အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ

အေးမြစိုစွတ်တဲ့ ဆောင်းတွင်းတို့ မိုးတွင်းတို့ဆိုတာ တုပ်ကွေးဗိုင်းရပ်စ်တွေ ရှင်သန်လွယ်တဲ့ ရာသီဥတုပါ။ ဒါကြောင့် ဒီလိုရာသီတွေဆို ကိုယ့်ပတ်ဝန်းကျင်မှာ တုပ်ကွေးဖြစ်တဲ့သူတွေကို မကြာခဏ တွေ့ရတာပါ။ ကိုယ်တိုင်လည်း တုပ်ကွေးဖြစ်ဖူးကြမယ်လို့ ယူဆပါတယ်။ တုပ်ကွေးဖြစ်ရင် လူလည်း ခံရသလို အလုပ်ပျက် ကျောင်းပျက်နဲ့ ကိုယ့်ရဲ့ အစီအစဉ်တွေ နှောင့်နှေးရတာကြောင့် တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများကို မျှဝေပေးချင်ပါတယ်။ တုပ်ကွေး ဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ တုပ်ကွေးရဲ့ လက္ခဏာတွေကတော့  ရုတ်တရက် အဖျားကြီးတာ ကိုယ်လက်ကိုက်တာ နုံးတာ ချောင်းဆိုးတာ လည်ပင်းနာတာ ခေါင်းကိုက်တာ အစားအသောက်ပျက်တာ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ တုပ်ကွေးတို့ သဘာဝ တစ်ပတ်လောက်နေရင် အလိုလိုသက်သာသွားတယ်ဆိုပေမယ့် မသက်သာခင်မှာ နေလို့ထိုင်လို့ မကောင်းသလို အလုပ်ပျက်၊ ကျောင်းပျက်နဲ့ စိတ်ရှုပ်ရပါတယ်။ တုပ်ကွေးက ဗိုင်းရပ်စ်ဖြစ်တာကြောင့်  ကိုယ်ခံအားနဲ့ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ကျဉ်း ရောဂါအတွက် ကုသနည်းများ

နာတာရှည် လေပြွန်ကျဉ်း ရောဂါ (COPD)မှာ အဆုတ်တွေပျက်စီးလာတဲ့အတွက် ပြန်ကောင်းဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် ဒီတိုင်းထားရင် အခြေအနေပိုဆိုးလာရုံပဲ ရှိတာကြောင့် တတ်နိုင်သလောက် ကုသမှုတွေ လုပ်ပေးကြပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါကို ကုသရခြင်း ရည်ရွယ်ချက်ကတော့ ဒီထက် ပိုဆိုးမလာအောင်ရယ် ခံစားရတဲ့ ဝေဒနာ သက်သာအောင်ရယ် သာမန်လူလို လှုပ်ရှားသွားလာနိုင်ဖို့ရယ် နောက်ဆက်တွဲ ရောဂါတွေ ဝင်မလာဘဲ ကျန်းမာနေစေဖို့ရယ် ရောဂါထမဖောက်ဖို့ရယ် သက်တမ်းစေ့နေနိုင်ဖို့ရယ် ရည်ရွယ်ပါတယ်။ ဒါကြောင့် COPD လူနာတွေကို ကုသပေးရတာပါ။ ဆေးပညာတွေ တိုးတက်လာတာနဲ့အမျှ ဆေးကောင်း ဝါးကောင်းတွေ ပေါ်ထွက်လာတာကြောင့် COPDကို ကုသဖို့ နည်းလမ်းတွေ အများကြီး ရှိနေပါပြီ။ နာတာရှည် လေပြွန်ကျဉ်း ရောဂါအတွက် ကုသနည်းများ နာတာရှည် လေပြွန်ကျဉ်း ရောဂါအတွက် ကုသနည်းများ ကို အကြမ်းအားဖြင့်တော့ ဆေးဝါးများ အဆုတ်ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်း […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ကျဉ်းရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ

နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)ဟာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး အဆုတ်ရောဂါ ၁၀ခုထဲမှာ ပါပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါမှာ နာတာရှည် လေပြွန်ရောင်တာနဲ့ အဆုတ်လေအိတ်ငယ်များ ပျက်စီးတဲ့ ရောဂါဆိုပြီး နှစ်ခုရှိပါတယ်။ တချို့တွေမှာတော့ တစ်ယောက်တည်းမှာပဲ နှစ်ခုလုံး ဖြစ်နေတတ်ပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါက နာတာရှည်ရောဂါဖြစ်တဲ့အပြင် အပြီးပျောက်အောင် ကုသလို့လည်း မရပါဘူး။ လေပြွန်တွေ၊ အဆုတ်တွေ ပျက်စီးကုန်တာကြောင့်ပါ။ ရေရှည်မှာ လူနာခံစားရတဲ့ ဝေဒနာတွေ သက်သာဖို့၊ ပိုဆိုးမလာဖို့၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်မလာဖို့၊ သာမန်လူလို သွားလာလှုပ်ရှားနိုင်ဖို့ ကုသပေးရပါတယ်။ ဒါကြောင့် နာတာရှည် လေပြွန်ကျဉ်းရောဂါဖြစ်မလာအောင် ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံး နည်းလမ်းပါပဲ။ ကံကောင်းတာက ရောဂါ ဖြစ်စေတဲ့ အချက်တွေ တော်တော်များများက ကြိုတင်ကာကွယ်လို့ ရနေတာပါပဲ။ ဒီတော့ နာတာရှည် လေပြွန်ကျဉ်းရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ […]


အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုကုသလို့ရသလဲ။

အသက်ရှူလမ်းကြောင်း တလျှောက်မှာ ရောဂါမျိုးစုံဖြစ်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်း နဲ့ ဆိုင်တဲ့ ရောဂါတစ်ခုခု ခံစားနေရပြီဆိုရင် “ငါ ကုလို့ ရပါ့မလား။ ဘယ်အလောက်ကြာအောင် ကုရမှာလဲ။ သောက်ဆေးလား။ ထိုးဆေးလား။ ခွဲရ စိတ်ရမှာလား “ စသဖြင့် စိုးရိမ်တတ်ပါတယ်။ ဒီဆောင်းပါးမှာ အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပြဿနာတွေနဲ့ သူတို့ရဲ့ ကုသနည်း အကြမ်းဖျင်းကို ပြောပြပေးပါ့မယ်။ အသက်ရှူလမ်းကြောင်း ရောဂါများ အသက်ရှူလမ်းကြောင်းရောဂါတွေကို အကြမ်းဖျင်း ၃မျိုးခွဲလိုက်လို့ ရပါတယ်။ လေပြွန်ကျဉ်း/ ပိတ်တဲ့ရောဂါ (Obstructive conditions) COPDလို့ ခေါ်တဲ့ နာတာရှည် လေပြွန်ကျဉ်းရောဂါ ပန်းနာရင်ကြပ်ရောဂါ လေပြွန်တွေကျယ်ပြီး ပြည်တွေနဲ့ ပြည့်နေတဲ့ ရောဂါ (Bronchiectasis) အဆုတ်က လေကောင်းကောင်း လက်မခံနိုင်တဲ့ ရောဂါ (Restrictive conditions) အဆုတ်ကင်ဆာ အဆုတ်အမာရွတ်တွယ်တာ (pulmonary fibrosis) ပိုးဝင်တာ အဆုတ်ရောင် တီဘီ ဒါတွေက […]


အသက်ရှူလမ်းကြောင်းကျန်းမာရေး

ကျန်းမာတဲ့ အသက်ရှူလမ်းကြောင်းစနစ် ဆိုတာ

နေ့စဉ်နဲ့ အမျှ အသက်ရှူနေရတဲ့အတွက် အသက်ရှူလမ်းကြောင်းလေး ကျန်းမာနေဖို့ဆိုတာ အရေးကြီးပါတယ်။ ကျန်းမာတဲ့ အသက်ရှူလမ်းကြောင်းစနစ် လေး ဖြစ်ဖို့ ဘယ်လိုတွေ ထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတာ မျှဝေပေးလိုပါတယ်။ အသက်ရှူလမ်းကြောင်း က ဘာတာဝန်တွေ လုပ်ပေးလဲ။ အသက်ရှူလမ်းကြောင်းစနစ် က လေထဲက အောက်ဆီဂျင်ကို ရှူပြီး သွေးထဲကို ထည့်ပေးတယ်။ သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှားပြီး လေထုထဲကို ပြန်စွန့်ထုတ်ပေးတယ်။ ဒါကြောင့် အသက်ရှင်နေနိုင်တာပါ။ ကိုယ်ထဲကို ဝင်လာမယ့် ပိုးမွှားတွေ၊ ဖုန်တွေ၊ အမှုန်တွေကို ချောင်းဆိုး၊ နှာချေပြီး ရှင်းထုတ်ပေးတယ်။ ချွဲတွေနဲ့ ကပ်ပြီး ရှင်းလင်းပေးတယ်။ ရှူလိုက်တဲ့ လေကို ခန္ဓာကိုယ်နဲ့ သဟဇာတဖြစ်အောင် ပူနွေးစွတ်စိုစေတယ်။ အသက်ရှူလမ်းကြောင်းလေး နေမကောင်းဖြစ်တဲ့အခါ ဒီလို တာဝန်တွေကို ထမ်းရွက်နေတဲ့အတွက် အသက်ရှူလမ်းကြောင်းစနစ် နေမကောင်းဖြစ်တဲ့အခါ ပြင်ပက ရောဂါပိုးတွေ ဝင်လာမှာပါ။ သာမန် နှာစေး၊ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အသက်ရှူလမ်းကြောင်း စနစ်ရဲ့ အရေးပေါ်လက္ခဏာများ

ဝေဒနာတစ်ခုခံစားရတဲ့အခါ တချို့သောလက္ခဏာတွေက ခဏစောင့်ကြည့်လို့ရတယ်။ ဆေးသိပ်ကုစရာမလိုဘဲ သူ့ဟာသူသက်သာသွားတာတွေ ရှိတယ်။ တချို့လက္ခဏာတွေကျတော့ အိမ်တွင်းနည်းလမ်းတွေနဲ့ ပျောက်ကင်းသွားတာရှိတယ်။ တချို့လက္ခဏာတွေကျတော့ မြန်နိုင်သမျှ မြန်မြန်ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူမှ နောက်ဆက်တွဲတွေ မခံစားရဘဲ သက်သာလာနိုင်တာတွေ ရှိတယ်။ ဒီလိုလက္ခဏာတွေက ခန္ဓာကိုယ်ရဲ့ စနစ်တိုင်း စနစ်တိုင်းမှာ ရှိပါတယ်။ အရေးကြီးလက္ခဏာတွေလို့ ခေါ်ပါတယ်။ ခုပြောမှာက အသက်ရှူလမ်းကြောင်းရဲ့ အရေးကြီးလက္ခဏာတွေပါ။ ဒီလက္ခဏာတွေရှိနေရင် ဆရာဝန်နဲ့ ပြသဖို့ ဝန်မလေးပါနဲ့။ အသက်ရှူလမ်းကြောင်းစနစ်ရဲ့ အရေးပေါ်လက္ခဏာများ နာတာရှည်ချောင်းဆိုး ချောင်းဆိုးတာက ရက်ပိုင်းလောက် မဟုတ်ဘဲ လနဲ့ချီနေပြီဆိုရင် ဒါဟာ နာတာရှည်ချောင်းဆိုးလို့ သတ်မှတ်ပါတယ်။ ၈ပတ်နဲ့အထက် ဆိုးတဲ့ ချောင်းတွေပေါ့။ ဒါဆိုရင်တော့ သလိပ်ပါပါ မပါပါ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ သင့်အသက်ရှူလမ်းကြောင်းမှာ ရောဂါတစ်ခုခုရှိနေပါပြီ။ မောတာ လေ့ကျင့်ခန်းလုပ်လို့၊ အထပ်မြင့်တွေ တက်လို့ မောတာက သာမန်ပါပဲ။ ဒီလိုမဟုတ်ဘဲ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ဒီလက္ခဏာတွေ ရှိနေရင် သင့်အသက်ရှူလမ်းကြောင်းမှာ ပြဿနာရှိနေပါပြီ

လူနာတွေကို ကုသတဲ့ နေရာမှာ ဆရာဝန်တွေ အနေနဲ့ တိကျတဲ့ ရောဂါကို အဖြေထုတ်နိုင်ဖို့အတွက် ရောဂါရာဇဝင်မေးမြန်န်းတာ၊ စမ်းသပ်တာ၊ လိုအပ်တဲ့ ဆေးစစ်ချက်တွေ ပြုလုပ်ရပါတယ်။ ဒါကြောင့် လူနာပြောတဲ့ ရောဂါရာဇဝင်ဟာ သိပ်ကို အရေးကြီးပါတယ်။ လူနာပြောတဲ့အပေါ်မူတည်ပြီး ရောဂါက ဘယ်နားမှာ ဖြစ်နိုင်မလဲဆိုတာ ခန့်မှန်းရတာပါ။ ခုလည်း ဒီလိုပါပဲ။ လူနာက ဒီလက္ခဏာတွေ ခံစားရပါတယ်လို့ ပြောလာပြီဆိုရင် ယေဘုယျအားဖြင့် အသက်ရှူလမ်းကြောင်းမှာ ရောဂါတစ်ခုခုရှိနေတာ ဖြစ်နိုင်တယ်ဆိုပြီး ကောက်ချက်ချရပါတယ်။ အထူးသဖြင့် ဒီလက္ခဏာတွေ ရှိနေရင် သင့်အသက်ရှူလမ်းကြောင်းမှာ ပြဿနာရှိနေပါပြီ ။ ဒီလက္ခဏာတွေ ရှိနေရင် သင့်အသက်ရှူလမ်းကြောင်းမှာ ပြဿနာရှိနေပါပြီ မောတာ မောတာဆိုတာရဲ့ ရင်းမြစ်က အောက်ဆီဂျင်မလုံလောက်လို့ပါပဲ။ အသက်ရှူမဝတာကြောင့်ပေါ့။ အသက်ရှူလမ်းကြောင်းမှာ ရောဂါရှိနေတဲ့ လူနာတော်တော်များများဟာ ဒီပြဿနာနဲ့ လာတတ်ပါတယ်။ မောတယ်ဆိုတာ အသက်ရှူလမ်းကြောင်းရောဂါတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး အသက်ရှူလမ်းကြောင်းရောဂါ များ

မြန်မာနိုင်ငံမှာ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုတွေ၊ အိမ်တွင်းလေထုညစ်ညမ်းမှုတွေ၊ ဆေးလိပ်သောက်သူတွေ များတဲ့အတွက် အသက်ရှူလမ်းကြောင်းရောဂါ တွေလည်း အဖြစ်များပါတယ်။ CDCရဲ့ အဆိုအရဆိုရင် မြန်မာနိုင်ငံရဲ့ အဖြစ်အများဆုံး ရောဂါ ၁၀ခုမှာ နာတာရှည် လေပြွန်ကျဉ်းရောဂါက ထိပ်ဆုံးမှာ ရှိနေပြီး အသက်ရှူလမ်းကြောင်း အောက်ပိုင်း ရောင်ရမ်းတာက နံပါတ် ၆၊ ပန်းနာရင်ကြပ်က နံပါတ် ၇နဲ့ တီဘီက နံပါတ် ၉နေရာမှာ ရှိနေပါတယ်။ ဒီရောဂါတွေနဲ့ ပတ်သက်လို့ လူအများသိထားသင့်တာလေးတွေကို နည်းနည်းစီ မျှဝေပေးပါ့မယ်။ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး အသက်ရှူလမ်းကြောင်းရောဂါ များ နာတာရှည် လေပြွန်ကျဉ်းရောဂါ  Chronic obstructive pulmonary disease အတိုကောက် COPDလို့ ခေါ်တဲ့ ဒီရောဂါ မြန်မာနိုင်ငံရဲ့ ထိပ်သီးရောဂါပါတဲ့။ သူ့မှာ နာတာရှည် လေပြွန်ရောင်တာ (chronic bronchitis)ရယ်၊ လေအိတ်ကျယ်တာ (emphysema)ရယ်ဆိုပြီး […]


အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းရဲ့ လုပ်ငန်းတာဝန်များ

အသက်ရှူလမ်းကြောင်းရဲ့ လုပ်ငန်းတာဝန်များ ...... နေ့စဉ်အသက်ရှင်ဖို့အတွက် မဖြစ်မနေလုပ်ရတဲ့ အလုပ်တွေထဲမှာ အသက်ရှူတာလည်း ပါပါတယ်။ လုပ်ရတယ်လို့ ပြောပေမယ့် တကယ်တော့ သူ့ဟာသူ အလိုအလျောက် လုပ်နေတာပါ။ ဒီလိုအလိုအလျောက် အသက်ရှူနိုင်ဖို့ အသက်ရှူတဲ့ လုပ်ငန်းစဥ်ကို ဦးနှောက်က ထိန်းချုပ်ထားရပါတယ်။ အသက်ရှူတယ်ဆိုတာ အောက်စီဂျင်ကို ရှူပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူထုတ်တာကို အလွယ်နားလည်ကြပါတယ်။ ဒါပေမယ့် အသက်ရှူလမ်းကြောင်းက ဒါတစ်ခုတည်း လုပ်တာ မဟုတ်ပါဘူး။ ဒါ့ပြင် လေက နှာခေါင်းပေါက်ကနေပြီး အဆုတ်ထဲရောက်သွားတဲ့ လမ်းတစ်လျှောက်မှာ ဘာတွေ ဖြစ်သွားလဲဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းတာကြောင့် အတူတူ လေ့လာကြည့်ရအောင်။ အသက်ရှူလမ်းကြောင်းရဲ့ လုပ်ငန်းတာဝန်များ အသက်ရှူလမ်းကြောင်းက အသက်ရှူတာထက်ကို ပိုပါတယ်။ စကားပြောလို့ရအောင် လုပ်ပေးတယ်။ ရှူသွင်းလို့ ဝင်လာတဲ့ လေကြောင့် အသံအိုးမှာ ရှိတဲ့ အသံကြိုးတွေ တုန်ခါပြီး အသံထွက်လာတာပါ။ အနံ့ခံလို့ရစေတယ်။ နှာခေါင်းထဲမှာ ရှိတဲ့ […]


အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းက ဘယ်ကစ ဘယ်မှာဆုံး

တစ်နေ့ တစ်နေ့ အသက်ရှင်ဖို့ အောက်ဆီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ထုတ်ပေးနေတဲ့ အသက်ရှူလမ်းကြောင်း ဆိုတာ ဘယ်လိုများပါလိမ့်။ ရှူလိုက်တဲ့ လေတွေဟာ ဘယ်နေရာတွေကို ဖြတ်သွားပြီး ကိုယ်ထဲမှာ ဘာလုပ်ပစ်လိုက်လဲဆိုတာ မသိချင်ကြဘူးလား။ အသက်ရှူလမ်းကြောင်းရဲ့ အလုပ်လုပ်ပုံကိုတော့ နောက်ဆောင်းပါးမှာ ပြောပြပါ့မယ်။ ဒီ့မတိုင်ခင်မှာတော့ အသက်ရှူလမ်းကြောင်းမှာရှိတဲ့ အင်္ဂါရပ်တွေ အကြောင်းကို အရင်သိထားဖို့ လိုပါမယ်။ အသက်ရှူလမ်းကြောင်းကို အပေါ်ပိုင်းနဲ့ အောက်ပိုင်းရယ်ဆိုပြီး နှစ်ခုခွဲထားပါတယ်။ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း အပေါ်ပိုင်းက နှာခေါင်းကနေ အသံအိုးအထိပါ။ နှာခေါင်း နှာခေါင်းက အသက်ရှူလမ်းကြောင်းရဲ့ ဝင်ပေါက်ပါပဲ။ ဒီကနေ လေစဝင်မှာပါ။ နှာခေါင်းမှာ နှာခေါင်းမွေးတွေနဲ့ အချွဲတွေ ရှိပါတယ်။ ဒါတွေက ပြင်ပလာဝင်လာတဲ့ အမှုန်တွေ၊ ဖုန်တွေ၊ ဓာတ်မတည့်ဖြစ်စေနိုင်တဲ့ အရာတွေကို အဆုတ်ထဲ ရောက်မသွားအောင် စီးပြီး ဖယ်ရှားပစ်ပါတယ်။ ဒါ့ပြင် ရှူလိုက်တဲ့ လေကိုလည်း […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကြပ်ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ပန်းနာရင်ကြပ် သမားတွေရဲ့ ၃၀ ရာနှုန်းကနေ ၇၀ ရာနှုန်းလောက်ဟာ နေ့ဘက်ထက် ညဘက်မှာ ပိုပြီး ရင်ကျပ်တတ်ကြပါတယ်။ ညဘက်မှာ ရင်ကြပ်ခြင်း၊ အမောထဖောက်ခြင်းတို့ဟာ နေ့ဘက်ထက်စာရင် ပိုပြီး ကသိကအောက် ဖြစ်စေမယ့်အပြင် တချို့လူတွေအတွက်ဆို ချက်ချင်း ကုသမှု ခံယူဖို့ လိုအပ်စေပါတယ်။ ပန်းနာရင်ကြပ်ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ ...... ပန်းနာရင်ကြပ်ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ ပန်းနာရင်ကြပ်ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲဆိုတော့ (၁) ဓာတ်မတည့်မှုဖြစ်စေသောအရာများနှင့် ထိတွေ့မှုများခြင်း ဓာတ်မတည့်စေသော အရာဟာ အိပ်ရာပေါ်က ကြမ်းပိုး ဖြစ်နိုင်သလို အခန်းထဲမှာ ရှိနေတဲ့ ဖုန်မှုန့်နှင့် ကြောင်အမွေးတွေလည်း ဖြစ်နိုင်ပါတယ်။ သင့်အနေနှင့် ညအိပ်ချိန်မှာ အနည်းဆုံး ၇ နာရီလောက်တော့ အခန်းထဲမှာ နေဖြစ်နေတဲ့အတွက် မိမိအခန်းထဲမှာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း