home

လိပ်ခေါင်းရောဂါများ

လိပ်ခေါင်းရောဂါများ ကိုဖြစ်စေတဲ့ အကြောင်းအရင်း၊ ရောဂါလက္ခဏာ၊ စားသောက်နေထိုင်မှု ပုံစံ ပြောင်းလဲမှုနည်းလမ်းနဲ့ ကုသနည်းတို့ကို သိရှိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိပ်ခေါင်းရောဂါများ

လိပ်ခေါင်းဆိုတာဟာ စအိုမှာရှိတဲ့ သွေးပြန်ကြောတွေ ဖောင်းကားလာရာကနေ ဖြစ်ပေါ်ပါတယ်။ သွေးပြန်ကြောများရဲ့ တည်နေရာကို မူတည်ပြီး အပြင်လိပ်ခေါင်းနဲ့ အတွင်းလိပ်ခေါင်းဆိုပြီး ရှိပါတယ်။ ဝမ်းချုပ်ရင် ဖြစ်နိုင်ခြေများပြီး အမျှင်ဓာတ်များသော အစားအစာများ စားသောက်ခြင်း၊ တရက်လျှင် ရေဖန်ခွက် ၈ခွက်ခန့် သောက်သုံးခြင်း စတာတွေနဲ့ ကာကွယ်နိုင်ပါတယ်။ ဝမ်းချုပ်ရင် လိပ်ခေါင်းအခြေအနေ ပိုဆိုးနိုင်တာမို့ ဝမ်းပျော့ဆေး၊ ဝမ်းချူဆေးများလည်း သုံးနိုင်ပါတယ်။ နောက်ဆက်တွဲပြဿနာများ အပြင်လိပ်ခေါင်းကြောင့် နာကျင်ပြီး သွေးခဲများ ဖြစ်ပေါ်နိုင်ပါတယ်။ အတွင်းလိပ်ခေါင်းဖြစ်ရင် စအိုဝကနေ အပြင်ကို စူထွက်လာပြီး နာကျင်မှု ခံစားရပါတယ်။ ရောဂါပိုးဝင်နိုင်ခြေလည်း ရှိပါတယ်။ ပုံမှန်နည်းလမ်းများနဲ့ မသက်သာရင် ခွဲစိတ်ကုသရတတ်ပါတယ်။ လက္ခဏာများ များသောအားဖြင့် အတွင်းလိပ်ခေါင်းကြောင့် နာကျင်ခြင်း မဖြစ်နိုင်ပါဘူး။ မနာပေမယ့် အိမ်သာသွားစဉ် သွေးယိုခြင်းဖြစ်နိုင်ပါတယ်။ တခါတရံမှာ အပြင်ကို စူထွက်လာနိုင်ပါတယ်။ အပြင်လိပ်ခေါင်းကြောင့်လည်း ဝမ်းသွားစဉ် သွေးပါတတ်ပါတယ်။ အပြင်ဘက်မှာရှိတာကြောင့် နာကျင်ခြင်း၊ […]

လိပ်ခေါင်းရောဂါများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

လိပ်ခေါင်းရောဂါများ

လိပ်ခေါင်း (Hemorrhoids) ဆိုတာ ဘာလဲ။ စအိုအတွင်းမှာ ရှိတဲ့ အညစ်အကြေး စွန့်ရာ လမ်းကြောင်း ရောင်ရမ်းခြင်းလို့ ဆိုနိုင်ပါတယ်။ လိပ်ခေါင်းမှာ အတွင်းလိပ် (Internal Hemorrhoids) နဲ့ အပြင်လိပ် (External Hemorrhoids) ဆိုပြီး ၂ မျိုး ရှိပါတယ်။ အတွင်းလိပ်ကတော့ စအိုအတွင်းမှာ ရောင်ရမ်းတာဖြစ်ပြီး အပြင်လိပ်ကတော့ စအိုထိပ် ပတ်လည်မှာ ရောင်ရမ်းနေတာပါ။ မကုသဘဲ ပစ်ထားမယ်ဆိုရင် ကိုယ့်ရဲ့ တစ်နေ့တာကို ကောင်းကောင်း ဒုက္ခပေးနိုင်တယ်ဆိုပေမယ့် ကုသပျောက်ကင်းဖို့လည်း လွယ်ကူတဲ့ ကျန်းမာရေး ပြဿနာထဲမှာ ပါပါတယ်။ ပုံမှန် ကျွန်တော်တို့ ဝမ်းသွားတဲ့အခါမှာ စအိုလမ်းကြောင်းတွင်းမှာ ရှိတဲ့ တစ်ရှူးတွေသည် သွေးများဖြင့် ပြည့်နှက်ကာ ဖောင်းကြွလာပါတယ်။ ဒီတစ်ရှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ လမ်းကြောင်းဟာ ဝမ်းသွားရ ချောမွေ့စေဖို့ ကူညီထိန်းချုပ်ပေးပါတယ်။ လိပ်ခေါင်းဖြစ်နေတဲ့ […]

လိပ်ခေါင်းရောဂါများ

လူတော်တော်များများမှာ စိတ်ဖိစီးတဲ့အချိန် ဒါမှမဟုတ် အကြံကုန်ဂဠုန်ဆားချက် ကြရင် ခဲတံကိုက်တာတို့၊ ဆေးလိပ်သောက်တာတို့၊ နှုတ်ခမ်းကိုက်တာတို့ကို သတိမမူမိဘဲ ပြုလုပ်မိလေ့ရှိကြပါတယ်။ တစ်‌ယောက်နဲ့တစ်ယောက် အလေ့အကျင့် မတူကြပေမဲ့ တော်တော်များများကတော့ လက်သည်းကိုက်တတ် ကြပါတယ်။ ဒီအကျင့်ကတော့ ပုံမှန်အတိုင်းဆို ဘာမှထွေထွေထူးထူးမဟုတ်ပေမဲ့ တကယ်တမ်းကြတော့ လူတွေရဲ့ကျန်းမာရေးအတွက် များစွာစိုးရိမ်စရာကောင်းပါတယ်။ ပိုး၀င်ခြင်း/ လက်စွယ်ငုပ်ခြင်း ပထမဆုံးကတော့ ကိုယ့်မှာရှိတဲ့ပိုး ကိုယ်ပြန်ကူးစက်ခြင်းပဲဖြစ်ပါတယ်။ လက်သည်းကို ကိုက်တဲ့အခါ လည်သည်းအောက်မှာရှိတဲ့ အသားနုလေးနဲ့ ပါးစပ်ထဲမှာရှိတဲ့ မြောက်များစွာသောပိုးတွေ ထိတွေ့တဲ့အခါ ‌ရောင်ရမ်းတာတို့ ပြည်တည်နာတို့ ဖြစ်ပေါ်စေပါတယ်။ အဲ့ဒါကို တစ်နည်းအားဖြင့် လည်စွယ်ငုတ်တယ် လို့လည်းခေါ်ကြပါတယ်။ လည်စွယ်ငုတ်တာကများသောအားဖြင့် လက်သည်းအောက်ခြေမှာရှိတဲ့ နူးညံ့တဲ့ ‌အရေပြားနေရာလေးကို ပိုး၀င်ခြင်းကြောင့်ဖြစ်ပါတယ်။ ဖျားနာခြင်း လူတွေရဲ့လက်က အညစ်ကြေးပေါင်းစုံကိုင်တွယ်ပြီး ပိုးပေါင်းစုံနဲ့ ထိတွေ့နေရပါတယ်။ ၎င်းပိုးတွေက လည်သည်းအောက်မှာခိုအောင်းနေတတ်ကြပါတယ်။ ပါးစပ်ထဲကပိုးက လက်ကို ကူးတာထက် လက်မှာရှိတဲ့ပိုးက ပါးစပ်ထဲ၀င်သွားတာက ပိုဆိုးစေပါတယ်။ […]

လိပ်ခေါင်းရောဂါများ

ဝမ်းသွားမလို့ ထိုင်လိုက်တာ သွေးတွေ ဗွမ်းကနဲထွက်လာမျိုးကြုံဖူးလား။ ဒါဆိုရင် ခေါင်းထဲမှာ ငါတော့ လိပ်ခေါင်းရောဂါ ဖြစ်နေပြီနဲ့တူတယ်လို့ ထင်ကြပါတယ်။ လူ၄ယောက်မှာ ၃ယောက်မှာ လိပ်ခေါင်းဖြစ်ဖူးကြပါတယ်။ ဒါကြောင့် ဒီရောဂါကမရှားပါဘူး။ လိပ်ခေါင်းဆိုတာ တကယ်တော့ မစင်အိမ်နဲ့ စအိုနားက သွေးပြန်ကြောတွေ ဖောင်းလို့ဖြစ်လာတာပါ။ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး အပြင်လိပ်နဲ့ အတွင်းလိပ်လို့လည်း ခွဲထားပါတယ်။လိပ်ခေါင်းက ဘာလို့ဖြစ်တာလဲ။ မကုဘဲထားရင်ဘာဖြစ်မလဲ။ အသက်အန္တရာယ်စိုးရိမ်ရလား။ ကာကွယ်လို့ရလားဆိုတာကို ပြောပြပေးပါမယ်။ လိပ်ခေါင်းရောဂါ ဘာလက္ခဏာတွေပြမလဲ။ လိပ်ခေါင်းရောဂါ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး လက္ခဏာတွေကလည်း မတူပါဘူး။ အပြင်လိပ် စအိုပတ်လည်က အရေပြားမှာတွေ့ရပါတယ်။ လက္ခဏာတွေကတော့ -စအိုနားတစ်ဝိုက်မှာယားပါမယ်။ -နာမယ်။ နေရတာ အဆင်မပြေပါဘူး။ -စအိုနားမှာ အလုံးစမ်းမိပါမယ်။ -သွေးထွက်ပါမယ်။ အတွင်းလိပ် မစင်အိမ်ထဲမှာဖြစ်တာပါ။ မြင်လည်းမမြင်ရသလို စမ်းကြည့်လို့လည်း မရပါဘူး။ ဒါကြောင့် ရှိလို့ရှိမှန်းတောင်မသိပါဘူး။ ဝမ်းသွားလိုက်တဲ့အခါမှသာ -သွေးပါလာမယ်။ မနာဘူး။ ဝမ်းသွားပြီးမှ အိမ်သာခွက်မှာ သွေးပေနေတာတွေ့မယ်။ -တစ်ခါတစ်လေ ဝမ်းညှစ်လိုက်မှ လိပ်ခေါင်းက အပြင်ကို ထွက်လာမယ်။ အဲ့တော့မှ နာလို့ သိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ လိပ်ခဲ အပြင်လိပ်မှာရှိတဲ့ […]

လိပ်ခေါင်းရောဂါများ

ခဏလေးပါပဲ ဆိုပြီး အိမ်သာသွားတက်ရာကနေ ဖုန်းပွတ်တာ ကြာလို့ကြာမှန်းမသိ ဖြစ်သွားတာမျိုး ကြုံဖူးကြမှာပါ။ ဒီလိုမျိုးလုပ်တာ တစ်ခါတစ်လေဆို ပြဿနာမရှိပေမဲ့ နေ့တိုင်းလိုလို အိမ်သာဖြောင့်ဖြောင့်မသွားဘဲ ဖုန်းအကြာကြီးထိုင်သုံးနေမယ်ဆိုရင်တော့ လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများနိုင်တယ်ဆိုတာ သတိထားဖို့တော့ လိုမယ်နော်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အထူးသဖြင့် လူငယ်တော်တော်များများက ဖုန်းသုံးတဲ့အခါ ကျန်တဲ့ကိစ္စတွေကို မေ့သွားတတ်ကြပါတယ်။ အဲ့တော့ အထဲမှာထိုင်ပြီး ဖုန်းလေးပွတ်လိုက်၊ ဖေ့စ်ဘွတ်ခ်မှာ လျှောက်ကြည့်လိုက်၊ ဗွီဒီယိုဘက်ရောက်သွားလိုက်နဲ့ ကိုယ့်ကိစ္စပြီးသွားတာတောင် အပြင်ထွက်လာဖို့ မေ့နေကြတာပေါ့။ ဒီလိုမျိုး အိမ်သာဘိုထိုင်ခွက်ပေါ်မှာ အချိန်အကြာကြီး ထိုင်တဲ့အကျင့်ကြောင့် ကိုယ့်ရဲ့ စအိုမှာဖိအားသက်ရောက်မှုပိုများပြီး လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများနိုင်ပါတယ်။ တစ်ဘက်ကနေ ကြည့်ရင်လည်း အိမ်သာဆိုတာ အညစ်အကြေးပေါင်းစုံ စွန့်ပစ်ရာနေရာဖြစ်တဲ့အတွက် ဘက်တီးရီးယားပိုးတွေဆိုတာ လေထုထဲမှာ အပြည့်ပါပဲ။ ကိုယ်က အိမ်သာထဲမှာ ကြာကြာနေလေ အဲ့ဒီဘက်တီးရီးယားတွေက ကိုယ့်ရဲ့ အသက်ရှူလမ်းကြောင်းနဲ့ ပြင်ပ ခန္ဓာကိုယ်ပေါ်မှာပါ […]

လိပ်ခေါင်းရောဂါများ

သီချင်းတွေ အော်ဆိုရင် ဘေးကလူတွေ ဘယ်လို စနောက်ကြလဲ။ လိပ်ခေါင်းပိုင်ရှင်တွေ လိပ်ခေါင်းထွက်မယ်နော်လို့ ပြောလေ့ရှိကြတယ်ဟုတ်။ ဒါပေမယ့် တကယ်တမ်း လိပ်ခေါင်းဖြစ်လာမလာ သေချာသိရဲ့လား။ ဘယ်လို လက္ခဏာမျိုးဆို လိပ်ခေါင်းဖြစ်နိုင်လဲ ၊ ဖြစ်လာရင် ဘာကို သတိထားရမလဲ ၊ မဖြစ်အောင် ဘယ်လို ကာကွယ် နေထိုင်ရမလဲဆိုတာ သိထားသင့်တယ်နော် ။ လိပ်ခေါင်းဖြစ်တဲ့ လက္ခဏာတွေက - ဝမ်းသွားရင် မနာကျင်ဘဲသွေးထွက်တာ ၊ စအိုတဝိုက်မှာ ယားတာ ၊ စပ်တာ ၊ နာတာ ၊ နေရခက်တာ ၊ စအိုတဝိုက် ရောင်ရမ်းလာတာ စအိုဝမှာ စူလာပြီး အထိမခံနိုင်တာ ( သွေးခဲပိတ်တဲ့ လိပ်ခေါင်းရောဂါဖြစ်နေနိုင်ပါတယ် ) လိပ်ခေါင်းပိုင်ရှင်တွေ သိထားသင့်တဲ့ အမျိုးအစားများ အတွင်းလိပ်ခေါင်း စအို အတွင်းပိုင်းမှာ ဖြစ်တဲ့ […]

လိပ်ခေါင်းရောဂါများ

လိပ်ခေါင်းရောဂါဆိုတာ စိတ်ကိုရော နေ့စဉ်လူနေမှု ဘဝကိုပါ နှောင့်ယှက်တတ်တာမျိုးပါ။ သူဖြစ်ပြီဆိုတာနဲ့ စအိုနားတစ်ဝိုက်မှာ တင်းနေသလိုလို၊ နာသလိုလို၊ ယားသလိုလိုဖြစ်တဲ့အပြင် ဝမ်းသွားရင်လည်း သွေးတွေပါတတ်တော့ လူတိုင်း လန့်ကြတဲ့ရောဂါတစ်ခုပေ့ါ။ ဒါ့အပြင် သူကလည်း လူမြင်ခံလို့မရတဲ့နေရာမှာဖြစ်နေတာဆိုတော့ ရှက်တတ်တဲ့ မြန်မာလူမျိုးတွေ အနေနဲ့ လိပ်ခေါင်းဖြစ်ပြီဆို ဆရာဝန် သွားပြဖို့ အင်မတန်မှ ဝန်လေးကြပါတယ်။ ဆရာဝန်ဆီလည်း မသွားရဲ၊ လိပ်ခေါင်းပြန်ဝင်အောင် ဘယ်လိုနည်းလမ်းမှန် နေထိုင်ရမှန်းလည်း မသိနဲ့ ပိုဆိုးသွားကြတဲ့သူတွေ အများကြီးပါ။ ဒါကြောင့် ဒီဆောင်းပါးလေးထဲမှာ စစချင်းထွက်နေတဲ့ လိပ်ခေါင်းကို ပြန်ဝင်အောင် ဆရာဝန်ဆီ သွားစရာမလိုဘဲ အိမ်မှာတင် လုပ်လို့ရတဲ့ နည်းလေးတွေ ဝေမျှပေးချင်ပါတယ်။ ။ လိပ်ခေါင်းက သူ့ဘာသာသူ ပျောက်သွားနိုင်လား။ ။ လိပ်ခေါင်းဆိုတာ သက်တမ်းနုခါစဆို သူ့ဘာသာ ပြန်ဝင်သွားတတ်တဲ့ သဘောရှိပါတယ်။ လိပ်ခေါင်းထွက်လာပြီဆိုတာနဲ့ ခွဲစိတ်မှ ပျောက်တာမဟုတ်ပါဘူး။ […]

လိပ်ခေါင်းရောဂါများ

Rectal prolapse ဆိုတာဘာလဲ။ Rectal prolapse ကို complete rectal prolapse (external rectal prolapse) လို့ ခေါ်ပြီး စအိုနံရံတွေဟာ ကျွံကျကာ စအိုပေါက်ကနေထွက်လာပြီး ကိုယ်ခန္ဓါပြင်ပမှာ မြင်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ Rectal prolapse ဟာ လက္ခဏာ မပြပဲဖြစ်နိုင်ပေမယ့် သူ့သဘာဝပေါ်မူတည်ပြီး အကျိအချွဲထွက်ခြင်း၊ စအိုမှ သွေးဆင်းခြင်း၊ ဝမ်းမထိန်းနိုင်ခြင်းနဲ့ ဝမ်းပိတ်ခြင်း လက္ခဏာတွေရှိတတ်ပါတယ်။   Rectal prolapse ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Rectal prolapse ဟာ အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး အမျိုးသားရော အမျိုးသမီးပါ အသက်မရွယ်မရွေးဖြစ်နိုင်ပါတယ်။ သူဟာ အသက်အန္တရာယ် ရှိတဲ့ အခြေအနေတစ်ခု မဟုတ်ပေမယ့် မကုသရင် လက္ခဏာ ဆိုးရွားနိုင်ပါတယ်။ External Rectal prolapse အတော်များများကို ခွဲစိတ်ကုသခြင်းဖြင့် အောင်မြင်အောင် […]

လိပ်ခေါင်းရောဂါများ

Anal Fissure (စအိုကွဲခြင်း) ကဘာလဲ။ စအိုကွဲခြင်းဆိုသည်မှာ အစာဟောင်းအိမ်၏အောက်ပိုင်းရှိ အပေါ်ယံလွှာတွင် အနည်းငယ်ပြဲသွားသောကြောင့် ဝမ်းသွားလျှင်နာကျင်ပြီး သွေးထွက်လာခြင်းဖြစ်သည်။ ရေတိုဖြစ်လျှင် ကွဲရုံသာဖြစ်ပြီး ရေရှည်တွင်မူ ကွဲနေသောနေရာမှ အသားပိုထွက်လာပြီး အတွင်းလိပ်ခေါင်းနှင့် အပြင်လိပ်ခေါင်းဖြစ်ခြင်းတို့ဖြစ်လာနိုင်သည်။ စအိုကွဲခြင်းသည် ပြင်းထန်သောကျန်းမာရေးပြသနာမဟုတ်ပါ။ ရေတိုတွင်ဖြစ်သော စအိုကွဲနာများသည် ၄ ပတ်မှ ၆ ပတ်အတွင်း ပျောက်သွားတတ်ကြသည်။ အများစုသော စအိုကွဲနာများသည် အမျှင်ဓါတ်ကြွယ်ဝသောအစာများစားခြင်း၊ ဆေးရည်ထိုင်ခြင်းတို့ဖြင့်ကောင်းသွားကြသည်။ သို့သော် ၈ ပတ်မှ ၁၂ပတ်ကြာသည်အထိ အနာမကျက်ပါက ရေရှည်ဖြစ်သော စအိုကွဲနာဟုသတ်မှတ်ရမည်ဖြစ်ပြီး ဆေးသောက်ခြင်း၊ ခွဲစိတ်ကုသခြင်းတို့ပြုလုပ်မှသာ ပြန်မဖြစ်ရန်နှင့် ဘေးပတ်လည်ရှိကြွက်သားများပျက်စီးခြင်းတို့ကိုလည်းကာကွယ်နိုင်ပါသည်။ Anal Fissure (စအိုကွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ စအိုကွဲခြင်းသညအလွန်အတွေ့ရများပါသည်။ အထူးသဖြင့် ၁ နှစ်အောက်ကလေးများတွင် အဖြစ်များသည်။ သို့သော် အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ သို့သော် ၎င်းကို ဖြစ်စေသောအကြောင်းများကို သေချာစွာသိလျှင် ကာကွယ်နိုင်သောကြောင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

လိပ်ခေါင်းရောဂါများ

လိပ်ခေါင်းရောဂါ (Hemorrhoids )ဆိုသည်မှာ စအို သို့မဟုတ် အူမကြီး၏ အနှောင်းပိုင်း အောက်ဘက် အနီးရှိ သွေးပြန်ကြောများ ရောင်ရမ်းခြင်း ဖြစ်သည်။ အူမကြီး နောက်ဆုံးအပိုင်း သို့မဟုတ် စအိုဝပတ်လည်တွင် ဖြစ်ပွားနိုင်ပါသည်။ ၎င်းသည် ဝမ်းသွားရာတွင် အားစိုက်၍ ညစ်ခြင်းကြောင့် ဖြစ်ပွားနိုင်ပါသည်။ လိပ်ခေါင်းရောဂါသည် ဖြစ်ပွားရာနေရာပေါ် မူတည်၍ အမျိုးအစား ကွဲပြားပါသည်။ အတွင်းလိပ်ခေါင်း - လိပ်ခေါင်းကို အူမကြီး နောက်ဆုံးပိုင်းတွင် တွေ့ရပါသည်။ အတွင်းလိပ်ခေါင်းသည် များသောအားဖြင့် နာကျင်မှုမရှိသော်လည်း သွေးထွက်နိုင်ပါသည်။ အပြင်လိပ်ခေါင်း - လိပ်ခေါင်းသည် စအိုဝ အပြင်ဘက်တွင် ရှိပါသည်။ ၎င်းတို့သည် ယားယံနာကျင်နိုင်ပြီး တစ်ခါတစ်ရံ ကွဲအက်ခြင်း၊ သွေးထွက်ခြင်း တို့ ဖြစ်နိုင်ပါသည်။ လိပ်ခေါင်းရောဂါသည် များသောအားဖြင့် မပြင်းထန်ပါ။ ကူးစက်ခြင်းလည်း မဖြစ်နိုင်ပါ။  သူ့အလိုလို  […]

လိပ်ခေါင်းရောဂါများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy