backup og meta

ရင်ပူဗိုက်ဆာ ဖြစ်တတ်ရင် ဒါတွေစားနော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်ပူဗိုက်ဆာ ဖြစ်တတ်ရင် ဒါတွေစားနော်

    အစာအိမ်ထဲက အက်စစ်တွေနဲ့ အစာခြေရည်တွေက အစာမျိုပြွန်ထဲ ပြန်ဆန်တက်လာတဲ့အခါ ရင်ပူခြင်း (heartburn) ဆိုတာ ဖြစ်လာပါတော့တယ်။ နာမည်ကသာ heartburn ဆိုပေမယ့် နှလုံးနဲ့တော့ မသက်ဆိုင်ပါဘူး။ လေချဉ်ပြန်တက်တဲ့အခါ အစာခြေရည်တွေ ပါလာတတ်တာ သတိထားမိမှာပေါ့။

    ရင်တွေ ပူနေတယ် ရေတွေ သောက်တယ်၊ ရေခဲရေတွေ သောက်တယ်၊ အချိုရည် သောက်တယ်၊ သကြားလုံး စားကြည့်တယ်၊ ဆာလို့များလားဆိုပြီး တခုခု ထစားတယ်။ မရဘူး။ ဘယ်ရပါ့မလဲ။ ဒါနဲ့တင် ပျောက်သွားမှာမှ မဟုတ်တာ။

    အမှန်တော့ ရင်ပူရတာက အစာအိမ်ထဲက နဂိုရှိနေတဲ့ အက်စစ်တွေကြောင့်ချည်းမှ မဟုတ်တာ။ ကိုယ်စားလိုက်တဲ့ အစားအသောက်တွေကြောင့် ဖြစ်လာရတဲ့ အက်စစ်တွေရဲ့ ပံ့ပိုးမှုလည်း ပါတာ သေချာတာပေါ့။ အဲတော့ ရင်ပူတာကို ဆိုးစေမယ့် အပူအစပ်၊ ဆီကြော်အစားအစာ၊ ကော်ဖီ၊ အရက် စတာတွေကို ရှောင်ရပါမယ်။ ကဲ အခု ရင်ပူဗိုက်ဆာ ဖြစ်တတ်ရင် စားပေးသင့်တဲ့ အစားအစာတွေအကြောင်း ပြောပြမယ်နော်။

    ရင်ပူဗိုက်ဆာ ဖြစ်တတ်ရင် ဒါတွေစားနော်

    ရင်ပူဗိုက်ဆာ ဖြစ်တတ်ရင် စားပေးသင့်တာလေးတွေက

    • ငှက်ပျောသီး နဲ့ ဖရဲသီး

    ငှက်ပျောသီးက အစာခြေရည် ပြန်ဆန်တက်တဲ့ ဝေဒနာအတွက် တကယ်ကို ကောင်းတဲ့ အသီးပါ။ ဖရဲသီး၊ သခွားမွှေး တို့လို melon မျိုးဝင် အသီးတွေလည်း စားလို့ ရပါတယ်။

    • ကွေကာအုတ်

    ကွေကာအုတ် သောက်ရင် ရင်ပူတာ သက်သာစေပြီး အမျှင်ဓါတ်ကြောင့် အစာခြေစနစ်ကို ပိုကောင်းစေပါတယ်။

    • ပေါင်မုန့်

    Whole-grain လိုမျိုး၊ အချို၊ အဆီ မပါတဲ့ ဂျုံကြမ်းပေါင်မုန့်တွေကို ရွေးတာ ပိုကောင်းပါတယ်။ သူတို့မှာ သဘာဝ အမျှင်ဓါတ်၊ ဗီတာမင်တွေ နဲ့ တခြား အာဟာရဓါတ်တွေ ပါဝင်ပါတယ်။

  • အသီးအရွက်
  • ပန်းဂေါ်ဖီစိမ်း၊ ကညွှတ်၊ ပဲစိမ်း၊ တရုတ်နံနံ တို့လို အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေမှာ အက်စစ်ဓါတ် ပါဝင်မှု နည်းပါတယ်။

    • အဆီမပါတဲ့ အသားနဲ့ ငါး

    အဆီမပါတဲ့ အသားတွေကို စားပါ။ ကင်စားတာ၊ ပေါင်းစားတာ၊ ပြုတ်စားတာ ကောင်းပါတယ်။ အရေခွံ၊ အခေါက် မစားပါနဲ့၊ ကြော်မစားပါနဲ့။

    • ကြက်ဥအကာ

    ပရိုတင်းဓာတ် ကြွယ်ဝပြီး အက်စစ်ဓါတ် နည်းပါတယ်။ ကြက်ဥ အနှစ်တော့ ရှောင်ပါ။ အဆီဓါတ် ပိုများပြီး လက္ခဏာကို ပိုဆိုးစေနိုင်ပါတယ်။

    • ရှားစောင်းလက်ပပ်

    ရှားစောင်းလက်ပပ်က ဒီဝေဒနာအတွက် ဆေးဓါတ်စာ တစ်ခုပါ။ gas မပါတဲ့ ရှားစောင်းလက်ပပ် ဖျော်ရည်လေး သောက်လိုက်ပေါ့။

    အခုပြောပြခဲ့တဲ့ အစားအစာတွေက ရင်ပူတတ်သူတွေ စားပေးလို့ရတဲ့ ရင်ပူတာကိုရော ဗိုက်ဆာတာကိုပါ သက်သာစေနိုင်တဲ့ အစားအစာလေးတွေပါ။

    ရင်ပူတာကို သက်သာစေဖို့အတွက် အပေါ်မှာ ပြောပြခဲ့တဲ့ အစားအစာတွေကို အကုန်လုံး စားစရာ မလိုပါဘူး။ ဒီအစားအစာတွေထဲကမှ ကိုယ်နှစ်သက်တာ၊ ကိုယ်နဲ့ အဆင်အပြေဆုံး ဖြစ်မှာကို သေချာလေး ရွေးချယ် စားသုံးလိုက်ပါ။ ဥပမာ – ရင်ပူလာသလို ဗိုက်ဆာလာသလို ဖြစ်လာပြီဆိုရင် ဂျုံကြမ်းပေါင်မုန့်လေး စားပေးတာမျိုး ဖြစ်ဖြစ်ပေါ့။

    ရင်ပူတာ ဗိုက်ဆာတာတွေကြောင့် စိတ်ရောကိုယ်ပါ ထိခိုက်တာမျိုး မဖြစ်အောင် ကိုယ်တိုင် ဂရုစိုက် ကာကွယ်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement