backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ရင်ပူ နေသူတွေအတွက် ဓါတ်စာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ရင်ပူ နေသူတွေအတွက် ဓါတ်စာ

စိုးရိမ်စိတ်ကြောင့်ဖြစ်တဲ့ရင်ပူမှုမဟုတ်ပါဘူး။ အယ်လ်ကိုဟောပါတဲ့သောက်စရာနဲ့ အစားအသောက်တွေကြာင့်ဖြစ်တဲ့ ရင်ပူမှုအကြောင်းလေးပြောချင်တာပါနော်။ မတည့်တာတွေကို မတည့်မှန်းသိပေမယ့် စားလိုက်မိတယ်၊ပြီးမှ အစာမကြေဘူး။ ရင်ထဲကပူတယ်ဆိုပြီးဖြစ်တတ်တဲ့ သူငယ်ချင်းလေးတွေများရှိလား။ ဒါဆိုရင်တော့ဒီဆောင်းပါးလေးက စားချင်တာတွေကို အကြိုက်စားပြီး ရင်ပူ တတ်တယ်ဆိုတဲ့သူတွေအတွက် အသုံးတည့်မှာပါ။

ရင်ပူတယ်

ရင်ပူတယ်ဆိုတာက အစာရေမြိုအတွင်းကို အစာအိမ်ထဲက အက်ဆစ်တွေပြန်ဆန်တက်လာတာကြောင့် ရင်ဘတ်ထဲမှာ ပူစပ်ပူလောင်ကြီးခံစားရတာပါ။ များသောအားဖြင့် ရင်ဘတ်အလည်တည့်တည့်မှာခံစားရနိုင်ပါတယ်။ လှဲအိပ်တဲ့အခါမျိုး ညာဘက်စောင်းအိပ်တဲ့အခါမျိုးမှာ ရင်ပူမှုကို ပိုခံစားရနိုင်ပါတယ်။ ရင်ပူတာက အရမ်းမပြင်းထန်ဘူးဆိုရင် ဆရာဝန်ပြစရာမလိုပါဘူး။ များသောအားဖြင့်ကတော့ ရင်ပူတာက သူ့အလိုလိုသက်သာသွားတာပါ။

တကယ်လို့များ ရင်ပူတာနဲ့အတူ အသက်ရှုရခက်တာမျိုးနဲ့ အခြားပြင်းထန်တဲ့ရောဂါလက္ခဏာတွေကိုပါခံစားရမယ်ဆိုရင်တော့ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုခံစားနေရတာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသကြည့်သင့်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ်ထက်မနည်း ရင်ပူတဲ့ဝေဒနာခံစားရမယ်ဆိုရင်လည်း ဆရာဝန်နဲ့ ပြသကြည့်ဖို့လိုအပ်ပါမယ်။

ရင်ပူရင် ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ

  • အာခေါင်ထဲမှာ ချဉ်နေသလိုလိုဖြစ်နေမယ်
  • စားထားတာတွေပြန်အန်မယ်
  • လည်ပင်းထဲမှာ အစားတွေရှိနေသလိုခံစားရမယ်
  • ခေါင်းထဲက မူးပြီးချွေးတွေပြန်နေမယ်

ရင်ပူ သက်သာစေမယ့် အစားအစာတွေက

ရင်ပူတာက အစာအိမ်ထဲမှာရှိနေတဲ့ အက်ဆစ်တွေ အစာရေမြိုထဲကိုပြန်ဆန်တက်လာတာကြောင့်ပဲတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ စားလိုက်တဲ့ အစားအစာတွေမှာပါတဲ့ အက်ဆစ်တွေကြာင့်လည်း ရင်ပူတာကို ခံစားရနိုင်ပါတယ်။ ရင်ပူတာကို သက်သာစေမယ့် အစားအသောက်လေးတွေကို စားသုံးပြီး ရင်ပူတာကို သက်သာအောင်လုပ်လို့ရပါတယ်နော်။

ဖရဲသီး – အသီးတော်တော်များများမှာ အက်ဆစ်ဓါတ်များတတ်ပေမယ့် ဖရဲသီးက အက်ဆစ်ပါဝင်မှုနည်းပါတယ်။ ရင်ပူသူတွေစားသုံးပေးလို့ရပါတယ်။ ဖရဲသီးအပြင်၊ သခွားမွှေးလိုမျိုး အသီးတွေကို စားသုံးပေးလို့ရပါတယ်။

ငှက်ပျောသီး – ငှက်ပျောသီးကလည်း ဖရဲသီးလိုမျိုး အက်ဆစ်ပါဝင်မှုနည်းတဲ့ အသီးတစ်မျိုးပါ။ အလွယ်တကူစားလို့ရသလို အရသာလည်းရှိတဲ့ ရင်ပူသက်သာစေမယ့် အစားအစာလေးတစ်ခုပါ။

အုတ်ဂျုံ – မနက်ခင်းစားတဲ့ အုတ်ဂျုံနဲ့လုပ်ထားတဲ့ Cereal ကလည်း ရင်ပူတာကို သက်သာစေနိုင်ပါတယ်နော်။ စားချဉ့်ရည်ပြန်ဆန်တက်တာမျိုးမဖြစ်စေနိုင်သလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမျှင်ဓါတ်ကိုရရှိစေနိုင်ပါသေးတယ်။

ပေါင်မုန့် – ရင်ပူနေသူအနေနဲ့ပေါင်မုန့်ကြမ်းစားပေးလို့ရပါတယ်။ အမျှင်ဓါတ်၊ ဗီတာမင်တွေနဲ့ အခြားသောအာဟာရဓါတ်တွေပါဝင်နေပါတယ်။

ထမင် – ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်နေပြီး ရင်ပူနေသူတွေအတွက် အထူးသင့်တော်ပါတယ်နော်။ ဆန်လုံးညိုဆိုရင် ပိုအဆင်ပြေပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ – ပန်းဂေါ်ဖီစိမ်း၊ ကညွတ်၊ ပဲစိမ်းတောင့် နဲ့ ပန်းဂေါ်ဖီစိမ်းလိုမျိုး အက်ဆစ်ပါဝင်မှုနည်းတဲ့ ဟင်းသီးဟင်းရွက်တွေစားသုံးပေးလို့ရပါတယ်။

အဆီနည်းတဲ့ ကြက်သားနဲ့အသား -ပေါင်းထားတဲ့အသား ဒါမှမဟုတ် ကင်ထားတဲ့ အသားတွေစားလို့ရပါတယ်။ အရေခွံတော့မစားပါနဲ့။ကြော်ထားတဲ့ အသားတွေက အဆင်မပြေနိုင်ပါဘူး။
အာလူး – အာလူး၊ကန်စွန်းဥတွေကလည်း ရင်ပူတာကို သက်သာစေနိုင်ပါတယ်။ ကြက်သွန်နီကတော့ အဆင်မပြေနိုင်ပါဘူး။
ငါး – ရင်ပူနေချိန်မှာ အသင့်တော်ဆုံးကတော့ ငါးကို ကင်စားတာပါ။ အဆီအရမ်းမများဖို့တော့ သတိထားရပါမယ်။ကြော်ထားတာမျိုးတော့ မစားသင့်ပါဘူး။
ကြက်ဥအကာ – ပရိုတင်းကြွယ်ဝပြီး အက်ဆစ်ပါဝင်မှုနည်းပါတယ်။ ရင်ပူနေချိန်မှာ ကြက်ဥအနှစ်ကိုတော့ မစားသင့်ပါဘူး။ ကြက်ဥအနှစ်က ရင်ပူတာကို ပိုဆိုးစေနိုင်ပါတယ်။
နာနတ်သီး – နာနတ်သီးမှာပါတဲ့Bromelainဒြပ်ပေါင်းက ပရိုတင်းတွေကိုကြေညက်စေနိုင်ပြီ အစာမကြေတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ရင်ပူတာကိုသက်သာစေပြီး အစာခြေစနစ်ကိုကျန်းမာစေနိုင်ပါတယ်။
နေကြာစေ့ – ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဗီတာမင် E ပါဝင်တဲ့နေကြာစေ့က စားချဉ့်ရည်ပြန်ဆန်တက်တာကို မဖြစ်အောင်ကာကွယ်ပေးနိုင်ပြီး ရင်ပူတာကို သက်သာစေနိုင်ပါတယ်။
ပန်းသီ – ပန်းသီးမှာပါတဲ့ ဖလေဗာနွိုက်က စားချဉ့်ရည်ပြန်ဆန်တက်တာကို သက်သာစေနိုင်သလို ရင်ပူတာကိုသက်သာစေနိုင်ပါတယ်။ ရင်ပူတာကို သက်သာစေဖို့ ပန်းသီးဖျော်ရည်သောက်လို့ရပါတယ်။
ကဲ ရင်ပူခံမနေနဲ့။ ဒါလေးတွေစားလိုက်နော်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement