ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

ခုခံအားကုထုံး ဆိုတာ ကင်ဆာကုထုံးတစ်ခုပါ။ ဆေးပညာတွေ အဆင့်မြင့်လာတာနဲ့အမျှ ကင်ဆာရောဂါကို ကုသရာမှာ အစွမ်းထက်ပြီး လူနာကို ထိခိုက်မှု နည်းစေတဲ့ ကုထုံးတွေကို ရှာဖွေလာကြပါတယ်။ ဒီထဲမှာ ခုခံအား ကုထုံးလည်း ပါဝင်ပါတယ်။ ခုခံအားကုထုံး ဆိုတာ ခုခံအားကုထုံးဆိုတာ လူနာရဲ့ ကိုယ်ပိုင် ခုခံအားကို သုံးပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်စေတာပဲ ဖြစ်ပါတယ်။ ခုခံအားကုထုံးကို ပေးလိုက်တာက လူနာရဲ့ ခုခံအားစနစ်ကို မြှင့်တင် ဒါမှမဟုတ် အပြောင်းအလဲဖြစ်စေတဲ့အတွက် ကင်ဆာဆဲလ်တွေကို ပိုပြီး တိုက်ခိုက်စေနိုင်ပါတယ်။ ခုခံအားကုထုံးက ဘယ်လိုအလုပ်လုပ်သလဲ။ ခုခံအားက ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပေးပါတယ်။ ဒီလိုဖျက်ဆီးခံရတဲ့ အထဲမှာ ပုံမှန်အတိုင်း မဟုတ်ဘဲ ပွားနေတဲ့ ကင်ဆာဆဲလ်တွေလည်း ပါပါတယ်။ ခုခံအားက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့အခါ ခုခံအားဆဲလ်တွေကို ကင်ဆာကျိတ်ရဲ့ အထဲ […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အဆုတ်ကင်ဆာ

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အဆုတ်ကင်ဆာ

လူတိုင်းသိသင့်တဲ့ အဆုတ်ကင်ဆာ အန္တရာယ်

အဆုတ်ကင်ဆာ ဆိုတာ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများမှာ အဖြစ်အများဆုံးကင်ဆာ‌တွေရဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်ပါတယ်။ အဆုတ်ကင်ဆာဖြစ်နှုန်းက ဆီးကျိတ်ကင်ဆာ (အမျိုးသမီးတွေမှာတွေမှာဆိုရင် ရင်သားကင်ဆာ)၊ အူမကြီးကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အသည်းကင်ဆာ(အမျိုးသမီးတွေမှာဆိုရင် သားဥအိမ်ကင်ဆာ)စတာတွေ ပေါင်းထားတာထက်တောင်များပါသေးတယ်။ ဒီနေ့ခေတ်မှာ ဆေးလိပ်တွေ အသောက်များလာတာကတစ်ကြောင်း၊ လေထုညစ်ညမ်းလာတာကတစ်ကြောင်း အဆုတ်ကင်ဆာဖြစ်ဖို့ အခွင့်အလမ်းပိုများလာပါပြီ။ ဒါကြောင့် အဆုတ်ကင်ဆာ အန္တရာယ် နဲ့ ပတ်သတ်ပြီး သိထားသင့်တာတွေကို ‌ပြောပြပေးသွားပါမယ်။ အဆုတ်ကင်ဆာ ဘာကြောင့်ဖြစ်တာလဲ။ ဆေးလိပ်သောက်တိုင်း အဆုတ်ကင်ဆာ မဖြစ်သလို အဆုတ်ကင်ဆာဖြစ်တိုင်းလည်း ဆေးလိပ်သောက်တာကြောင့် မဟုတ်ပါဘူး။ ဒါပေမယ့် အဆုတ်ကင်ဆာရဲ့ ၉၀ရာခိုင်နှုန်းက ဆေးလိပ်သောက်လို့ပါ။ တခြားအကြောင်းအရင်းတွေလည်းရှိပါတယ်။ တစ်ခါတစ်လေ အကြောင်းရင်း ရှာမရတာတွေလည်း ရှိနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း ဆေးလိပ်မှာကင်ဆာဖြစ်စေတဲ့ဓာတ်ပေါင်းစုံပါဝင်ပါတယ်။ ဒါတွေက အဆုတ်မှာရှိတဲ့ ဆဲလ်တွေကိုပျက်စီးစေပါတယ်။ ခန္ဓာကိုယ်က စစချင်းတော့ ပြန်ပြင်နိုင်ပါသေးတယ်။ ဒါပေမယ့်ကြာလာတဲ့အခါ ပြန်မပြင်နိုင်တော့ဘဲ […]


အသည်းကင်ဆာ

အသည်းကင်ဆာ နဲ့ ပတ်သက်ပြီး သိသင့်သမျှ

အသည်းကင်ဆာ နဲ့ ပတ်သက်ပြီး လူတော်တော်များများကြားဖူးကြတာက အရက်သောက်ရင် အသည်းခြောက်တယ်။ အသည်းကင်ဆာဖြစ်တတ်တယ်။ ဒါလည်းမှန်ပါတယ်။ တကယ်တော့ အသည်းကင်ဆာလို့‌‌ပြောလိုက်ရင် အမျိုးအစား အများကြီးရှိပါတယ်။ အသည်းဆဲလ်က ဖြစ်တာလား။ သည်းခြေပြွန်ကဖြစ်တာလား။ သွေးကြောကဖြစ်တာလား။ ကလေးတွေရဲ့ အသည်းဆဲလ်နုနုလေးတွေမှာဖြစ်တာလား။ အသည်းကစဖြစ်တာလား။ တခြားကင်ဆာကနေ ပျံ့လာတာလား စသဖြင့်ပေါ့။ ခုပြောမှာက အသည်းဆဲလ်ကဖြစ်တဲ့ ကင်ဆာကို ‌‌ပြောပြပေးမှာပါ။ အသည်းဆဲလ်ကဖြစ်တဲ့ အသည်းကင်ဆာ (Hepatocelluar carcinoma) ဒီအသည်းကင်ဆာက မြန်မာနိုင်ငံမှာအဖြစ်များတဲ့ ကင်ဆာတွေထဲက တစ်ခုပါ။ လူလတ်ပိုင်းတွေမှာအဖြစ်များပါတယ်။ အရင်က အမျိုးသားတွေမှာပဲ အတွေ့ရများပါတယ်။ အခုတော့ အမျိုးသမီးတွေမှာပါ အတွေ့ရများနေပါပြီ။ အသည်းကင်ဆာ နဲ့ ပတ်သက်ပြီး သိသင့်သမျှ အကြောင်း လေ့လာလိုက်ရအောင်နော်။ ဘာကြောင့်ဖြစ်ရတာလဲ။ စာလိုပြောရရင် အသည်းဆဲလ်မှာရှိတဲ့ ဒီအန်အေမျိုးဗီဇပြောင်းပြီး အဆမတန် ပွားလို့ ကင်ဆာကြိတ်ဖြစ်ရတာပါ။ ကင်ဆာဖြစ်တဲ့အကြောင်းအရင်းကို တစ်ခါတစ်လေ သိပေမယ့် တစ်ခါတစ်လေ ရှာမတွေ့ပါဘူး။ […]


အခြားကင်ဆာများ

ကင်ဆာရောဂါ ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းများ

ကင်ဆာရောဂါ ဆိုတာ အသိနောက်ကျတာများပါတယ်။ အသိနောက်ကျရင် ကုသရခက်လို့ စောစောသိအောင်ကြိုးစားကြပါလို့ ပြောပါတယ်။ ဒီ့ထက်ပိုကောင်းတာက ကာကွယ်တာပါ။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းပါတယ်။ ကင်ဆာရောဂါကာကွယ် လို့ရလားလို့မေးစရာရှိပါတယ်။ တချို့သောကင်ဆာတွေက ကိုယ့်ရဲ့နေထိုင်စားသောက်ပုံကို ပြောင်းလဲလိုက်တာနဲ့ အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ပါတယ်။ ဒီဟာတွေလိုက်လုပ်လို့ ကင်ဆာလုံးဝမဖြစ်တာတော့မဟုတ်ပါဘူး။ အတိုင်းအတာတစ်ခုအထိ ဖြစ်နိုင်ချေလျော့ကျသွားမှာတော့ သေချာပါတယ်။ ဒါကြောင့် ဒီလွယ်ကူတဲ့ နည်းလမ်းတွေကို လိုက်လုပ်ကြည့်ရအောင်။ ကင်ဆာရောဂါ ကာကွယ်နိုင်ဖို့ (၁) ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်အပါအဝင် ဆေးရွက်ကြီးအုပ်စုက ကင်ဆာရောဂါ ပေါင်းများစွာကို ဖြစ်စေပါတယ်။ ဆေးလိပ်က အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အသံအိုးကင်ဆာ၊ ပန်ကရိယကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာကို ဖြစ်စေပါတယ်။ ဆေးရွက်ကြီးဝါးတာ၊ ကွမ်းစားတာကတော့ ပါးစောင်ကင်ဆာနဲ့ ပန်ကရိယကင်ဆာကို ဖြစ်စေပါတယ်။ ဆေးလိပ်ကို ကိုယ်တိုင်သောက်တာအပြင် သူများသောက်တာကို ရှူမိရင်လည်း အလားတူပဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကင်ဆာရောဂါကာကွယ်ဖို့ […]


ဆီးကျိတ်ကင်ဆာ

အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်ကင်ဆာ အကြောင်းကို မပြောခင် ဆီးကျိတ်အကြောင်းအရင်ပြောပြပါမယ်။ ဆီးကျိတ် ဆိုတာ အမျိုးသားတွေမှာပဲရှိတာပါ။ ဆီးအိမ်အောက်မှာရှိပြီး ဆီးပြွန်ကို ပတ်ထားပါတယ်။ သစ်ချသီးပုံစံရှိပါတယ်။ သုတ်ရည်ကိုထုတ်ပေးပါတယ်။ အမေရိကန်မှာရှိတဲ့စစ်တမ်းတွေအရ ဆီးကျိတ်ကင်ဆာ ဟာ အမျိုးသားတွေမှာ ဒုတိယအဖြစ်အများဆုံးကင်ဆာပါ။ အသက်၆၀ကျော်အမျိုးသားတွေမှာ ၁၄ယောက် ၁ယောက်ဒါကြောင့် သတိထားရပါမယ်။ ဘာလက္ခဏာတွေခံစားရမလဲ။ ကြိုသိနိုင်မလား။ ကုလို့ရမလားစတဲ့အချက်တွေကို သိထားရပါမယ်။ ဘာလက္ခဏာတွေခံစားရမှာလဲ။ ဆီးကျိတ်ကင်ဆာက ကနဦးအဆင့်ဆိုရင် ဘာလက္ခဏာမှမပြတတ်ပါဘူး။ နည်းနည်းရင့်လာမှသာ လက္ခဏာပြတတ်ပါတယ်။ ပြတဲ့လက္ခဏာကလည်း ရိုးရိုးသာမန်ဆီးကျိတ်ကြီးတာနဲ့တူပါတယ်။ ဒါကြောင့် ဒီလက္ခဏာတွေခံစားနေရရင် ဆရာဝန်နဲ့ပြဖို့လိုပါတယ်။ ဆီးသွားရခက်တာ ဆီးကျန်ပြီး ခဏခဏသွားချင်တာ ဆီးထဲမှာသွေးပါတာ ဆီးသွားအားပျော့တာ သုတ်ရည်ထဲမှာသွေးပါတာ ဆီးအိမ်နေရာမှာ နေလို့မကောင်းတာ ခါးအောက်ပိုင်း၊ တင်ပါးနဲ့ ပေါင်တွေနာတာ အရိုးနာတာ လိင်တံမထောင်မတ်နိုင်တာ သုတ်လွှတ်ရင်နာတာ အစားအသောက်ပျက်တာ၊ ကိုယ်အလေးချိန်ကျတာ စတဲ့လက္ခဏာတွေကို သတိထားပါ။ ဘာလို့ဖြစ်ရတာလဲ။ ဆီးကျိတ်ကင်ဆာဖြစ်ရတဲ့အကြောင်းအရင်းကို သေသေချာချာမသိရသေးပါဘူး။ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်က […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ တူတူစစ်ဆေး ကြမယ်။

ရင်သားကင်ဆာ က သားအိမ်ခေါင်းကင်ဆာလိုမျိုး ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့မရပါဘူး။ ဒါပေမယ့် စောစောသိအောင်တော့ စစ်ဆေးလို့ရပါတယ်။ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေက တစ်လတစ်ခါလောက် ကိုယ့်ရင်သားကို စစ်ဆေးသင့်ပါတယ်။ ၄၀ရာခိုင်နှုန်းသော ရင်သားကင်ဆာတွေက အမျိုးသမီးတွေ ကိုယ့်ဟာကိုယ်စစ်ဆေးရာက သိလာတာပါ။ ဒါကြောင့် ရင်သားကင်ဆာ တူတူစစ်ဆေး ကြည့်ရအောင်။ ဒါဆို ရင်သားဓာတ်မှန်ကရော။  ရင်သားဓာတ်မှန်က အလုံးအကျိတ်ကိုမစမ်းမိခင်မှာဘဲ ကင်ဆာကို ရှာဖွေနိုင်ကြောင့် ပိုကောင်းပါတယ်။ ဒါပေမယ့် ရင်သားဓာတ်မှန်ကို မရိုက်ဖြစ်တဲ့သူတွေအတွက် ရင်သားကို ကိုယ်တိုင်ပုံမှန်စစ်ဆေးတာက မိမိရင်သားရဲ့ အနေအထားကိုပိုပြီးသိစေပါတယ်။ တစ်ခုခုပြောင်းလဲတာကို အချိန်မီသိနိုင်ပါတယ်။ ရင်သားကင်ဆာ တူတူစစ်ဆေး ကြမယ်။ အဆင့်(၃)ဆင့်ရှိပါတယ်။ မှန်ရှေ့မှာစမ်းနည်း ခါးအထက်ပိုင်းမှာ ဘာမှမဝတ်ဘဲ ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ပါ။ အလင်းရောင် ကောင်းကောင်းရပါစေ။ ရင်ဘတ်ကို ကြည့်ပါ။ နှစ်ဖက်ဆိုဒ်မတူလို့ လန့်မသွားပါနဲ့။ အမျိုးသမီးတွေတော်တော်များများက ဒီလိုပါပဲ။ လက်နှစ်ဖက်ကို ဘေးချပြီး ဆိုဒ်၊ ပုံစံ၊ အနေအထား၊ […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာ ဘာကြောင့်ဖြစ်တာ

သားအိမ်ခေါင်းကင်ဆာ ဆိုတာ အမျိုးသမီးတွေမှာ အတွေ့ရများတဲ့ ရောဂါတစ်ခုပါ။ ဒီဆောင်းပါးမှာ သားအိမ်ခေါင်းကင်ဆာ ဘာကြောင့်ဖြစ်တာ လဲ၊ ဘယ်လိုကာကွယ်ကြမလဲဆိုတာတွေကို ပြောပြပေးသွားပါမယ်။ သားအိမ်ခေါင်းကင်ဆာ လက္ခဏာများ သားအိမ်ခေါင်းကင်ဆာ ဘာကြောင့်ဖြစ်တာ လဲဆိုတာ မပြောခင် သားအိမ်ခေါင်းကင်ဆာ ရဲ့ လက္ခဏာတွေကို အရင်ပြောပြပေးပါ့မယ်။ သားအိမ်ခေါင်းကင်ဆာက ကနဦးအဆင့်မှာဆိုရင် ရောဂါလက္ခဏာမပြတတ်ပါဘူး။ ဒါကြောင့် တော်တော်များများက မသိကြတာပါ။ အောက်က လက္ခဏာတွေပြပြီဆိုရင်တော့ ကင်ဆာအဆင့်မြင့်နေပါပြီ။ အတူနေပြီး သွေးဆင်းတာ ရာသီနှစ်ခုကြားဖောက်ပြီး သွေးဆင်းတာ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ မိန်းမကိုယ်ကနေ အဖြူဆင်းတာ သွေးစတွေပါလာတာ၊ များတာ၊ အနံ့ဆိုးတာ ဆီးစပ်ကိုက်တာ အတူနေစဉ် မိန်းမကိုယ်နာတာ စတာတွေပဲ ဖြစ်ပါတယ်။ ဒီလို လက္ခဏာတွေဖြစ်တယ်။ ကိုယ့်ဟာကိုယ်လည်း ဘာဖြစ်မှန်း မသေချာဘူးဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ https://hellosayarwon.com/cancer/cervical-cancer-cancer/5-years-survival-rate-of-cervical-cancer/ သားအိမ်ခေါင်းကင်ဆာ ဖြစ်ရတဲ့အကြောင်းရင်း သားအိမ်ခေါင်းကင်ဆာက ဘာလို့ဖြစ်ရတာလဲဆိုတာ အတိအကျမသိကြပါဘူး။ HPVဗိုင်းရပ်စ်ကြောင့်လို့ ပြောပေမယ့် ဒီဗိုင်းရပ်စ်ရှိတိုင်း […]


အခြားကင်ဆာများ

အမျိုးသားတိုင်း သိထားသင့်တဲ့ လိင်တံကင်ဆာ

လိင်တံကင်ဆာ (Penile Cancer) ဆိုတာ အမျိုးသားတွေမှာသာ ဖြစ်နိုင်တဲ့ ရှားပါးကင်ဆာရောဂါထဲက တစ်မျိုးပါ။ လိင်တံထဲမှာ ကင်ဆာဆဲလ်တွေ ဝင်ရောက်လာပြီး ကုသမှုမခံယူဘဲ ပစ်ထားတဲ့အခါ အကျိတ်လိုပုံစံမျိုး ကြီးထွားလာပါတယ်။ အစပိုင်းမှာတော့ လိင်တံမှာ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေ တွေ့ရမှာဖြစ်ပြီး တဖြည်းဖြည်းနဲ့ တခြားကိုယ်တွင်းကလီစာတွေ၊ ပြန်ရည်ကြောတွေအထိ ပြန့်နှံ့ကာ အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ လိင်တံကင်ဆာရှိနေနိုင်လားဆိုတာ ဘယ်လိုသိနိုင်မလဲ။ အစောပိုင်းကာလမှာ ပြတတ်တဲ့လက္ခဏာတွေကတော့ • လိင်တံရောင်ရမ်းခြင်း • အဖုအဖောင်းများ ဖြစ်နေခြင်း • ပိုးဝင်နေသလို ဖြစ်နေတဲ့ အနာကွက်များ • အလွန်အမင်း ယားယံခြင်း • လိင်တံအတွင်းမှ ပူစပ်ပူလောင်ဖြစ်ခြင်း • ပုံမှန်မဟုတ်တဲ့ အရည်များစိမ့်ထွက်လာခြင်း • လိင်တံရဲ့ အရောင်ပုံမှန်မဟုတ်ခြင်း • လိင်တံအရေပြား ထူပြီးမာလာခြင်း • ပေါင်ခြံတစ်ဝိုက်မှာ ရှိတဲ့ ပြန်ရည်ကြောတွေ ရောင်ရမ်းနေခြင်း စတာတွေပဲဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေကို တွေ့ရတာနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြသကြည့်ဖို့ အရမ်းအရေးကြီးပါတယ်။ လိင်တံကင်ဆာဆိုရင်လည်း စောစောကုသလို့ရသလို […]


အခြားကင်ဆာများ

ကင်ဆာရောဂါ တွေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း

မင်္ဂလာပါ။ Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက်ဆောင်းပါးမှာတော့ ကင်ဆာရောဂါ တွေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း အကြောင်းကို ဖော်ပြပေးမှာပါ ။ ၂၀၁၉ ခုနှစ်အတွင်းမှာ လုပ်ထားတဲ့ ဆေးသုတေသနစစ်တမ်းတစ်ခုအရ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းက တချို့သော ကင်ဆာရောဂါ‌ တွေကို ကာကွယ်ရာမှာ အကျိုးထူးစေပါတယ် ။ ဒါ့အပြင် ကင်ဆာရောဂါဖြစ်နေရင်တောင်မှ ကုသရာမှာ ရလဒ် အကျိုးထူးစေပါတယ်။ အမေရိကန်နိုင်ငံမှာ ပြုလုပ်ထားတဲ့ ဒီစစ်တမ်းအရ လေ့ကျင့်ခန်းလုပ်ခြင်းက ဆီးအိမ်၊ရင်သား၊အူမကြီး၊အစာမြိုပြွန်၊ကျောက်ကပ်၊အစာအိမ်နဲ့ သားအိမ်ကင်ဆာဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုထားပါတယ် ။ နောက်ထပ်အနေနဲ့ ရင်သားကင်ဆာ၊အူမကြီးကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာ ဝေဒနာသည်တွေကို ကုသရာမှာရော ရလဒ်အရပါ ကောင်းမွန်တာတွေ့ရသလို ကင်ဆာရဲ့ ဘေးထွက်ဆိုးကျိုးပိုနည်းစေတာကိုလည်း တွေ့ရပါတယ် ။ ဘယ်လိုလေ့ကျင့်ခန်း လုပ်ရမလဲ သုတေသီတွေကတော့  ကင်ဆာဝေဒနာသည်တွေအနေနဲ့ အေရိုးဗစ်လိုမျိူ ပေါ့ပါးတဲ့ လေကျင့်ခန်းမျိုးကို တစ်ပတ် […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း နှင့် အမေးအများဆုံးမေးခွန်းများ

သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း ဆိုတာ အမျိုးသမီးတိုင်းအတွက်  အရေးကြီးပါတယ်။ စစ်ချင်ပေမယ့် သေချာမသိတာကြောင့် မစစ်ဆေးရဘူးဆိုတာ မဖြစ်လေအောင် အမေးများတဲ့ မေးခွန်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ မေး ၁။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း ဆိုတာ ဘာလဲ။ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းဆိုတာ ကင်ဆာအဖြစ်သို့ ပြောင်းလဲနိုင်ခြေရှိတဲ့  သားအိမ်ခေါင်းက ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို စစ်ဆေးခြင်း (သို့) သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေများသော HPVပိုး အမျိုးအစားများကို စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ မေး ၂။ သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုစစ်တာလဲ။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းဟာ အင်မတန်မြန်ပြီး ရိုးရှင်းပါတယ်။ အမျိုးသမီးအနေနဲ့ စမ်းသပ်မှုပြုလုပ်မယ့် ခုတင်ပေါ်မှာ လဲလျောင်းရပါမယ်။ မိန်းမကိုယ်ထဲကိုမြင်ရဖို့ ဘဲနှုတ်သီးပုံစံကိရိယာကို အသုံးပြုပါတယ်။ ဒါမှသာ သားအိမ်ခေါင်းကို ရှင်းလင်းစွာမြင်ရမှာဖြစ်ပါတယ်။ သားအိမ်ခေါင်းရှိ ဆဲလ်များကို ထိပ်တွင် အမွေးပါသော အချောင်းအတံလေးတစ်ခုဖြင့် (သို့မဟုတ်) အခြားသော သင့်လျော်တဲ့ကိရိယာဖြင့် ထုတ်ယူပါတယ်။ ပြီးရင်တော့ သားအိမ်ခေါင်းမှာရှိတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေနဲ့ […]


အခြားကင်ဆာများ

နောက်ဆုံးပေါ် ကင်ဆာရောဂါကုထုံးတစ်ခုဖြစ်တဲ့ Proton Beam Therapy

ကင်ဆာရောဂါဆိုတာ အရမ်းကြောက်စရာကောင်းတဲ့ရောဂါတစ်ခုပါ။ ခန္ဓာကိုယ် အစိတ်အပိုင်းအတော်များများမှာ ဖြစ်ပွားနိုင်ပြီး ကုသရတာလည်း အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ ခေတ်မီနည်းပညာတွေအသုံးပြုထားတဲ့အဆင့်မြင့်ကင်ဆာရောဂါကုသနည်းစနစ်တွေလည်း အခုချိန်မှာပေါ်ပေါက်လာနေပါပြီ။ ဒါ့ကြောင့် အခုတစ်ခေါက်တော့ Hello Sayarwon စာဖတ်ပရိတ်သတ်တွေအတွက် Proton Beam Therapy လို့ခေါ်တဲ့ အဆင့်မြင့်ကင်ဆာရောဂါကုထုံးအကြောင်း ပြောပြချင်ပါတယ်။ ကင်ဆာရောဂါကုသမှုတွေထဲမှာ ဓာတ်ကင်ကုသမှုဆိုတာ အတော်များများကြားဖူးပြီးသားဖြစ်မှာပါ။ ကင်ဆာအကျိတ်တွေကို ဓာတ်ရောင်ခြည်တိုက်ရိုက်ပစ်ပြီး ပျက်စီးစေတဲ့ကုသနည်းဖြစ်ပါတယ်။ ကင်ဆာအကျိတ်တွေရော ကင်ဆာမဟုတ်တဲ့အကျိတ်တွေကို ကုသပေးရာမှာပါ ဓာတ်ကင်ကုသမှုအသုံးပြုပါတယ်။ Proton Beam Therapy ဆိုတာကတော့ ပိုပြီးအဆင့်မြင့်တဲ့ဓာတ်ကင်ကုသမှုတစ်ခုလို့ပြောရမှာပါ။ သူ့နာမည်အတိုင်းပဲ Proton Beam Therapy ဟာ ရိုးရိုးဓာတ်ရောင်ခြည်ထက် စွမ်းအားမြင့် ပရိုတွန်ဒြပ်မှုန်တွေကိုသုံးပြီး ကင်ဆာဆဲလ်တွေ၊အကျိတ်တွေကို ဖျက်စီးပစ်ပါတယ်။ ရိုးရိုးဓာတ်ကင်ကုသမှုနည်းတူ Proton Beam Therapy ကိုလည်း ကင်ဆာအကျိတ် ဒါမှမဟုတ် ကင်ဆာမဟုတ်တဲ့အကျိတ်တွေ ကုသဖို့အတွက်အသုံးပြုနိုင်ပါတယ်။ သူ့ချည်းလည်းအသုံးပြုသလို ခွဲစိတ်ကုသတာ၊ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း