ဆက်တိုက်ဆိုးနေပြီ၊ သလိပ်တွေပါလာပြီဆိုရင်တော့ ဒါဟာ ရောဂါတစ်ခုရဲ့ လက္ခဏာဖြစ်သွားပါပြီ။ ချွဲထတယ်ဆိုတာ အထဲမှာ တစ်ခုခုရောင်ရမ်းနေတာ၊ ပိုးဝင်တာ၊ ပိတ်နေတာကြောင့်ပါပဲ။ တစ်ခါတလေတော့လည်း အဆုတ်ကြောင့်မဟုတ်ဘဲ တခြားအကြောင်းကြောင့် ချောင်းဆိုးနိုင်ပါသေးတယ်။ ဥပမာ နှလုံးပျက်စီးလို့ဖြစ်ဖြစ်၊ ထိပ်ကပ်နာကြောင့် ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် ချောင်းဆိုးတယ်၊ သလိပ်ထတယ်ပြောရင် အဆုတ်ကိုပဲ စစဉ်းစားမှာပါ။ အဆုတ်မဟုတ်မှ တခြားရောဂါတွေကို ဆက်ရှာမှာပါ။
ဒါကတော့ ပုံမှန်မဟုတ်ဘူးဆိုတာ လုံးဝသေချာပါတယ်။ သေသေချာချာ ဆေးကုသမှုခံယူရမယ့် အခြေအနေပါ။ တစ်ခါတလေ ချောင်းဆိုးသွေးပါတာလား၊ သွေးအန်တာလား၊ နှာခေါင်းသွေးလျှံတာများတာလားဆိုပြီး သေချာ ပြန်ခွဲရပါတယ်။
ဘာကြောင့်လည်းဆိုတော့ ချောင်းဆိုးသွေးပါက အဆုတ်က ထွက်တဲ့ သွေး၊ သွေးအန်တာက အစာအိမ်နဲ့ အူလမ်းကြောင်း၊ နှာခေါင်းသွေးလျှံတာက နှာခေါင်းထဲက သွေးကြောလေးတွေ စသဖြင့် အကြမ်းဖျဉ်း ဖြစ်တဲ့နေရာတွေ မတူလို့ပါပဲ။
နောက်ပြီး ချောင်းဆိုးသွေးပါတာက အဆုတ်ရောဂါအပြင် သွေးရောဂါတို့ ကင်ဆာတို့မှာလည်း တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာရှိနေပြီဆိုရင် အဆုတ်ကိုပဲ စစဉ်းစားမှာပါ။ အဆုတ်မှာ မဟုတ်မှ တခြားရောဂါတွေကို ဆက်စဉ်းစားမှာပါ။
Takeaways
ဒီလိုလက္ခဏာတွေကို သိထားတော့ အားသာချက်အနေနဲ့ ဘယ်ဆရာဝန်နဲ့ ပြသင့်လဲဆိုတာ မြန်မြန်ဆုံးဖြတ်ချက်ချနိုင်ပါတယ်။ ကိုယ့်ရဲ့ ဘယ်နားမှာ ရောဂါရှိနေတာဖြစ်နိုင်လဲဆိုတာ အကြမ်းဖျဉ်း ခန့်မှန်းနိုင်ပါတယ်။
အပေါ်က လက္ခဏာတွေ ရှိနေပြီဆိုရင် ဒါဟာ အဆုတ်မှာ ရောဂါတစ်ခုခုဖြစ်နေတာ။ ဒါကြောင့် အဆုတ်နဲ့ ရင်ခေါင်း အထူးကု ဒါမှမဟုတ် သမားတော်နဲ့ ပြရမယ်ဆိုတာ ဆုံးဖြတ်နိုင်လို့ ကုသမှု မြန်မြန်ခံယူလို့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။