သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကင်ဆာရောဂါ တွေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း

ကင်ဆာရောဂါ တွေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း

မင်္ဂလာပါ။ Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက်ဆောင်းပါးမှာတော့ ကင်ဆာရောဂါ တွေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း အကြောင်းကို ဖော်ပြပေးမှာပါ ။

၂၀၁၉ ခုနှစ်အတွင်းမှာ လုပ်ထားတဲ့ ဆေးသုတေသနစစ်တမ်းတစ်ခုအရ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းက တချို့သော ကင်ဆာရောဂါ‌ တွေကို ကာကွယ်ရာမှာ အကျိုးထူးစေပါတယ် ။ ဒါ့အပြင် ကင်ဆာရောဂါဖြစ်နေရင်တောင်မှ ကုသရာမှာ ရလဒ် အကျိုးထူးစေပါတယ်။ အမေရိကန်နိုင်ငံမှာ ပြုလုပ်ထားတဲ့ ဒီစစ်တမ်းအရ လေ့ကျင့်ခန်းလုပ်ခြင်းက ဆီးအိမ်၊ရင်သား၊အူမကြီး၊အစာမြိုပြွန်၊ကျောက်ကပ်၊အစာအိမ်နဲ့ သားအိမ်ကင်ဆာဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုထားပါတယ် ။ နောက်ထပ်အနေနဲ့ ရင်သားကင်ဆာ၊အူမကြီးကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာ ဝေဒနာသည်တွေကို ကုသရာမှာရော ရလဒ်အရပါ ကောင်းမွန်တာတွေ့ရသလို ကင်ဆာရဲ့ ဘေးထွက်ဆိုးကျိုးပိုနည်းစေတာကိုလည်း တွေ့ရပါတယ် ။

ဘယ်လိုလေ့ကျင့်ခန်း လုပ်ရမလဲ

သုတေသီတွေကတော့ ကင်ဆာဝေဒနာသည်တွေအနေနဲ့ အေရိုးဗစ်လိုမျိူ ပေါ့ပါးတဲ့ လေကျင့်ခန်းမျိုးကို တစ်ပတ် ၃ကြိမ် ၊ အလေးမခြင်းလို အားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းတွေကို တစ်ပတ် ၂ကြိမ် လုပ်ဖို့ နဲ့ တစ်နေ့ကို မိနစ် ၃၀ခန့် လေ့ကျင့်ခန်း လုပ်ဖို့ အကြံပြုပေးထားပါတယ် ။

ကင်ဆာရောဂါကာကွယ်ခြင်းမှာတော့ တစ်ပတ်ကို ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း မိနစ် ၁၅၀ ခန့်နဲ့ အားစိုက်ရတဲ့ လေ့ကျင့်ခန်း ၇၅ မိနစ်ခန့် လုပ်ဖို့ အကြံပေးထားပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်းက ကင်ဆာတွေကို ဘယ်လိုနည်းလမ်းနဲ့ ကာကွယ်ပေးတာလဲ၊ ဘယ်လိုရောဂါကို သက်သာအောင် လုပ်တာလဲဆိုတဲ့ နည်းလမ်းအတိအကျတွေကိုတော့ ရှာမတွေ့သေးပါဘူး ။ ဒါပေမဲ့ လေ့ကျင့်ခန်းတွေက စိတ်ရောကိုယ်ပါ လန်းဆန်းစေသလို ခန္ဓာကိုယ်ထဲက မကောင်းတဲ့ အဆီတွေကို ကျစေတဲ့အတွက် ကျန်းမာရေးအတွက် ကောင်းစေမှာ အမှန်ပါပဲ။

အားလုံးကို ကျေးဇူးတင်ပါတယ်

ရေးသားသူ – Dr.အောင်ကျော်မြင့်

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 23/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။