ဆီကြော်မုန့်တွေ – ဆီကြော်မုန့်တွေကို အစာအိမ်က ချေဖျက်ရခက်တဲ့အတွက ်အစာမကြေခြင်းကို ဖြစ်စေနိုင်သလို အမျှင်ဓါတ်ပါဝင်မှုလည်း နည်းတဲ့အတွက် ဝမ်းချုပ်စေပြီး လိပ်ခေါင်းရောဂါကို ပိုဆိုးစေပါတယ်။
အစပ်များတဲ့ အစားအသောက်တွေ- ပူစပ်လွန်းတဲ့ အစားအစာတွေ စားပြီးနောက်သွားတဲ့ ဝမ်းဟာလည်း ပူနေတတ်တာကြောင့် နဂိုတည်းကမှ သူ့ဟာသူနေရင်တောင် နာနေတဲ့ လိပ်ခေါင်း ပိုနာသွားတတ်ပါတယ်။
သံဓါတ်ဖြည့်အားဆေး – သံဓါတ်ဖြည့်အားဆေးေတွဟာ ဝမ်းချုပ်စေတတ်တာကြောင့် လိပ်ခေါင်းရှိနေတဲ့သူတွေ သံဓါတ်ဖြည့်အားဆေး သောက်ခြင်းကို ရှောင်သင့်ပါတယ်။
ဒါတွေကို ရှောင်သင့်တယ်ဆိုတော့ ဘယ်လို အစားအသောက်တွေ စားပေးရမှာလဲ ။
- အရေးကြီးဆုံးကတော့ အမျှင်ဓါတ်ပါတဲ့ အစားအသောက်တွေ များများစားပါ။ ဝမ်းချုပ်ခြင်းကို နိုင်တာ အမျှင်ဓါတ်ပဲ ဖြစ်တာကြောင့် အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်တဲ့ အသီးအနှံတွေ ၊ ဟင်းသီးဟင်းရွက်တွေ များများစားပါ။
- အမျှင်ဓါတ်ကြွယ်ဝတဲ့ ပဲအမျိုးမျိုးလည်း စားပေးလို့ရပါတယ်။
- ရေများများသောက်ပါ။ အရည်များများသောက်ရမယ်ဆိုပြီး ကော်ဖီတို့ အချိုရည်တို့သောက်ရမယ်လို့ ပြောတာမဟုတ်ပါဘူး။ အဓိက လိုချင်တာက ဝမ်းသွားချင်အောင် အူမကြီးကို လှုံ့ဆော်ပေးဖို့နဲ့ ဝမ်းပျော့သွားအောင် လုပ်ချင်တာကြောင့် ရေလိုအပ်တာကြောင့် တတ်နိုင်သမျှ ရိုးရိုးရေပဲ သောက်ပေးပါ။
အစားအသောက်တွေနဲ့တင် မပြီးသေးပါဘူး။ လိပ်ခေါင်းရှိသူတွေ လိုက်နာရမယ့် အချို့အချက်တွေ ကျန်ပါသေးတယ်။
အလေးအပင်မ ရင် သတိထားပါ။အလေးအပင်မ ရင် အသက်ရှူမအောင့်ထားပါနဲ့။ ပုံမှန်အသက်ရှူထုတ်ပါ။
အောင့်မထားပါနဲ့။အန္တရာယ်မလွယ်ထားသင့်ပါဘူး။ ဆီးဖြစ်စေ၊ ဝမ်းဖြစ်စေအောင့်ထားရင်ကောင်းကျိုးမရှိပါဘူး။ ဝမ်းသွားချင်နေတဲ့အချိန်အောင့်ထားလိုက်ရင် ဝမ်းချုပ်ခြင်းကိုအားပေးသလိုဖြစ်ပြီး လိပ်ခေါင်းရှိပြီးသားလူတစ်ယောက်ဆိုရင် ပိုဆိုးစေနိုင်ပါတယ်။ အိမ်သာသွားချင်လာပြီဆိုတာနဲ့ ချက်ချင်းသွားပါ၊ အလုပ်အားမှ ထသွားမယ်ဆိုတာမျိုး ခဏတောင်အောင့်မထားပါနဲ့။
ဘိုထိုင်အိမ်သာနဲ့ဆို ပိုသင့်တော်ပါတယ်။ဆောင့်ကြောင့်ထိုင်ရတဲ့ ရိုးရိုးအိမ်သာတွေနဲ့ဆို လိပ်ခေါင်းပိုထွက်စေနိုင်တယ်၊ ပိုညှစ်ထုတ်သလိုဖြစ်စေနိုင်လို့ ဘိုထိုင်နဲ့သွားတာ ဒါမှမဟုတ် အိမ်သာခုံနဲ့ဆို ပိုအဆင်ပြေနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။