သွေးက အဆုတ်ကလည်း ဖြစ်နိုင်သလို အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကနေလည်း ဖြစ်နိုင်ပါတယ်။ ဘယ်ကဖြစ်ဖြစ် သွေးပါတာက အရေးကြီးတဲ့အခြေအနေပါ။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ ကုသမှု ခံယူပါ။
ရင်ဘတ်က အောင့်တောင့်တောင် ဖြစ်နေတာကြာပြီ။ အသက်ပြင်းပြင်းရှူရင် ပိုအောင့်တယ်။ ချောင်းဆိုးရင်ပိုအောင့်တယ်ဆိုရင်တော့ အဆုတ်ကြောင့် ဖြစ်နိုင်ပါတယ်။ သေသေချာချာ ကုသမှု ခံယူလိုက်ပါ။
- လက်ချောင်းထိပ်တွေ ဖောင်းနေတာ
လက်ချောင်းထိပ်က လက်သည်းရှိတဲ့ နေရာတွေက တင်းပုတ်လို ဖောင်းနေတယ်။ နာလည်း မနာဘူး။ ဒါကို clubbingလို့ ခေါ်ပါတယ်။ အဆုတ်ရောဂါတွေမှာ တွေ့ရတတ်ပါတယ်။ အဆုတ်ရောဂါမဟုတ်တောင် နှလုံးတို့၊ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတို့မှာ တွေ့ရတတ်လို့ အမြန်ဆုံး ရောဂါအဖြေရှာသင့်ပါတယ်။
မောတာအပြင် နှုတ်ခမ်းတွေ၊ လက်သည်းလေးတွေ ဖြူဖပ်ဖြူရော် ဖြစ်လာတာ၊ ပြာလာတာဆိုရင်တော့ သွေးထဲအောက်ဆီဂျင်ကျလာတဲ့သဘောပါ။ အရေးပေါ်ဌာနကို ချက်ချင်းသွားသင့်ပါတယ်။
အသက်ရှူရတာမဝလို့ ရင်ဘတ်တွေ၊ နံကြားတွေ ချိုင့်အောင် အားသုံးပြီး ရှူနေရပြီ။ ရှေ့ကို ကုန်းကုန်းလေး ထိုင်ပြီး ရှူနေရပြီဆိုရင် မကြာခင် သတိလစ်တော့မယ့် အရိပ်အရောင်ပါ။ ဆေးရုံကို အမြန်ဆုံး ခေါ်သွားသင့်ပါတယ်။
ဒီလိုလက္ခဏာတွေအပြင် လူနာက ဖျားတယ်။ ဖျားတာလည်း ကြာပြီ။ အားမရှိဘဲ နုံးနေမယ်။ အစားအသောက်လည်း ပျက်မယ်။ ပိန်လည်း ပိန်သွားမယ်ဆိုရင် အိမ်မှာပဲထားတာ၊ အိမ်တွင်းနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်တာတွေ မလုပ်သင့်တော့ပါဘူး။
Takeaways
ဒါတွေဟာ အရေးပေါ်လက္ခဏာတွေ ဖြစ်လို့ ကြာလာရင် အသက်အန္တရာယ်ရှိပါတယ်။ နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားပြီး အမြန်ဆုံး ကုသမှု ခံယူသင့်တယ်လို့ အကြံပေးလိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။