အသည်းကောင်းမှ ကျန်းမာရေးကောင်းမည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 23, 2020 . 3 mins read
Share now

အသည်းဆိုတာ လူ့ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ အသည်းကနေ ကိုယ်ခန္ဓါအတွက် အလုပ်တွေအများကြီး လုပ်ပေးပါတယ်။ ဘာတွေလဲဆိုတော့

  • စားလိုက်လို့ ပိုလျှံနေတဲ့ ဂလူးကို့စ်( Glucose)တွေကို ဂလိုင်ကိုဂျင်( glycogen) အဖြစ်သိမ်းထားပေးပြီး လိုအပ်တဲ့ အခါမှ ဂလူးကို့စ်အဖြစ်ပြန်ထုတ်ပေးပါတယ်။
  • စားလိုက်တဲ့ အစားအစာတွေကနေရတဲ့ ဗီတာမင်တွေကို သိမ်းထားပေးပါတယ်။
  • စားလိုက်တဲ့ အစားအစာတွေကိုလည်း အသည်းကပဲ ဖြိုခွဲပြီး ကိုယ်ခန္ဓါက အသုံးပြုလို့ရတဲ့ စွမ်းအင်တွေ အဖြစ်ပြန်ထုတ်ပေးတယ်။
  • ထိခိုက်ဒဏ်ရာရလို့ သွေးထွက်ပြီဆိုရင်လည်း သွေးတိတ်အောင် albumin လို့ခေါ်တဲ့ ပရိုတင်း တစ်မျိုးကို အသည်းက ထုတ်ပေးရတယ်။
  • စားလိုက်တဲ့ အထဲမှာ အဆီများသွားရင် အဆီကိုချေဖို့ လိုအပ်တဲ့ သည်းခြေရည်တွေထွက်အောင်လည်း အသည်းက ကူညီပေးတယ်။
  • ( Immunoglibulin ) လို့ခေါ်တဲ့ ကိုယ်ခန္ဓါရဲ့ ခုခံအား မြင့်တက်ဖို့ လိုအပ်တဲ့ ဓါတ်တွေကိုလည်း အသည်းကပဲထုတ်ပေးတာပါ။
  • အရက်တွေသောက်မယ်၊ ဆေးတွေသောက်မယ်ဆို သူတို့ကနေရလာတဲ့ ဆိုးကျိုးဖြစ်စေတဲ့ အဆိပ်အတောက်တွေကို အသည်းကပဲ ဒိုင်ခံ သန့်စင်ပေးနေတာပါ။

ဒါတွေကတော့ ကိုယ်ခန္ဓါ အတွက် အသည်းတာဝန်ယူ လုပ်ဆောင်ရတဲ့ အပိုင်းတွေပဲဖြစ်ပါတယ်။ ဒီလောက်အလုပ်များတဲ့ အသည်းလေး ကျန်းမာပါမှ သင့်ကိုယ်ခန္ဓါလည်း ကျန်းမာမှာပါ။ ဒါကြောင့် အသည်းကျန်းမာအောင် သင့်အနေနဲ့ ဂရုစိုက်သင့်ပါတယ်။ အသည်းလည်း သင့်ကျန်းမားရေး အတွက် သူ့ဘက်က တာဝန်ကျေသလို သင့်ဘက်ကလည်း အသည်း ကျန်းမာဖို့အတွက် လုပ်ဆောင်ပေးရမယ့် အပိုင်းလေးတွေရှိပါတယ်။ ဘာတွေလဲ ဆိုတာကြည့်ရအောင်။ ။

၁။ အရက်ဖြတ်တာ (ဒါမှမဟုတ်) အရက်လျှော့သောက်တာမျိုး လုပ်နိုင်အောင် ကြိုးစားပါ။

အရက်ဆိုတာကလည်း မကောင်းဘူးလို့ပြောလေ ပိုသောက်လို့ကောင်းလေမလား။ အသည်းကို ဒုက္ခပေးတဲ့ နေရာမှာ သူက ထိပ်ဆုံးကပဲ။ သောက်လိုက်တဲ့ အရက်တွေကို အသည်းက တစ်ခါဖြိုခွဲရင် နည်းနည်းလေးပဲ ဖြိုခွဲနိုင်ပါတယ်။ ဒါ့အပြင်သောက်လိုက်သော အရက်ကို ဖြိုခွဲလို့ ထွက်လာတဲ့ ဓါတု ပစ္စည်းတွေက အသည်း ဆဲလ်လေးတွေကို ထိခိုက်စေနိုင်ပါတယ်။ ထိခိုက်သွားတဲ့ ဆဲလ်နေရာမှာ ဆဲလ် အသစ်တွေ ပြန်ဖြစ်လာနိုင်သော်လည်း အရက်အလွန်အကျွံသောက်တဲ့ သက်တမ်းကြာလာရင်တော့ အသည်းဆဲလ်ထိခိုက်ခြင်းက ပြန်မကောင်းနိုင်တော့ဘူး။ နောက်ပိုင်းမှာတော့ ကုသဖို့ ခက်ခဲသော အသည်းခြောက်ခြင်းဖြစ်လာပါတော့တယ်။ ပျက်စီးသွားတဲ့ ဆဲလ်နေရာမှာ ဆဲလ် အသစ်တွေပြန်ဖြစ်ဖို့ အတွက် အသည်းက ကြိုးစားရင်း နောက်ပိုင်း ဆဲလ်တွေပိုပိုပွားလာပြီး အသည်းကင်ဆာ တောင်ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် သင့်အသည်းလေးကိုကျန်းမာစေချင်ရင် အရက်ဖြတ်စေချင်ပါတယ်။

၂။ ဆေးလိပ်ဖြတ်ပါ။

လေ့လာချက်များ အရ ဆေးလိပ်သောက်ခြင်းဟာ ကိုယ်တွင်းမှာ အဆိပ်အတောက်တွေကို စုစေပါတယ်။ ထို အဆိပ်တွေကိုလည်း အသည်းကပဲ ဖယ်ရှားပေးရတာဖြစ်တဲ့ အပြင် ဆေးလိပ်ကိုယ်တိုင်ကလည်း အသည်းကို ထိခိုက်စေတာကြောင့် ကိုယ်တွင်းမှာ အဆိပ်တွေပြန့်ကာ ကျန်းမားရေးကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သင်ဟာ ဆေးလိပ်သောက်သူတစ်ယောက်ဆိုရင် ဆေးလိပ်ဖြတ်ဖို့ကိုလည်း ဆုံးဖြတ်သင့်ပါတယ်။

၃။ အသည်းရောင်အသားဝါ ပိုးကာကွယ်ဆေးတွေ ထိုးထားပါ။

အသည်းရောင် အသားဝါ ပိုး (A,B,C,D,E )တို့ဟာ အသည်းကိုအဓိက ဒုက္ခပေးတဲ့ ရောဂါပိုးတွေပဲဖြစ်ပါတယ်။ သူတို့ထဲမှာမှ အသည်းရောင် အသားဝါပိုး A,C,E က အစားအသောက်ကနေတစ်ဆင့် ကူးစက်တတ်ပြီး B နဲ့ D ကတော့ သွေးမှတစ်ဆင့်၊ လိင်ဆက်ဆံခြင်းမှ တစ်ဆင့်ကူးစက်တတ်ပါတယ်။ အထူးသဖြင့် C ပိုးဟာဆိုရင် အသည်းကင်ဆာကို ဖြစ်နိုင်စေပါတယ်။ ဒါကြောင့် သန့်ရှင်းတဲ့ အစားအသောက်တွေကို စားမယ်။ ကာကွယ်ဆေးတွေကြိုထိုးထားမယ်ဆိုရင် သင့်အတွက်ရော သင့်အသည်းအတွက်ရောကောင်းမွန်တဲ့ လုပ်ဆောင်ချက်ဖြစ်မှာပါ။

၄။ ဆေးများကို လက်လွတ်စပယ် မသောက်ပါနဲ့။

တစ်ချို့သောဆေးများ အထူးသဖြင့် နေမကောင်းတာနဲ့ လူတိုင်းနီးပါး ပဲကြီးလှော်စားသလို ဝါးနေကြသော ပါရာစီတမော လိုမျိုးဆေးတွေက အသည်းကို ထိခိုက်စေတတ်ပါတယ်။ ဒါကြောင့် ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်ဘာသာ ဝယ်သောက်တာ၊ ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း မသောက်တာ၊ ဆေးညွှန်းသေချာမပါတဲ့ တိုင်းရင်ဆေးတွေများများသောက်တာတွေကို ရှောင်သင့်ပါတယ်။

၅။ အဆီများတာတွေ လျှော့စားပြီး အမျှင်ဓါတ်များတဲ့ အသီးအရွက်တွေကိုစားပါ။

သွေးတွင်းမှာ ကိုလက်စရော (cholesterol) နဲ့ မကောင်းတဲ့ အဆီတွေများနေခြင်းက အသည်းအဆီဖုံးခြင်းကို အဓိကဖြစ်စေတဲ့ အရာတစ်ခုပါ။ အသည်းအဆီဖုံးပြီးဆိုတာနဲ့ ပုံမှန်အတိုင်းလုပ်နေကျ အလုပ်တွေကို အသည်းက ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့်

  • ဆီကြော်မုန့်တွေ စားတာ၊
  • မလိုင်အပြည့်နဲ့ အဆီ မထုတ်ထားတဲ့ နို့သောက်တာ၊
  • ဝက်သားဆိုရင် အဆီမှစားတာ၊ မျိုးတွေ မလုပ်သင့်ပါဘူး။

စားလိုက်လို့ ပိုနေတဲ့ အဆီတွေကို အသည်းက သိမ်းထားပေးရတာဖြစ်တဲ့ အတွက် အဆီတွေ အသည်းမှာစုလာပြီး အသည်းအဆီဖုံးပါတော့တယ်။ ဒါကြောင့် အဆီများတာတွေ လျှော့စားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့

  • အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးအနှံတွေစားမယ်၊
  • အသားဓါတ်ရဖို့ အတွက် ငါးပဲအမျိုးမျိုးစားပြီး
  • အဆီများတဲ့ အသားတွေဆို ၊ ဆီကြော်မုန့်တွေ ရှောင်စားတာမျိုးတွေ လုပ်ပေးရပါမယ်။

၆။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ မှန်မှန်လုပ်ပါ။

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ကိုယ်အလေးချိန်ကျဆင်းရုံသာမက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ကျန်းမာတဲ့ အသည်းတစ်ခုဖြစ်ဖို့လည်း လေ့ကျင့်ခန်းလုပ်ခြင်းက အရေးပါပါတယ်။ လေ့ကျင့်ခန်းလုပ်လိုက်တာကြောင့် ဟော်မုန်းတွေ ထွက်လာပြီး အသည်းမှာဖြစ်နေတဲ့ ဖိစီးမှုတွေကို လျော့နည်းစေပါတယ်။ ပြီးတော့ ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေတဲ့ အတွက် အဝလွန်ခြင်းကြောင့် အဖြစ်များတဲ့ အသည်း အဆီဖုံးခြင်းကို ပါ ကာကွယ်ပြီးသားဖြစ်ပါတယ်။ တစ်နေ့ကို တစ်နာရီလောက်အနည်းဆုံး ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ လမ်လျှောက်တာဖြစ်ဖြစ်၊ ရေကူးတာဖြစ်ဖြစ်၊ စက်ဘီးစီးတာဖြစ်ဖြစ်၊ ပြေးတာဖြစ်ဖြစ်ပေါ့။

ဒါတွေကတော့ အလုပ်အများဆုံး၊ အရေးအပါဆုံး ဖြစ်တဲ့ အသည်းလေးကျန်းမာအောင် လုပ်သင့်တဲ့ အရာများပဲဖြစ်ပါတယ်။ အသည်းဘက်ကလည်း သူလုပ်ရမယ့်အလုပ်တွေကို တာဝန်ကျေ သလို သင့်ဘက်ကလည်း အသည်းကျန်းမာရေး အတွက် ကိုယ်လုပ်ရမယ့် အပိုင်းတွေကို တာဝန်ကျေ ဖို့လိုတယ်နော်။ အသည်းတာဝန်ယူထားတဲ့ အပိုင်းတွေ အများကြီးရှိတော့ အသည်းကောင်းမှ ကျန်းမာရေးကောင်းမှာလေ။ ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ကြောက်စိတ်တွေ များနေတယ် ဆိုတာကို ကိုယ်တိုင်တောင် မသိလိုက်ဘဲ ခံစားနေရနိုင်ပါတယ်။ ဒီအခြေအနေတွေကိူ အကောင်းဆုံး ကျော်လွှားဖို့ ဆိုရင်.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တယ်လို့ ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

လည်ချောင်းနာ တာက ရက်ပိုင်းလောက် ကြာတတ်တယ်ဆိုပေမယ့် အရင်လို ပြန်ပြီး အော်ဖို့ ဟစ်ဖို့ဆိုရင် ခဏတော့ သည်းခံရမှာပါ။ သက်သာစေဖို့ ဒီနည်းလမ်းတွေ လိုက်လုပ်ပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား...... အဖြေက ဘာဖြစ်မယ် ထင်လဲ...... ဆေင်းပါးလေးထဲ ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 11, 2021 . 2 mins read
ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 10, 2021 . 2 mins read
အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read