(၄) ဆေးမသောက်မိခြင်း
သင့် အနေနှင့် အိပ်ခါနီး သောက်ရမယ့် ဆေးတွေကို ပုံမှန် မသောက်မိဘူးဆိုရင်တော့ အိပ်နေစဉ် ရင်ကျပ်စေပါလိမ့်မယ်။
(၅) စိတ်ဖိစီးမှု
စိတ်ဖိစီးခြင်းကြောင့်လည်း ညအိပ်ချိန် ပန်းနာရင်ကျပ် ထခြင်းကို ဖြစ်စေပါတယ်။ ဒါဟာ စိတ်ဖိစီးချိန် ထွက်တတ်တဲ့ ဟော်မုန်းတွေက အသက်ရှူလမ်းကြောင်းတွင် ရောင်ရမ်းခြင်း ဖြစ်စဉ်တွေကို ဖြစ်စေတတ်လို့ပါ။
(၆) အဆုတ်စွမ်းဆောင်ရည်
နေ့ဘက်မှာ လူတွေဟာ လှုပ်ရှားတက်ကြွနေတဲ့အတွက် အဆုတ် စွမ်းဆောင်ရည်ဟာ နေ့ဘက်မှာ ပိုမို ကောင်းမွန်ပြီး ညဘက်မှာ ကျဆင်းနေတတ်ပါတယ်။ ဒီအချက်က ပန်းနာရင်ကြပ် အမောဖောက်ခြင်းတွေဟာ ညဘက်မှာ အဖြစ်များရခြင်း ရဲ့ အကြောင်းရင်း တစ်ချက် ဖြစ်ပါတယ်။
ညဘက်မှာ ပန်းနာရင်ကြပ်ကြောင့် ရုတ်တရက် အမောဖောက်လေ့ ရှိသူတွေ အနေနှင့် ကြိုတင် ပြင်ဆင်ရမယ့် အချက်တွေ ကတော့
–Inhalerကို ကိုယ်နှင့် လက်လှမ်းမီသော နေရာတွင်သာ ထားပါ။
-ဆရာဝန်နှင့် တိုင်ပင်ပြီး ဆေးသောက်ချိန်ကို ညှိနှိုင်းပါ။ လိုအပ်ပါက ဆေးပမာဏ တိုးသောက်ပါ။
-အိပ်ခန်းကို သန့်ရှင်းအောင် ထားပါ။ လေဝင်လေထွက် ကောင်းပါစေ။ အခန်းတွင်းသို့ အိမ်မွေးတိရစ္ဆာန်များ အဝင်မခံပါနှင့်။
-ဆေးလိပ်ငွေ့၊ အမွှေးတိုင်ငွေ့စသော အငွေ့များနှင့် ဝေးဝေး နေပါ။
-မပြင်းထန်သော ကိုယ်လက်လေ့ကျင့်ခန်းများ နေ့စဉ် ပြုလုပ်ပေးပါ။
ရေးသားသူ – Dr. Rose
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။