ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

ခုခံအားကုထုံး ဆိုတာ ကင်ဆာကုထုံးတစ်ခုပါ။ ဆေးပညာတွေ အဆင့်မြင့်လာတာနဲ့အမျှ ကင်ဆာရောဂါကို ကုသရာမှာ အစွမ်းထက်ပြီး လူနာကို ထိခိုက်မှု နည်းစေတဲ့ ကုထုံးတွေကို ရှာဖွေလာကြပါတယ်။ ဒီထဲမှာ ခုခံအား ကုထုံးလည်း ပါဝင်ပါတယ်။ ခုခံအားကုထုံး ဆိုတာ ခုခံအားကုထုံးဆိုတာ လူနာရဲ့ ကိုယ်ပိုင် ခုခံအားကို သုံးပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်စေတာပဲ ဖြစ်ပါတယ်။ ခုခံအားကုထုံးကို ပေးလိုက်တာက လူနာရဲ့ ခုခံအားစနစ်ကို မြှင့်တင် ဒါမှမဟုတ် အပြောင်းအလဲဖြစ်စေတဲ့အတွက် ကင်ဆာဆဲလ်တွေကို ပိုပြီး တိုက်ခိုက်စေနိုင်ပါတယ်။ ခုခံအားကုထုံးက ဘယ်လိုအလုပ်လုပ်သလဲ။ ခုခံအားက ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပေးပါတယ်။ ဒီလိုဖျက်ဆီးခံရတဲ့ အထဲမှာ ပုံမှန်အတိုင်း မဟုတ်ဘဲ ပွားနေတဲ့ ကင်ဆာဆဲလ်တွေလည်း ပါပါတယ်။ ခုခံအားက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့အခါ ခုခံအားဆဲလ်တွေကို ကင်ဆာကျိတ်ရဲ့ အထဲ […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အဆုတ်ကင်ဆာ

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အရေပြားကင်ဆာ

မေ့မထားသင့်တဲ့ အရေပြားကင်ဆာ အန္တရာယ်

လူတွေက နေလောင်မှာကြောက်တယ်ဆိုတာထက် အသားမည်းမှာကြောက်တာ များပါတယ်။ အထူးသဖြင့် အသားဖြူသူတွေကပဲ အသားညိုမှာကြောက်ကြပြီး နဂို အသားညိုသူတွေကတော့နေလောင်လည်းဘာမှမထူးဘူးဆိုပြီးပေါ့ပေါ့ဆဆနေကြပါတယ်။ အရေပြားကင်ဆာ  အန္တရာယ်ကိုရော သတိရမိရဲ့လား။ နေလောင်ခြင်းက အသားညိုရုံ၊ အလှအပပိုင်းပြဿနာတစ်ခုတည်းဖြစ်စေတာမဟုတ်ပါဘူး။ သူ့ကြောင့် ဆက်ပြီးဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေက ဒီထက်ဆိုးရွားတာတွေရှိနေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အရေပြားကင်ဆာဟာ အသားအရောင်မရွေးဖြစ်နိုင်ခြေရှိနေတဲ့အတွက် အသားညိုသူတွေမှာလည်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကင်ဆာကာကွယ်ချင်တယ်ဆိုရင် ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မှုနည်းအောင် တတ်နိုင်သလောက်ကြိုးစားဖို့အရေးကြီးပါတယ်။ အရေပြားမှာ မူမမှန်တဲ့ပြောင်းလဲမှုတွေဖြစ်လာရင် ရောဂါလက္ခဏာတွေကိုစောစောသိမှ ကုသမှုအောင်မြင်နိုင်မယ့် အခွင့်အလမ်းပိုများစေမှာပါ။ အရေပြားကင်ဆာဆိုတာ အရေပြားဆဲလ်တွေရဲ့ပုံမှန်မဟုတ်တဲ့ကြီးထွားမှုတစ်မျိုးဖြစ်ပြီး အများစုကနေလောင်ခြင်းကြောင့်ဖြစ်တတ်ပါတယ်။ အရေပြားဆဲလ်တွေရဲ့မျိုးဗီဇတွေသန္ဓေပြောင်းလဲမှုဖြစ်လာတဲ့အခါ ဆဲလ်တွေအဆမတန်ပွားများလာပြီး ကင်ဆာဆဲလ်တွေအများကြီးဖြစ်လာစေပါတယ်။ အရေပြားကင်ဆာအမျိုးအစားတွေထဲမှာ အဖြစ်များတဲ့ သုံးမျိုးကbasal cell carcinoma နဲ့ squamous cell carcinoma နဲ့ melanoma တို့ဖြစ်ပါတယ်။ အရေပြားကင်ဆာ အန္တရာယ် ဘယ်သူတွေမှာ ပိုစိုးရိမ်ရလဲ အသားဖြူတဲ့သူ -ဘယ်သူမဆို၊ ဘယ်အသားအရောင်မဆို အရေပြားကင်ဆာဖြစ်နိုင်ခြေရှိတယ်ဆိုပေမယ့် အရေပြားမှာရှိတဲ့ရောင်ခြယ်melaninနည်းရင် […]


ရင်သားကင်ဆာ

ရင်သားကင်ဆာအတွက် မသိမဖြစ်အချက်များ

မိန်းကလေးတွေမှာ အဖြစ်များတဲ့ကင်ဆာတွေထဲ ရှေ့ဆုံးက ဦးဆောင်နေတာက ရင်သားကင်ဆာဖြစ်ပါတယ်။ ရင်သားကင်ဆာဟာ ရင်သားမှာရှိတဲ့ဆဲလ်တွေမှာဖြစ်ပွားတဲ့ ကင်ဆာပါ။ ရင်သားကင်ဆာက အမျိုးသား‌တွေမှာပါဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာပိုအဖြစ်များတာဖြစ်ပါတယ်။ ရင်သားကင်ဆာ အမျိုးအစားများ ရင်သားကင်ဆာနှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးက Ductal carcinoma လို့ခေါ်တဲ့ နို့ရည်ပြွန်‌တွေမှာ စတင်ဖြစ်ပွားတဲ့ ရင်သားကင်ဆာဖြစ်ပြီးအတွေ့ရများတဲ့ကင်ဆာမျိုးလည်း ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ Lobular carcinoma လို့ခေါ်ပြီး ရင်သားတစ်ရှူးတွေမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာမျိုး ဖြစ်ပါတယ်။ ပြန့်ပွားတတ်တဲ့ ရင်သားကင်ဆာဆိုတာ ကင်ဆာလ်ဆဲလ်တွေက အနီးကကိုယ်တွင်းအင်္ဂါတွေဆီ ကူးစက်သွားကာ ခန္ဓာကိုယ်ရဲ့တခြားအင်္ဂါအစိတ်အပိုင်းတွေအထိ ပြန့်သွားတဲ့ ကင်ဆာမျိုးကိုခေါ်တာ ဖြစ်ပါတယ်။ မပြန့်ပွားတတ်တဲ့ ရင်သားကင်ဆာ ဆိုတာကတော့ ကင်ဆာဆဲလ်များက ရင်သားတစ်ရှူးတွေမှာ ဖြစ်ပွားပြီး တခြားအင်္ဂါအစိတ်အပိုင်းတွေဆီ မကူးစက်တတ်တဲ့ကင်ဆာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆဲလ်တွေက နောက်ပိုင်းမှာ ပြန့်ပွားတတ်တဲ့ ရင်သားကင်ဆာ အဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ ရောဂါလက္ခဏာများ ရင်သားကင်ဆာဖြစ်နိုင်တဲ့ လက္ခဏာတွေက - ရင်သားမှာ အကျိတ်တွေ့တာ ရင်သားရဲ့ အရွယ်အစား သို့မဟုတ် […]


ကင်ဆာရောဂါများ

ကင်ဆာ (Cancer) ရောဂါအကြောင်း သင်သိသင့်သမျှ

ကင်ဆာ ကုသရခက်တဲ့ရောဂါတစ်မျိုးပေါ့။ အခုနောက်ပိုင်း ကင်ဆာဖြစ်တဲ့သူတွေတော်တော်လေးများလာတာ ကမ္ဘာ့နိုင်ငံတိုင်းမှာပါ။ ကင်ဆာရောဂါအမျိုးအစားပေါင်းက ၂၀၀လောက်ရှိမယ်လို့ ခန့်မှန်းထားကြပေမယ့် အတိအကျကိုတော့ မပြောနိုင်ကြသေးပါဘူး။ ကင်ဆာရောဂါအမျိုးအစားတွေ ကွာခြားသလိုရောဂါလက္ခဏာတွေကလည်း မတူနိုင်ပါဘူး။ ကုသမှုပုံစံချင်းလည်း ကွာခြားနိုင်ပါသေးတယ်။ ကင်ဆာဆိုတာ ကင်ဆာဆိုတာက ပုံမှန်မဟုတ်တဲ့ ဆဲလ်ကြီးထွားမှုကိုဆိုလိုတာပါ။ ဆဲလ်တွေကြီးထွားလာမှုက အကျိတ်တွေအဖြစ်ပြောင်းလဲသွားပြီး ခန္ဓါကိုယ်မှာ ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ ရင်သားကင်ဆာ၊ အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နဲ့lymphoma (လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာ)တွေအပါအဝင် ကင်ဆာရောဂါအမျိုးအစားတော်တော်များများကိုဖြစ်စေနိုင်ပါတယ်။ ကင်ဆာကို ခွဲစိတ်ကုသတဲ့နည်းလမ်းနဲ့ကုသလို့ရသလို ဓါတ်ကင်တဲ့ကုထုံး ဓါတုကုထုံးတွေနဲ့လည်း ကုသလို့ရပါတယ်။ ကင်ဆာဖြစ်တဲ့အခါ ဒီလိုလက္ခဏာတွေခံစားရနိုင်ပါတယ် ဒီလိုလက္ခဏာတွေရှိနေပြီဆိုရင် ကင်ဆာရောဂါဖြစ်နေနိုင်တာကြောင့် ချက်ချင်း စစ်ဆေးကုသမှုခံယူဖို့ပြောပါရစေ။ ဝမ်းသွားတဲ့အလေ့အထ၊ ဆီးသွားတဲ့အလေ့အထတွေပြောင်းလဲလာတာ လည်ချောင်းနာတာကတော်တော်ကြာတဲ့အထိ မသက်သာဘဲဖြစ်နေတာ ပုံမှန်မဟုတ်ဘဲသွေးဆင်းတာမျိုးဖြစ်တာ ရင်သားနဲ့ အမျိုးသားအင်္ဂါတွေမှာ အကျိတ်ဖြစ်လာတာ အစာမျိုချရခက်နေတာ၊ အမြဲလိုလို အစာမကြေသလိုမျိုးဖြစ်လာတာ ခန္ဓါကိုယ်မှာဖြစ်နေတဲ့ ကြွက်နို့တွေ၊ မှဲ့တွေက အရွယ်အစား၊ အရောင် နဲ့ […]


အခြားကင်ဆာများ

ကင်ဆာရောဂါကိုကာကွယ်နိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းများ

တစ်နေ့ထက်တစ်နေ့ ကင်ဆာ ဖြစ်တဲ့နှုန်းတွေတိုးလာနေပါတယ်။ သဘာဝပတ်ဝန်းကျင်အနေအထား၊နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေနဲ့ အမျိုးမျိုးသောအကြောင်းအရင်းတွေကြောင့် ကင်ဆာရောဂါတွေဖြစ်ပွားနေရတာပါ။ပြဿနာရှိရင် အဖြေရှိစမြဲပါ။ ဒီတော့ ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်မယ့် နည်းလမ်းရှိတာပေါ့။နေ့စဉ်နေထိုင်စားသောက်မှုပုံစံတွေကိုပြောင်းလဲမှုကနေတဆင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါသတဲ့။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့စကားအတိုင်း ကင်ဆာရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရအောင်ပါ။ ဒီတော့ ကင်ဆာရောဂါကိုကာကွယ်နိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းများ က ဘာတွေ ဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်လား။ ကင်ဆာ ဆိုတာ ကင်ဆာ ဆိုတာက ခန္ဓာကိုယ်က ဆဲလ်တွေထိန်းချုပ်လို့မရအောင်ကြီးထွားလာပြီး အကျိတ်တွေအဖြစ်နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအနှံ့ကိုပြန်ပွားသွားတဲ့ရောဂါတစ်မျိုးပါ။ ကင်ဆာအမျိုးအစားပေါင်း ၂၀၀လောက်ရှိတယ်လို့ ခန့်မှန်းရပေမယ့် အတိအကျတော့ မပြောနိုင်သေးပါဘူး။ ကင်ဆာရောဂါတွေထဲမှာမှ အရေပြားကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊သားအိမ်ခေါင်းကင်ဆာတွေက အဖြစ်များပါတယ်။ ကင်ဆာကာကွယ်ပေးနိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းများ ကင်ဆာရောဂါကိုကာကွယ်နိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းများ ကတော့ ဒီအချက်လေးတွေပါပဲ။ ဆေးလိပ်ဖြတ်ပါ -ဆေးလိပ်၊ဆေးရွက်ကြီးကနေထုတ်ထားတဲ့ အရာတွေကိုရှောင်ရှားပေးပါ။ဆေးလိပ်သောက်သုံးမှုကြောင့် အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ဆီးအိတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာနဲ့ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ ကာကွယ်ရန် နည်းလမ်း(၈)သွယ်

ရင်သားကင်ဆာ ကာကွယ်ရန် နည်းလမ်းများ ရင်သားကင်ဆာ။နာမည်နဲ့တင် အမျိုးသမီးထုကြီးအတွက် အကြီးအကျယ်ခြောက်လှန့်နိုင်သော စကားလုံးတစ်စု။သို့သော် ယနေ့ခေတ်တွင် အဆိုပါကြောက်လန့်စရာကောင်းသော ရောဂါဆိုးကြီးကို တန်ပြန်တိုက်ထုတ်နိုင်သော သတင်းကောင်းများလည်း ရှိလာပြီဖြစ်သည်။ပိုမိုကောင်းမွန်လာသော ကုသမှုများနှင့် ကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများလည်း တွေ့ရှိနေပြီဖြစ်၏။ယခုဖော်ပြမည့် အချက်(၈)ချက်သည် ရိုးရှင်းပြီး ရင်သားကင်ဆာကိုလည်း ထိရောက်စွာ ကာကွယ်နိုင်သော နည်းလမ်းများဖြစ်ပေသည်။ ရင်သားကင်ဆာ ကာကွယ်ရန် နည်းလမ်း(၈)သွယ် ၁။ ကိုယ်အလေးချိန် ပုံမှန်ထိန်းသိမ်းပါ ကျန်းမာသည့် ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ရန်အတွက် ကိုယ်အလေးချိန်ပုံမှန်ရှိနေရန် အထူးလိုအပ်ပေသည်။အဝလွန်ခြင်းသည် ခန္ဓာကိုယ်အတွက် ရင်သားကင်ဆာအပါအဝင် ကင်ဆာရောဂါများ အများအပြားဖြစ်ပွားလာနိုင်ချေရှိသည့်အတွက် အဝမလွန်ရန် ပုံမှန် ရှိသင့်ရှိထိုက်သော ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းညှိထားရမည်ဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးများအနေနှင့် သွေးဆုံးပြီးချိန်တွင် ခန္ဓာကိုယ်အလေးချိန်တက်မလာစေရန် အထူးဂရုစိုက်သင့်ပေသည်။ ၂။လေ့ကျင့်ခန်းလုပ်ပါ လေ့ကျင့်ခန်းလုပ်ခြင်း၊အားကစားလိုက်စားခြင်းတို့သည် ကျန်းမာသောခန္ဓာကိုယ်တစ်ခုပိုင်ဆိုင်ရန်အတွက် အဓိကသော့ချက်ဖြစ်လေသည်။ ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ် အနည်းဆုံးနာရီဝက်မျှ ပြုလုပ်လေ့ရှိသော အမျိုးသမီးများအနေနှင့် ရင်သားကင်ဆာဖြစ်ပွားနိုင်နှုန်းကို လျော့ကျစေ၏။ ၃။ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စားသုံးပါ။အရက်သေစာ ရှောင်ပါ။ ကျန်းမာရေးကောင်းမွန်ရန်အတွက် […]


အူမကြီးကင်ဆာ

အူမကြီးကင်ဆာကို ကာကွယ်ဖို့အတွက် သိထားသင့်တဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံးအစားအသောက်များ ။ ။

ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိတာကို သိကြမှာပါ။ ကိုယ့်ရဲ့ နေထိုင်စားသောက်မှု ပုံစံမမှန်တာတွေ၊ မျိုးရိုးဗီဇ ပတ်ဝန်းကျင် စတာတွေ အားလုံးက ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ ထဲက အချက်တွေပါ။ ကင်ဆာကို ကာကွယ်ချင်ရင် မျိုးရိုးနဲ့ပတ်ဝန်းကျင်ကို ပြင်လို့မရပေမယ့် စားသောက်နေထိုင်မှု ပုံစံကိုတော့ ပြင်လို့ရတယ်လေ။ ဒီအထဲမှာမှ ကိုယ့်စားသောက်နေထိုင်တဲ့ ပုံစံနဲ့ အဆက်အစပ်ဆုံး ကင်ဆာကို ပြောပါဆိုရင် အူမကြီးကင်ဆာလို့ပြောရမှာပါ။ အူမကြီးကပဲ ကိုယ်စားသောက်လိုက်တဲ့အစားအစာတွေနဲ့ အကြာကြီးထိတွေ့ရမှာ မဟုတ်လား။ ဒီတော့ ကြောက်စရာကောင်းလှတဲ့ အူမကြီးကင်ဆာကို ကာကွယ်ဖို့အတွက် သိထားသင့်တဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံး အစားအသောက်လေးတွေ အကြောင်းပြောပြပေးမှာပါ။ အူမကြီးကင်ဆာကို ကာကွယ်ဖို့အတွက် စားပေးသင့်တဲ့ အစားအသောက်များ ။ နို့နဲ့နို့ထွက်ပစ္စည်းများ ။ ။ လေ့လာချက်တွေအရ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေက အူမကြီးထဲမှာ အသားလုံးတွေကြီးထွားခြင်းကို လျော့နည်းစေတယ်လို့ဆိုပါတယ်။ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ […]


အစာအိမ်ကင်ဆာ

အစာအိမ်ကင်ဆာကို ခွဲစိတ်ကုသပြီးနောက် အစားဘယ်လိုပြန်စားကြမလဲ။

အစာအိမ်ကင်ဆာကိုခွဲစိတ်ပြီး ကုသမယ်ဆိုရင် ကင်ဆာအလုံးကိုဖယ်ဖို့အတွက် အစာအိမ်တစ်စိတ်တစ်ပိုင်းကိုဖြတ်ပြီး ကျန်တဲ့အပိုင်းတွေဆက်လိုက်တာဖြစ်ဖြစ်၊ အစာအိမ်တစ်ခုလုံးကို ထုတ်လိုက်တာမျိုးဖြစ်ဖြစ် ကိုယ့်ရောဂါ အခြေအနေပေးမူတည်ပြီး ခွဲစိတ်လိုက်ရတာမျိုးတွေ ရှိပါတယ်။ ဆေးပညာအရဒီလိုမျိုး အစာအိမ်ဖြတ်ပြီး ပြန်ဆက်တဲ့ ကုသမှုကို gastrectomy လို့ခေါ်ပါတယ်။ ဒီလို gastrectomy ကုသမှု ခံယူထားတဲ့ လူနာတစ်ယောက်ဟာ အခြား သာမာန်ခွဲစိတ်မှုလုပ်ထားတဲ့ လူတွေနဲ့ မတူတော့ပါဘူး။ အစာအိမ်ကို ဖြတ်တောက်ပြီး ပြန်ဆက်ထားရတာဖြစ်တဲ့အတွက် စားသောက်မှုအပိုင်းမှာ ပိုဂရုစိုက်ရတော့မှာပဲဖြစ်ပါတယ်။ ဘာတွေစားမလဲဆိုတာရော ဘယ်လိုအချိန်တွေမှာ စားရမလဲဆိုတာတွေရော အသေးစိတ်အကုန်လုံးပေါ့။ ။ ခွဲစိတ်ပြီးနောက်ပိုင်း အစားဘယ်အချိန် ပြန်စားရမလဲ။ ကင်ဆာကိုယ်တိုင် ဝိတ်ကျစေတာရော ကင်ဆာဆေးတွေသွင်းနေရတော့ အစားအသောက်ပျက်ပြီး မစားနိုင်တာတွေရော ပေါင်းပြီးအဲဒီအချိန် ကိုယ်အလေးချိန်ကျနေမှာတော့ အသေအချာပါ။ အစာအိမ်ကိုအသားကျအောင် အနားပေးရမှာ ဖြစ်တာကြောင့် ခွဲစိတ်ပြီးပြီးချင်း ပါးစပ်က အစားတွေပြန်စားလို့မရသေးချိန် ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အာဟာရတွေကို IV လိုင်းတွေက နေတစ်ဆင့် […]


သားဥအိမ်ကင်ဆာ

မိန်းကလေးတိုင်း သတိမူသင့်တဲ့ သားအိမ်ကင်ဆာလက္ခဏာများ

မိန်းကလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာကတော့ သွေးသားနဲ့ သက်ဆိုင်တာတွေပါပဲ။ ရာသီစက်ဝန်းနဲ့ ပတ်သက်တဲ့ ဝေဒနာတွေ၊ ကိုက်ခဲတာတွေကတစ်မျိုး၊ သွေးဆုံးပြန်တော့ သွေးဆုံးကိုင်တာ တွေရောပေါ့။ ခြုံကြည့်ရရင် သားအိမ် နဲ့ပတ်သက်တဲ့ ရောဂါဝေဒနာတွေက အများဆုံးပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေနဲ့ ရောနေနိုင်တာက အမျိုးသမီးတွေအတွက် အန္တရာယ်ကြီးတဲ့ သားအိမ်ကင်ဆာ ပါပဲ။ ဒီတစ်ခေါက်တော့ မိန်းကလေးတိုင်း သတိမူသင့်တဲ့ သားအိမ်ကင်ဆာလက္ခဏာများ အကြောင်း ဗဟုသုတ ရအောင် ပြောပြပေးချင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာအကြောင်း အသိပညာပေးတာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြချိန်မှာ သားအိမ်ကင်ဆာ ကိုလည်း မေ့လျော့ထားဖို့ မသင့်ပါဘူး။ မိန်းကလေးတိုင်း သတိမူသင့်တဲ့ သားအိမ်ကင်ဆာလက္ခဏာများ သားအိမ်ကင်ဆာဟာ အမျိုးသမီးတွေအတွက် လက်နက်ပုန်း တစ်ခုလို တစ်ခါတလေမှာ တခြားကိုယ်တွင်းအင်္ဂါတွေဆီ ပျံ့သွားတဲ့အချိန်ထိကို လက္ခဏာ မပြဘဲနေတတ်ပါတယ်။ ဒါပေမယ့် သားအိမ်ကင်ဆာကို များသောအားဖြင့် စဖြစ်ကာစ အချိန်မှာ […]


ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများ

ကိုယ့်မှာ ခံတွင်းကင်ဆာရှိနေတဲ့ဆေးစစ်ချက်ထွက်လာရင် ဘာတွေပြင်ဆင်မလဲ

ဘယ်ရောဂါမဆို ကြိုတင်ကာကွယ်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။ အထူးသဖြင့် ကင်ဆာဆိုတာဟာ လူပေါင်းများစွာရဲ့ အသက်အိုးအိမ်ကို ခြွေခဲ့တဲ့ ကြောက်စရာကောင်းတဲ့ရောဂါအမျိုးအစားဖြစ်တာကြောင့် မတော်တဆ ကိုယ့်မှာသာ ကင်ဆာရှိနေတယ်ဆိုတဲ့ ဆေးစစ်ချက်အဖြေထွက်လာခဲ့ရင် ဘာဆက်လုပ်မလဲဆိုတာ ကြိုပြီး သိနားလည်ထားဖို့၊ အကောင်းဆုံးတွေကို မျှော်လင့်ပြီး အဆိုးဆုံးတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ခံတွင်းကင်ဆာဆိုတဲ့ ရလဒ်နောက်မှာ ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး အကြံပေးချင်ပါတယ်။ ၁။ ရောဂါအကြောင်းကို လေ့လာပါ။ ကိုယ့်မှာရောဂါတစ်ခုရှိနေပြီဆိုရင် ဒီရောဂါနဲ့ပတ်သက်ပြီး ဘယ်လိုတွေ ပျံ့နှံ့နိုင်လဲ၊ ဘာတွေထိခိုက်နိုင်လဲ၊ ဘယ်လိုကုသမှုမျိုးတွေ ရှိလဲ၊ နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်း လေ့လာထားဖို့ လိုပါတယ်။ ခံတွင်းကင်ဆာဆိုတာ စောစောသိပြီး ကုသမှုခံယူရင် ပျောက်ကင်းဖို့လွယ်ကူတဲ့ ကင်ဆာအမျိုးအစားထဲမှာ ပါဝင်တာကြောင့် သိပ်ပြီးမစိုးရိမ်ပါနဲ့။ ၂။ ကိုယ့်ရောဂါက ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ သေချာမေးပါ။ ကိုယ်ဖြစ်နေတဲ့ ခံတွင်းကင်ဆာက အခုမှ ကင်ဆာဆဲလ်တွေ စပြီးပွားကာစအခြေအနေလား၊ တခြားကိုယ်တွင်းအစိတ်အပိုင်းတွေကိုရော ပျံ့နှံ့နေပြီလား၊ […]


ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများ

ခံတွင်းကင်ဆာအကြောင်း တစေ့တစောင်း

ပါးစပ်၊ လျှာ၊ နှုတ်ခမ်း သို့မဟုတ် လည်ချောင်းအတွင်း တစ်သျှူးကနေ ကင်ဆာဆဲလ်တွေ ပွားများလာပြီး ခံတွင်းကင်ဆာကို ဖြစ်စေပါတယ်။ များသောအားဖြင့် အသက် ၄၀ နောက်ပိုင်း လူလတ်ပိုင်းအရွယ်တွေမှာ အဖြစ်များပြီး လည်ပင်းမှာရှိတဲ့ ပြန်ရည်ကြောအထိကို ကင်ဆာဆဲလ်တွေ ပျံ့နှံ့လာတဲ့အချိန်မှသာ ကိုယ့်မှာ ခံတွင်းကင်ဆာရှိတယ်ဆိုတာကို သတိထားမိတတ်ကြပါတယ်။ ခံတွင်းကင်ဆာအကြောင်း စောစီးစွာ သိပြီး ကုသမှုခံယူမယ်ဆိုရင် အသက်ရှင်နိုင်ခြေပိုများနိုင်ပါတယ်။ ခံတွင်းကင်ဆာအကြောင်း ဘာတွေသိထားသင့်သလဲ ခံတွင်းကင်ဆာမှာ အမျိုးအစားတွေ အများကြီး ရှိပါတယ်။ ဥပမာ နှုတ်ခမ်းကင်ဆာ လျှာကင်ဆာ ပါးစောင်ကင်ဆာ သွားဖုံးကင်ဆာ လျှာအောက်မှာဖြစ်တတ်တဲ့ ခံတွင်းကင်ဆာ အာခေါင်ကင်ဆာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ ဘယ်လိုလူတွေမှာ ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ပိုများလဲ။ ဆေးလိပ်၊ ကွမ်း၊ ဆေးရွက်ကြီး သုံးစွဲသူတွေ၊ အရက်အလွန်အကျွံသောက်သူတွေမှာ တခြားသူတွေထက်ပိုပြီး ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ပိုပြီးများနိုင်ပါတယ်။ တခြားဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေကတော့ လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေတဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း