backup og meta

ကင်ဆာကုထုံး ခံယူချိန်မှာ စားပေးသင့်တဲ့ သစ်သီးများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 29/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာကုထုံး ခံယူချိန်မှာ စားပေးသင့်တဲ့ သစ်သီးများ

    ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်တာက နေ့စဉ်ဘဝမှာ ကျန်းမာနေစေဖို့အတွက် အရေးပါပါတယ်။ ကျန်းမာအောင် စားသောက်တာနဲ့ လေ့ကျင့်ခန်း လုပ်တာက နေ့စဉ်ဘဝမှာ ကျန်းမာစေနိုင်သလို ကင်ဆာလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာက ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ရုံတင်မကပါဘူး။ နေထိုင်မကောင်းဖြစ်တဲ့အခါမျိုးနဲ့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာဖြစ်တဲ့ ကင်ဆာကုထုံး ခံယူချိန်မှာ လည်း ထိရောက်မှု ကောင်းစေဖို့နဲ့ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

    ဒီတစ်ခေါက်တော့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်လို့ ဆိုရမယ့် ကင်ဆာကုထုံး ခံယူနေချိန်မှာ စားပေးသင့်တဲ့ သစ်သီးလေးတွေအကြောင်း ပြောပြပေးသွားပါမယ်။

    ကင်ဆာကုထုံး ခံယူချိန်မှာ စားပေးသင့်တဲ့ သစ်သီးများ

    ကင်ဆာကုထုံး ခံယူချိန်မှာ စားပေးသင့်တဲ့ သစ်သီးများ

    ကင်ဆာကုထုံး မခံယူခင်၊ ခံယူနေချိန် နဲ့ ခံယူပြီးချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ပြည့်ဝစေပြီး ကျန်းမာနေစေဖို့ ဒီအသီးလေးတွေကို စားပေးလို့ ရပါတယ်။

    ဘလူးဘယ်ရီသီး

    ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ ဘလူးဘယ်ရီသီးတွေက အာဟာရတွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။ ကင်ဆာကို တိုက်ဖျက်ပေးနိုင်တဲ့ အကောင်းဆုံး စားစရာ တစ်မျိုးပါ။

    ဘလူးဘယ်ရီသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ အမျှင်ဓာတ်၊ ဗီတာမင် C၊ ဗီတာမင် K၊ မဂဂနိ့တို့ ပါဝင်တာကြောင့် ကင်ဆာကို တိုက်ဖျက်ပေးပြီး DNA မပျက်စီးစေဖို့ ကာကွယ်ပေးသလို ဦးနှောက်နဲ့ နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။

    သလဲသီး

    သလဲသီးက အစေ့ကအစ ကင်ဆာရောဂါရှိသူတွေကို ထောက်ကူပေးနိုင်တာပါ။ သလဲသီးက ဆီးကျိတ်ကင်ဆာ အပါအဝင် ကင်ဆာရောဂါတွေကို ကာကွယ်ပေးပြီး ကင်ဆာကုထုံး ခံယူနေချိန်မှာ ထိရောက်မှု အားကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

    သလဲသီးမှာ ဗီတာမင် C၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဖောလိတ်တို့ ပါဝင်နေတာကြောင့် ကင်ဆာ ကာကွယ်ပေးသလို အရောင်ကျစေနိုင်ပြီး သွေးတိုးလည်း ကျစေနိုင်ပါတယ်။

    သံပရိုသီး

    အချဉ်ဓာတ်ကဲကဲနဲ့ သံပရိုသီးကတည်း ဗီတာမင် C ကြွယ်ဝတာကြောင့် ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်ကျရောဂါ မဖြစ်အောင် ကာကွယ်ပေးသလို စိုးရိမ်စိတ်ဖြစ်တာကိုလည်း လျှော့ချပေးနိုင်ပါတယ်။

    သံပရိုသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ဗီတာမင် C၊ ပိုတက်ဆီယမ်၊ ဖောလိတ်၊ limonene တို့ ပါဝင်နေတာကြောင့် ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားပေးသလို စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။

    ငှက်ပျောသီး

    ငှက်ပျောသီးက ကင်ဆာခံစားနေရသူတွေကို ကျန်းမာနေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အာဟာရ ကြွယ်ဝစွာ ပါဝင်နေသလို စားရတာလည်း လွယ်ကူပါတယ်။ ကိုယ်တွင်းမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်တိုးပစ္စည်းတွေ ရှိမနေစေဖို့ လုပ်ဆောင်ပေးပါတယ်။ ပိုတက်ဆီယမ် ကြွယ်ဝသလို electrolytesလည်း ပြည့်ဝစွာ ပါဝင်နေပါတယ်။

    ငှက်ပျောသီးမှာ ဗီတာမင် C၊ ပိုတက်ဆီယမ် နဲ့ အမျှင်ဓာတ်ပါဝင်နေတာကြောင့် အစာကြေစေနိုင်သလို ကင်ဆာ ကာကွယ်ပေးနိုင်ပါတယ်။

    Grapefruit

    Grapefruitမှာ ကင်ဆာ တိုက်ဖျက်ပေးနိုင်တဲ့ အာဟာရတွေ ပါဝင်နေပါတယ်။ ချဉ်ချိုချိုလေး  အရသာရှိတဲ့ Grapefruitမှာ ဓာတုကုထုံးကြောင့် ခံစားရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို သက်သာစေနိုင်တဲ့ ကာရိုတီးနွိုက် တစ်မျိုးဖြစ်တဲ့ lycopene ပါဝင်နေပါတယ်။ လေ့လာမှုတွေအရ grapefruit က ရင်သားကင်ဆာဆဲလ်တွေ ကြီးထွားမှုကို နှေးစေနိုင်ပါတယ်။

    Grapefruitမှာ ဗီတာမင် C၊ ဗီတာမင် A ၊ ပိုတက်ဆီယမ် နဲ့ lycopene တို့ ပါဝင်နေပါတယ်။

    ပန်းသီး

    ပန်းသီးက ကျန်းမာစေနိုင်တယ်ဆိုတာကိုတော့ ထွေထွေထူးထူး ပြောပြစရာ မလိုအောင် သိထားပြီး ဖြစ်မှာပါ။ ပန်းသီးက ကင်ဆာကုထုံးကို ထိရေက်မှု ကောင်းစေပြီး ဓာတုကုထုံးကြောင့် ဖောရောင်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ပိုတက်ဆီယမ် ပါဝင်မှုက ကိုယ်တွင်းရေဓာတ်ကို ထိန်းညှိပေးပါတယ်။ အမျှင်ဓာတ်၊ ပိုတက်ဆီယမ် နဲ့ ဗီတာမင် C ပါဝင်မှုက ကင်ဆာကုထုံးကနေ ပြန်လည် သက်သာလာချိန်မှာ ကျန်းမာနေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    ပန်းသီးမှာ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် C တို့ ပါဝင်နေတာကြောင့် အူမကြီး ကင်ဆာ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

    စတော်ဘယ်ရီ

    စတော်ဘယ်ရီမှာ ဗီတာမင် C၊ ဖောလိတ်၊ ပိုတက်ဆီယမ် တို့ ပါဝင်နေတာကြောင့် ကင်ဆာကုထုံး ထိရောက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ရင်သားကင်ဆာကျိတ်တွေ မပွားစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ellagic အက်ဆစ်၊ ဗီတာမင် C၊ ဖောလိတ် တို့ ပါဝင်နေတာကြောင့် ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးသလို ကင်ဆာကုထုံး ထိရောက်စေဖို့ ထောက်ကူပေးပါတယ်။

    ချယ်ရီသီးမှာ polyphenols နဲ့ ဗီတာမင် C၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် ကင်ဆာအပါအဝင် နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို အရောင်ကျစေနိုင်ပါတယ်။ ကင်ဆာကုထုံး ခံယူချိန်မှာ ခံစားရနိုင်တဲ့ ခေါင်းကိုက်တာ၊ နာကျင်တာလိုမျိုး လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။

    ချယ်ရီးသီးမှာ polyphenols နဲ့ ဗီတာမင် C၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အမျှင်ဓာတ်တွေ ပါဝင်နေတာကြောင့် ကင်ဆာ ကာကွယ်ပေးသလို ကုထုံး ထိရောက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    ကဲ ….. ကင်ဆာကုထုံး ခံယူချိန်မှာ ဒီသစ်သီးလေးတွေကို စားပေးဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 29/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement