backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အူမကြီးကို သန့်စင်ပေးနိုင်တဲ့ သဘာဝ ဖျော်ရည် (၅) မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 16/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အူမကြီးကို သန့်စင်ပေးနိုင်တဲ့ သဘာဝ ဖျော်ရည် (၅) မျိုး

အူမကြီး ကျန်းမာမှ ခန္ဓာကိုယ်က ရောဂါကင်းပြီး ကျန်းမာမှာပါ။ စားလိုက်တဲ့ အစာအာဟာရတွေကနေ လိုအပ်တဲ့ အာဟာရကို စုပ်ယူပြီးတဲ့အခါ မလိုအပ်တဲ့ အညစ်အကြေးတွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်မှ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်က ဟန်ချက်ညီပြီး ကျန်းမာမှာပါ။ ဒီတော့ အူမကြီးက ကောင်းကောင်းအလုပ်လုပ်ဖို့ မလိုပေဘူးလား။ ဒီတော့ ခန္ဓာကိုယ်ကျန်းမာဖို့ လိုအပ်တဲ့ အူမကြီးကျန်းမာစေဖို့အတွက် အထောက်အကူပြုမယ့်နည်းလမ်းလေးပြောပြပေးပါရစေလား။ ဒါကတော့ အူမကြီးကို သန့်စင်ပေးနိုင်တဲ့ သဘာဝ ဖျော်ရည် လေးတွေ သောက်ပေးတာပါ။

အူမကြီး ဆိုတာ

  • အူမကြီးက ခန္ဓာကိုယ်အတွက် ဘာတွေလုပ်ပေးလဲ……..

အူမကြီးက အစာခြေစနစ်မှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်နေတဲ့ အူတွေရဲ့ အကြီးဆုံးအစိတ်အပိုင်းပါ။ စားလိုက်တဲ့ အစားအစာတွေထဲကပိုလျှံနေတဲ့ရေတွေ၊ ဆားတွေကို ထိန်းသိမ်းပေးထားပြီး အစာဟောင်းတွေကို စအိုဆီကိုပို့ဆောင်ပေးလို့ ခန္ဓာကိုယ်ပြင်ပကို မစင်အဖြစ်စွန့်ထုတ်စေဖို့ လုပ်ဆောင်ပေးတဲ့ အစိတ်အပိုင်းပါ။

အူမကြီး မကျန်းမာရင်

  • အူမကြီးကောင်းကောင်းအလုပ်မလုပ်ရင် ဘာတွေဖြစ်လာနိုင်လဲ……..

အူမကြီးကကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့အခါ

  • ဝမ်းချုပ်တာ
  • ဝမ်းပျက်တာ နဲ့
  • အစာခြေစနစ်ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒီလိုကနေတဆင့် အူမကြီးကင်ဆာဖြစ်တဲ့အထိခံစားရနိုင်ပါတယ်။
  • အူမကြီးအတွက် ဖျော်ရည်

    အူမကြီးကို သန့်စင်ပေးနိုင်တဲ့ သဘာဝ ဖျော်ရည်တွေက ဘာတွေလဲ………. ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အူမကြီးသန့်စင်စေဖို့ဆိုရင် ဒီဖျော်ရည်လေးတွေကိုသောက်သုံးပေးသင့်ပါတယ်။

    • မက်မန်းဖျော်ရည်

    သဘာဝဝမ်းနုတ်ဆေးတစ်မျိုးပါ။ ဝမ်းမှန်စေနိုင်ပြီး အူမကြီးကို အထိရောက်ဆုံးသန့်စင်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင် A၊ ပိုတက်ဆီယမ်၊ ကော့ပါးတို့ပါဝင်နေတာကြောင့် အူမကြီးကို ကျန်းမာစေနိုင်မှာပါ။ မက်မန်းသီးဖျော်ရည်တစ်ခွက်စာမှာ အမျှင်ဓာတ်က ၃ ဂရမ်အထိပါဝင်နေတာကြောင့် တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓာတ်ကို ပြည့်ဝစွာရရှိစေနိုင်မှာပါ။

    အူမကြီးမှာ ရေဓာတ် ပြည့်ဝနေစေပြီး ဝမ်းပျော့ပျော့ သွားစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဝမ်းချုပ်တာကို သက်သာစေပြီး အူမကြီးကို အကောင်းဆုံး စွမ်းဆောင်ရည်ရရှိစေနိုင်မှာပါ။ အချိုမထည့်ထားတဲ့ ပန်းသီးဖျော်ရည် တစ်နေ့ တစ်ခွက် သောက်သုံးမှုက အူမကြီးကို အကောင်းဆုံး စောင့်ရှောက်မှုပေးနိုင်မှာပါ။

    တရုတ်ဇီးသီးလို့ ခေါ်ကြတဲ့ ဇီးသီး ဖျော်ရည်က ဝမ်းမှန်စေနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အူမကြီးကို ကျန်းမာစေမှာပါ။ ဇီးသီးဖျော်ရည် သောက်သုံးမှုက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပိုတက်ဆီယမ်၊ ဗီတာမင် A နဲ့ ဗီတာမင် Cကို ပြည့်ပြည့်ဝဝ ရရှိစေမှာပါ။

    အူမကြီးက အဆိပ်အတောက်တွေဖယ်ရှားပေးပြီး အူမကြီး ကျန်းမာစေဖို့ သောက်ပေးသင့်တဲ့ နောက်ဖျော်ရည် တစ်မျိုးက သစ်တော်သီး ဖျော်ရည်ပါ။ သစ်တော်သီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေပြီး အူအတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို ကျန်းမာစေလို့ အူမကြီးရော အစာခြေစနစ်ကိုပါ ကျန်းမာစေမှပါ။

    ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အူမကြီး အပါအဝင် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဝမ်းမှန်စေနိုင်သလို အမျှင်ဓာတ်ပါဝင်နေမှုကလည်း အူမကြီးကို အကောင်းဆုံး သန့်စင်ပေးနိုင်မှာပါ။ သဘာဝလိမ္မော်သီး စစ်စစ်ကို ဖျော်သောက်ပေးပြီး အူမကြီးကို အထိရောက်ဆုံး သန့်စင်ပေးလို့ရပါတယ်။

    လွယ်ကူတဲ့ အူမကြီးကို သန့်စင်ပေးနိုင်တဲ့ သဘာဝ ဖျော်ရည် လေးတွေကို ကိုယ်တိုင်လုပ်သောက်လို့ အူမကြီး ကျန်းမာရေးကို စောင့်ရှောက်လိုက်ပါနော် Hello ဆရာဝန်ပရိသတ်ကြီးရေ…………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 16/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement