နောက်ဆက်တွဲဘာတွေဖြစ်နိုင်လဲ။
ဆီးကျိတ်ကင်ဆာကို ဒီတိုင်းထားမယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့
- ဆီးမထိန်းနိုင်တာဖြစ်ပါမယ်။
- လိင်တံမထောင်မတ်နိုင်တာဖြစ်ပါမယ်။
- ကင်ဆာဆဲလ်တွေပျံ့နှံ့နိုင်ပါတယ်။ အနီးအနားက ဆီးအိမ်ကိုပျံ့မယ်။ သွေး၊ ပြန်ရည်ကနေတဆင့် တခြားအစိတ်အပိုင်းတွေကိုပျံ့သွားနိုင်ပါမယ်။ ဥပမာပြောရရင် အရိုးကိုပျံ့သွားရင် အရိုးနာတာ၊ အရိုးကျိုးတာတွေ ဖြစ်နိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာက တခြားနေရာကိုပျံ့သွားပြီဆိုရင် ရောဂါကို ထိန်းလို့ပဲရပါတော့မယ်။ ပျောက်အောင်ကုဖို့ ခက်သွားပါမယ်။
ကာကွယ်နည်းများ
ဆီးကျိတ်ကင်ဆာကို ကာကွယ်လို့ရတဲ့နည်းတွေရှိပါတယ်။ ဒါပေမယ့် ဒီနည်းတွေက ဆီးကျိတ်ကင်ဆာကို ကာကွယ်နိုင်တယ်ဆိုပေမယ့် လုံးဝမဖြစ်တော့တာမဟုတ်ပါဘူး။ ဖြစ်နိုင်ချေနည်းသွားတာပါ။ နည်းလမ်းတွေကတော့
- အသီးအရွက်တွေ၊ အသီးအနှံတွေ ပိုစားပါ။ အဆီတွေ၊ အချိုတွေ လျှော့စားပါ။
- ဖြည့်စွက်အာဟာရတွေက ဆီးကြိတ်ကင်ဆာကို ကာကွယ်နိုင်တယ်လို့ သက်သေမပြနိုင်သေးပါဘူး။ ဒါကြောင့် ဒါတွေသောက်မယ့်အစား အာဟာရရှိတဲ့အစားအစာတွေကိုပဲ စားပေးပါ။
- လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်တာက ကိုယ်အလေးချိန်ကိုကျစေတဲ့အပြင် စိတ်ကိုလည်း ကြည်စေပါတယ်။ ဒါ့ပြင် လေ့ကျင့်ခန်းမလုပ်တဲ့သူတွေမှာ PSAလို့ခေါ်တဲ့ ဆီးကြိတ်ကင်ဆာမှာတွေ့ရတဲ့ ဓာတ်တစ်မျိုးများနေတတ်ပါတယ်တဲ့။
- ကိုယ်အလေးချိန်လျှော့ပါ။ လေ့ကျင့်ခန်းလုပ်ပြီး သင့်တင့်မျှတစွာစားတာက ကိုယ်အလေးချိန်ကိုကျစေပါတယ်။
- ဆီးကျိတ်ကင်ဆာစစ်ဆေးပါ။ ကျန်းမာပြီး ဆီးကျိတ်ကြီးတဲ့ လက္ခဏာမရှိတဲ့အမျိုးသားတွေမှာ ဆီးကျိတ်စစ်သင့် မစစ်သင့်ကတော့ အငြင်းပွားနေတုန်းပါပဲ။ တချို့ကျတော့လည်း အသက်၅၀လောက်ကစပြီး ဆီးကျိတ်စစ်ဆေးဖို့ အကြံပြုကြပါတယ်။ အသက်ကလည်း၅၅နှစ် မျိုးရိုးလည်းရှိတယ်ဆိုရင်တော့ ပုံမှန်စစ်ဆေးသင့်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။