backup og meta

လေနဲ့ ဝမ်းနဲ့ မကွဲရတာ ဘာကြောင့်လဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 09/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေနဲ့ ဝမ်းနဲ့ မကွဲရတာ ဘာကြောင့်လဲ ။ ။

    အစာခြေစနစ်နဲ့ သက်ဆိုင်တဲ့ ပြဿနာတွေထဲမှာ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ ၊ လေအောင့်တာ အပြင် လေနဲ့ဝမ်းနဲ့ မကွဲတာလည်း ရှိတတ်ပါသေးတယ်။ ။ ဒါဆိုရင်တော့ လေနဲ့ ဝမ်းနဲ့ မကွဲရတာ ဘာ့ကြောင့်လဲ ဆိုတာကို ကြည့်လိုက်ရအောင်လား …..

    လေနဲ့ ဝမ်းနဲ့ မကွဲရတာ ဘာ့ကြောင့်လဲ ။ ။

    လေလည်တယ်ဆိုတာ ကျန်းမာတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ သင်္ကေတပါ။ လေလည်တာဟာ စကားပြောရင်း၊ အစားစားရင်း လေကို မျိုချမိတာ၊ ပီကေဝါးတာ၊ ဆေးလိပ်သောက်တာကနေ ဖြစ်လာရတဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ လေမလည်ရင် ကျန်းမာရေးအတွက် မကောင်းဘူးဆိုရလောက်အောင် လေလည်ခြင်းက အူလမ်းကြောင်းအတွက် အရေးကြီးပါတယ်။

    အမှန်ဆို လေလည်တဲ့အချိန် လေပဲပါရမှာ ဝမ်းပျော့ပျော့လေးပါသွားရင်တော့ တစ်ခုခုဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ ဒါမျိုး ဘာကြောင့်ဖြစ်ရလဲ ။

    လေနဲ့ ဝမ်းနဲ့ မကွဲရတဲ့ အကြောင်းရင်း

    • အူလမ်းကြောင်းပိုးဝင်ခြင်း။ ။

    မသန့်ရှင်းတဲ့ အစားအသောက်တွေ စားမိတဲ့အခါမျိုးမှာ၊ အစာအိမ်နဲ့ အူလမ်းကြောင်းထဲ ဗိုင်းရပ်စ်နဲ့ ဘက်တီရီးယားပိုးတွေဝင်လာတဲ့အခါမှာ အူလမ်းကြောင်းရောင်ရမ်းပြီး အစာတွေက အစာအိမ်နဲ့ အူလမ်းကြောင်းကို မြန်မြန်ဖြတ်သွားတာကြောင် ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဝမ်းလျှောတတ်တဲ့သူတွေက ပိုပြီး လေနဲ့ဝမ်းနဲ့ မကွဲရတာဖြစ်ပါတယ်။

    • စားလိုက်တဲ့ အစားအသောက်တွေ ။ ။

    ကိုယ်စားလိုက်တဲ့ အစားအသောက်တွေကလည်း လေနဲ့ ဝမ်းနဲ့ကို မကွဲစေတဲ အကြောင်းအရင်းတွေမှာပါပါတယ်။ ဖြစ်တတ်တာအများဆုံးကတော့ lactose intolerance လို့ခေါ်တဲ့ နို့သကြားဓာတ် မစုပ်ယူနိုင်တဲ့ ဝေဒနာခံစားနေရတဲ့သူတွေပါ။ သူတို့က lactose ပါတဲ့ အစားအသောက်တွေ စားမိတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။

    သစ်သီးဖျော်ရည်တွေကို အများကြီး သောက်မိတဲ့အခါမှာလည်း လေနဲ့ဝမ်းနဲ့ မကွဲခြင်းကို ဖြစ်စေတတ်ပါတယ်။

  • အခြားကျန်းမာရေး ပြဿနာများ ။ ။
  • အူလမ်းကြောင်းလှုပ်ရှားမှု ပုံမှန်မဟုတ်တဲ့အခါ၊ နာတာရှည် ဝမ်းလျှောတာမျိုးဖြစ်တဲ့အခါ၊ အခြား အူလမ်းကြောင်းရောင်ရမ်းတဲ့ရောဂါတွေ ဖြစ်တဲ့ inflammatory bowel disease၊ Crohn’s disease နဲ့ ulcerative colitis ခံစားနေရတဲ့သူတွေမှာလည်း လေနဲ့ဝမ်းနဲ့ မကွဲတာမျိုး ဖြစ်တတ်ပါတယ်။

    • သောက်နေတဲ့ ဆေးတွေရဲ့ ဆိုးကျိုး ။ ။

    ကိုယ်သောက်နေတဲ့ ဆေးတွေထဲမှာ အစာအိမ်နဲ့ အူလမ်းကြောင်းကို သွားထိစေတဲ့ ဆေးတွေပါလာခဲ့ရင် သူတို့ကြောင့်လည်း လေနဲ့ ဝမ်းနဲ့ မကွဲတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ်သောက်နေတဲ့ ဆေးကို ကိုယ့်သဘောနဲ့ ရပ်လိုက်တာမျိုး မလုပ်ဘဲဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်သင့်ပါတယ်။

    • စိတ်ဖိစီးမှု ။ ။

    စိတ်ဖိစီးမှုဟာလည်း အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်စေတဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ဗိုက်အောင့်တာ အပြင် အူလမ်းကြောင်းလှုပ်ရှားမှုတွေကို ပိုမြန်စေတာကြောင့် လေနဲ့ဝမ်းနဲ့ မကွဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။

    ကလေးတွေမှာရော ဒီလို လေနဲ့ဝမ်းနဲ့ မကွဲရတာ ဘာကြောင့် ဖြစ်ရတာလဲ ။ ။

    မွေးကင်းစကလေးတွေကို သေးခံလဲပေးတဲ့အချိန်မှာ ဝမ်းအရည်လေးတွေပဲ သွားထားတာမျိုး မေမေတို့ တွေ့ဖူးကြမှာပါ။ ကလေးတွေအတွက်တော့ ဒီလို ဝမ်းအရည်လေးတွေပဲ သွားတာဟာ ပုံမှန်ဖြစ်နေကျပါ။

    ဘာကြောင့်လဲဆိုတော့ သူတို့က နို့အရည်ပဲ သောက်နေရသေးတာကိုး။ အစာမာတွေ မစားရသေးဘူးလေ။ မွေးကင်းစကလေးတွေအတွက် ဝမ်းအရည်သွားတာက ပုံမှန်ဆိုပေမယ့် အနံ့ပြင်းတဲ့အခါ၊ အရောင်တွေ ပါလာတဲ့အခါ၊ ခဏခဏ သွားတဲ့အခါ သတိထားသင့်ပါတယ်။ ဒါ့ပြင် ဝမ်းတစိုစို ဖြစ်နေတာကြောင့် ကလေးတင်ပါးပတ်လည်မှာ သေးခံလောင်တာမျိုး မဖြစ်အောင်လို့တော့ မေမေတို့ ဂရုတစိုက် သေးခံလဲပေးရမှာ ဖြစ်ပါတယ်။

    ဒါတွေကတော့ လေနဲ့ ဝမ်းနဲ့ မကွဲရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလို လေနဲ့ဝမ်းနဲ့ မကွဲတာဟာ နေ့စဉ် လူနေမှု ဘဝကို အနှောင့်အယှက်ဖြစ်စေတာကြောင့် ပေါ့ဆပြီးနေသင့်လို့တော့ မရတဲ့ အရာတစ်ခုပါ ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 09/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement