backup og meta

လျှာကင်ဆာ ကုသမှု ခံယူနေချိန်မှာ ဘာတွေ စားရမလဲ!

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


30/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လျှာကင်ဆာ ကုသမှု ခံယူနေချိန်မှာ ဘာတွေ စားရမလဲ!

    ကင်ဆာဝေဒနာ ခံစားနေရသူတွေ အနေနဲ့ မှန်ကန်စွာ စားသောက်မိဖို့ လိုပါမယ်။ ဒါမှလည်း ခန္ဓာကိုယ်က  ကင်ဆာကို ကြံ့ကြံ့ခံ တိုက်ထုတ်နိုင်မှာပါ။ တခြားကင်ဆာတွေဆို သိပ်ပြီး အကြောင်းဟုတ်လှပေမဲ့ လျှာကိုယ်တိုင်က ကင်ဆာဖြစ်ရင်ရော ဘယ်လိုစားကြမလဲ။ တစ်ခေါက်မှာတော့ လျှာကင်ဆာ ကုသမှု ခံယူနေချိန်မှာ ဘာတွေ စားရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။  

    လျှာကင်ဆာ ကုသမှု ခံယူနေချိန်မှာ ဘာတွေ စားရမလဲ!

    ကင်ဆာကုထုံး ခံယူချိန်မှာ ခန္ဓာကိုယ်က ခုခံအားကျသွားတဲ့အတွက် ပိုးဝင်ကူးစက်မှုတွေ ပိုလွယ်လာပါတယ်။ ဒီအချိန်မှာ အစားအသောက်တွေကို သေချာ ဂရုစိုက် စားမိဖို့ လိုပါမယ်။ ဒါမှ အစားကနေတဆင့် ရောဂါ ကူးစက်တာကို ကာကွယ်နိုင်မှာပါ။ 

    အသီးအရွက်တွေ အနေနဲ့ – 

    မုန်လာဥနီ၊ ရွှေဖရုံသီး၊ နိုကိုဥ၊ ခရမ်းချဉ်သီး စတာတွေကို အမျှင်ဓာတ်နဲ့ ဗီတာမင်တွေ ရရှိစေဖို့ စားပေးလို့ ရပါတယ်။

    ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ် စတာတွေကို စားပေးတာကလည်း အပင်ကနေရတဲ့ ဓာတုပစ္စည်းတွေကို ရရှိစေပြီး ကင်ဆာကုသမှုကို ခံယူချိန်မှာ ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ သံဓာတ်နဲ့ ကယ်လ်ဆီယမ်ဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ်။ 

    ကညွတ်ကိုလည်း စားပေးရပါတယ်။ ကညွတ်နဲ့ ကြက်ဟင်းခါးသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။ 

    သစ်သီးတွေ အနေနဲ့ – 

    ကိုယ်ခံအားအတွက် ဗီတာမင် C ရရှိစေဖို့ လိမ္မော်သီး စားပေးလို့ ရသလို ကီဝီသီး၊ ရှောက်ချိုသီး၊ ဂရိတ်ဖရုစ် စတာတွေကို စားပေးလို့ ရပါတယ်။

    အမျှင်ဓာတ်နဲ့ ဗီတာမင်တွေ ရရှိစေဖို့ ငှက်ပျောသီး၊ ကီဝီသီး၊ မက်မွန်သီး၊ စတော်ဘယ်ရီ စတာတွေကို စားပေးလို့ ရပါတယ်။

    ခန္ဓာကိုယ်မှာ အင်အား ပြည့်ဝစေဖို့အတွက် ထောပတ်သီး၊ တရုတ်ဇီးသီး၊ သဖန်းသီး၊ ဇီးသီးခြောက်၊ စပျစ်သီးခြောက်တွေကို စားပေးလို့ ရပါတယ်။ 

    ပရိုတင်း ပြည့်ဝစေဖို့ အတွက် – 

    အဆီမပါတဲ့ အနီရောင် အသား၊ ငါး၊ ဥအမျိုးမျိုး၊ နို့ထွက် ပစ္စည်း၊ အခွံမာသီးတွေ၊ ပဲအမျိုးမျိုး၊ ကုလားပဲ၊ ပဲပိစပ် စတာတွေကို ပြင်ဆင်ပေးပါ။

    ဘာတွေ သတိထားရမလဲ!

  • လျှာကင်ဆာကို ကုသမှု ခံယူနေချိန်မှာ ဆားလျှော့စားပါ။ အငန်ကဲတာတွေကို တတ်နိုင်သမျှ လျှော့စားပါ။ ဆားရည်စိမ် ထားတာတွေကိုရောပေါ့။ ငါးခြောက်၊ အသားခြောက်၊ ဝက်ပေါင်ခြောက် စတာတွေကိုလည်း ရှောင်ပါ။
  • အဆီများတာတွေကို ရှောင်ပါ။ အဆီများတဲ့ အသားတွေ၊ ကြက်အရေခွံ၊ ဘဲ အရေခွံ စတာတွေကို မစားပါနဲ့။ ငါးကင်၊ အသားကင်တွေကိုလည်း မစားပါနဲ့။
  • အဆီနည်းတဲ့ နို့နဲ့ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေကို ရွေးချယ် စားသုံးပါ။
  • အစားမစားချင်ရင် ဖြစ်ဖြစ် မအီမသာဖြစ်ရင် ဖြစ်ဖြစ် ခရက်ကာကို စားပေးလို့ ရပါတယ်။ 
  • ရေ အပါအဝင် အရည်များများ သောက်ပါ။
  • အစားကို နည်းနည်းချင်းစီ အကြိမ်ခွဲစားပေးပါ။
  • အချိုများတာတွေကို မစားပါနဲ့။
  • ကျပ်တင်ထားတာမျိုးတွေကို မစားပါနဲ့။
  • အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို ရှောင်ပါ။ 
  • ပြုပြင်ထားတဲ့ အစားအစာတွေ နဲ့ တာရှည်ခံ အစားအစာတွေကို မစားပါနဲ့။ 
  • အပြင်စာကို တတ်နိုင်သမျှ ရှောင်ပါ။ ဘယ်မှာပဲစားစား၊ ဘာပဲစားစား အစားအစာသန့်ရှင်းရေးကို အရင်ကထက် ပိုပြီး ဂရုစိုက်ပါ။ 
  • ကုထုံးကြောင့် ပါးစပ်မှာ အနာဖြစ်တဲ့အခါ၊ အစာမျိုချရခက်တဲ့အခါ အစာပျော့ပျော့ အေးအေးလေးတွေ စားပေးပါ။ 
  • # အမှာစကား

    လျှာကင်ဆာ ကုသမှု ခံယူနေချိန်မှာ ဘာတွေစားရမလဲ! ဆိုတော့ လွယ်လွယ် မှတ်လို့ ရအောင် ပြောပြရရင် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဂျုံကြမ်း ပေါင်မုန့်တွေနဲ့ အုတ်ဂျုံ စတာတွေ၊ အသား နဲ့ နို့ထွက်ပစ္စည်းတွေကို စားပေးဖို့ လိုသလို အဆီ၊ သကြားနဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ အရာတွေကိုတော့ တတ်နိုင်သမျှ လျှော့စားပါ။ 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    30/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement