ခုဆိုရင် တုပ်ကွေး ရောဂါတွေက တော်တော်များများ ဖြစ်လာကြပါတယ်။ တစ်ယောက်ဖြစ် တစ်အိမ်လုံး ဖြစ်လို့ ပြောရအောင်ကို ကူးစက်တာလည်း မြန်ပါတယ်။ ဒီလို ကူးစက်တဲ့အခါကျတော့ သာမန်လူအနေနဲ့ ပြဿနာမရှိပေမယ့် ရောဂါအခံရှိသူတွေ၊ မကြာသေးခင်ကမှ ကိုဗစ်ဖြစ်ပြီး နာလန်ထတဲ့ လူနာတွေအတွက်က အရေးကြီးပါတယ်။ နဂိုတည်းက ခုခံအား နည်းနေတဲ့အတွက် တုပ်ကွေးပါ ထပ်ကူးခံရရင် သူတို့အတွက် မလွယ်ပါဘူး။