backup og meta

ချောင်းဆိုး တာ ရောဂါကြောင့်လား၊ ရာသီဥတုကြောင့်လား။

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


24/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချောင်းဆိုး တာ ရောဂါကြောင့်လား၊ ရာသီဥတုကြောင့်လား။

    ချောင်းဆိုး တယ်ဆိုတာ လက္ခဏာတစ်ခု ဖြစ်သလို ခန္ဓာကိုယ်ရဲ့ သဘာဝ ကာကွယ်နည်းစနစ်တစ်ခုပါ။ ချောင်းဆိုးတဲ့ လက္ခဏာကြောင့် ရောဂါတွေကို ရှာဖွေတွေ့ရှိသလို လေပြွန်ထဲကို တစ်ခုခု ဝင်လာပြီဆိုရင်လည်း ချောင်းဆိုးပြီး အပြင်ကို ပြန်ထုတ်ပေးပါတယ်။

    ချောင်းဆိုးတာက အမြဲတမ်း ရောဂါတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ အစားအသောက်၊ အနေအထိုင်၊ ပတ်ဝန်းကျင် အခြေအနေနဲ့ နောက်ဆုံး ရာသီဥတု အပြောင်းအလဲကြောင့်ထိ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ရာသီဥတု အကူးအပြောင်းဆို ဖြစ်တတ်ပါတယ်။

    ချောင်းဆိုးတာ ရောဂါကြောင့်လား၊ ရာသီအကူးအပြောင်းကြောင့်လားဆိုတာ ဘယ်လို ခွဲကြမလဲ။

    ရောဂါကြောင့် ချောင်းဆိုး ခြင်း

    ရောဂါကြောင့်ဆိုရင် ချောင်းဆိုးတာက ရေတိုဖြစ်နိုင်သလို နာတာရှည်လည်း ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးတာ ၃ပတ်အောက်ဆို ရေတိုလို့ သတ်မှတ်ပြီး ၄ပတ်အထက်ဆိုရင် နာတာရှည်လို့ သတ်မှတ်ပါတယ်။

    ရေတို ချောင်းဆိုးရတဲ့ အကြောင်းရင်းတွေကတော့

    နာတာရှည် ချောင်းဆိုးတာတွေကတော့

    • အလာဂျီတွေ
    • ပန်းနာရင်ကျပ်ရောဂါ
    • လေပြွန်ရောင်ရောဂါ
    • စားချဉ့်ပြန်ရောဂါ
    • တီဘီရောဂါ စတာတွေပဲ ဖြစ်ပါတယ်။

    ဒါ့ပြင်

    • အဆုတ်ကင်ဆာ
    • ကိုဗစ်
    • နှလုံးပျက်စီးတာ
    • လေပြွန်ပြည်တည်နာ
    • ထိပ်ကပ်နာ စတာတွေမှာလည်း ချောင်းဆိုးတတ်ပါတယ်။

    ချောင်းဆိုး တာ ရောဂါကြောင့်လား၊ ရာသီဥတုကြောင့်လား။

    ရာသီဥတုအပြောင်းအလဲကြောင့်ရော ချောင်းဆိုး တတ်သလား။

    ရာသီဥတု အပြောင်းအလဲကြောင့်လည်း ချောင်းဆိုးတတ်ပါတယ်။ အထူးသဖြင့် အဆုတ်ရောဂါ အခံရှိသူတွေမှာပါ။

    • ပူနွေးစိုစွတ်တဲ့ ရာသီဥတု

    အဆုတ်ရောဂါ အခံရှိသူတွေက ပူတဲ့ရာသီဥတုနဲ့ အဆင်မပြေပါဘူး။ ၂၀၁၃ Johns Hopkins တက္ကသိုလ်ရဲ့ လေ့လာချက်အရ အပူချိန်တက်လာပြီဆိုရင် အရေးပေါ်ဌာနကို နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)နဲ့ ရောက်လာကြသူတွေ များတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အဆုတ်ပိုးဝင်တဲ့ လူနာလည်း များလာပါတယ်။ အထူးသဖြင့် အသက် ၆၅နှစ်အရွယ် သက်ကြီးရွယ်အိုတွေပါ။

    ဘာကြောင့်လည်း ဆိုတာ အတိအကျ မသိကြပေမယ့် ပူနွေးတဲ့လေကို ရှူရတာက လေပြွန်တွေကို ရောင်ရမ်းစေပြီး COPDလိုရောဂါတွေကို ကြွစေတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ရာသီဥတု ပူတာက ပန်းနာရင်ကျပ်လို ရောဂါတွေကိုလည်း ပိုဆိုးစေပါတယ်။ ပန်းနာရင်ကျပ်လူနာတွေက နဂိုတည်းက လေပြွန်ရောင်ရမ်းနေတာ ဖြစ်တဲ့အတွက် ပူနွေးတဲ့လေက ရင်ကျပ်ပိုဆိုးစေပါတယ်။

    နွေရာသီမှာ ဖုန်ထတဲ့အတွက် လေထုညစ်ညမ်းပါတယ်။ ဒါကလည်း အဆုတ်ရောဂါကို ပိုဆိုးစေတဲ့ အကြောင်းတစ်ချက်ပါပဲ။

    • အေးမြခြောက်သွေ့တဲ့ ရာသီဥတု

    ဆောင်းတွင်းလိုမျိုး အေးမြခြောက်သွေ့တဲ့ ရာသီဥတုကလည်း အဆုတ်အတွက် ခြိမ်းခြောက်စရာ တစ်ခုပါ။ အေးတဲ့လေက ခြောက်တဲ့လေ ဖြစ်တဲ့အတွက် နာတာရှည် အဆုတ်ရောဂါရှိသူတွေအတွက် နေရထိုင်ရ ခက်စေပါတယ်။ ခြောက်သွေ့တဲ့ လေက လေပြွန်ကို ကသိကအောက်ဖြစ်စေတဲ့အတွက် ရောင်ရမ်းပြီး တရွှီရွှီမြည်တာ၊ ချောင်းဆိုးတာ၊ မောတာတွေ ဖြစ်တတ်ပါတယ်။

    ဒါ့ပြင်  ဆောင်းတွင်းမှာ အအေးမိ၊ တုပ်ကွေး စတာတွေလည်း ဖြစ်တတ်တဲ့အတွက် နှာစေး၊ ချောင်းဆိုး ဖြစ်တတ်ပါသေးတယ်။ ပန်းပွင့်တဲ့ ရာသီဖြစ်တဲ့အတွက် ဝတ်မှုန်တွေကြောင့် အလာဂျီထ ချောင်းဆိုးတာလည်း ဖြစ်နိုင်ပါတယ်။

    ရာသီဥတု အကူးအပြောင်းမှာ ချောင်းဆိုးပြီဆိုရင်

    ရာသီဥတု အကူးအပြောင်းမှာ ချောင်းဆိုးပြီဆိုရင် ရာသီဥတုကြောင့် ရောဂါတွေ ပြန်ထတာ ဖြစ်နိုင်သလို အအေးမိ၊ တုပ်ကွေး စတဲ့ ဗိုင်းရပ်စ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဆောင်းတွင်းမှာပါ။

    သာမန်အအေးမိ၊ တုပ်ကွေးဆိုရင် ကိုယ်ခံအား ကောင်းအောင်နေ၊ အဖျားကျဆေး၊ ချောင်းဆိုးပျောက်ဆေး၊ နှာစေးပျောက်ဆေးတွေ သောက်ရင် သက်သာသွားနိုင်ပါတယ်။

    ရောဂါဟောင်းပြန်ထတာဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းပြသပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူဖို့ လိုပါတယ်။

    လက်ရှိမှာ ကိုဗစ်လည်း ရှိနေသေးတာ ဖြစ်တဲ့အတွက် လက္ခဏာတွေ တော်တော်များများ တိုက်ဆိုင်နေရင် ကိုဗစ်ကိုလည်း မမေ့မလျော့ စစ်ကြည့်ဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    24/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement