အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

အသည်းရောဂါရဲ့ နောက်ဆုံးအဆင့်တွေ တစ်နည်းအားဖြင့် အသည်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမှာဆိုရင် အသည်းအစားထိုးကုသမှု ခံယူတာက လူနာတွေရဲ့ သက်တမ်းကို ရှည်စေတဲ့ ကုသမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ အရင်ကတော့ ဆုံးပါးသွားတဲ့သူတွေဆီကနေ အလှူခံရာကနေ ဒီနေ့ခေတ်မှာဆိုရင်တော့ သက်ရှိအလှူရှင်တွေဆီကနေလည်း ရယူနိုင်ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း က အားသာချက်တချို့ ရှိနေတာကြောင့်ပါ။ အသည်းအစားထိုးကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေက အသည်းအစားထိုးတာကို လူကြီးရော ကလေးပါ ခံယူလို့ရပါတယ်။ အသည်းက အလုပ်မလုပ်နိုင်ဘူး၊ တခြားကုသနည်းတွေနဲ့လည်း ကုသလို့ မရဘူးဆိုရင်တော့ အသည်းအစားထိုးတာက နောက်ဆုံးနည်းလမ်းပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းပျက်စီးပြီး ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင် အသည်းအစားထိုးရမှာပါ။ များသောအားဖြင့် အသည်းအစားထိုးတာကို ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရုတ်တရက် အသည်းပျက်စီးတာ နာတာရှည် အသည်းရောဂါတွေ ဖြစ်တဲ့ -အသည်းခြောက်တာ  (ဥပမာ အရက်ကြောင့်၊ […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်အနာ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းက အစိမ်းရောင် ဘာကြောင့်ဖြစ်နေရတာလဲ ။ ။

အိမ်သာသွားပြီးနောက်ပိုင်း ဝမ်းအရောင်က ပုံမှန်အရောင်ဖြစ်မနေဘဲ အစိမ်းရောင်ဖြစ်နေရင် လူတိုင်းလန့်သွားကြမှာပါ။ ပုံမှန်ဆို ဝါညိုရောင်လေးရှိနေရမယ့် ဝမ်းက အစိမ်းရောင် ဖြစ်နေတာ ဘာကြောင့်လဲ။ စိုးရိမ်ရလား ။ ဝမ်းက အစိမ်းရောင် ဘာကြောင့်ဖြစ်နေရတာလဲ ။ ။ ( ၁ ) အစိမ်းရောင် အသီးအရွက်တွေ အစားများသွားတာကြောင့် ဖြစ်နိုင်ပါတယ်။ အသီးအရွက်တွေမှာပါတဲ့အစိမ်းရောင်ခြယ် chlorophyll ဟာ ဝမ်းကိုစိမ်းစေတဲ့ အာနိသင်ရှိပါတယ်။ ဒါပေမယ့် နည်းနည်းလေးစားရင် ဘာမှမဖြစ်ပေမယ့် အများကြီး စားမိတဲ့ အခါမျိုးမှသာ ခုလို ဝမ်းအစိမ်းရောင်ပြောင်းသွားမှာ ဖြစ်ပါတယ်။ ( ၂ ) အပြာရောင်နဲ့ ခရမ်းရောင်ရှိတဲ အစားအစာတွေ အစိမ်းရောင်ရှိတဲ့အစားအစာတွေကပဲ ဝမ်းအစိမ်းသွားစေနိုင်တာ မဟုတ်ပါဘူး။ အပြာရောင်တို့ ခရမ်းရောင်စတဲ့အရောင်တွေက ဗိုက်ထဲ ရောက်သွားတဲ့အခါကျရင် အစာခြေအက်ဆစ်နဲ့ သည်းခြေရည်တို့နဲ့ ရောသွားပြီး အစိမ်းရောင်ပြောင်းသွားတတ်ပါတယ်။ ( ၃ ) ကော်ဖီ၊ ပူစပ်တဲ့အစားအစာ၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူရောင်ပြီး အူနာ ဗိုက်တင်းနေတဲ့သူတွေ သိထားသင့်တဲ့စားသောက်မှုပုံစံ

အစပ် လေးစားလိုက်တာနဲ့ ဗိုက်ခဏ ခဏအောင့်တယ်၊ ဗိုက်ကြီးကယ်ပြီး တင်းနေတယ်၊ ဝမ်းလျှော ဝမ်းချုပ်တွေဖြစ်နေတတ် အာထရာဆောင်းရိုက်ကြည့်လိုက်တဲ့အခါ အူရောင်တဲ့ အဖြေထွက်လာတယ်ဆိုရင် တော့ ခုပြောမယ့် စားသောက်မှုပုံစံကို သိထားဖို့ လိုလာပါပြီ။ အစားအသောက်တွေ ခြေဖျက် အာဟာရ တွေစုပ်ယူနေတာ ဒီ အူလေးတွေပဲ မလား။ သူတို့ကျန်းမာနေရင်သူတို့ အလုပ်လုပ်နေမှန်းတောင် မသိပေမယ့် သူတို့ မကျန်းမာတဲ့အခါ တော်တော်ကြီးကိုမှ ခံရပါတယ်။ ဝမ်းတစ်လုံးကောင်းမှ ခေါင်းမခဲနိုင်မှာလေ။ ဒီတော့ အူနာတဲ့ဝေဒနာခံစားနေရတဲ့သူတိုင်း ဘာတွေရှောင်စားရမလဲ။ အူရောင်ပြီး အူနာ ဗိုက်တင်းနေတဲ့သူတွေ သိထားသင့်တဲ့စားသောက်မှုပုံစံ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အူရောင်တယ်ဆိုတာ ဘာ့ကြောင့် ဖြစ်ရတာလဲ။ အူရောင်တယ်ဆိုတာ အူအတွင်းထဲကို ရောဂါပိုးတွေဖြစ်တဲ့ ဗိုင်းရပ်တို့ ဘက်တီးရီးယားတို့ ဝင်ပြီး အူအတွင်းသားနံရံတွေ ရောင်တာကို ဆိုလိုတာပါ။ မသန့်တဲ့ အစားအစာတွေကနေ အများဆုံးဝင်တာဖြစ်ပြီး ဆေးမကုဘဲ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ကိုယ့်အူလေးတွေ ကျန်းမာစေချင်ရင် ဒါတွေလိုက်နာပါ။

။ ကိုယ်စားလိုက်သမျှ အစားအစာတွေကိုခြေရတယ်၊ အာဟာရတွေ စုပ်ယူရတယ်၊ အညစ်အကြေးတွေကို စွန့်ထုတ်ရတယ်၊ အကျိုးပြု ဘက်တီးရီးယားနဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေ မျှတအောင်ထိန်းပြီး ခုခံအားစနစ်အတွက်လည်း ပါရသေးတာဆိုတော့ ကိုယ်တွေရဲ့ အစာခြေစနစ်လောက်အလုပ်များပြီး အရေးကြီးတာ မရှိပါဘူး။ သူတို့သာ တစ်ခုခုဖြစ်လို့ကတော့ ဝမ်းလျှောလိုက်၊ ဗိုက်အောင့်လေအော့င်လိုက်နဲ့ နေထိုင်ရတာ သက်သာတော့မှာ မဟုတ်ပါဘူး။ ဝမ်းတစ်လုံးကောင်းမှ ကျန်းမာရေးဒေါင်ဒေါင်မြည်မှာ သေချာတာကြောင့် အရေးကြီးတဲ့ အူလမ်းကြောင်းကျန်းမာရေးကို ဘယ်လိုထိန်းကြမလဲ ။ ။ နေကောင်းကျန်းမာတဲ့ အူလေးတွေ ပိုင်ဆိုင်ချင်ရင် ဒါတွေလုပ်ပါ။ ( ၁ ) စိတ်ဖိစီးမှုတွေ လျှော့ချပါ။ စိတ်ဖိစီးမှုများရင် ကျန်းမာရေးထိခိုက်တယ်ဆိုတာ အားလုံသိကြမှာပါ။ ကျန်းမာရေးဆိုမှတော့ စိတ်ရဲ့ ကြေးမုံပြင်လို့ တင်စားထားကြတဲ့ အူတွေဆို ပိုဆိုးတာပေါ့။ ဒီတောံ့ အူလေးတွေ ကျန်းမာဖို့နဲ့ ကိုယ်ခန္ဓါကျန်းမာရေးကောင်းဖို့ အတွက် စိတ်ချမ်းသာဖို့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

သင့်အူလေးတွေ မကျန်းမာကြောင်း ပြနေတဲ့ အချက် ၇ ချက် ။ ။

ဟိုနေ့က အစပ်လေးစားမိလိုက်တာ ဒီနေ့တော့ ပန်းကမ္ဘာထဲ ရောက်သွားပြီ။ အစားလေးနည်းနည်းပဲ စားမိတယ် ဘာမှတောင် မလုပ်ရသေးဘူး ဗိုက်ကအောင့်နေပြီ။ တင်းနေပြီ ပြည့်သလိုတွေ ခံစားနေရတယ် ဆိုတဲ့ဝေဒနာတွေကို ခံစားဖူးတဲ့သူတွေရှိကြမှာပါ။ အခြားသူတွေလည်း ကိုယ့်နည်းတူ စားနေကြတာပဲ။ ကိုယ့်ကျမှ ဒါမျိုးတွေ ခံစားရတယ်ဆိုတာ ကိုယ့်အူလမ်းကြောင်း မကျန်းမာလို့ ဖြစ်ရတာတွေပါ ။ ဒါဆို ကိုယ့်အူလေးတွေ မကျန်းမာဘူးဆိုတာကို ဘယ်လို အချက်တွေကနေ သိနိုင်သလဲ ။ ။ ဒီလို အချက်တွေရှိနေပြီဆိုရင်တော့ သင်အူလမ်းကြောင်းကျန်းမာရေးကို ပြန်ဂရုစိုက်ဖို့လိုနေပြီနော် ။ ။ ( ၁ ) ဗိုက်ထဲမှာ လေတွေပြည့်ပြီး ကယ်နေတာ၊ ဝမ်းခဏခဏပျက်တာ၊ လေအောင့်တာ။ ဒီ အချက် ၃ ချက်က ဗိုက်ထဲက အူလမ်းကြောင်း မကျန်းမာတဲ့အကြောင်း ထိပ်ဆုံးက ပြနေတဲ့ အချက် ၃ ချက်ဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာခြေစနစ်က ဘယ်လိုအလုပ်လုပ်သလဲ

ယေဘုယျအားဖြင့် အစာမြိုချပြီး ကျေညက်သွားသည်အထိ ၂၄ နာရီမှ ၇၂ နာရီထိကြာအောင် ချေဖျက်ရပါတယ်။ ကြာမြင့်ရန်အချိန်ဟာ စားလိုက်တဲ့ အစားအစာနဲ့ ဘယ်လောက်ပမာဏ စားသုံးတယ်ဆိုတာပေါ် မူတည်သလို ကျား၊ မ၊ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်၊ အစာချေစနစ်မှာ ပြဿနာရှိမရှိပေါ် မူတည်ပြီး နှေးသွား၊ မြန်သွားနိုင်ပါတယ်။ အစာခြေစနစ်ဆိုတာ ဘာလဲ။ စားလိုက်တဲ့အစားအစာကို ကိုယ်ခန္ဓါက ချေဖျက်ပေးပြီး လိုအပ်တဲ့ အာဟာရဓါတ်ေတွကို ခွဲထုတ်ပေးတဲ့ ဖြစ်စဉ်ပါ။ အာဟာရဓါတ်လည်း မရှိ၊ ချေဖျက်ပြီးသား အစာဟောင်းတွေကိုတော့ ဝမ်းအဖြစ် အပြင်ဘက်ကို စွန့်ထုတ်ပါတယ်။ အစာခြေစနစ်မှာ ဘာတွေပါဝင်လဲ။ ၁။ ပါးစပ် ၂။ လည်ချောင်း ၃။ အစာအိမ် ၄။ အူ ၅။ အူမကြီး ဆိုပြီး အဆင့် ၅ဆင့်ကို ဖြတ်သန်းရပါတယ်။ အစာခြေစနစ် ဘယ်လိုအလုပ်လုပ်သလဲ။ ၁။ အစားအစာကို ဝါးစားလိုက်တဲ့အခါ တံတွေးထဲမှာ ပါဝင်တဲ့ အင်ဇိုင်းတွေဟာ အစားအစာထဲမှာ ပါဝင်နေတဲ့ ကစီဓါတ်ေတွကို […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အစာမကြေတာကြောင့် ပျော်စရာခရီးစဉ်လေး မပျက်ရစေဖို့

ခရီးထွက်ြပီဆိုကတည်းက လူတိုင်းကတော့ ပျော်စရာခရီးစဉ်လေး ဖြစ်ချင်ကြတာပဲမလား။ စားချင်တာ စားမယ်။ မမြင်ဖူးတဲ့ မတွေ့ဖူးတဲ့ သဘာဝအလှအပတရားတွေကို ရှုမြင်ခံစားမယ်။ နေရာအသစ်၊ ယဉ်ကျေးမှုဓလေ့စရိုက် အသစ်အဆန်းတွေကို ကိုယ်တိုင်လေ့လာမယ်။ စိတ်ပြေလက်ပျောက်လည်း ဖြစ်၊ စိတ်ဖိစီးမှုတွေ၊ တစ်နေ့တာ အလုပ်တွေကနေ ခဏလောက် ပြေးထွက်စရာထွက်ပေါက်အဖြစ် ခရီးထွက်ကြတာ သဘာဝပဲမဟုတ်လား။ လူဆိုတာကလည်း အသစ်အဆန်းဆိုရင် ကိုယ်တိုင်စူးစမ်းလေ့လာတတ်ကြတယ်လေ။ အဲ့တော့ တစ်ခါမှမစားဖူးတဲ့ အစားအစာတွေ စားမိပြီး အစာအဆိပ်သင့်တာ၊ မသန့်တဲ့အစားအစာတွေ၊ ဗိုက်ကိုပြည့်ပြီးတင်းကားနေအောင် စားတတ်ကြတယ်။ နောက်ဆက်တွဲအနေနဲ့ကတော့ ဗိုက်က မအီမလည်ဖြစ်ပြီး ပျော်ရမယ့်အချိန်မှာ မပျော်ရတော့ဘဲ အိမ်သာထဲမှာပဲ အချိန်ကုန်ရတော့မှာပေါ့။ ဒီတော့ စိတ်လွတ်ကိုယ်လွတ်ပျော်ရမယ့် ခရီးမှာ အစာမကြေတာ၊ ဗိုက်အောင့်ဗိုက်နာတာတွေ မဖြစ်ရလေအောင် ဆောင်ရန်၊ ရှောင်ရန်လေးတွေ ပြောပြပေးမယ်နော်။ ၁။ ဗိုက်ကို ပြည့်တင်းနေအောင် မစားပါနဲ့။ ကိုယ်မရောက်ဖူးတဲ့ ဒေသမှာ မစားဖူးတဲ့အစားအစာတွေ တွေ့ရင် […]


အသည်းရောဂါများ

အသည်းအဆီဖုံးတဲ့ပြဿနာရှိသူတိုင်း သိထားသင့်တဲ့ စားသောက်မှု ပုံစံ ။ ။

ရောဂါတစ်ခုရယ်လို့ ဖြစ်လာပြီဆိုရင် ရောဂါကို ကုသတာရယ် ကိုယ်နေ့စဉ်စားနေတဲ့ အစားအသောက်ကို ဆင်ခြင်တာရယ်က နှစ်ခုလုံးက အရေးကြီးတဲ့ အရာတွေပါ။ အသည်းအဆီဖုံးတဲ့ ပြဿနာတွေ ဆိုပိုဆိုးတာပေါ့။ အစားအသောက်တွေကလည်း အသည်းအဆီဖုံးတာကိုဖြစ်စေနိုင်တဲ့ အထဲမှာပါတာကိုး။ ဒီတော့ အသည်းအဆီဖုံးနေတဲ့သူတွေအတွက် စားသောက်မှု ပုံစံက အရေးကြီးလာပြီလေ။ ဒီဆောင်းပါးထဲမှာ အသည်းအဆီဖုံးတဲ့ ပြဿနာရှိသူတိုင်း သိထားသင့်တဲ့ ဘယ်အစားအစာတွေကို စားပေးရမလဲ ဘယ်လို အစားအစာတွေကို ရှောင်ရမလဲဆိုတာလေးတွေ ပြောပြပေးချင်ပါတယ်။ အရင် ဆုံးစားပေးသင့်တဲ့ အစားအစာလေးတွေကို ပြောပြပေးချင်ပါတယ်။ ( ၁ ) ကော်ဖီ- ပုံမှန်မဟုတ်တဲ့ အသည်းအင်ဇိုင်းတွေကို လျှော့ချပေးတယ်။ လေ့လာချက်တွေအရတော့ ကော်ဖီသောက်လေ့ရှိတဲ့ အသည်းအဆီဖုံးတဲ့သူအများစုဟာ မသောက်တဲ့သူတွေထက် အသည်းထိခိုက်မှုနည်းတယ်လို့ဆိုကြပါတယ်။ အကြောင်းက ကော်ဖီပါတဲ့ ကဖင်းဓါတ် ကြောင့် အသည်းကိုထိခိုက်နိုင်တဲ့ ပုံမှန်မဟုတ်တဲ့ အသည်းအင်ဇိုင်းတွေ နည်းသွားတာကြောင့် ဖြစ်ရတာပါ။ ( ၂ ) […]


အသည်းရောဂါများ

အသည်းအဆီဖုံးခြင်းကို ဘယ်လိုကုသလို့ရသလဲ ။

အသည်းအဆီဖုံးတဲ့ ပြဿနာဟာ လူတော်တော်များများကို ဒုက္ခပေးနေတဲ့ အဖြစ်အများဆုံး အသည်းပြဿနာတစ်ခုပါ။ လက္ခဏာ သိသိသာသာ မပြတာကြောင့် အာထရာဆောင်းရိုက်ကြည့်မှပဲ သိတာများပါတယ်။ ဒီတော့ ကိုယ့်မှာ အသည်းအဆီဖုံးတဲ့ ပြဿနာရှိမရှိ ကြိုသိချင်ရင် စစ်ဆေးလို့ရတဲ့ နည်းတွေနဲ့ အသည်းအဆီဖုံးတာဖြစ်နေရင်ညလ်း ဘယ်လိုကုသလို့ရလဲဆိုတဲ့အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။ အသည်းအဆီဖုံးတဲ့ ပြဿနာကို ဘယ်လိုသိနိုင်သလဲ ။ ရောဂါကိုယ်တိုင်က သိသာတဲ့ လက္ခဏာ မရှိတာကြောင့် အခြားရောဂါတွေကို စစ်ဆေးကြည့်တဲ့အချိန်ကျမှ သူ့ကို သွားတွေ့တာများပါတယ်။ လုပ်နိုင်တဲ့ရောဂါ စစ်ဆေးခြင်းတွေကတော့ သွေးစစ်ခြင်း ။ ။ Complete Blood count - သွေးဆဲလ်တွေအားလုံးနဲ့ ေသွးအားနည်းြခင်းရှိမရှိကို စစ်ဆေးခြင်း အသည်းအင်ဇိုင်းနဲ့ အသည်းလုပ်ဆောင်နိုင်အားကို စစ်ဆေးခြင်း အသည်းရောင်အသားဝါရောဂါပိုး ( A,B,C ) ရှိမရှိစစ်ဆေးခြင်း Celiac disease လို့ခေါ်တဲ့ ရောဂါရှိမရှိစစ်ဆေးခြင်း သွေးတွင်းသကြားဓါတ်ကို […]


အသည်းရောဂါများ

အရက်မသောက်လည်းဘဲ အသည်းအဆီဖုံးနိုင်ပါတယ် ။

အရက် ကြောင့် အသည်းအဆီဖုံးတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါပေမယ့် ဒီနေ့ပြောမှာကတော့ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်းအကြောင်းပါ။ အသည်းအဆီဖုံးတဲ့ ပြဿနာဟာ လူတိုင်းနီးပါးမှာ ရှိနေတတ်ပြီး လက္ခဏာသိပ်မပြတတ်တဲ့ ရောဂါတစ်ခုပါ။ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်းဆိုတော့ အရက်ကြောင့်ဖြစ်တာ မဟုတ်ဘဲ အခြားအကြောင်းအရာတွေကြောင့် ဖြစ်ရတဲ့အသည်းအဆီဖုံးခြင်းပါ။ ဒီအသည်းအဆီဖုံးတဲ့ ပြဿနာဟာ စိုးရိမ်ရလား။ အသည်းအဆီဖုံးတယ်ဆိုတော့ အသည်းဆဲလ်တွေကြားထဲ အဆီဆဲလ်တွေ အများကြီးရောက်နေတဲ့ ပြဿနာပါ။ သူ့ကြောင့် အသည်းရောင်လာပြီး သေချာမကုသတဲ့အခါ နောက်ပိုင်း တဖြည်းဖြည်း ကုသလို့မရတဲ့ ထိခိုက်မှုမျိုး အသည်းမှာ ဖြစ်သွားတတ်ပါတယ်။ ဒီထိခိုက်မှုဟာ အရက်တအားသောက်လို့ ဖြစ်ရတဲ့ အသည်းအဆီဖုံးခြင်းနဲ့ သွားတူပါတယ်။ ပိုဆိုးတာက အသည်းအဆီဖုံးတာကို သေချာမကုသရင် နောက်ပိုင်း အသည်းခြောက်တာနဲ့ အသည်းပျက်စီးတာတွေ ဆက်ဖြစ်သွားနိုင်ပါတယ်။ ဘယ်သူတွေက ပိုဖြစ်နိုင်တာလဲ။ ။ အသက် ၄၀ ကျော် ၅၀ နောက်ပိုင်းရောက်နေတဲ့သူတွေ အဝလွန် နေတဲ့သူတွေ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ပီကေဝါးရင်း မျိုချမိရင် အန္တရာယ်ရှိလား

ပီကေစားရင်း မျိုချမိရင် အူမှာကပ်ပြီးသေတတ်တယ်၊ ပီကေက အစာအိမ်ထဲ၊ အူထဲမှာ ကပ်သွားပြီး လုံးဝပြန်မထွက်တော့ဘူး ဆိုတဲ့ စကားတွေ ငယ်ငယ်က ကြားဖူးမှာပါ။ ဒီလိုစိတ်ပူတတ်တဲ့ လူကြီးတွေက ကိုယ်တွေကို ပီကေမစားရဘူးလို့ တားမြစ်ခဲ့ကြပါတယ်။ ပီကေဆိုတာ လူကြီးဖြစ်မှ စားရမယ်ဆိုတဲ့အသိလေးလည်းခေါင်းထဲစွဲလို့။ ခုချိန်ထိ ပီကေမျိုချမိမှာကို အရမ်းကြောက်နေမိတာလည်း အမှန်ပါပဲ။ တကယ်ရော ဘာဖြစ်သွားမှာလဲ.... မတော်တဆ မျိုချမိတဲ့အခါ ပီကေရဲ့ပါဝင်ပစ္စည်းအများစုက သဘာဝကုန်ကြမ်းတွေမဟုတ်တဲ့အတွက် လူ့အစာအိမ်ထဲမှာ ဒါတွေကိုချေဖျက်နိုင်တဲ့ အင်ဇိုင်းတွေမရှိပါဘူး။ ဒါပေမယ့်နောက်ဆုံးမှာ ပီကေကို အူမကြီးအထိရွေ့လျားရောပါသွားပြီး ဝမ်းအညစ်အကြေးတွေနဲ့အတူ စွန့်ထုတ်လိုက်မှာပါ။ အူနံရံမှာကပ်နေမှာတို့၊ တစ်သက်လုံးပြန်မထွက်တော့ဘူးလို့ကြောက်စရာအတွေးတွေ ဖိစီးနေဖို့ မလိုပါဘူး။ ဗိုက်ထဲမှာ ဘယ်လောက်ကြာမှာလဲ ပီကေကို မျိုချမိပြီးတဲ့အခါ အများအားဖြင့် တစ်ရက်၊နှစ်ရက်၊သုံးရက်လောက်ကြာမှပြန်စွန့်ထုတ်လာနိုင်ပေမယ့် သိပ်မကြာတဲ့သူတွေလည်းရှိပါတယ်။ လူတစ်ဦးချင်းစီရဲ့အစာခြေစနစ်အလုပ်လုပ်ပုံနဲ့ ဆိုင်ပါလိမ့်မယ်။ယေဘုယျတော့ ရက်ပိုင်းအတွင်းပဲ ကြာနိုင်ပါတယ်။ သီတင်းပတ်လည်းမချီဘူး၊ နှစ်နဲ့လည်းမချီနိုင်ပါဘူး။ အန္တရာယ်ရှိလား ပီကေဆိုတာ မျိုမချဘဲ ဝါးဖို့ပဲ စီမံထုတ်လုပ်ထားတာဖြစ်ပေမယ့် တစ်ခါတစ်လေတော့ မျိုချမိလည်း […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း