နောက်ဆုံးပေါ် ကင်ဆာရောဂါကုထုံးတစ်ခုဖြစ်တဲ့ Proton Beam Therapy

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 29, 2020 . 2 mins read
Share now

ကင်ဆာရောဂါဆိုတာ အရမ်းကြောက်စရာကောင်းတဲ့ရောဂါတစ်ခုပါ။ ခန္ဓာကိုယ် အစိတ်အပိုင်းအတော်များများမှာ ဖြစ်ပွားနိုင်ပြီး ကုသရတာလည်း အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ ခေတ်မီနည်းပညာတွေအသုံးပြုထားတဲ့အဆင့်မြင့်ကင်ဆာရောဂါကုသနည်းစနစ်တွေလည်း အခုချိန်မှာပေါ်ပေါက်လာနေပါပြီ။ ဒါ့ကြောင့် အခုတစ်ခေါက်တော့ Hello Sayarwon စာဖတ်ပရိတ်သတ်တွေအတွက် Proton Beam Therapy လို့ခေါ်တဲ့ အဆင့်မြင့်ကင်ဆာရောဂါကုထုံးအကြောင်း ပြောပြချင်ပါတယ်။

ကင်ဆာရောဂါကုသမှုတွေထဲမှာ ဓာတ်ကင်ကုသမှုဆိုတာ အတော်များများကြားဖူးပြီးသားဖြစ်မှာပါ။ ကင်ဆာအကျိတ်တွေကို ဓာတ်ရောင်ခြည်တိုက်ရိုက်ပစ်ပြီး ပျက်စီးစေတဲ့ကုသနည်းဖြစ်ပါတယ်။ ကင်ဆာအကျိတ်တွေရော ကင်ဆာမဟုတ်တဲ့အကျိတ်တွေကို ကုသပေးရာမှာပါ ဓာတ်ကင်ကုသမှုအသုံးပြုပါတယ်။ Proton Beam Therapy ဆိုတာကတော့ ပိုပြီးအဆင့်မြင့်တဲ့ဓာတ်ကင်ကုသမှုတစ်ခုလို့ပြောရမှာပါ။ သူ့နာမည်အတိုင်းပဲ Proton Beam Therapy ဟာ ရိုးရိုးဓာတ်ရောင်ခြည်ထက် စွမ်းအားမြင့် ပရိုတွန်ဒြပ်မှုန်တွေကိုသုံးပြီး ကင်ဆာဆဲလ်တွေ၊အကျိတ်တွေကို ဖျက်စီးပစ်ပါတယ်။

ရိုးရိုးဓာတ်ကင်ကုသမှုနည်းတူ Proton Beam Therapy ကိုလည်း ကင်ဆာအကျိတ် ဒါမှမဟုတ် ကင်ဆာမဟုတ်တဲ့အကျိတ်တွေ ကုသဖို့အတွက်အသုံးပြုနိုင်ပါတယ်။ သူ့ချည်းလည်းအသုံးပြုသလို ခွဲစိတ်ကုသတာ၊ ကင်ဆာဆေးသွင်းတာလို တခြားကင်ဆာကုသနည်းတွေနဲ့တွဲပြီးလည်း အသုံးပြုပါတယ်။ Proton Beam Therapy ကိုသုံးပြီးကုသကြတဲ့ရောဂါတွေကတော့

–           ဦးနှောက်ကင်ဆာ

–           ရင်သားကင်ဆာ

–           အစာရေမြိုကင်ဆာ

–           လည်ချောင်းကင်ဆာ

–           အသည်းကင်ဆာ

–           အဆုတ်ကင်ဆာ

–           ဆီးကျိတ်ကင်ဆာ

–           ကျောရိုးမှာဖြစ်တဲ့ကင်ဆာ

–           Eye melanoma

–           Sarcoma စတဲ့ကင်ဆာရောဂါတွေဖြစ်ပါတယ်။

တခြားကင်ဆာရောဂါကုထုံးတွေထက် Proton Beam Therapy ရဲ့အဓိကအားသာချက်ကတော့ တိကျမှုလို့ဆိုရမှာပါ။ ပုံမှန်ဓာတ်ကင်ကုသမှုမှာဆို ကင်ဆာဆဲလ်တွေဆီရောက်ဖို့ ဓာတ်ရောင်ခြည်တွေပစ်ရပါတယ်။ ပစ်လိုက်တဲ့ရောင်ခြည်က ကင်ဆာဆဲလ်တွေဆီဖြတ်သန်းသွားရာလမ်းတစ်လျှောက်က ကျန်းမာတဲ့ဆဲလ်တွေကိုပါ ထိခိုက်ပျက်စီးစေပါတယ်။ ဒါ့ကြောင့် ဓာတ်ကင်ကုသမှု အကြိမ်ရေများများလုပ်လေ ပိုပြီးဘေးထွက်ဆိုးကျိုးခံစားရလေပါပဲ။

Proton Beam Therapy ကတော့ ဒီနည်းနဲ့နည်းနည်းကွဲပြားပါတယ်။ ခန္ဓာကိုယ်အပြင်ကနေ ပစ်လိုက်တဲ့ စွမ်းအားမြင့် ပရိုတွန်ဒြပ်မှုန်တွေက ရောဂါဖြစ်တဲ့နေရာကိုရောက်မှ စွမ်းအားတွေထုတ်လွှတ်ပြီး ကင်ဆာဆဲလ်တွေကိုဖျက်ဆီးပစ်ပါတယ်။ ပြောရရင် Proton Beam Therapy ကုထုံးက လမ်းညွှန်စနစ်ပါတဲ့ ဒုံးကျည်တစ်လုံးနဲ့ဆင်တူပါတယ်။ ဒါ့ကြောင့် Proton Beam Therapy က ရိုးရိုးဓာတ်ရောင်ခြည်ကုသမှုနဲ့နှိုင်းယှဉ်ရင် ဘေးထွက်ဆိုးကျိုးအတော်လေးနည်းတာကို တွေ့ရပါတယ်။ Proton Beam Therapy ခံယူရင်ဖြစ်လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့

–           ပင်ပန်းနွမ်းနယ်လာခြင်း

–           အစားအသောက်ပျက်ခြင်း

–           ခေါင်းကိုက်ခြင်း

–           ကုသမှုခံယူတဲ့နေရာမှအမွှေးအမျှင်များကျွတ်ခြင်း

–           ကုသမှုခံယူတဲ့နေရာမှအရေပြားနီရဲခြင်း၊ ရောင်ရမ်းခြင်း တို့ပဲဖြစ်ပါတယ်။

နောက်ပြီးကုသမှုအခြေအနေကို သိနိုင်ဖို့အတွက် ကွန်ပြူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်လည်းမကြာခဏရိုက်ရနိုင်ပါသေးတယ်။

Proton Beam Therapy က နောက်ဆုံးပေါ်ကင်ဆာကုသမှုနည်းပညာတစ်ခုလည်းဖြစ်သလို သူ့အတွက်အထူးထုတ်လုပ်ပြင်ဆင်ထားရမယ့် ကိရိယာတွေလည်းလိုအပ်ပါတယ်။ ဥပမာ ပြောရရင်  စွမ်းအားမြင့်ပရိုတွန်ဒြပ်မှုန်တွေထုတ်လုပ်ပေးမယ့် Cyclotron machine၊ ပရိုတွန်ဒြပ်မှုန်တွေကိုသယ်ဆောင်ပေးမယ့် beam transport system၊ လူနာထားရှိရမယ့် patient position system နဲ့ ကင်ဆာဆဲလ်တွေဖျက်စီးဖို့ ဒြပ်မှုန်တွေပစ်လွှတ်ပေးမယ့် Gantry စက် စတဲ့အဓိက အစိတ်အပိုင်း ၄ ခုလိုအပ်ပါတယ်။

နည်းပညာမြင့်ပစ္စည်းတွေဖြစ်တာကြောင့် ဈေးနှုန်းမြင့်မားသလို အသုံးပြုဖို့ တကယ်ကျွမ်းကျင်တဲ့ပညာရှင်တွေလည်း လိုအပ်ပါတယ်။ ဒါ့ကြောင့်လည်း Proton Beam Therapy ကတခြားကင်ဆာကုသမှုတွေလို သိပ်မတွင်ကျယ်သေးတာဖြစ်ကြောင်း ပြောကြားရင်းနိဂုံးချုပ်လိုက်ပါတယ်။

ရေးသားသူ – Dr.Htoo Tint

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ Eye Sunburn မဖြစ်ရလေအောင်

Eye Sunburn နေပူရှိန်ပြင်းပြင်းထဲ အချိန်အကြာကြီး ရပ်နေမိရင် မျက်လုံးတွေ ပြာဝေပြီး မူးသလိုလို မော်သလိုလို ဖြစ်လာတာကို Eye Sunburn လို့ ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အမြင်မကြည် ရသည့် အကြောင်းတရားများ

ကိုယ့်ရှေ့မှာ မြင်တွေ့နေရတဲ့ မြင်ကွင်းတွေကို ပြတ်ပြတ်သားသား မြင်တွေ့နိုင်ခြင်းမရှိတာကို အမြင်မကြည် ဘူး၊ မြင်ကွင်းတွေဝေဝါးနေတယ်လို့ ဆိုတတ်ကြတယ်မဟုတ်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

စိတ်ဖိစီးမှုက ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲကို ဖြစ်စေပါတယ်။ ရာသီထိမ် တာတင်မက တခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်လာစေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

နားစည်ပေါက် တိုင်း နားကန်းသလား။

နားစည်ပေါက် တိုင်း တစ်သက်လုံး နားမကြားတာ မဟုတ်ပါဘူး။ နားစည်ပေါက်တာက သူ့အလိုလို ပြန်ကောင်းနိုင်ပါတယ်။ လိုအပ်တာတွေ လုပ်ဖို့ ဆရာဝန်နဲ့ ပြဖို့တော့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
New Year’s goals တွေ ပျက်စီးသွားပြီလား၊ စိတ်မပူပါနဲ့

New Year’s goals တွေ ပျက်စီးသွားပြီလား၊ စိတ်မပူပါနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
the-psychology-of-internet-rage

Internet rage (သို့) အင်တာနက်လိုင်းကြောင့်ဖြစ်တဲ့ ဒေါသစိတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read