီရောင်တွေ ဝမ်းထဲပါတာ၊ သွေးဝမ်းလို့ခေါ်ကြတဲ့ ဝမ်းမည်းမည်းတွေ ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီလို ၂ ခုကွဲသွားရခြင်းရဲ့ အကြောင်းအရင်းကတော့ ရောဂါ ဖြစ်တဲ့နေရာ မတူလို့ပဲ ဖြစ်ပါတယ်။ အူသိမ်အပေါ်ပိုင်း အစာခြေလမ်းကြောင်းကထွက်တဲ့ သွေးတွေဟာ အစာအိမ်ထဲက အက်ဆစ်နဲ့ ဓာတ်ပြုပြီး ဝမ်းမည်းမည်းတွေ ဖြစ်သွားလေ့ရှိပါတယ်။ သွေးအနီရောင် လတ်လတ်ဆတ်ဆတ်ကကျတော့ အူသိမ်အောက်ပိုင်း အစာခြေစနစ်မှာ ပြဿနာတစ်ခုခုရှိနေတာကြောင့် ထွက်လာတဲ့ သွေးတွေပါ။ ဒီတော့ […]


လိပ်ခေါင်းရောဂါများ

လိပ်ခေါင်းရှိနေရင် ဘယ်လို အစားအသောက်တွေ ရှောင်သင့်လဲ ။ ။

လိပ်ခေါင်းထွက်တယ်ဆိုတဲ့ ပြဿနာဟာ တစ်ကယ်ကို နေရထိုင်ရ ခက်ပြီး သက်တောင့်သက်တာ မရှိစေတဲ့ ရောဂါတစ်ခုပါ။ လိပ်ခေါင်းထွက်ရတဲ့ အကြောင်းအရင်းကတော့ အားလုံးသိကြတဲ့အတိုင်း ဝမ်းချုပ်တာကြောင့် အများအားဖြင့် ဖြစ်ရတာပါ။ ဒီတော့ ဝမ်းချုပ်စေတဲ့ အကြောင်းအရာ အာလုံးဟာ လိပ်ခေါင်းထွက်စေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ အစားအသောက်က အရေးကြီးဆုံးပါ။ ဝမ်းမှန်စေတဲ့ စားသောက်မှုပုံစံမျိုး ကိုယ့်မှာ မရှိတာကြောင့် ဝမ်းချုပ်သွားခဲ့ရင် လိပ်ခေါင်းအပြင် နောက်ဆက်တွဲဖြစ်နိုင်တဲ့ ရောဂါတွေက အများကြီးပါ။ ကိုယ့်ရဲ့ နေထိုင် စားသောက်မှု ပုံစံက လိပ်ခေါင်းမဖြစ်အောင် ကာကွယ်တဲ့နေရာမှာ အရေးကြီးသလို လိပ်ခေါင်းဖြစ်နေတဲ့သူတွေမှာလည်း ဖြစ်နေတဲ့ လိပ်ခေါင်းပိုဆိုး မသွားအောင် ရှောင်သင့်တဲ့ အစားအသောက်တွေ ရှိပါတယ်။ လိပ်ခေါင်းရှိနေရင် ဘယ်လို အစားအသောက်တွေ ရှောင်သင့်လဲ ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ လိပ်ခေါင်းရှိနေရင် ဘယ်လို အစားအသောက်တွေ ရှောင်သင့်လဲ […]


အသည်းရောဂါများ

အသည်းရောင် အသားဝါ B ပိုးရှိနေပြီလား။ ဒီအချက်တွေ ကို သိထားပြီး လိုက်နာသင့်တယ်နော်။

အသည်းရောင် အသားဝါ B ပိုးဆိုတာ အသံတိတ် လူသတ်သမား အုပ်စုမှာပါတဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ သူရှိကြောင်း လက္ခဏာတွေ သိပ်မပြတာကြောင့် သွေးစစ်ကြည့်မှ ရှိနေမှန်းသိသလို၊ တချို့ ကံမကောင်းရင်တော့ ရောဂါတော်တော်ကျွမ်းမှပဲ B ပိုး ရှိနေကြောင်း သိကြတာများပါတယ်။ ဖြစ်ချိန်တန်ရင် ဖြစ်ကိုဖြစ်လာတဲ့ ရှောင်လွဲလို့ မရတဲ့ ကံတရားကလည်း ရှိနေတော့ မတော်တဆ ကိုယ့်မှာ အသည်းရောင် အသားဝါ B ပိုးရှိနေပြီဆိုပါတေ့ာ။ ရှေ့လျှောက် ပိုမဆိုးလာအောင် ထိန်းဖို့၊ B ပိုးကို အနိုင်တိုက်ဖို့ အခြေအနေ ရောက်သွားပြီဆိုရင်တော့ ဒါတွေ သိထားဖို့ လိုလာပါပြီ ။ အသည်းရောင် အသားဝါ B ပိုးရှိသူတိုင်း သိထားသင့်တဲ့ အချက်တွေ  ၁ - ကိုယ့်ရဲ့ ပိုးကောင်းရေ များလာလား၊ နည်းသွားလား ပုံမှန် သွေးစစ်ပါ။ ဘယ်သူမှတော့ ကိုယ့်အသားကို […]


ရင်ပူခြင်း၊ ရင်ခေါင်းအောင့်ခြင်း

ရင်ပူ နေသူတွေအတွက် ဓါတ်စာ

စိုးရိမ်စိတ်ကြောင့်ဖြစ်တဲ့ရင်ပူမှုမဟုတ်ပါဘူး။ အယ်လ်ကိုဟောပါတဲ့သောက်စရာနဲ့ အစားအသောက်တွေကြာင့်ဖြစ်တဲ့ ရင်ပူမှုအကြောင်းလေးပြောချင်တာပါနော်။ မတည့်တာတွေကို မတည့်မှန်းသိပေမယ့် စားလိုက်မိတယ်၊ပြီးမှ အစာမကြေဘူး။ ရင်ထဲကပူတယ်ဆိုပြီးဖြစ်တတ်တဲ့ သူငယ်ချင်းလေးတွေများရှိလား။ ဒါဆိုရင်တော့ဒီဆောင်းပါးလေးက စားချင်တာတွေကို အကြိုက်စားပြီး ရင်ပူ တတ်တယ်ဆိုတဲ့သူတွေအတွက် အသုံးတည့်မှာပါ။ ရင်ပူတယ် ရင်ပူတယ်ဆိုတာက အစာရေမြိုအတွင်းကို အစာအိမ်ထဲက အက်ဆစ်တွေပြန်ဆန်တက်လာတာကြောင့် ရင်ဘတ်ထဲမှာ ပူစပ်ပူလောင်ကြီးခံစားရတာပါ။ များသောအားဖြင့် ရင်ဘတ်အလည်တည့်တည့်မှာခံစားရနိုင်ပါတယ်။ လှဲအိပ်တဲ့အခါမျိုး ညာဘက်စောင်းအိပ်တဲ့အခါမျိုးမှာ ရင်ပူမှုကို ပိုခံစားရနိုင်ပါတယ်။ ရင်ပူတာက အရမ်းမပြင်းထန်ဘူးဆိုရင် ဆရာဝန်ပြစရာမလိုပါဘူး။ များသောအားဖြင့်ကတော့ ရင်ပူတာက သူ့အလိုလိုသက်သာသွားတာပါ။ တကယ်လို့များ ရင်ပူတာနဲ့အတူ အသက်ရှုရခက်တာမျိုးနဲ့ အခြားပြင်းထန်တဲ့ရောဂါလက္ခဏာတွေကိုပါခံစားရမယ်ဆိုရင်တော့ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုခံစားနေရတာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသကြည့်သင့်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ်ထက်မနည်း ရင်ပူတဲ့ဝေဒနာခံစားရမယ်ဆိုရင်လည်း ဆရာဝန်နဲ့ ပြသကြည့်ဖို့လိုအပ်ပါမယ်။ ရင်ပူရင် ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ အာခေါင်ထဲမှာ ချဉ်နေသလိုလိုဖြစ်နေမယ် စားထားတာတွေပြန်အန်မယ် လည်ပင်းထဲမှာ အစားတွေရှိနေသလိုခံစားရမယ် ခေါင်းထဲက မူးပြီးချွေးတွေပြန်နေမယ် ရင်ပူ သက်သာစေမယ့် အစားအစာတွေက ရင်ပူတာက အစာအိမ်ထဲမှာရှိနေတဲ့ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

ဗိုက်ထဲမှာ ရစ်နေတဲ့လေတွေကို ဘယ်လို ထုတ်ကြမလဲ ။ ။

ဗိုက်ထဲလေပွပြီး လေအောင့်တတ်တဲ့သူတွေရှိကြတယ်မလား။ လေကလည်း ပွ၊ ပွနေတဲ့လေတွေကလည်း အပြင်ကို မထွက်ဘဲ ဗိုက်ထဲမှာပဲ လည်နေတဲ့ ခံစားချက်ကြီးက တကယ်ကို မသက်မသာဖြစ်စေတယ်လေ။ ဒီလို အပြင်လည်း မထွက် အထဲမှာပဲ လည်နေတဲ့လေတွေကိုကြောင့် ပေါ်လာတဲ့ ဗိုက်အောင့်၊ လေထိုးလေအောင့်တယ်ဆိုတဲ့ ဝေဒနာကို ဘယ်လိုနည်းတွေနဲ့ အမြန်ဆုံး သက်သာအောင် လုပ်ကြမလဲ။ ဗိုက်ထဲမှာ ရစ်နေတဲ့လေတွေကို ဘယ်လို ထုတ်ကြမလဲ ။ ။ ဆိုတာကို လေ့လာလိုက်ရအောင်နော်။ ဗိုက်ထဲမှာ ရစ်နေတဲ့လေတွေကို ဘယ်လို ထုတ်ကြမလဲ ။ ။ ဗိုက်ထဲမှာ ရစ်နေတဲ့လေတွေကို ဘယ်လို ထုတ်ကြမလဲ ဆိုတော့ လေထုတ်ပါ။ အထဲကလေ အပြင်ကို ထွက်ပါစေ ။ ။ ဗိုက်ထဲမှာ လေပွတင်းနေပြီး လေထိုးလေအောင့် ပါထပ်ဖြစ်နေတယ်ဆိုရင် တော့ ဒီလေတွေကို အပြင်ကိုထွက်စေဖို့ နည်းမျိုးစုံနဲ့လုပ်ကိုလုပ်ပေးမှာရမှာပါ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း