backup og meta

ဒါတွေကြောင့် ကြို့ထိုးရတာပါ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 20/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒါတွေကြောင့် ကြို့ထိုးရတာပါ ။  ။

    ကြို့ထိုးတာနဲ့ စိမ်းတဲ့သူ ရှိမယ် မထင်ပါဘူး။ ကြို့ထိုးတယ်ဆိုတာ လူကိုလည်း ပင်ပန်းစေပြီး နေရလည်း ခက်စေတဲ့ အရာတစ်ခုပါ။ ခက်တာက သူ့ဘာသူ ဖြစ်ချင်တဲ့အချိန်ဖြစ် ပျောက်ချင်တဲ့အချိန် ပျောက်နေတော့ ကိုယ်က လိုက်ပြီး ထိန်းချုပ်လို့ မရတာကတော့ စိတ်ပျက်စရာပါ။ ကြို့ထိုးတယ်ဆိုတာ ဖြစ်တတ်တဲ့ သဘာဝတစ်ခုဖြစ်ပေမယ့် တစ်ချို့ရောဂါ ကြီးကြီးမားမား အခံကြောင့်လည်း ကြို့ထိုးနိုင်ပါတယ်။ ဒီတော့ ကြို့ထိုးတာကို ဖြစ်စေတဲ့ အကြောင်းတွေကို သိဖို့လိုလာပြီပေါ့နော် ။ ။ ဒါတွေကြောင့် ကြို့ထိုးရတာပါ ။ ။

    ကြို့ထိုးတာ ဘယ်လိုဖြစ်ပေါ်လာတာလဲ ။ ။

    ကြို့ထိုးတာဟာ အသက်ရှူတဲ့ အချိန်မှာ အလုပ်လုပ်ရတဲ့ ရင်ဝမ်းခြားကြွက်သား ညှစ်လွန်းအားကြီးလို့ဖြစ်ရတာဖြစ်ပြီး တစ်ခါညှစ်တိုင်း အသံအိုးကို သွားသွားပိတ်လို့ “အစ်” ဆိုတဲ့ အသံလေးထွက်တာဖြစ်ပါတယ်။

    ဒါတွေကြောင့် ကြို့ထိုးရတာပါ ။ ။

    ကြို့ထိုးခြင်းကို ဖြစ်စေတဲ့အကြောင်းတွေကို ဒီလို ခွဲလိုက်ကြရအောင်။ တချို့သူတွေ ကြို့ထိုးရင် မိနစ်ပိုင်းအတွင်းပဲ ပြန်ပျောက်သွားတယ် ရက်တောင် မကူးဘူးမလား။ တချို့ကျတော့လည်း တစ်ခါ ကြို့ထိုးရင် ၁ ရက် ၂ရက်တောင် မပျောက်ဘူးဆိုတော့ ၄၈နာရီအတွင်း ပျောက်တဲ့ ကြို့ထိုးတာနဲ့ ၄၈ နာရီကျော်မှ ပျောက်တဲ့ ကြို့ဆိုပြီး ၂ ပိုင်းခွဲလိုက်ရအောင်။ ဖြစ်စေတဲ့အကြောင်းအရင်းတွေကလည်း ကွဲပြားတယ်ဆိုတော့လေ။ ။

    ၄၈ နာရီအတွင်း ပျောက်တဲ့ ကြို့ထိုးတာဟာ ဒါတွေကြောင့် ဖြစ်ရတာပါ။ ။

  • ဂတ်စ်တွေ အများကြီးထည့်ထားတဲ့ အချိုရည်တွေ၊ အရက် သေစာတွေ သောက်သုံးထားတာ
  • အစားအများကြီးစားထားတာ
  • စိတ်လှုပ်ရှားလွန်းတာ၊ စိတ်ဖိစီးမှုများတာ
  • ရုတ်တရက် အပူချိန် အပြောင်းအလဲဖြစ်သွားတာ
  • လေတွေ မျိုချမိတာ (ဥပမာ ပီကေစားနေတဲ့အချိန်မျိုးတို့၊ သကြားလုံးစားနေတဲ့ အချိန်မျိုးတို့၊ ထမင်းစားရင်း စကားပြောတာတို့ပေါ့) ဒီလို အချက်တွေဟာ ရင်ဝမ်းခြား ကြွက်သားကို လှုံ့ဆော် သလိုဖြစ်တာကြောင့် ကြို့ထိုးရတာ ဖြစ်ပါတယ်။
  • ၄၈ နာရီထက်ကျော်တဲ့ ကြို့ထိုးခြင်းတွေဟာ ဒါတွေကြောင့် ဖြစ်ရတာပါ ။ ။

    ပုံမှန်ဆို ကြို့ထိုးတာဟာ မိနစ်ပိုင်းအတွင်းပြန်ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ၄၈နာရီ (၂ ရက်) ထက်ကျော်လို့မှ ကြို့ထိုးတာ မပျောက်ဘူးဆိုရင် ရောဂါအခံတစ်ခုခုကြောင့် ဖြစ်တာဖြစ်နိုင်ပါတယ် ။ ။ အဲဒီရောဂါတွေကို အုပ်စုဖွဲ့ပြီး ကြည့်လိုက်ရအောင် ။ ။

    (၁) အာရုံကြော ထိခိုက်တဲ့ ရောဂါများ ။ ။

    ၄၈ နာရီထက်ကျော်အောင် ထိုးနေတဲ့ ကြို့ဟာ ရင်ဝမ်းခြားကြွက်သားဆီ ထောက်ပံ့ပေးနေတဲ့ vagus nerves ( ဒါမှမဟုတ်) phrenic nerves ထိခိုက်သွားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီ အာရုံကြောကို ထိခိုက်စေတဲ့ ပြဿနာတွေကတော့

    • နားထဲ တစ်ခုခုဝင်နေပြီး ( ဥပမာ) အမွေးလိုမျိုးက နားစည်ကို သွားထိနေတာ
    • လည်ပင်းကြီး ရောဂါ ( ဒါမှမဟုတ်) လည်ပင်းမှာ အရည်အိတ်တည်တာ ကင်ဆာ အကျိတ်ဖြစ်နေတာ
    • အစာခြေရည်ပြန်ဆန်တက်တဲ့ ပြဿနာ
    • လည်ပင်းနာတာ၊ အာသီးရောင်တဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ ။

    (၂) ပင်မအာရုံကြော ပြဿနာများ ။ ။

    ပင်မအာရုံကြောကို ကင်ဆာအကျိတ်က သွားဖိတဲ့အခါမျိုး၊ အာရုံကြော ပိုးဝင်ပြီး ရောင်ရမ်းတဲ့ အခါမျိုးမှာ အချက်ပြစနစ်တွေ ရှုပ်ထွေးလို့ ကြို့ထိုးတဲ့ ပြဿနာလည်း ဖြစ်လာရတာ ဖြစ်ပါတယ်။ ။ ဒါတွေရဲ့ အရင်းခံ ပြဿနာတွေကတော့

    (၃) ဇီဝကမ္မဖြစ်စဉ် ပုံမမှန်တော့တာနဲ့ ဆေးတွေ ။ ။

    ဇီဝကမ္မဖြစ်စဉ် ပုံမမှန်တော့တာနဲ့ ဆေးတွေကလည်း ကြာရှည်စွာ ကြို့ထိုးခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။

    • အရက်သောက်တာများသွားတဲ့အခါ
    • မေ့ဆေးပေး ခွဲစိတ်မှု ပြုလုပ်မှုထားတဲ့အခါ
    • Barbituates အာရုံကြောဆေး သောက်တာများတဲ့အခါ
    • စတီးရွိုက်ဆေးသောက်ထားတဲ့ လူနာတွေ
    • ဆီးချိုသမားတွေ၊ ကျောက်ကပ်ဝေဒနာရှင်တွေ၊ နဲ့ သွေးတွင်း ဓာတ်ဆားဓါတ် မမျှတတဲ့အခါမှာလည်း ဒီလို ကြာရှည်စွာ ကြို့ထိုးလေ့ရှိပါတယ်။ ။

    ဘယ်လိုလူတွေက ပိုဖြစ်နိုင်လဲ ။

    အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုကြာကြာ ကြို့ထိုးတတ်ကြပါတယ်။ နောက်ပြီး စိတ်ဖိစီးမှု များတဲ့သူတွေ၊ စိုးရိမ်ပူပန်မှု လွန်ကဲနေတဲ့သူတွေ၊ မေ့ဆေးပေးပြီး ခွဲစိတ်ကုသမှုခံယူထားတဲ့သူတွေက ပိုဖြစ်တတ်ပါတယ်။

    ဘယ်အချိန် ဆရာဝန် သွားပြရမလဲ ။ ။

    • ၂ရက် ကြာတဲ့အထိတောင် ကြို့ထိုးတာမပျောက်တဲ့အခါ၊
    • ကြို့ထိုးလွန်းလို့ ထမင်းလည်းစားမဝင်၊ အိပ်လို့လည်း မရ ရေတောင်သောက်လို့ မရတဲ့ အခါမျိုးဆို ဆရာဝန်ဆီ သွားပြသင့်ပါတယ်။

    ရေးသားသူ- Dr Thin Yadadnar @ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 20/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement