အဆုတ်ကင်ဆာ ဆိုတာ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများမှာ ထိပ်ဆုံးမှာရှိနေပါတယ်။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်ပါတယ်။ အဆုတ်ကင်ဆာဖြစ်နှုန်းက ဆီးကျိတ်ကင်ဆာ (အမျိုးသမီးတွေမှာတွေမှာဆိုရင် ရင်သားကင်ဆာ)၊ အူမကြီးကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အသည်းကင်ဆာ(အမျိုးသမီးတွေမှာဆိုရင် သားဥအိမ်ကင်ဆာ)စတာတွေ ပေါင်းထားတာထက်တောင်များပါသေးတယ်။ ဒီနေ့ခေတ်မှာ ဆေးလိပ်တွေအသောက်များလာတာကတစ်ကြောင်း၊ လေထုညစ်ညမ်းလာတာကတစ်ကြောင်း အဆုတ်ကင်ဆာဖြစ်ဖို့အခွင့်အလမ်းပိုများလာပါပြီ။ ဒါကြောင့် အဆုတ်ကင်ဆာနဲ့ ပတ်သတ်ပြီး သိထားသင့်တာတွေကို ပြောပြပေးသွားပါမယ်။