အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

အသည်းရောဂါရဲ့ နောက်ဆုံးအဆင့်တွေ တစ်နည်းအားဖြင့် အသည်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမှာဆိုရင် အသည်းအစားထိုးကုသမှု ခံယူတာက လူနာတွေရဲ့ သက်တမ်းကို ရှည်စေတဲ့ ကုသမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ အရင်ကတော့ ဆုံးပါးသွားတဲ့သူတွေဆီကနေ အလှူခံရာကနေ ဒီနေ့ခေတ်မှာဆိုရင်တော့ သက်ရှိအလှူရှင်တွေဆီကနေလည်း ရယူနိုင်ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း က အားသာချက်တချို့ ရှိနေတာကြောင့်ပါ။ အသည်းအစားထိုးကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေက အသည်းအစားထိုးတာကို လူကြီးရော ကလေးပါ ခံယူလို့ရပါတယ်။ အသည်းက အလုပ်မလုပ်နိုင်ဘူး၊ တခြားကုသနည်းတွေနဲ့လည်း ကုသလို့ မရဘူးဆိုရင်တော့ အသည်းအစားထိုးတာက နောက်ဆုံးနည်းလမ်းပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းပျက်စီးပြီး ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင် အသည်းအစားထိုးရမှာပါ။ များသောအားဖြင့် အသည်းအစားထိုးတာကို ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရုတ်တရက် အသည်းပျက်စီးတာ နာတာရှည် အသည်းရောဂါတွေ ဖြစ်တဲ့ -အသည်းခြောက်တာ  (ဥပမာ အရက်ကြောင့်၊ […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်အနာ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းမှာအချွဲတွေ ပါနေတာ ဘာကြောင့်လဲ

ကိုယ်ခန္ဓာတွင်းမှာ အချွဲတွေ ရှိနေတာသဘာဝပါပဲ။ ပုံမှန်အားဖြင့် တစ်ရှူးတွေကနေ အချွဲတွေထုတ်ပေးပြီး ဒီအချွဲတွေက ပါးစပ်၊ နှာခေါင်း၊ အသက်ရှူလမ်းကြောင်း၊ လည်ပင်း၊ အဆုတ်နဲ့ အူတို့ကို ကာကွယ်ပေးပါတယ်။ အရောင်အားဖြင့်တော့ အကြည်ရောင်ရှိပြီး အမျှင်ပါးပါးလေးသာ ဖြစ်ပါတယ်။ တစ်ခါတလေ ဖျားနာတာ၊ ပတ်ဝန်းကျင်က အဆိပ်သင့်စေတဲ့ အရာတွေ၊ စားသောက်မှုပုံစံကြောင့် အချွဲတွေက ပိုစေးပျစ်လာကာ အရောင်ပြောင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဝမ်းမှာ ဘာလို့အချွဲပါနေတာလဲ။ အူမကြီးကနေ ဝမ်းကို အဆင်ပြေချောမွေ့စွာ စွန့်ထုတ်နိုင်ဖို့ အချွဲနံရံတွေက ကူညီပေးပါတယ်။ ပုံမှန်ဝမ်းသွားတဲ့အချိန်မှာလည်း အချွဲတွေက ပါနိုင်ပေမယ့် သာမန်မျက်စိနဲ့ မြင်ရလောက်တဲ့အထိတော့ မများပါဘူး။ အရောင်အားဖြင့်တော့ အဝါရောင် သို့မဟုတ် အကြည်ရောင်ရှိပြီး ပမာဏအလွန်နည်းပါတယ်။ ဒါကတော့ ပုံမှန်ဖြစ်စဉ်ပါ။ စိတ်ပူဖို့ လိုအပ်တာက ဝမ်းသွားပြီး တစ်ရှူးနဲ့ သုတ်လိုက်တဲ့အချိန် အချွဲတွေပဲ တွေ့နေတာမျိုးပါ။ ရေဓာတ်ခမ်းခြောက်တာ၊ ဝမ်းချုပ်တာ၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူမကြီးကို သန့်စင်ပေးနိုင်တဲ့ သဘာဝ ဖျော်ရည် (၅) မျိုး

အူမကြီး ကျန်းမာမှ ခန္ဓာကိုယ်က ရောဂါကင်းပြီး ကျန်းမာမှာပါ။ စားလိုက်တဲ့ အစာအာဟာရတွေကနေ လိုအပ်တဲ့ အာဟာရကို စုပ်ယူပြီးတဲ့အခါ မလိုအပ်တဲ့ အညစ်အကြေးတွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်မှ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်က ဟန်ချက်ညီပြီး ကျန်းမာမှာပါ။ ဒီတော့ အူမကြီးက ကောင်းကောင်းအလုပ်လုပ်ဖို့ မလိုပေဘူးလား။ ဒီတော့ ခန္ဓာကိုယ်ကျန်းမာဖို့ လိုအပ်တဲ့ အူမကြီးကျန်းမာစေဖို့အတွက် အထောက်အကူပြုမယ့်နည်းလမ်းလေးပြောပြပေးပါရစေလား။ ဒါကတော့ အူမကြီးကို သန့်စင်ပေးနိုင်တဲ့ သဘာဝ ဖျော်ရည် လေးတွေ သောက်ပေးတာပါ။ အူမကြီး ဆိုတာ အူမကြီးက ခန္ဓာကိုယ်အတွက် ဘာတွေလုပ်ပေးလဲ........ အူမကြီးက အစာခြေစနစ်မှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်နေတဲ့ အူတွေရဲ့ အကြီးဆုံးအစိတ်အပိုင်းပါ။ စားလိုက်တဲ့ အစားအစာတွေထဲကပိုလျှံနေတဲ့ရေတွေ၊ ဆားတွေကို ထိန်းသိမ်းပေးထားပြီး အစာဟောင်းတွေကို စအိုဆီကိုပို့ဆောင်ပေးလို့ ခန္ဓာကိုယ်ပြင်ပကို မစင်အဖြစ်စွန့်ထုတ်စေဖို့ လုပ်ဆောင်ပေးတဲ့ အစိတ်အပိုင်းပါ။ အူမကြီး မကျန်းမာရင် အူမကြီးကောင်းကောင်းအလုပ်မလုပ်ရင် ဘာတွေဖြစ်လာနိုင်လဲ........ အူမကြီးကကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့အခါ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းသွားပြီးနောက်ပိုင်း သွေးတစ်စက် တစ်စက်ကျနေတာ ဘာဖြစ်လို့လဲ ။

ဝမ်းသွားပြီး နောက်ပိုင်း စအိုကနေ သွေးတစ်စက်ပြီး တစ်စက်ကျလာတာ ပုံမှန် မဟုတ်ဘူးဆိုတာ လူတိုင်းသိမှာပါ။ အများစုသိကြတာကတော့ ဒီလို ဝမ်းသွားပြီး သွေးဆင်းရင် လိပ်ခေါင်းရှိနေတာ ဖြစ်နိုင်တယ်ဆိုတာပါ။ မှန်ပါတယ်။ ဝမ်းသွားပြီးနောက်ပိုင်းသွေးဆင်းတာဟာ လိပ်ခေါင်း ရောဂါရဲ့ အဓိက လက္ခဏာပါ။ ဒါပေမယ့် ဒီလို ဝမ်းသွားပြီး သွေးဆင်းတဲ့ပြဿနာဟာ လိပ်ခေါင်းရောဂါ တစ်ခုတည်းကြောင့် ဖြစ်တာတော့ မဟုတ်ပါဘူး။ သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ။ ။ ဝမ်းသွားပြီးနောက်ပိုင်း သွေးဆင်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ။ ဝမ်းသွားပြီးနောက်ပိုင်း သွေးဆင်းတဲ့ ပြဿနာကို အဖြစ်များတာ( common causes )နဲ့ အဖြစ်နည်းတာ ( rare causes ) ဆိုပြီး ၂ မျိုးခွဲလိုက်လို့ရပါတယ်။ ဝမ်းသွားပြီးနောက်ပိုင်း သွေးဆင်းခြင်းကို အဖြစ်များစေတဲ့ […]


ဝမ်းချုပ်ခြင်း

ဝမ်းချုပ်နေတဲ့အချိန် ဒါတွေစားရင် ပိုဆိုးစေနိုင်တယ်

ရေသောက်နည်းလို့၊ အညောင်းထိုင်တာများလို့ စတဲ့အကြောင်းရင်းတွေကြောင့် ဝမ်းချုပ်ကြတယ်။ ဝမ်းတစ်လုံးမကောင်းတော့လည်းခေါင်းခဲရ၊ အသားအရေညစ်၊ ဝက်ခြံတွေထွက်တာ လိုမျိုး ခန္ဓါကိုယ်မှာ သက်ရောက်မှုတွေဖြစ်လာနိုင်တော့ ဝမ်းမှန်အောင်ဂရုစိုက်သင့်ပါတယ်။ ဝမ်းပျော့ဆေးကို အလွယ်သောက်ကြပေမယ့် တကယ်တမ်းက ဆေးကိုအားကိုးတာထက် သဘာဝအလျောက်ဝမ်းမှန်တာပိုကောင်းပါတယ်။ ဒါပေမယ့် ဝမ်းမှန်ဖို့ကြိုးစားနေချိန်မှာ တချို့အစားအစာတွေကြောင့် ဝမ်းချုပ်ခြင်းကိုပိုဆိုးစေနိုင်ပါတယ်။ ဝမ်းချုပ်နေရင် ဒါတွေသိပ်မစားပါနဲ့လို့ အကြံပေးချင်ပါတယ်။ နို့ထွက်ပစ္စည်း မကြာခဏဝမ်းချုပ်တတ်တယ်ဆိုရင် အစားအသောက်ရွေးတဲ့နေရာမှာ ဂရုစိုက်ပေးပါ။ ဥပမာ ချိစ်နဲ့နွားနို့စားတာများလွန်းရင် ဝမ်းချုပ်တတ်ပါတယ်။ ဒါပေမယ့် နို့ထွက်ပစ္စည်းတွေကို လုံးဝရှောင်စရာမလိုပါဘူး။ ဒီလိုအချိန်မှာ နည်းနည်းလျှော့စားဖို့ပဲလိုတာပါ။ အစာခြေစနစ်အတွက်ကောင်းတဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်နေတဲ့ ဒိန်ချဉ်ကိုရွေးချယ်တာကောင်းပါမယ်။ အသင့်အမြန်စား အစားအစာတွေ အလုပ်တွေများလို့ လမ်းမှာအလွယ်စား၊ ဝယ်စားတတ်တာလား။ ရယ်ဒီမိတ်အစားအစာတွေက အဆင်ပြေလွယ်ကူတယ်၊ အချိန်ကုန်သက်သာတယ်ဆိုပေမယ့် ဆိုးကျိုးတွေကရှိနေပါတယ်။ သူတို့တွေအများစုက အစာခြေစနစ်နဲ့ဝမ်းမှန်စေဖို့အထောက်အကူပြုတဲ့ အမျှင်ဓါတ်တွေနည်းပါးပြီး ကျန်းမာရေးနဲ့မညီတဲ့အချက်တွေများပါတယ်။ အကြော်အလှော် ကြက်ကြော်၊ အာလူးကြော်စတဲ့ ဆီကြော်အစားအစာတွေက ဝမ်းချုပ်ခြင်းကိုပိုဆိုးစေနိုင်ပါတယ်။ အကြော်အလှော်တွေက အဆီများပြီးချေဖျက်ဖို့ခက်ခဲပါတယ်။ ဒီအစားအစာတွေက အူမကြီးထဲရွေ့လျားမှုနှေးစေပြီး သူ့ကို […]


အသည်းရောဂါများ

အသည်းရောဂါ ကူးစက်နိုင်ခြေများတဲ့အရာတွေ သင်ဘယ်နှမျိုး လုပ်မိနေသလဲ

အသည်းရောင် ရောဂါအများစုက ဗိုင်းရပ်စ်ပိုးတွေကူးစက်ခံရလို့ ဖြစ်လာတာပါ။ အသည်းရောင်စေတဲ့ ဗိုင်းရပ်စ်ပေါင်းအများကြီးရှိပေမယ့် အဓိကအားဖြင့် အသည်းရောင် အေဗိုင်းရပ်စ်၊ ဘီဗိုင်းရပ်စ်နဲ့ စီဗိုင်းရပ်စ်တို့ကို အဖြစ်များ ပါတယ်။ အဲဒီအထဲက အသည်းရောင် အေပိုးကတော့ အစားအသောက်တွေကနေတဆင့် ကူးစက်တတ်ပါတယ်။ ဘယ်အမျိုးအစားပဲ ဖြစ်ဖြစ် သေချာ မကုသရင် နောက်ဆုံးမှာ နာတာရှည် အသည်းရောဂါ ဖြစ်လာနိုင်ပြီး အသည်း ခြောက်ခြင်း၊ အသည်းကင်ဆာ အထိ ဖြစ်လာနိုင်ပါတယ်။ အသည်းရောဂါ ကူးစက်နိုင်ခြေများတဲ့အရာတွေ သင်ဘယ်နှမျိုး လုပ်မိနေသလဲ ဆိုတာကို ဆန်းစစ်ကြည့်ကြရအောင်။ အသည်းရောင်ရောဂါပိုးတွေက ဘယ်လိုကူးစက်တတ်သလဲ အသည်းရောင် အသားဝါ အေ ရောဂါက ရောဂါပိုးပါနေတဲ့ အစားအသောက်တွေကတဆင့် ကူးစက် ပြန့်ပွားတာ ဖြစ်ပါတယ်။ ဘီပိုးနဲ့ စီပိုးကနေ သွေးနဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကြောင့် ကူးစက်တတ်ပါတယ်။ အသည်းရောဂါ ကူးစက်နိုင်ခြေများတဲ့အရာတွေ သင်ဘယ်နှမျိုး လုပ်မိနေသလဲ အသည်းရောဂါ […]


ရင်ပူခြင်း၊ ရင်ခေါင်းအောင့်ခြင်း

ရင်ပူဗိုက်ဆာ ဖြစ်တတ်ရင် ဒါတွေစားနော်

အစာအိမ်ထဲက အက်စစ်တွေနဲ့ အစာခြေရည်တွေက အစာမျိုပြွန်ထဲ ပြန်ဆန်တက်လာတဲ့အခါ ရင်ပူခြင်း (heartburn) ဆိုတာ ဖြစ်လာပါတော့တယ်။ နာမည်ကသာ heartburn ဆိုပေမယ့် နှလုံးနဲ့တော့ မသက်ဆိုင်ပါဘူး။ လေချဉ်ပြန်တက်တဲ့အခါ အစာခြေရည်တွေ ပါလာတတ်တာ သတိထားမိမှာပေါ့။ ရင်တွေ ပူနေတယ် ရေတွေ သောက်တယ်၊ ရေခဲရေတွေ သောက်တယ်၊ အချိုရည် သောက်တယ်၊ သကြားလုံး စားကြည့်တယ်၊ ဆာလို့များလားဆိုပြီး တခုခု ထစားတယ်။ မရဘူး။ ဘယ်ရပါ့မလဲ။ ဒါနဲ့တင် ပျောက်သွားမှာမှ မဟုတ်တာ။ အမှန်တော့ ရင်ပူရတာက အစာအိမ်ထဲက နဂိုရှိနေတဲ့ အက်စစ်တွေကြောင့်ချည်းမှ မဟုတ်တာ။ ကိုယ်စားလိုက်တဲ့ အစားအသောက်တွေကြောင့် ဖြစ်လာရတဲ့ အက်စစ်တွေရဲ့ ပံ့ပိုးမှုလည်း ပါတာ သေချာတာပေါ့။ အဲတော့ ရင်ပူတာကို ဆိုးစေမယ့် အပူအစပ်၊ ဆီကြော်အစားအစာ၊ ကော်ဖီ၊ အရက် စတာတွေကို […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေထိုး လေအောင့် ဖြစ်စေတာ ဒီအမူအကျင့်တွေကြောင့်နော်

ဗိုက်ပွတယ်၊ လေထိုး လေအောင့် ဖြစ်တယ် ဆိုတာ ရုတ်တရက် ခံစားရတတ်တဲ့ ဝေဒနာ ဖြစ်ပြီး အတော် ခံရခက်ပါတယ်။ အစာစားပြီးခါစမှာလည်း ဖြစ်တတ်တယ်၊ အဆာလွန်ရင်လည်း လေအောင့်တတ်တယ်။ အကြောင်းရင်းကျတော့ အဲဒါ အအေးစာတွေ စားလို့ဖြစ်တာ၊ ဘာလို့၊ ညာလို့ ဆိုပြီး ပြောတတ်ကြသေးတယ်။ လေထိုး လေအောင့် ဖြစ်စေနိုင်တဲ့ အမူအကျင့်တွေက ဘာတွေလဲ ဆိုတာရော သိထားကြပြီလား။ တချို့ဟာတွေက သတိမထားမိလောက်ပေမယ့် နေ့စဉ် ဘဝမှာ အများဆုံး လုပ်မိလေ့ရှိတဲ့ အရာတွေနော်။ လေထိုး လေအောင့် ဖြစ်စေတာ ဒီအမူအကျင့်တွေကြောင့်နော် လေထိုး လေအောင့် ဖြစ်စေတာ ဒီအမူအကျင့်တွေကြောင့်နော်။ ဘယ်လို အမူအကျင့်တွေလဲဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။ (၁) အစားကို အမြန်စားမိတာ သူငယ်ချင်းတွေနဲ့ ဆိုင်မှာ သွားစားတယ်၊ မောင်နှမတွေ အိမ်မှာ အတူ စားသောက်ကြတယ်ထား။ စကားပြောရင်း၊ လုစားကြရင်း […]


အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

စိတ်ဖိစီးလို့ ဗိုက်အောင့်တာ ဒီတိုင်းကြိတ်ခံနေတော့မလား

တစ်ခုခုကြောင့် စိတ်တိုဒေါသထွက်တဲ့အခါ၊ စိတ်ညစ်သွားရတဲ့အခါ စိတ်ဖိစီးနေတဲ့အခါ ဒါမှမဟုတ် စိတ်အရမ်းလှုပ်ရှားနေတဲ့အခါ ရင်တွေတုန်လာတယ်၊ ရင်ပူလာတယ်၊ မောတယ် ဆိုတာဖြစ်လေ့ရှိတဲ့ အရာတွေပါ။ ဒါပေမယ့် တချို့တွေမှာ အခန့်မသင့်ရင်၊ အထူးသဖြင့် အစာခြေစနစ် သိပ်မကောင်းတဲ့သူတွေမှာ ချက်ချင်းဗိုက်ထဲပူလောင်မှုဝေဒနာခံစားရပြီး၊ စူးခနဲအောင့်တာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ ပါးလှပ်နေတဲ့ ပိုက်ဆံအိတ်ကိုဖွင့်ကြည့်မိရင်လည်း ရင်ထဲပူလောင်လာရော မဟုတ်လား။ စိတ်ဖိစီးမှုကြောင့် အစာအိမ်မှာညှစ်ထားသလိုခံစားရပြီး ရင်ခေါင်းနားမှာပူနေပါရော။ ရင်ခေါင်းတွေတောင့်ပြီး အစာလည်းမကြေတော့ဘူး။ အရင်တည်းက ရင်ပူနာဖြစ်တတ်တဲ့သူ၊ ဖြစ်ဖူးတဲ့သူဆို စိတ်ဖိစီးမှုကြောင့် လက္ခဏာပိုဆိုးစေနိုင်ပါတယ်။ ရင်ပူနာဆိုတာ အစာခြေရည်ပြန်ဆန်တက်တဲ့ Acid Reflux ရောဂါရဲ့လက္ခဏာတစ်ခုဖြစ်နေလို့ပါ။ ဘယ်အချိန်မှာဖြစ်လဲဆိုတော့ အစာခြေအက်စစ်တွေက အစာရေမျိုထဲကို ပြန်တက်လာတဲ့အခါမှာပေါ့။ စားချလိုက်တဲ့ အစာက အစာအိမ်ထဲရောက်တာနဲ့ ခန္ဓါကိုယ်က ချေဖျက်ဖို့အက်စစ်ထုတ်ပေးပါတယ်။ အဲဒီအက်စစ်က အစာအိမ်ထဲမှာရှိတဲ့အခါမှာ ဘာမှမဖြစ်ပေမယ့် အစာရေမျိုထဲရောက်တဲ့အခါ လောင်ပါတော့တယ်။ ဒီဝေဒနာတွေဖြစ်လာရင်တော့ ကယ်နိုင်တာက အမြန်သက်သာစေနိုင်တဲ့ အစာအိမ်လေဆေးတွေဖြစ်ပါတယ်။ ဖြစ်တာကြာလာရင်တော့ […]


လိပ်ခေါင်းရောဂါများ

အိမ်သာတက်ရင်း ဖုန်းသုံးတဲ့သူတွေ လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများ

ခဏလေးပါပဲ ဆိုပြီး အိမ်သာသွားတက်ရာကနေ ဖုန်းပွတ်တာ ကြာလို့ကြာမှန်းမသိ ဖြစ်သွားတာမျိုး ကြုံဖူးကြမှာပါ။ ဒီလိုမျိုးလုပ်တာ တစ်ခါတစ်လေဆို ပြဿနာမရှိပေမဲ့ နေ့တိုင်းလိုလို အိမ်သာဖြောင့်ဖြောင့်မသွားဘဲ ဖုန်းသုံးတဲ့သူတွေ လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများ တယ်ဆိုတာ သတိထားဖို့တော့ လိုမယ်နော်။ အိမ်သာတက်ရင်း ဖုန်းသုံးတဲ့သူတွေ လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အထူးသဖြင့် တော်တော်များများက ဖုန်းသုံးတဲ့အခါ ကျန်တဲ့ကိစ္စတွေကို မေ့သွားတတ်ကြပါတယ်။ အဲ့တော့ အထဲမှာထိုင်ပြီး ဖုန်းလေးပွတ်လိုက်၊ ဖေ့စ်ဘွတ်ခ်မှာ လျှောက်ကြည့်လိုက်၊ ဗွီဒီယိုဘက် ရောက်သွားလိုက်နဲ့ ကိုယ့်ကိစ္စပြီးသွားတာတောင် အပြင်ထွက်လာဖို့ မေ့နေကြတာပေါ့။ ဒီလိုမျိုး အိမ်သာဘိုထိုင်ခွက်ပေါ်မှာ အချိန်အကြာကြီး ထိုင်တဲ့အကျင့်ကြောင့် ကိုယ့်ရဲ့ စအိုမှာ ဖိအားသက်ရောက်မှုပိုများပြီး လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများနိုင်ပါတယ်။ တစ်ဘက်ကနေ ကြည့်ရင်လည်း အိမ်သာဆိုတာ အညစ်အကြေးပေါင်းစုံ စွန့်ပစ်ရာနေရာဖြစ်တဲ့အတွက် ဘက်တီးရီးယားပိုးတွေဆိုတာ ထဲမှာ အပြည့်ပါပဲ။ ကိုယ်က အိမ်သာထဲမှာ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဒါတွေကြောင့် ကြို့ထိုးရတာပါ ။ ။

ကြို့ထိုးတာနဲ့ စိမ်းတဲ့သူ ရှိမယ် မထင်ပါဘူး။ ကြို့ထိုးတယ်ဆိုတာ လူကိုလည်း ပင်ပန်းစေပြီး နေရလည်း ခက်စေတဲ့ အရာတစ်ခုပါ။ ခက်တာက သူ့ဘာသူ ဖြစ်ချင်တဲ့အချိန်ဖြစ် ပျောက်ချင်တဲ့အချိန် ပျောက်နေတော့ ကိုယ်က လိုက်ပြီး ထိန်းချုပ်လို့ မရတာကတော့ စိတ်ပျက်စရာပါ။ ကြို့ထိုးတယ်ဆိုတာ ဖြစ်တတ်တဲ့ သဘာဝတစ်ခုဖြစ်ပေမယ့် တစ်ချို့ရောဂါ ကြီးကြီးမားမား အခံကြောင့်လည်း ကြို့ထိုးနိုင်ပါတယ်။ ဒီတော့ ကြို့ထိုးတာကို ဖြစ်စေတဲ့ အကြောင်းတွေကို သိဖို့လိုလာပြီပေါ့နော် ။ ။ ဒါတွေကြောင့် ကြို့ထိုးရတာပါ ။ ။ ကြို့ထိုးတာ ဘယ်လိုဖြစ်ပေါ်လာတာလဲ ။ ။ ကြို့ထိုးတာဟာ အသက်ရှူတဲ့ အချိန်မှာ အလုပ်လုပ်ရတဲ့ ရင်ဝမ်းခြားကြွက်သား ညှစ်လွန်းအားကြီးလို့ဖြစ်ရတာဖြစ်ပြီး တစ်ခါညှစ်တိုင်း အသံအိုးကို သွားသွားပိတ်လို့ “အစ်” ဆိုတဲ့ အသံလေးထွက်တာဖြစ်ပါတယ်။ ဒါတွေကြောင့် ကြို့ထိုးရတာပါ ။ ။ ကြို့ထိုးခြင်းကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း