ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

ခုခံအားကုထုံး ဆိုတာ ကင်ဆာကုထုံးတစ်ခုပါ။ ဆေးပညာတွေ အဆင့်မြင့်လာတာနဲ့အမျှ ကင်ဆာရောဂါကို ကုသရာမှာ အစွမ်းထက်ပြီး လူနာကို ထိခိုက်မှု နည်းစေတဲ့ ကုထုံးတွေကို ရှာဖွေလာကြပါတယ်။ ဒီထဲမှာ ခုခံအား ကုထုံးလည်း ပါဝင်ပါတယ်။ ခုခံအားကုထုံး ဆိုတာ ခုခံအားကုထုံးဆိုတာ လူနာရဲ့ ကိုယ်ပိုင် ခုခံအားကို သုံးပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်စေတာပဲ ဖြစ်ပါတယ်။ ခုခံအားကုထုံးကို ပေးလိုက်တာက လူနာရဲ့ ခုခံအားစနစ်ကို မြှင့်တင် ဒါမှမဟုတ် အပြောင်းအလဲဖြစ်စေတဲ့အတွက် ကင်ဆာဆဲလ်တွေကို ပိုပြီး တိုက်ခိုက်စေနိုင်ပါတယ်။ ခုခံအားကုထုံးက ဘယ်လိုအလုပ်လုပ်သလဲ။ ခုခံအားက ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပေးပါတယ်။ ဒီလိုဖျက်ဆီးခံရတဲ့ အထဲမှာ ပုံမှန်အတိုင်း မဟုတ်ဘဲ ပွားနေတဲ့ ကင်ဆာဆဲလ်တွေလည်း ပါပါတယ်။ ခုခံအားက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့အခါ ခုခံအားဆဲလ်တွေကို ကင်ဆာကျိတ်ရဲ့ အထဲ […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အဆုတ်ကင်ဆာ

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အသည်းကင်ဆာ

အသောက်ဝါသနာ ကြောင့် ချို့ယွင်းလာမယ့် ကျန်းမာရေး

“ အရက် ကို ကြိုက်လို့သောက်တဲ့သူ၊ စိတ်ပျော်တတ်လို့ သောက်တဲ့သူ၊ သောက်ပစ်လိုက်မယ် အရက်များများ” တဲ့။ အမယ် သီချင်းကတော့ အဟုတ်ပဲနော်။ အရင်ခေတ်က ဇာတ်ကားတွေထဲ ဆိုတတ်ကြတဲ့ သီချင်းစာသားဟောင်းလေးပါ။ ပုလင်းလေးကိုင်ပြီး ရမ်းခါ လမ်းလျှောက်ကြတဲ့ အာလေးလျှာလေးသံတွေ ခေတ်ကနေ ခုတော့ ဘီယာဆိုင်တွေ၊ ဘားတွေ မှာ စမတ်ကျကျ မူးတတ်နေကြပြီကော။ အဖော်ကောင်းလို့ သောက်တာပါ ဘော်ဒါတွေ ဆုံလို့၊ သူတို့အတင်းခေါ်လို့၊ ပျော်ပွဲခံဖို့၊ စိတ်ပင်ပန်းလို့ စတဲ့ အကြောင်းကြောင်းတွေ ကြောင့် စုပြီး သောက်ကြ၊ ပျော်ရွှင်ကြတဲ့ အပန်းဖြေနည်းလမ်းတစ်ခု ဖြစ်လာတာလေ။ ဒါပေမယ့် တစ်ခါတလေ stress ဖြေရာကနေ အမြဲလိုလို ပုံမှန်သောက်ဖြစ်လာတဲ့အခါ လူ့ခန္ဓာကိုယ်က ဒီတိုင်း ကျန်နေမယ် ထင်နေပါသလား… ရေရှည်ဖြစ်ဖြစ်၊ ရေတိုဖြစ်ဖြစ် အရက်၊ ဘီယာတွေကြောင့် ခန္ဓာကိုယ်မှာ ဖြစ်လာမယ့် ဆိုးကျိုးတွေကို […]


ဆီးကျိတ်ကင်ဆာ

တက်စတိုစထရုန်းဟာ ဆီးကျိတ်ကင်ဆာကို ဖြစ်စေသလား

တက်စတိုစထရုန်းဟာ ဆီးကျိတ်ကင်ဆာကို ဖြစ်စေသလား ..... အမျိုးသားများ တက်စတိုစထရုန်းဟော်မုန်း အစားထိုးကုသခြင်းဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ ဆိုကြပါတယ်။ တက်စတိုစထရုန်းဟာ ကျားဟော်မုန်းဖြစ်ပြီး ဝှေးစေ့ကနေ ထုတ်လုပ်ပါတယ်။ အမျိုးသမီးတွေဆီမှာလည်း တက်စတိုစထရုန်းထုတ်လုပ်တာ ရှိပါတယ်။ ဒါပေမယ့် ပမာဏ နည်းပါးပါတယ်။ တက်စတိုစထရုန်း ဘာလုပ်ပေးသလဲ! တက်စတိုစထရုန်းဟာ အမျိုးသားတွေအတွက် အောက်ပါကိစ္စရပ်တွေမှာ အသုံးဝင်ပါတယ်။ - သုက်ပိုးထုတ်လုပ်ပေးခြင်း - ကြွက်သားများနှင့်အရိုး၏ ထုထည်တောင့်တင်းစေခြင်း - မျက်နှာနှင့် ကိုယ်ခန္ဓာအမွေးအမျှင်များ ပေါက်လာစေခြင်း - လိင်စိတ်လှုံ့ဆော်ပေးခြင်း - သွေးနီဆဲလ်များထုတ်လုပ်ပေးခြင်း တွေအတွက် သုံးကြပါတယ်။ တက်စတိုစထရုန်းဟာ ဆီးကျိတ်ကင်ဆာကို ဖြစ်စေသလား တက်စတိုစထရုန်းဟာ ဆီးကျိတ်ကင်ဆာကို ဖြစ်စေသလား ဆိုတော့ တက်စတိုစထရုန်း ဆေးပေးကုသခြင်းဟာ အဆိုပါဟော်မုန်းနည်းပါးနေတဲ့ အမျိုးသားများအတွက်တော့ လိင်မှုစွမ်းရည်ကို တိုးမြှင့်ပေးပြီး ဘဝရဲ့အရည်အသွေးကို မြှင့်တင်ပေးခြင်းတမျိုးပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ တက်စတိုစထရုန်းဟာ ဆီးကျိတ်ကင်ဆာကို ဖြစ်ပေါ်နိုင်ခြေရှိတယ်လို့ ယူဆလာကြပါတယ်။ တက်စတိုစထရုန်းနဲ့ ဆီးကျိတ်ကင်ဆာ ကြားက ဆက်နွယ်မှုကို ၁၉၄၀ […]


အခြားကင်ဆာများ

အချိုများများစားရင် ကင်ဆာဖြစ်မှာလား

အချိုအရသာကို လူတိုင်းနီးပါး နှစ်ခြိုက်သဘောကျတတ်ကြပါတယ်။ သကြားဟာ အချိုဓာတ်ရရှိစေတဲ့ အဓိက အရင်းအမြစ်တစ်မျိုးပါ။ ပုံမှန်အားဖြင့် သကြားဓာတ်ရစေတဲ့ သဘာဝ အစားအစာတွေရှိပါတယ်။ အသီးအနှံတွေကနေရတဲ့ fructose၊ ဟင်းသီးဟင်းရွက်ကနေရတဲ့ glucose၊ နို့ထွက်ပစ္စည်းတွေကနေရတဲ့ lactose နဲ့ ပေါင်မုန့်တို့၊ ဆန်တို့၊ ပါစတာတို့ကနေရတဲ့ ကာဗိုဟိုက်ဒရိတ် စတာတွေပေါ့။ ချိုမြိန်တဲ့ အရသာရရှိဖို့အတွက် သကြားကို အသုံးချပြီး အစားအစာအမျိုးမျိုး ဖန်တီး ပြုလုပ်ကြတယ်မဟုတ်လား။ ဒီလို အစားအစာတွေ ဖန်တီးပြုလုပ်ကြရာမှာ သဘာဝသကြားပဲဖြစ်ဖြစ်၊ ဓာတုဗေဒနည်းနဲ့ ဖန်တီးထားတဲ့ ဆေးသကြားပဲဖြစ်ဖြစ် အမျိုးမျိုးအထွေထွေသော သကြားတွေကို အသုံးချကြလေ့ရှိပါတယ်။ တစ်နှစ်တစ်နှစ်ကို တစ်ကမ္ဘာလုံးကလူတွေရဲ့ သကြားစားသုံးမှု ပမာဏဟာ မက်ထရစ်တန်ချိန် သန်း ၂၀၀ နီးပါးအထိ ရှိပါတယ်။ ဒီလို လူသုံးများ လူကြိုက်များလှတဲ့ သကြားဟာ လူ့ကျန်းမာရေးကို ဆိုးကျိုးတွေပေးနိုင်တယ်ဆိုတဲ့ သတိပေးချက်မျိုးတွေကို ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပြောဆိုမှုတွေမှာ […]


အခြားကင်ဆာများ

ကင်ဆာကိုတွန်းလှန်မယ့် ကုသနည်းများ

ကင်ဆာလို့ဆိုလိုက်တာနဲ့ ကြောက်စရာရောဂါဆိုးကြီးကို ပြေးမြင်မိကြမှာပါ။ ဟိုးအရင်ခေတ်တွေတုန်းကတော့ ကင်ဆာဖြစ်ပြီဆိုရင် သေမိန့်ကျသလိုပါပဲ။ ကုသနည်းတွေ အခုချိန်လောက် မတိုးတက်မထွန်းကားသေးတဲ့ အတွက်ကင်ဆာရောဂါကြောင့် သေဆုံးသူများပြားခဲ့ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာမတူတော့ပါဘူး။သုတေသန လုပ်ငန်းတွေကျေးဇူးကြောင့် ကင်ဆာရောဂါကုသနည်းမျိုးစုံပေါ်ပေါက်နေပါပြီ။ ဒါ့ကြောင့်ဒီတစ်ခေါက်တော့ ကင်ဆာရောဂါကုထုံးအမျိုးမျိုးအကြောင်း ပြောပြပေးချင်ပါတယ်။ ကင်ဆာဆေးသွင်းခြင်း မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများမှာ အသုံးပြုနေတဲ့ ကင်ဆာကုထုံးဖြစ်ပါတယ်။ ကင်ဆာဆဲလ်တွေ မပွားလာအောင်လည်းတားနိုင်သလို လုံးဝနှိမ်နင်းပစ်နိုင်စွမ်းရှိတဲ့ အဆင်မြင့်ဆေးဝါးတွေဖြစ်ပြီး သောက်ဆေး၊ အကြောထဲသွင်းဆေး၊ လိမ်းဆေး စတဲ့ပုံစံမျိုးစုံရှိပါတယ်။ ကြောက်စရာကောင်းတဲ့ ကင်ဆာဆဲလ်ကိုတောင်သတ်ပစ်နိုင်အောင်စွမ်းမှတော့ ဆေးအရှိန်ဘယ်လောက် ပြင်းမယ်ဆိုတာ အထူးပြောစရာလိုမယ်မထင်ပါဘူး။ ဒါ့ကြောင့် ကင်ဆာဆေးသွင်းကုသရင် ဘေးထွက်ဆိုးကျိုးအနေနဲ့ ခန္ဓာကိုယ်က ကျန်းမာတဲ့ဆဲလ်တချို့ပါ ထိခိုက်သွားတတ်ပါတယ်။ ခွဲစိတ်ကုသခြင်းများ ဒီနည်းက ကင်ဆာရောဂါတိုင်းအတွက်တော့ မသင့်တော်ဘူးပေါ့၊ ဘယ်လိုကင်ဆာမှာသုံးလဲဆိုတော့ ခန္ဓာကိုယ်က နေရာတစ်ခုတည်းမှာ ကွက်ဖြစ်နေပြီး နေရာအနှံ့အပြားကိုပျံ့နှံ့မနေတဲ့ ကင်ဆာရောဂါတွေ ကုသရင်ပိုအဆင်ပြေပါတယ်။ (ဒါ့ကြောင့် သွေးကင်ဆာလို ကင်ဆာမျိုးကိုတော့ကုသနိုင်မှာ မဟုတ်ပါဘူး)။ ခွဲစိတ်ကုသမှုဖြစ်တဲ့အတွက် အရေပြားကတစ်ဆင့် […]


အခြားကင်ဆာများ

ရုတ်တရက် ဝိတ်ကျသွားတာဘာကြောင့်လဲ? ကင်ဆာကြောင့်လား?

တခါတလေမှာ ဘာမှန်းမသိတဲ့ အကြောင်းအရင်းတွေကြောင့် ရုတ်တရက် ကိုယ်အလေးချိန် သိသိသာသာကျဆင်းသွားတတ်ပါတယ်။ ကိုယ်တိုင် ဝိတ်ချနေချိန်မဟုတ်ပဲ ဒီလိုရုတ်တရက် ကိုယ်အလေးချိန်လျော့နည်းလာတာဟာ ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် သိပ်ပြီး ကောင်းမွန်တဲ့ လက္ခဏာမျိုးမဟုတ်ပါဘူး။ များသောအားဖြင့် ဒီလို ရုတ်တရက် ကိုယ်အလေးချိန် အကြီးအကျယ်လျော့ကျသွားတာမျိုးကို ကင်ဆာရောဂါလက္ခဏာ ရှေ့ပြေးလက္ခဏာအဖြစ် မှတ်ယူထားကြတာများပါတယ်။ ဒါပေမယ့် ဒီလို မထင်မှတ်ပဲ ကိုယ်အလေးချိန် လျော့ကျတာမျိုးက အကြောင်းအရင်း အမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီးတော့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့် အဓိကဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချမှု အစီအစဉ် တစ်စုံတစ်ရာမရှိပဲ ၆ လ အတွင်း ခန္တာကိုယ်ရဲ့ အလေးချိန် ၅% လောက်ကျဆင်းသွားတယ်ဆိုရင် ဒါဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်စုံတစ်ရာ ရင်ဆိုင်နေရတာကြောင့်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ထားပါတယ်။ ကင်ဆာဟာ လူကို ရုတ်တရက် ကိုယ်အလေးချိန် သိသိသာသာကျဆင်းသွားစေနိုင်အောင် ပြင်းထန်တဲ့ ဝေဒနာဖြစ်ပေမယ့် အဓိကအားဖြင့်တော့ ပန်ကရိယကင်ဆာ၊ […]


အခြားကင်ဆာများ

ကင်ဆာ ကာကွယ်ဆေး များ

ကင်ဆာဆိုတာ ကာကွယ်ဆေး ရှိလို့လား။ ကင်ဆာ မဖြစ်အောင် ဘယ်လို နေထိုင်စားသောက်ပါလို့ ပြောကြပေမယ့် ကာကွယ်ဆေးထိုးပါ လို့ပြောတာကိုတော့ သိပ်မကြားဖူးဘူးလို့ ပြောကြမှာပါ။ ဒါပေမယ့် တကယ်ပါ။ တချို့သော ကင်ဆာတွေကို ကာကွယ်ဖို့ အတွက်က ကာကွယ်ဆေး ရှိနေပါတယ်။ ၁၀၀ရာခိုင်နှုန်း မဟုတ်ပေမယ့် ထိုးထားရင် ဖြစ်နိုင်ချေ တော်တော် နည်းသွားပါတယ်။ ဒီထဲမှာ သိထားသင့်တဲ့ ကာကွယ်ဆေးတွေက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးနဲ့ အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးပါ။ ဘယ်လိုကာကွယ်လဲ ဆိုတာ ဆက်ကြည့်ရအောင်။ သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး ဒါမပြောခင် သားအိမ်ခေါင်း ကင်ဆာ အကြောင်း နည်းနည်း ပြောပြပါ့မယ်။ သားအိမ်ခေါင်း ကင်ဆာ ဘာကြောင့် ဖြစ်တာလဲ။ သားအိမ်ခေါင်း ကင်ဆာဆိုတာက HPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာပါ။ လိင်ဆက်ဆံတဲ့ သူတိုင်း […]


ရင်သားကင်ဆာ

အမျိုးသားတွေရော ဘာကြောင့် ရင်သားကင်ဆာဖြစ်တာလဲ

ရင်သားကင်ဆာလို့ ပြောလိုက်ရင် အမျိုးသမီးတွေမှာအဖြစ်များတဲ့ ကင်ဆာရောဂါတစ်မျိုးဆိုတာကို လူအတော်များများသိကြမှာ ဖြစ်ပါတယ်။ အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်တယ်ဆိုတာကို အရင်ကတော့ လူသိနည်းခဲ့ကြပါတယ်။ တကယ်တော့ အမျိုးသားတွေမှာဖြစ်တတ်တဲ့ ရင်သားကင်ဆာရောဂါ (Men Breast Cancer) ဟာ အကြမ်းဖျဉ်းအားဖြင့် အသက် ၃၅ အောက် အမျိုးသားတွေမှာ ဖြစ်လေ့ဖြစ်ထ သိပ်မရှိပါဘူး။ အလွန် အဖြစ်နည်းပါတယ်။ အမျိုးသားတစ်ယောက်ရဲ့ ရင်သားကင်ဆာဖြစ်နိုင်ချေဟာ အသက်အရွယ်ကိုလိုက်ပြီး မြင့်တက်လာလေ့ရှိပြီးတော့ များသောအားဖြင့်က အသက် ၆၀ နဲ့ ၇၀ ကြားမှာ အဖြစ်ပါတယ်။ ဒါဆိုရင် အမျိုးသားတွေရော ဘာကြောင့် ရင်သားကင်ဆာဖြစ်တာလဲ ဆိုတာကို မေးစရာ ရှိပါတယ်။ ခုချိန်မှာတော့ အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်တယ်ဆိုတာကို သိတဲ့သူတွေများလာကြပါပြီ။ ဒီလိုသိတဲ့သူတွေကလည်း ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေမှာအဖြစ်များတဲ့ ဝေဒနာတစ်မျိုးမို့ ကိုယ့်မှာဖြစ်မှာကို သိပ်စိုးရိမ်တတ်ကြပါတယ်။ အမျိုးသားတွေရော ဘာကြောင့် ရင်သားကင်ဆာဖြစ်တာလဲ လက်ရှိအချိန်အထိ […]


အခြားကင်ဆာများ

သားအိမ်ကင်ဆာ (Endometrial cancer)

သားအိမ်ကင်ဆာ လို့ပြောရင် သားအိမ်ရဲ့ အတွင်းသားကဖြစ်တာလား (endometrium)၊ ကြွက်သားက ဖြစ်တာလား(sarcoma)ဆိုပြီးနှစ်မျိုးရှိပါတယ်။ အဖြစ်များတာက သားအိမ်ရဲ့ အတွင်းသားက​နေဖြစ်တာပါ။ ဒါကြောင့် ဒီဆောင်းပါးမှာ သူ့အကြောင်းကိုပြောပါမယ်။ အမျိုးသမီး၁၀၀မှာ ၃ယောက်လောက်က သားအိမ်ကင်ဆာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကောင်းတဲ့အချက်က သူကပွားတာနှေးတဲ့အပြင် စောစောသိလို့ စောစောကုနိုင်ရင် အသက်ရှင်ဖို့အခွင့်အလမ်းပိုများပါတယ်။ သားအိမ်ကင်ဆာ ဖြစ်တဲ့အခါ ဘာလက္ခဏာတွေ ပြမှာလဲ။ တချို့တွေမှာ သားအိမ်ကင်ဆာ က တခြားနေရာကိုပျံ့တော့မှပဲ သိရတာပါ။ ဒါပေမယ့် တော်တော်များများက မိန်းမကိုယ်က သွေးဆင်းတဲ့လက္ခဏာပြတာကြောင့် စောစောသိကြတာများပါတယ်။ လက္ခဏာတွေကတော့ ပုံမမှန် သွေးဆင်းတာ သားအိမ်ကင်ဆာရဲ့ ၁၀ယောက်မှာ ၉ယောက်က ဒီလက္ခဏာပြပါတယ်။ သွေးမဆုံးခင်မှာတော့ ပုံမမှန် ဒါမှမဟုတ် သွေးဆင်းများတာ၊ ရာသီနှစ်ခုကြား ကြားဖောက်လာတာက အဓိကလက္ခဏာပါ။ သွေးဆုံးပြီးတဲ့သူတွေမှာ သွေးပြန်ဆင်းတာက လက္ခဏာပါ။ ဟော်မုန်းကုသမှုခံယူနေတဲ့သူတွေမှာလည်း သွေးဆင်းတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သွေးဆုံးပြီးမှ သွေးပြန်ဆင်းရင် […]


အခြားကင်ဆာများ

အစာရေမျိုပြွန် ကင်ဆာ

အစာရေမျို ဆိုတာ ပိုက်လုံးနဲ့တူပါတယ်။ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပြီး အစာတွေကို သယ်ပို့ပေးပါတယ်။ အစာရေမျိုပြွန် တလျှောက် ဘယ်နေရာမှာဖြစ်ဖြစ် ကင်ဆာဖြစ်နိုင်ပါတယ်။ အစာရေမျိုပြွန် ကင်ဆာက ကမ္ဘာ့အဖြစ်အများဆုံးကင်ဆာတွေထဲမှာ နံပါတ် ၆ ချိတ်ပါတယ်။ အမျိုးသားတွေမှာ ပိုဖြစ်ပါတယ်။ အစာရေမျိုပြွန် ကင်ဆာ ဘယ်သူတွေမှာဖြစ်မှာလဲ။ အစာရေမျိုပြွန် မှာရှိတဲ့ ဆဲလ်တွေကို ခဏခဏ ဆွမိလို့ ဆဲလ်တွေ ခဏခဏ ပျက်စီးရင် ပိုဖြစ်ပါတယ်။ ဥပမာ GERD လို့ ခေါ်တဲ့ စားချဉ်ရည်ပြန်တဲ့ ရောဂါ စားချဉ်ရည် ခဏခဏ ပြန်တက်လို့ ဆဲလ်တွေ ပျက်စီးတာ (Barrett’s esophagus) ဆေးလိပ် အပါအဝင် ဆေးတံ၊ ဆေးပေါ့လိပ် သောက်တာ၊ဆေးရွက်ကြီး ငုံတာ အဝလွန်တာ အရက် သောက်တာ သည်းခြေရည် ပြန်တက်တာ Achalasia […]


သွေးကင်ဆာ

သွေးကင်ဆာအကြောင်း သင်ဘယ်လောက်သိလဲ။

ကိုရီးယားကားတွေကြည့်လို့ မင်းသား ဒါမှမဟုတ် မင်းသမီး တစ်ယောက်ယောက်ကများ နှာခေါင်းသွေးလျှံနေပြီဆိုရင် "ဟယ် သူတော့ သွေးကင်ဆာ ဖြစ်နေပြီ။ သေတော့မှာပဲ။"ဆိုပြီး ပြောတတ်ကြပါတယ်။ ဆိုတော့ သွေးကင်ဆာ ဖြစ်ရင် ခန္ဓာကိုယ်ကနေ သွေးယိုတတ်တာကိုတော့ သိကြပါတယ်။ ဒါ့ပြင် ဘာဖြစ်နိုင်သေးလဲ။ သွေးကင်ဆာဖြစ်တိုင်း ရုပ်ရှင်ထဲကလို သေရမှာလား ဆက်ကြည့်ရအောင်။ သွေးကင်ဆာအကြောင်း သင်ဘယ်လောက်သိလဲ။ သွေးကင်ဆာအကြောင်း  သွေးကင်ဆာဆိုတာ ခန္ဓာကိုယ်ရဲ့ သွေးဆဲလ်တွေထုတ်ပေးတဲ့ ရိုးတွင်းခြင်ဆီနဲ့ ပြန်ရည်စနစ်မှာရှိတဲ့ဆဲလ်တွေ ပွားပြီးကင်ဆာဖြစ်တာပါ။ များသောအားဖြင့်တော့ သွေးဖြူဥဆဲလ်တွေ ပွားတာများပါတယ်။ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေပွားတာကြောင့် ဆဲလ်တွေသာများလာတယ်။ အလုပ်ကတော့ မလုပ်နိုင်ပါဘူး။ အမျိုးအစားတွေလည်း အများကြီးရှိပါတယ်။ တချို့က​ ကလေးတွေမှာအဖြစ်များပါတယ်။ တချို့က လူကြီးတွေမှာ ပိုဖြစ်ပါတယ်။ သွေးကင်ဆာ ဘယ်နှစ်မျိုးရှိလဲ။ ရောဂါဗေဒပါ် မူတည်ပြီး Acute leukemia Chronic leukemia ပါဝင်တဲ့ သွေးဖြူဥပေါ်မူတည်ပြီး Lymphoid leukemia Myelogenous […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း