ဝမ်းမည်းမည်းသွားရခြင်း အကြောင်းအရင်းများ
ဝမ်းမည်းမည်းသွားရခြင်းဟာ အူသိမ်အပေါ်ပိုင်း အစာခြေစနစ်မှာ ဖြစ်နေတဲ့ ပြဿနာတွေကြောင့်ဆိုတာ အပေါ်မှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒီတော့ ဝမ်းမည်းမည်းသွားစေတဲ့ အကြောင်းအရင်းတွေက ဘာများလဲ။
- အစာအိမ်အနာမှ သွေးယိုခြင်း- အစာအိမ်ရောင်တဲ့ အဆင့်တင်မဟုတ်ဘဲ အနာပါဖြစ်သွားတဲ့အခါကျ အစာတစ်ခါဝင်တိုင်း အနာကို ပွတ်မိပြီး သွေးထွက်တတ်ပါတယ်။ ဒီသွေးတွေက အစာအိမ်ထဲက အက်ဆစ်နဲ့ ဓာတ်ပြုတဲ့အခါကျ အနံ့နံတဲ့ ဝမ်းမည်းမည်းတွေ အဖြစ် ဆင်းလာပါတော့တယ်။
- အစာရေမြိုပြွန်မှ သွေးကြောထုံးများ – အသည်းရောဂါရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ အစာရေမြိုပြွန်မှ သွေးကြောထုံးတွေ ပေါက်သွားရာမှ တစ်ဆင့် ဝမ်းမည်းမည်းတွေ သွားတတ်ပါတယ်။
- အကိုက်အခဲပျောက်ဆေးများကြောင့် အစာအိမ်သွေးယိုခြင်း – အကိုက်အခဲပျောက်ဆေးအပြင်းစားကို အစာမစားဘဲ သောက်လိုက်တဲ့အခါ အစာအိမ်နံရံ သွေးယိုပြီး ဝမ်းမည်းမည်းတွေ သွားတတ်ပါတယ်။

ဒါတွေကတော့ ဝမ်းထဲသွေးပါ ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ပဲ ဖြစ်ပါတယ်။ ဝမ်းထဲသွေးပါ တယ်ဆိုတာက အချိန်ကြာလာရင် သွေးအားနည်းပြီး သေချာဆေးကုသမှု မခံယူရင် ပိုဆိုးလာတတ်တာကြောင့် မပေါ့ဆဘဲ ဆရာဝန်ဆီသွားတာ အကောင်းဆုံးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။