home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သကြားအချိုအတုနှင့် ကင်ဆာဖြစ်နိုင်ချေ

သကြားအချိုအတုနှင့် ကင်ဆာဖြစ်နိုင်ချေ

သကြားအချိုအတုကြောင့်ကင်ဆာဖြစ်နှုန်းကို ငြင်းနေကြသည်မှာနှစ်အနည်းငယ်အကြာရှိနေပြီဖြစ်သည်။ ဒီဆောင်းပါးတွင် သကြားအချိုအတုကသင့်ကျန်းမာရေးအပေါ်မည်သို့သက်ရောက်မှုရှိသည်ကိုဖော်ပြပေးလိမ့်မည်။

အချိုအတုဆိုတာဘာလဲ။

အချိုအတုကိုသကြားအစားထိုးပစ္စည်းဟုလည်းခေါ်ပြီး စူးခရို့အစားသုံးသောအရာဖြစ်သည်။ အစားအစာ အချိုရည်များကိုချိုအောင်ပြုလုပ်သည့်နေရာတွင်သုံးသည်။ အချိုအတုက ပုံမှန်သကြားထက်အများကြီးပိုချိုသောကြောင့် အနည်းငယ်သာထည့်ရန်လိုအပ်သည်။

အချိုအတုကြောင့်ဖြစ်သောကင်ဆာအန္ဓါရယ်ကို ၁၉၇၀လောက်ထဲကငြင်းခုန်ခဲ့ကြသည်။ တိရစ္ဆာန်များအပေါ်စမ်းသက်ရာတွင် ဆခရင်ပမာဏအများကြီးပေးပါက ဆီးအိတ်ကင်ဆာဖြစ်နှုန်းအလွန်များသည်ကိုတွေ့ရပြီး မကြာသေးခင်ကလေ့လာချက်များအရ လူတွင်လည်း ဆီးအိတ်ကင်ဆာဖြစ်နှုန်းများစေကြောင်းတွေ့ရသည်။

အသုံးများသောသကြားအတုများမှာ ဆက်ခရင် အပါးတိန်း အဆာဖိန်း ပိုတက်ဆီယမ် ဆူခရားလို့ နီအိုတိန်းနှင့် စိုက်ကရာမိတ်တို့ဖြစ်သည်။ အပြောအများဆုံးမှာအပါးတိတ်ဖြစ်သည်။ အပါးတိတ်ကို အစားအသောက်တော်တော်များများတွင်ထည့်သုံးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပုံမှန်သကြားထက်အဆနှစ်ဆယ်ခန့်ပိုချိုသောကြောင့်ဖြစ်သည်။ ထိုအပြင် အစားအသောက်ရှိ ကယ်လိုရီကိုလည်းနည်းစေသည်။

အချို့သောပြောချက်အရ အပါးတိတ်သည် ကျန်းမာရေးပြသာနာတော်တော် ကင်ဆာအပါအဝင်ဖြစ်နိုင်သည်ဟုပြောခဲ့သည်မှာနှစ်ပေါင်းအတော်ကြာပြီဖြစ်သည်။

အချိုတုနှင့်ကင်ဆာဆက်စပ်မှုရှိပါသလား။

အရင်ကလေ့လာချက်များအရ ဆကရင်နှင့်ပေါင်းသောဆိုက်ကရာမိတ်သည် ဆီးကျိတ်ကင်ဆာဖြစ်စေကြောင်းဓါတ်ခွဲခန်းတိရစ္ဆာန်များနှင့်စမ်သက်ပြီးဖြစ်သည်။ သို့သော် နောက်ထပ်ကင်ဆာဖြစ်နိုင်မဖြစ်နိုင်ထက်လေ့လာရာတွင် လူတွင် ကင်ဆာဖြစ်နိုင်သည်မဖြစ်နိုင်သည်ကိုတိကျသောသက်သေပြချက်မပေးနိုင်ပါ။ ထိုအတူ အက်ဒီအေကခွင့်ပြုပြိးဖြစ်သော အချိုအတုများကလည်း လူတွင်ကင်ဆာဖြစ်နိုင်ကြောင်းတိကျသောသက်သေပြချက်မပေးနိုင်ပေ။ ဆေးဝါးစာကြည့်တိုက်ရှိ ဆောင်းပါးတော်တော်များများတွင်ပထမမိသားစု အချိုအတု ဥပမာ ဆခရင် စိုင်ကရာမိတ် အပါတိန်း တို့အပြင် အသစ်သောအချိုအတုမိသားစု ဥပမာ အေ့စာဖိန်းကေ ဆူကရာလို့ အေလီတိန်းနှင့်နီရိုတိန်းတို့ပါဝင်ကြသည်။ လေ့လာချက်များအရ တိရစ္ဆာန်များတွင်ဆီးအိတ်ကင်ဆာဖြစ်စေသော ဆခရင်နှင့် ဆိုင်ကရာမိတ်တွင်လူတွင်ဖြစ်နိုင်သည်ကိုမတွေ့ရှိရကြောင်းဆိုထားသည်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

စာရေးသူ ဓာတ်ပုံbadge
Nadi မှ ရေးသားသည်။ 16/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။