မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
အသည်းရောင်အသားဝါအေရောဂါကရောဂါပိုးပါနေတဲ့ အစားအသောက်တွေကတဆင့် ကူးစက်ပြန့်ပွားတတ်တာဖြစ်ပါတယ်။ရောဂါပိုးရှိသူနဲ့ နီးစပ်ထိတွေ့မှုကနေကူးနိုင်တယ်၊ရေမသန့်တာ၊ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာတွေကြောင့် ကူးစက်ရရှိနိုင်ခြေပိုများတယ်။
အသီးအနှံတွေသေချာမဆေးတာ၊ရေမသန့်တာ
အသည်းရောင်အသားဝါအေပိုးက အသီးအနှံတွေ၊ အသုပ်တွေစတဲ့ စားစရာတွေကနေ ပါလာတတ်လို့ မစားခင်သေချာစင်အောင်ဆေးပါ။ရေကိုလည်းရေသန့်သောက်ပါ၊ ကျိုချက်သောက်ပါ။
အခွံမာငါးတွေနဲ့ပင်လယ်စာတွေဟာ ညစ်ညမ်းနေတဲ့ရေတွေထဲနေလာတာဖြစ်လို့ ကမာ၊ဂုံး၊ ခရုတွေကိုမချက်မပြုတ်ဘဲ အစိမ်းစားရင် ဒီရောဂါပိုးရရှိနိုင်ပါတယ်။ သေချာချက်ပြုတ်ပြီးစားတာအကောင်းဆုံးပါ။
လက်မသန့်တာ
မသန့်တဲ့သွေးနဲ့ ထိတွေ့မိတာ
ရောဂါပိုးရှိတဲ့သွေးနဲ့ ခန္ဓါကိုယ်အရည်တွေက အသည်းရောင်အသားဝါ ဘီနဲ့ စီကို ကူးစက်ပြန့်ပွားစေနိုင်ပါတယ်။ မီးဖွားနေစဉ်အတွင်း မိခင်ကနေကလေးကို ကူးစက်နိုင်တယ်၊ လိင်ဆက်ဆံတာကတဆင့်ကူးနိုင်တယ်၊ မကျက်သေးတဲ့အနာကတဆင့်ကူးနိုင်တယ်။ ပိုးသတ်တာမျိုး သေချာသန့်ရှင်းမှုမရှိရင် သွားကျန်းမာရေးသုံးပစ္စည်းတွေကနေလည်းကူးနိုင်တယ်။ သွားဖုံးပွန်းပဲ့တာတွေကနေ ကူးစက်နိုင်တယ်လေ။ရောဂါပိုးရှိတဲ့လူရဲ့သွေးကို သွင်းမိရင်လည်း ဘီရော စီပါ ကူးစက်နိုင်ပါတယ်။
တက်တူးထိုးမှာလား၊ နားပေါက်ဖောက်မှာလား။ အသည်းရောင်အသားဝါ ဘီနဲ့စီ ကူးစက်နိုင်ခြေနည်းချင်တယ်ဆိုရင် သန့်ရှင်းမှုနဲ့ ပိုးသတ်လုပ်ငန်းစဉ်ကိုဂရုစိုက်တဲ့ အလှပြင်ဆလွန်းတွေနဲ့ တက်တူးဆိုင်တွေကိုရွေးပါ။ အပ်တွေနဲ့ ကိရိယာ၊အသုံးအဆောင်တွေကနေ တစ်ယောက်နဲ့တစ်ယောက် ရောဂါမကူးစက်စေဖို့ အသုံးပြုသမျှအရာအားလုံး ပိုးသတ်သန့်စင်ထားမှဖြစ်မှာပါ။
တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို မျှသုံးတာ
သွားပွတ်တံ၊ မျက်နှာသုတ်ပဝါတို့အပါအဝင် တစ်ကိုယ်ရည်သုံးပစ္စည်းတွေ၊ အသုံးအဆောင်တွေကို အတူမျှသုံးခြင်းကနေ အသည်းရောင်ရောဂါတွေ ကူးစက်နိုင်ခြေများပါတယ်။ ဘလိတ်ဓါး၊ လက်သည်းညှပ်၊ လက်သုတ်ပဝါ၊ အပ် စတဲ့ ပစ္စည်းတွေပါဝင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။