အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

အဆုတ်ပြည်တည်နာ သိကောင်းစရာ

အဆုတ်ပြည်တည်နာ ဆိုတာက တခြားပြည်တည်နာတွေလိုပဲ ပိုးဝင်တာကြောင့်ဖြစ်တဲ့ ပြည်လုံးပါ။ အများစုက ဘက်တီးရီးယားကြောင့်ဖြစ်ပြီး မှိုပိုးတွေ၊ ကပ်ပါးပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဓာတ်မှန်ရိုက်ကြည့်ရင် တွေ့နိုင်ပါတယ်။ များသောအားဖြင့် ပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ တစ်ခါတလေမှာတော့ ခွဲစိတ်ရတာမျိုး ရှိနိုင်ပါတယ်။ အဆုတ်ပြည်တည်နာ ဖြစ်ရတဲ့ အကြောင်းအရင်း အဆုတ်ပြည်တည်နာက အဆုတ်ကိုယ်တိုင်က ဖြစ်လာတာ ရှိသလို တခြားနေရာကနေ ပြန့်လာတာလည်း ဖြစ်နိုင်ပါတယ်။ ပြည်တည်တာက တစ်ခုတည်းလည်း ဖြစ်နိုင်သလို အများကြီးလည်း ဖြစ်နိုင်ပါတယ်။ အများကြီး ဖြစ်တယ်ဆိုရင်တော့ နမိုးနီးယား ဒါမှမဟုတ် သွေးဆိပ်သင့်တာကြောင့် ဖြစ်နိုင်ပါတယ်။ အဆုတ်ကနေ စဖြစ်တဲ့ ပြည်တည်နာ အဆုတ်ကို တိုက်ရိုက်ထိတဲ့ ရောဂါအများစုက အဆုတ်ပြည်တည်နာကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ နမိုးနီးယား အဆုတ်ရောင်ရောဂါ (ဒီထဲမှာ အဖြစ်အများဆုံးက အစာသီးပြီး အဆုတ်ရောင်တဲ့ aspiration pneumonia အမျိုးအစားပါ) ကင်ဆာကျိတ်တွေ - […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

အအေးမိဖျားနာခြင်း

ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ

ကိုယ်ခံအားစနစ်ဆိုတာ ဘာလဲ။ ပြင်ပကနေ အကြောင်းအမျိုးမျိုးနဲ့ ဘက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေ၊ ကပ်ပါးပိုးကောင်တွေ၊ ဗိုင်းရပ်စ်တွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတတ်ပါတယ်။ ဒီပိုးတွေဟာ ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ပြီး ဖျားနာစေနိုင်တယ်၊ အားအင်ကုန်ခမ်းစေတယ်၊ အလုပ်တာဝန်တွေ ပျက်ယွင်းစေတယ်၊ ရောဂါတွေ ဖြစ်စေတယ်၊ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်နှုန်းကိုလည်း နှေးကွေးစေတယ်၊ ဒါ့အပြင် စောစောစီးစီး သေဆုံးနိုင်သည်အထိ ဒုက္ခပေးနိုင်ပါတယ်။ https://youtu.be/ZqGEE4Osz6Q ဒီလို မဖြစ်ရအောင် ကာကွယ်ပေးဖို့အတွက် ကိုယ်ခံအားစနစ်က ကြံ့ခိုင်နေဖို့လိုပါတယ်။ ခန္ဓာကိုယ် နေရာအနှံ့မှာ ရှိတဲ့ ကိုယ်ခံအားစနစ်တွင်းက ဆဲလ်များ၊ တစ်ရှူးများဟာ ခန္ဓာကိုယ်ထဲကို ဝင်လာသမျှ ရောဂါပိုးတွေကို ခုခံပေးတယ်၊ ရောဂါပိုးတွေ ထပ်ပြီး ပွားများခြင်းမရှိအောင် ထိန်းချုပ်တယ်၊ ရောဂါပိုးတွေရဲ့ ဆဲလ်နံရံတွေကို ဖျက်ဆီးပြီး အားလျော့စေပါတယ်။ ဒီအတွက် ကိုယ်ခံအားစနစ်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် အခန်းကဏ္ဍကနေ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းဆိုးတာကို အိမ်မှာပဲ သက်သာအောင် လုပ်ချင်တယ်ဆိုရင်

မိုးရွာတာ စိပ်ပြီး ရာသီဥတုလေးလည်း အေးလာတဲ့အခါကျတော့ ခန္ဓာကိုယ်က အပရိက နာဖျားမှုလေးတွေ ဖြစ်လာတာပေါ့။ ဒီထဲမှာ ချောင်းဆိုးတာလည်း တစ်ခုအပါအဝင်ပါပဲ။ ချောင်းခြောက်ဆိုးတဲ့သူလည်း ရှိသလို ချွဲထတဲ့သူလည်း ရှိတာပေါ့။ ဒီလိုအချိန်မှာ ဆေးရုံ ဆေးခန်း မသွားချင်သေးဘူးဆိုရင် အိမ်မှာတင် သက်သာအောင် ဘယ်လိုလုပ်နိုင်မလဲ။ ချောင်းဆိုးတာကို အိမ်မှာပဲ သက်သာအောင် လုပ်ချင်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။ ချောင်းဆိုးတာကို အိမ်မှာပဲ သက်သာအောင် လုပ်ချင်တယ်ဆိုရင် ချောင်းဆိုးတာကို အိမ်မှာပဲ သက်သာအောင် လုပ်ချင်တယ်ဆိုရင်တော့ ပျားရည် ပျားရည်စစ်စစ် တစ်ဇွန်း၊ နှစ်ဇွန်းလောက် သောက်ပေးတာက ပိုးတွေကို သေစေပြီး ချောင်းဆိုးတာကို သက်သာစေပါတယ်။ ဒါပေမယ့် တစ်နှစ်အောက် ကလေးတွေကိုတော့ ပျားရည်မတိုက်ပါနဲ့။ အခန့်မသင့်ရင် အဆိပ်သင့်တတ်ပါတယ်။ အရည်ပူပူလေးတွေ သောက်ပေးပါ။ ရေနွေးကြမ်းတွေ၊ စွပ်ပြုတ်ပူပူလေးတွေ နှစ်သက်ရာ သောက်ပေးနိုင်ပါတယ်။ ဘာမှမရှိရင်တောင် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းဆိုးနေပြီ ဘာကြောင့်လဲ

ချောင်းဆိုးတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးနေပြီ ဘာကြောင့်လဲ။ ဘယ်လိုချောင်းဆိုးနေတာလဲဆိုတာကို သိထားရင် တချို့ကိစ္စတွေအတွက် အလွန်အကျွံစိုးရိမ်နေစရာ မလိုတော့ဘူးပေါ့။ တကယ်တော့ ချောင်းဆိုးတယ်ဆိုတာက အမျိုးအစားအမျိုးမျိုးရှိပြီးတော့ ခုလိုချောင်းဆိုးစေရတဲ့ နောက်ကွယ်ကအကြောင်းတရားကလည်း အမျိုးမျိုးပါပဲ။ တချို့ချောင်းဆိုးဝေဒနာတွေဟာ မစိုးရိမ်ရပေမယ့် တချို့နောက်ကွယ်က အကြောင်းတရားတွေကတော့ စိုးရိမ်စရာတွေလို့ ဆိုရမှာပါ။ ဒါကြောင့် မိမိချောင်းဆိုးလာပြီဆိုရင် ဘယ်လိုဆိုးတာလဲဆိုတာကို အရင်လေ့လာပြီး ဘာကြောင့်ဆိုးတာဖြစ်နိုင်လဲဆိုတာကို သိနားလည်အောင်လုပ်နိုင်ဖို့လိုအပ်ပါတယ်။ ဒါမှ ကာကွယ်ကုသရာမှာလည်း တိတိကျကျကုသနိုင်မှာပေါ့။ ကဲ ကိုယ်ဘယ်လို ချောင်းဆိုးနေတာလဲဆိုတာကို လေ့လာကြည့်ရအောင်။ ချောင်းဆိုးနေပြီ ဘာကြောင့်လဲ ချောင်းခြောက်ဆိုးခြင်း ချောင်းခြောက်ဆိုးတာက အသက်ရှူလမ်းကြောင်းဆိုရင်ရာ ပြဿနာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ်လည်း တုပ်ကွေး၊ အအေးမိတာတွေကြောင့်ပေါ့။ ချောင်းခြောက်ဆိုးတဲ့အခါမှာ ချွဲလုံးဝမပါတာ ဒါမှမဟုတ် အနည်းငယ်သာပါတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ချောင်းခြောက်ဆိုးတာဟာ ပြင်းထန်တဲ့ နာတာရှည်ရောဂါတချို့နဲ့လည်း ဆက်စပ်နေပါတယ်။ ဒါတွေကတော့ ရင်ကျပ်ဝေဒနာ၊ အစာအိမ်အက်ဆစ် ပြန်ဆန်တက်တဲ့ရောဂါ (GERD)၊ အဆုတ်ကင်ဆာနဲ့ COVID-19 တို့ပါပဲ။ ချောင်းအစိုဆိုးခြင်း ချောင်းအစိုဆိုးတယ်ဆိုတာက […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ်ထဲ ပိုက်ထည့်ထားရင် ဘာတွေ ဂရုစိုက်ရမလဲ။

ဆေးရုံတွေ သွားရင် ဘေးနံရိုးမှာ ပိုက်တန်းလန်းနဲ့ အောက်က ဘူးလေးနဲ့ ကိုင်ထားတဲ့သူတွေကို မြင်ဖူးကြမှာပါ။ ဒါက အဆုတ်ထဲ ပိုက်ထည့် ထားတာပါ။ ရုတ်တရက်ကြည့်လိုက်ရင် အသည်းယားစရာကောင်းတယ်လို့ ထင်ပေမယ့် ဒါဟာလည်း ကုသနည်းတစ်ခုပါပဲ။ သူတို့တွေ ဘာကြောင့် ပိုက်တန်းလန်းနဲ့ နေရတာလဲ။ ပိုက်ထည့်ထားတဲ့ လူနာတွေကို ဘာဂရုစိုက်ပေးရမလဲဆိုတာ ဆက်ပြောပြပါမယ်။ အဆုတ်ထဲကို ဘာလို့ ပိုက်ထည့်ရတာလဲ။ အဆုတ်ထဲလို့ ပြောပေမယ့် တကယ်တော့ လူတွေ သိဖူး၊ မြင်ဖူးတဲ့ အဆုတ်ထဲကို ထည့်တာမဟုတ်ပါဘူး။ အဆုတ်ရဲ့ အပြင်ဘက်မှာ အမြှေးပါးလေး နှစ်ခုရှိပါတယ်။ အဆုတ်မှာ ဒဏ်ရာရလို့ ဖြစ်ဖြစ်၊ ရောဂါရလို့ဖြစ်ဖြစ် လေတွေ၊ သွေးတွေ၊ အရည်တွေက ဒီအမြှေးပါးလေး နှစ်လွှာ ကြားထဲကို ရောက်သွားပါတယ်။ ဒါတွေကို အပြင်ထုတ်ဖို့ ဒီအမြှေးပါး နှစ်လွှာကြားထဲကို ပိုက်ထည့်တာပါ။ ဒီလို […]


အဆုတ်ပွရောဂါ

နမိုးနီးယားလို့ ခေါ်တဲ့ အဆုတ်ရောင်ရောဂါကို အမျိုးအစား ခွဲကြည့်ကြတဲ့အခါ

နမိုးနီးယားလို့ ခေါ်တဲ့ အဆုတ်ရောင်ရောဂါကို အမျိုးအစား ခွဲကြည့်ကြတဲ့အခါ ဘာတွေ သိရမယ်လို့ ယူဆမိလဲ။ သေချာ သိနိုင်ဖို့ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။ နမိုးနီးယား (Pneumonia) လို့ ခေါ်တဲ့ အဆုတ်ရောင်ရောဂါကို လူတိုင်း ကြားဖူးကြမယ်ထင်ပါတယ်။ အဆုတ်ကို ရောဂါပိုး ကူးစက်ခံရပြီး အအေးမိ၊ ကိုယ်လက်ကိုက်ခဲပြီး ဖျားနာတဲ့ ဝေဒနာတစ်မျိုးပေါ့။ ရာသီဥတုအပြောင်းအလဲကာလတွေမှာ အဖြစ်များပေမယ့် တကယ်တမ်းအားဖြင့်တော့ အဆုတ်ကို ပိုးဝင်ခြင်းတစ်မျိုးပါ။ အဆုတ် ဘယ်ခြမ်း (သို့) ညာခြမ်း (သို့) နှစ်ခုစလုံးကိုပိုးဝင်ပြီး ရုတ်တရတ်ပြင်းထန် ပိုးကူးစက်ခြင်းတစ်မျိုးလို့ သတ်မှတ်ထားကြပါတယ်။ နမိုးနီးယားလို့ ခေါ်တဲ့ အဆုတ်ရောင်ရောဂါကို အမျိုးအစား ခွဲကြည့်ကြတဲ့အခါ နမိုးနီးယားဖြစ်စေတဲ့ ရောဂါပိုးတွေက အများကြီးရှိပါတယ်။ ဘက်တီးရီးယားတွေရော ဗိုင်းရပ်စ်တွေရောပါ။ အဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပြီးတော့ လူတိုင်းနီးပါး ဒီဝေဒနာကို ခံစားဖူးကြပါတယ်။ ကလေးတွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ အဆုတ်ပွ၊ ပန်းနာရင်ကျပ်စတဲ့ နာတာရှည်အဆုတ်ရောဂါတစ်မျိုးမျိုးရှိသူတွေမှာ […]


ရာသီတုပ်ကွေး

အအေးမိတုပ်ကွေးနှင့် ဗီတာမင် စီ

ဖျားနာပြီ၊ နေမကောင်းဖြစ်ပြီ၊ အအေးမိလာပြီဆိုရင် လူတွေ အများစု လုပ်တတ်ကြတာက ဗီတာမင်စီ အားဆေးတွေ၊ ဖြည့်စွက်စာတွေကို အလွန်အကျွံသောက်တဲ့ ကိစ္စပါ။ ၁၉၇၀ ခုနှစ်ဝန်းကျင်မှာ အအေးမိတုပ်ကွေး ပျောက်ကင်းအောင် ကုသဖို့ ဗီတာမင် စီ အားဆေးတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။ ဒီဘက်ခေတ်မှာ သိပ္ပံပညာရှင်တွေ လေ့လာဆန်းစစ်ကြည့်တဲ့အခါ ဗီတာမင် စီဓာတ် ဟာ အအေးမိတုပ်ကွေးရောဂါကို ကာကွယ်ပေးရန်အတွက်ရော ကုသတဲ့ နေရာမှာပါ သိပ်ပြီးထိရောက်မှု မရှိနိုင်ဘူးဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဗီတာမင် စီ အကြောင်း တစ်စေ့တစ်စောင်း ဗီတာမင် စီ ဆိုတာ အလွယ်ပြောရမယ်ဆိုရင် သစ်သီးတွေမှာ တွေ့ရတဲ့ ascorbic acid ပါပဲ။ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို ကောင်းမွန်စေပြီး ကျန်းမာစေတဲ့အပြင် သံဓာတ်ကို ကောင်းစွာစုပ်ယူပေးလို့ အရိုးနဲ့ ကြွက်သားကို ကြံ့ခိုင်သန်စွမ်းစေတယ်။ […]


ရာသီတုပ်ကွေး

မိသားစုဝင်အချင်းချင်း အဖျားမကူးစက် အောင် ဘယ်လိုကာကွယ်ကြမလဲ

ခုချိန်က မိုးကာလမို့ ဖျားတာ၊ နာတာ၊ တုပ်ကွေးမိ၊ အအေးပတ်တာမျိုးက မကြာခဏဖြစ်တတ်တဲ့ အချိန်ကာလပါ။ ပုံမှန်ဖျားတာနာတာမို့ ပျောက်သွားမှာပါလို့ အလွယ်တကူတွေးတတ်ကြပေမယ့် ခေတ်ကာလအခြေအနေကြောင့် သတိထားရဖို့ လိုနေတဲ့အချိန်မျိုးပါ။ ဒီတော့ ကိုယ့်မှာပဲဖြစ်ဖြစ်၊ မိသားစုဝင်တစ်စုံတစ်ယောက်မှာပဲဖြစ်ဖြစ် ဖျားတာနာတာဖြစ်လာပြီဆိုရင် တစ်ယောက်နေ တစ်မိသားစုလုံးကို အဖျားမကူးစက် စေဖို့ အထူးအရေးကြီးလာပါပြီ။ ဒီလိုဆိုရင် တစ်ယောက်ကနေ တစ်ယောက်ကို ရောဂါပိုးမကူးစက်လာအောင် ဘယ်လိုတားဆီးကြမလဲ။ အောက်ပါနည်းလမ်းလေးတွေကို လိုက်နာနိုင်ပါတယ်နော်။ မိသားစုအချင်းချင်း အဖျားမကူးစက် စေဖို့ လက်ဆေးပါ လက်ကို ပုံမှန်နဲ့ စနစ်တကျဆေးခြင်းဟာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေ ကူးစက်နိုင်ခြေနဲ့ ပြန့်နှံ့နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ CDC ရဲ့ အဆိုအရဆိုရင် လက်ဆေးတာဟာ ကာကွယ်ဆေးထိုးထားတာနဲ့ အတူတူပဲလို့ ဆိုပါတယ်။ သတိထားဖို့က ဆပ်ပြာနဲ့ ရေနဲ့ စက္ကန့် ၂၀ ကြာအောင် ဆေးဖို့ပါ။ စက္ကန့် ၂၀ […]


အအေးမိဖျားနာခြင်း

ကျွန်တော်တို့ သေချာမသိသေးတဲ့ ကိုယ်ခံအားစနစ်ရဲ့ အံ့အားသင့်စရာအချက်များ

ဘယ်အရာက ကျွန်တော်တို့ကို ကျန်းမာနေစေတာလဲလို့ မေးခွန်းတစ်ခုမေးလိုက်ရင် ထိပ်ဆုံးမှာရှိနေမှာက ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်ပါပဲ။ ဒီကိုယ်ခံအားစနစ်အကြောင်း သေချာသိရှိပြီး ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်သွားခြင်းက ကျွန်တော်တို့ကို ပိုကျန်းမာအသက်ရှည်စေမှာပါ။ ဒါကြောင့် ကျွန်တော်တို့ သေချာမသိသေးတဲ့ ကိုယ်ခံအားစနစ်ရဲ့ အံ့အားသင့်စရာအချက်များ ကို သေချာလေ့လာကြည့်ကြရအောင်။ ကျွန်တော်တို့ သေချာမသိသေးတဲ့ ကိုယ်ခံအားစနစ်ရဲ့ အံ့အားသင့်စရာအချက်များ ကျွန်တော်တို့ သေချာမသိသေးတဲ့ ကိုယ်ခံအားစနစ်ရဲ့ အံ့အားသင့်စရာအချက်များ ကို တစ်ချက်ချင်း လေ့လာလိုက်ရအောင်နော်။ ကိုယ်ခံအားစနစ်ဆိုတာ ဘာလဲ။ ကိုယ်ခံအားစနစ်ဆိုတာ လူ့ခန္ဓာကိုယ်ကို ရောဂါပိုးတွေ ရန်ကနေ ကာကွယ်ပေးဖို့ ထားရှိတဲ့ ခံစစ်တစ်ခုပါ။ အပြင်လေထုကနေ ဘက်တီးရီးယားပိုးတွေ၊ ကပ်ပါးပိုးကောင်တွေ၊ ဗိုင်းရပ်စ်တွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့အခါ ဖျားနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ကိုယ်တွင်းအင်္ဂါများကို တိုက်ခိုက်ခြင်း၊ ရောဂါဖြစ်ခြင်း၊ အသက်အန္တရာယ်ထိခိုက်စေခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကို ကာကွယ်ပေးဖို့အတွက် ကိုယ်ခံအားစနစ်က တာဝန်ယူပေးရပါတယ်။ ခန္ဓာကိုယ် […]


တီဘီရောဂါ

တီဘီရောဂါ ခံစားနေရတယ်။ ဘာတွေ စားရမလဲ။

တီဘီဆိုတာက Mycobacterium tuberculosis လို့ ခေါ်တဲ့ ဘက်တီးရီးယား တစ်မျိုးကြောင့် ဖြစ်တဲ့ ရောဂါပါ။ လေထဲကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါဆိုရင်လည်း မမှားပါဘူး။ ရောဂါပိုးရှိသူက နှာချေတာ၊ ချောင်းဆိုးတာကနေတဆင့် လေထဲမှာ ရောဂါပိုးတွေ ရောက်ရှိသွားပြီး ကူးစက်နိုင်ပါတယ်။ တီဘီရောဂါက သေချာ ကုသမှုခံယူမယ်၊ အာဟာရ ပြည့်ဝအောင် စားမယ်ဆိုရင် ကုသပျောက်ကင်းတဲ့ ရောဂါတစ်ခုပါ။  တီဘီရောဂါ ခံစားနေရပြီလား တီဘီရောဂါ ကူးစက်ခံရတဲ့အခါ အကြောင်းအရင်း မရှိဘဲ ကိုယ်အလေးချိန် ကျလာမယ် အားနည်းမယ် ညဘက်မှာ ချွေးတွေ ထွက်မယ် အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်း ဖြစ်မယ် အစားအသောက်ပျက်မယ် ညနေတိုင်းမှာ အဖျားတက်မယ်စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ တီဘီရောဂါ ဖြစ်နေတဲ့သူ အာဟာရပြည့်စေဖို့ ဘာတွေစားရမလဲ တီဘီရောဂါဖြစ်တဲ့အခါ ပျောက်ကင်းကျန်းမာဖို့ဆိုရင် ဆေးကုသမှု သေချာ ခံယူဖို့ လိုသလို […]


ရာသီတုပ်ကွေး

တုပ်ကွေးကာကွယ်ဖို့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်စို့

မိုးလေးအေးပြီး တုပ်ကွေးဖြစ်လွယ် ဖျားနာလွယ်တဲ့ မုတ်သုံကာလကို ရောက်လာပြီနော်။ မုတ်သုံရောက်ပြီဆိုရင် အအေးမိ တုပ်ကွေး ဖြစ်နိုင်ခြေက အခြား ရာသီတွေထက် ပိုများနေပါတယ်။ ဒီကာလမှာ မဖြစ်မနေ တုပ်ကွေးဖြစ်မှာလားဆိုတော့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် ဂရုစိုက် စောင့်ရှောက်နိုင်လဲ ဆိုတာကလည်း လိုပါသေးတယ်။ ဒီတော့ တုပ်ကွေး အဖြစ်များတဲ့ မုတ်သုံမှာ တုပ်ကွေးကာကွယ်ဖို့ လိုက်နာသင့်တဲ့ အရာတစ်ခုအကြောင်း ပြောပြပေးပါရစေ။ တုပ်ကွေး မဖြစ်စေဖို့ လိုက်နာသင့်တဲ့ အရာတစ်ခု တုပ်ကွေးကလည်း အခြားရောဂါတွေလိုပါပဲ။ မဖြစ်ခင်က ကြိုတင် ကာကွယ်တာ အကောင်းဆုံးပါ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် တုပ်ကွေးရောဂါကနေ ကာကွယ်ဖို့ဆိုရင် မဖြစ်မနေ လိုက်နာဖို့ လိုမှာက တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ဖို့ပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်တာက တုပ်ကွေးကိုတင် မဟုတ်ဘဲ တခြားအသက်ရှူလမ်းကြောင်း ကူးစက်ရောဂါတွေကိုလည်း ကာကွယ်ရာ​ရောက်ပါတယ်။ ဒီတော့ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်