ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ဘက်တီးရီးယားဆိုတိုင်း ဆိုးသလား။ ။

ဘက်တီးရီးယားလို့ ဆိုလိုက်တာနဲ့ လူတွေကို ဒုက္ခပေးတဲ့ ရောဂါပိုးတွေအဖြစ် မှတ်ထားကြတာများပါတယ်။ လူတွေ မှတ်ထားကြသလိုပဲ ဘက်တီးရီးယားတိုင်းက ဆိုးတာလား။ ဘက်တီးရီးယားတိုင်းက မဆိုးပါဘူး။ ဥပမာပြောရရင် စစ်တပ်နဲ့ တောခိုနေတဲ့ သူပုန်တွေလိုပေါ့။ နှစ်ဘက်လုံးကတော့ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်နေပေမယ့် တစ်ဘက်က တိုင်းပြည်ကို အကျိုးပြုတာ တစ်ဘက်ကဆိုးကျိုးတွေပေးတာ။ နောက်ဆုံးကျ သူတို့ပဲ အချင်းချင်းပြန်တိုက်ရတာပဲ။ ဆိုးတဲ့ ဘက်တီးရီးယားတွေဆိုတာ ကိုယ်ခန္ဓာပြင်ပက ဘက်တီးရီးယားတွေကို ပြောတာပါ။ အပြင်က ဝင်လာတာမဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာ နဂိုတည်းက ရှိနေတဲ့ ဘက်တီးရီးယားတွေရှိပါတယ်။ သူတို့ကတော့ အကျိုးပြု ဘက်တီးရီးယား ( Probiotics) တွေပါ။ အပြင်က ဝင်လာတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ဖို့ သူတို့က တာဝန်ယူရပါတယ်။ ကိုယ်တွင်းစစ်တပ်ကြီးပေါ့။ အကျိုးပြု ဘက်တီးရီးယား ( Probiotics) ဆိုတာဘာလဲ ။ ။ အကျိုးပြု ဘက်တီးရီးယား ( […]


ကလေးငယ်အာဟာရ

မိဘတွေသတိမထားမိတဲ့ ကလေးတွေနဲ့အချိုစာတွေရဲ့ အန္တရာယ်

အချိုမကြိုက်တဲ့ကလေးဆိုတာ မရှိပါဘူး။ သကြားလုံးနဲ့ ထမင်းဆို ကလေးတွေ ဘယ်ဟာကို ပိုရွေးကြမယ်လို့ထင်ပါသလဲ။ ကလေးတွေ အစားစားရင်ပြီးရော။ ဘာစားတာလဲက အရေးမကြီးဘူး။ စားဖြစ်ဖို့က အရေးကြီးတယ်လို့ ဆိုတဲ့ မေမေတို့ အချိုက ကလေးတွေ အတွက် ဘယ်လိုပြဿနာတွေ ဖြစ်စေနိုင်သလဲဆိုတာ သိပြီးပြီလား။ ကလေးတွေ အချိုစားများခြင်းေကြာင့်ဖြစ်နိုင်တဲ့ အန္တရာယ် ။ ။ ၁ ။ သွားပိုးစားမယ်၊ သွားတွေ ပျက်စီးလာမယ် ။ ။ ချိုတဲ့မုန့်တွေ စားတာများတဲ့ကလေးတွေရဲ့ သွားလေးတွေ အကောင်းဖြစ်နေတာရှားပါတယ်။ ကျိုးရင်ကျိုး မကျိုးရင် သွားပိုးစားနေတာချည်းပဲ။ အချိုကိုကြိုက်တာ ကလေးတွေတင်မဟုတ်ပါဘူး။ ခံတွင်းထဲက ဘက်တီးရီးယားတွေကလည်း အချိုဆို အလွန်ကြိုက်ကြပါတယ်။ ဒီတော့ အချိုများများစားလေ ဘက်တီးရီးယားတွေ ပျော်လေလေ သွားနဲ့ခံတွင်း ပျက်စီးလေလေပါ။ ဒီတော့ သကြားလုံး၊ အအေး၊ ဖျော်ရည်တွေ ကလေးကို လျှော့ကျွေးပါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး နေမကောင်းဖြစ်နေလားဆိုတာကို ဒီအချက်တွေနဲ့သိနိုင်ပါတယ်နော်

အိမ်မှာ ဘေဘီလေးတစ်ယောက်ရောက်လာရင်ပျော်စရာတွေများသလို သူ့အတွက်စိုးရိမ်ပူပန်ရတာတွေကလည်း အများသား။ ငိုရင်လည်း ဘာလို့ ငိုတာလဲ၊ အိပ်နေရင်လည်း နေများမကောင်းဘူးလားဆိုပြီးတော့ပေါ့။ ဒီတစ်ခေါက်တော့ စိုးရိမ်တတ်တဲ့မေမေဖေဖေတွေ ဘေဘီလေးရဲ့ ကျန်းမာရေးကို ကိုယ်တိုင်စောင့်ရှောက်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေပြောပြပေးမယ်နော်။ ကလေးရဲ့ ကျန်းမာရေးကို ဒီအချက်တွေနဲ့သိနိုင်ပါတယ် ကလေးရဲ့ ကျန်းမာရေးကိုသိနိုင်တဲ့ အချက်တွေကတော့ အများကြီးပါ။ ဒီအချက်တွေထဲမှာမှ အခုအချက်ကလေးတွေကို သိရုံနဲ့တင်ကလေးကနေကောင်းရဲ့လားဆိုတာကို သိနိုင်မှာပါ။ ခန္ဓာကိုယ်အပူချိန် နှလုံးခုန်နှုန်း အသက်ရှူနှုန်း (၁) ခန္ဓာကိုယ်အပူချိန်ကလေးက ပုံမှန်ကိုယ်အပူချိန်ထက်ပိုများနေပြီဆိုရင် အဖျားရှိနေတာပါ။ ဒါက ခန္ဓာကိုယ်က ကူးစက်ရောဂါပိုးတွေကို တိုက်ထုတ်နေတယ်ဆိုတဲ့ အဓိကလက္ခဏာတစ်ရပ်ပါ။ ကလေးတစ်ယောက်က ပုံမှန်အနေနဲ့ ပါးစပ်ကနေ အပူချိန်တိုင်းကြည့်ရင် ၉၈.၆ ဒီဂရီဖာရင်ဟိုက်ရှိရမှာဖြစ်ပြီး စအိုကနေတိုင်းကြည့်မယ်ဆိုရင် အပူချိန်က ၉၉.၆ ဒီဂရီဖာရင်ဟိုက်ရှိရမှာဖြစ်ပါတယ်။ ပါးစပ်ကနေတိုင်းတဲ့အပူချိန်က ၉၉.၅ ဒီဂရိဖာရင်ဟိုက်ထက်များနေမယ်။ စအိုကနေတိုင်းကြည့်တဲ့အခါ အပူချိန်က ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်ဆိုရင်တော့ ကလေးကဖျားနေပါပြီ။ကလေးကိုအပူချိန် ဘယ်လိုတိုင်းမလဲကလေးကို စအိုကနေအပူချိန်တိုင်းမယ်ဆိုရင်တော့ […]


ကလေးငယ်ပထမနှစ်

ဘေဘီလေးတွေမှာရှိသင့်တဲ့ နှလုံးခုန်နှုန်း

နှလုံးခုန်သံကို စည်းချက်မှန်မှန်လေးကြားနေရတာက စိတ်ချမ်းသာစရာပါနော်။ အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ တစ်မိနစ်မှာ နှလုံးခုန်နှုန်းက ၆၀ ကနေ ၁၀၀ အတွင်းရှိပါတယ်။ ကလေးတွေကလူကြီးတွေထက် နှလုံးခုန်နှုန်း ပိုမြန်တယ်ဆိုတာက ကြားရတာ အံ့သြစရာကောင်းပေမယ့် တကယ့်ကို အမှန်ပါ။ ကလေးလေးတွေက အသက်အရွယ်ကိုလိုက်ပြီး နှလုံးခုန်နှုန်းကွာခြားပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ နှလုံးခုန်နှုန်းကဖြည်းဖြည်းချင်းကျဆင်းသွားမှာပါ။ ကလေးတစ်ယောက်မှာရှိသင့်တဲ့ နှလုံးခုန်နှုန်း ကလေးလေးတွေရဲ့ နှလုံးခုန်နှုန်းကို သိထားတာကမိဘတွေအတွက် မလိုအပ်ဘဲ စိတ်ပူတာမျိုးမဖြစ်စေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့မေမေဖေဖေတို့ အနေနဲ့ မလိုအပ်ဘဲ စိတ်ပူတာမျိုးမဖြစ်စေဖို့အတွက်ဘေဘီလေးတွေမှာရှိသင့်တဲ့ နှလုံးခုန်နှုန်းအကြောင်းပြောပြပေးချင်ပါတယ်နော်။ ဘေဘီလေးတွေရဲ့ နှလုံးခုန်နှုန်းက အရွယ်ရောက်ပြီးသူတွေထက်ပိုများပါတယ်။ ကလေးကပြေးလွှားဆော့နေမယ်၊ ငိုနေမယ်၊ လှုပ်ရှားမှုတစ်ခုခုလုပ်နေချိန်မှာ နှလုံးခုန်နှုန်းက သာမန်ထက်ပိုမြန်နိုင်ပါတယ်။ အိပ်စက်နေချိန်မှာတော့ နှလုံးခုန်နှုန်းက ကျနေနိုင်ပါတယ်။ ဒါတွေက ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတာမို့ စိုးရိမ်စရာမလိုပါဘူး။ အသက်အရွယ်အလိုက်ရှိသင့်တဲ့ နှလုံးခုန်နှုန်း မွေးစကနေ ၃ လအထိ နားနေချိန်မှာရှိသင့်တဲ့ နှလုံးခုန်နှုန်း တစ်မိနစ်ကို ၁၄၃ ကြိမ် […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မေမေ သံပုရာရည် သောက်လို့ရလား

မေမေတို့အနေနဲ့ဘေဘီလေးကိုနို့တိုက်ချိန်မှာ အမြဲလိုလိုစဉ်းစားတွေးပူတာတစ်ခုရှိတယ်။ ဒါကတော့ ငါ ဒါကိုစားလိုက်ရင် ကလေး ဗိုက်များနာမလား။နေထိုင်မကောင်းများဖြစ်မလားပေါ့။ ဒီတစ်ခေါက်တော့ကလေးကိုနို့တိုက်နေလို့ သံပုရာရည် ​သောက်လို့ရပါ့မလားလို့တွေးပူနေတဲ့မေမေတို့အတွက် ဒီဆောင်းပါးလေးကိုရေးရတာပါ။မေမေက သံပုရာရည်သောက်လို့ ကလေးက နို့အချဉ်မပေါက်ဘူးနော်။ သံပုရာရည်မှာပါတဲ့ အာဟာရဓါတ်တွေက သံပုရာရည်မှာ Riboflavin ဗီတာမင် စီ (Vitamin C) ကယ်လ်ဆီယမ် ဗီတာမင် ဘီ (Vitamin B) Phosphorous ကာဗိုဟိုက်ဒရိတ် ပရိုတင်း မဂ္ဂနီဆီယမ်တို့ကြွယ်ဝစွာပါဝင်တာကြောင့်မေမေတို့အနေနဲ့ နို့ချိုတိုက်ကျွေးနေရချိန်မှာ သံပုရာရည်သောက်ပေးတာကမေမေရောဘေဘီလေးအတွက်ပါ ကျန်းမာရေးကောင်းစေပါတယ်နော်။ နို့တိုက်မေမေ သံပုရာရည် သောက်လို့ရတယ်ဆိုတဲ့ အထောက်အထားတွေ နို့ထွက်များစေတယ် နို့တိုက်နေချိန်မှာ သံပုရာရည်သောက်တာက ခန္ဓါကိုယ်ကို ရေဓါတ်ြဖည့်ပေးသလို လန်းဆန်းစေနိုင်ပါတယ်။ ကလေးကိုလည်း နို့ကောင်းကောင်းထောက်ပံ့ပေးနိုင်ပါတယ်။ ကလေးကို အစာခြေစနစ်ကျန်းမာစေနိုင်ပါတယ် သံပုရာရည်က အစာခြေစနစ်ကို ကျန်းမာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် နို့တိုက်မေမေက သံပုရည်သောက်ပေးမယ်ဆိုရင် ကလေးမှာရောမေမေ မှာပါလေပွတာ၊ ဝမ်းချုပ်တာ၊လေထိုးလေအောင့်တာဖြစ်တာအပါအဝင် အစာခြေစနစ်ဆိုင်ရာပြဿနာတွေကို ပါကင်းစေနိုင်ပါတယ်။ နို့မှာပါတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ် နို့တိုက်မေမေ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးတွေ ဖုန်းအသုံးများ ခြင်းနဲ့ ဦးနှောက်ဉာဏ်ရည်ထိခိုက်မှု

ခေတ်ဆိုတာလည်း အဆန်းသားဗျ။ ကျွန်တော်တို့ ကလေးဘဝတုန်းက အားလပ်ချိန်ဆိုတာနဲ့ အပြင်ထွက်ပြီး ဘောလုံးကန်မယ်၊ စာအုပ်ဖတ်မယ်၊ လူကြီးတွေနဲ့ လျှောက်လည်မယ်၊ မုန့်စားမယ်၊ ဒါတွေလောက်ပဲ ရှိခဲ့တာလေ။ အိုင်တီခေတ်လို့ ခေါ်တဲ့ ဒီဘက်ခေတ်ကြီးထဲမှာ ကလေးတွေကို ကြည့်လိုက်တာနဲ့ ဖုန်းအသုံးများ ပြီး တီဗီ၊ ကွန်ပျူတာရှေ့မှာ ထိုင်ပြီးတော့ပဲ အချိန်ကုန်နေတတ်တာကိုတွေ့ရပါတယ်။ အရင်တုန်းကဆို ကျွန်တော်တို့ အရမ်းဆော့လွန်းလို့ လူကြီးတွေကတောင် မဆော့ပါနဲ့၊ စာလုပ်ပါလို့ ဆူပူခဲ့ရတဲ့ ခေတ်ကနေ အပြင်ထွက်ကစားပါဆိုပြီး ကလေးကို ပြန်ပြောရတဲ့ ခေတ်ကို ဆယ်စုနှစ်လေး အနည်းငယ်အတွင်းမှာ ရောက်သွားတာ အံ့သြစရာပါပဲ။ ကောင်းတဲ့ နေရာက ကြည့်ရင် ဒီလိုနည်းပညာတွေ တိုးတက်လာတော့ ကလေးတွေလည်း ရှာဖွေချင်တဲ့ အရာတွေ လွယ်လွယ်ကူကူရှာဖွေလို့ ရတယ်၊ အချိန်ကုန်၊ လူပင်ပန်း မဖြစ်တော့ဘူးပေါ့။ မကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင် ဖုန်းအသုံးများ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေမှာဖြစ်တဲ့ အသားပို

ဘေဘီလေးကို မွေးဖွားလာချိန်မှာ အပိုတွေ မလိုချင်သလို လိုအပ်ချက်လည်း မရှိစေဘဲ စင်းလုံးချော မွေးလာစေချင်တာက မေမေတိုင်းရဲ့ အဖြစ်ချင်ဆုံး ဆန္ဒပါ။ ဒါပေမယ့် ဆုတောင်းတိုင်း ပြည့်ရမယ်လို့ တထစ်ချ သတ်မှတ်ထားတာမျိုး မရှိဘူးလေ။ တစ်ခါတလေမှာ လိုအပ်ချက် ပါလာတာ ဖြစ်နိုင်သလို တစ်ခါတလေမှာ မလိုချင်ဘဲ အပိုလေးတွေ ပါလာတတ်ပါတယ်နော်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတို့မှာ အပို ပါလာတတ်တဲ့ ဘေဘီလေးတွေမှာဖြစ်တဲ့ အသားပို လေးတွေအကြောင်း ပြောရအောင်လား။ အသားပို ဆိုတာ ဘေဘီလေးတွေမှာဖြစ်တဲ့ အသားပို ဆိုတာက ပျော့အိအိ အသားလုံးလေးတွေပါ။ ကင်ဆာကျိတ် မဟုတ်သလို၊ အဖေုအကျိတ်တွေလည်း မဟုတ်ပါဘူး။ အာရုံခံဆဲလ်တွေ၊ အဆီဆဲလ်လေးတွေ၊ အသားမျှင်လေးတွေ ပါဝင်နေတတ်ပါတယ်။ ခပ်ပြားပြား ပုံစံကနေ အလုံးလေးတွေ အထိ ပုံစံ အမျိုးမျိုးနဲ့ ရှိနိုင်ပါတယ်။ အချို့က အရွယ်အစား […]


ကလေးအစာခြေစနစ်ပြဿနာများ

ဝမ်းလျှောပြီးခါစ ကလေးတစ်ယောက် ပြန်အားရှိလာအောင် ဘယ်လိုပြုစုရမလဲ။ ။

ဝမ်းလျှောတယ်ဆိုတဲ့ ပြဿနာဟာ ဖြစ်တဲ့ လူတိုင်းကို အားပြတ်သွားစေတတ်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ လူကြီးတွေကိုတောင် တော်တော်ခံစားရစေတာ နုနယ်တဲ့ ကလေးတွေမှာဆို ပိုလို့တောင် ဆိုးဝါးစွာ ထိခိုက်စေတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ ဝမ်းလျှော နေတဲ့ အချိန်တွင်းမှာ ကလေးတွေကို ဂရုစိုက်ဖို့ အရေးကြီးသလို လူကြီးတွေထက် ခုခံအားနည်းတဲ့ကလေးတွေမှာ ဝမ်းလျှောပြီးနောက်ပိုင်း ပြုစုရတဲ့ အပိုင်းကလည်း အင်မတန်မှ အရေးကြီးလှပါတယ်။ ဒါတွေ အတွက် တာဝန်အရှိဆုံးကတော့ မေမေတို့လို့ ပြောရမှာပဲ ။ ဒီတော့ ဘယ်လိုကျွေး ဘယ်လိုတွေ ပြုစုရမလဲ ။ ။ သန့်ရှင်းကျန်းမာတဲ့ အစားအသောက်တွေ ကျွေးပါ။ ဝမ်းလျှောခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကတော့ အစားအသောက် တွေ မသန့်ရှင်းလို့ ဖြစ်ရတာဆိုတော့ ဒီလို ထပ်မဖြစ်အောင် ကလေးကို ကျွေးမယ့် အစားအသောက်တွေကို သန့်သန့်ရှင်းရှင်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ ကြို့ထိုးတဲ့အခါ

ကလေး ကြို့ထိုးနေပြီ။ ဘာလုပ်ရ မလဲ၊ နို့တိုက်လိုက်လေ ဆိုတာက အမြဲလိုလို ကြားနေရတယ်နော်။ နောက်တစ်ခု ရှိသေးတယ် ကလေးရဲ့ အင်္ကျီမှာ ထွက်နေတဲ့ ချည်စလေးကိုမေမေ ဒါမှမဟုတ် ဖွားဖွားက ဝါးပြီး ကလေး နဖူးမှာ ကပ်လို့ ကြို့ခမဲ ပေးလိုက်တာလေ။ ဒါက တကယ်ပဲ သက်သာသွားတာလား။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေ ကြို့ထိုးတဲ့အခါ ဘာလုပ်လို့ လုပ်ပေးရမှန်း မသိဘူးဆိုတဲ့ မေမေတို့ အတွက် နည်းလမ်းကောင်းလေးတွေ ပြောပြပေး ပါရစေနော်။ ဒါတွေကြောင့်ဘေဘီလေးကြို့ထိုးရတာပါ ဒီအချက်တွေကြောင့် ဘေဘီလေး ကြို့ထိုးနိုင် ပါတယ်။ အစားစားရင်း ဒါမှမဟုတ် နို့သောက်ရင်း လေတွေ မျိုချမိတာ တစ်ခုခုကို လန့်သွားတဲ့ အခါမျိုး စိတ်ဖိစီးတဲ့ အခါမျိုး အစားတွေ အများကြီး စားမိတဲ့ အခါမျိုး အစား စားတာကို […]


ကလေးသွားကျန်းမာ​ရေး

ကလေးတွေမှာ ဖြစ်တဲ့ သွားဖုံးရောင်ခြင်း

သွားဖုံးရောင်တယ်ဆိုတာ လူကြီးတွေမှာပဲဖြစ်တတ်တာမဟုတ်ပါဘူး။ ကလေးတွေမှာလည်း သွားဖုံးရောဂါခံစားရတတ်ပါတယ်။ သူတို့လေးတွေမှာဖြစ်လာတဲ့အခါ သွားဖုံးမှာနီမြန်းလာပြီး အထိမခံနိုင်၊ရောင်ရမ်းလာပါတယ်။ ကလေးမှာဝေဒနာခံစားရပြီဆို မိဘတွေအနေနဲ့လည်းဆေးခန်းပြ၊ဆေးတိုက်ပေမယ့် ဘယ်လိုသက်သာအောင်လုပ်ပေးရမလဲ ပူပန်စိတ်တွေများရပါတယ်။ ဒီလိုအချိန်မှာဝေဒနာကိုသိတာနဲ့တတ်နိုင်သလောက်အမြန်ဆုံးကုသမှုခံယူတာကောင်းပါတယ်။ သွားဖုံးရောင်ရာကနေရောဂါပိုးဝင်တာတွေ ဆက်ဖြစ်နိုင်တာမို့စောစောကုသစောင့်ရှောက်မှုပေးဖို့အရေးကြီးပါတယ်။ သွားဖုံးရောင်ခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုက ခံတွင်းမသန့်ရှင်းမှုကြောင့်ဖြစ်တာမို့ ကလေးတွေကို သွားမှန်မှန်တိုက်ပေးဖို့နဲ့ ခံတွင်းသန့်ရှင်းဖို့ ဂရုစိုက်ပေးသင့်ပါတယ်။ သွားဖုံးရောင်နေတဲ့ကလေးတွေမှာ သွားတိုက်ပုံမှန်ကန်ဖို့၊ ခပ်ကြမ်းကြမ်းမတိုက်ဖို့လည်းလိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကုသဖို့ရော၊ ကြိုတင်ကာကွယ်ဖို့ရောကောင်းကောင်းလုပ်နိုင်ဖို့က သွားဖုံးရောင်စေတတ်တဲ့အကြောင်းရင်းတွေကို သိထားမှဖြစ်မှာပါ။ ကလေးသွားဖုံးရောင်ေစတဲ့ အကြောင်းရင်းများ ခံတွင်းမသန့်ရှင်းခြင်းအပြင် သွားဖုံးရောဂါဖြစ်စေတဲ့တခြားအကြောင်းရင်းတွေက - ဗီတာမင် စီ ချို့တဲ့ခြင်း လူကြီးတွေအတွက် တစ်နေ့တာ ဗီတာမင်စီ ၉၀ မီလီဂရမ်လိုအပ်ပြီး ကလေးတွေအတွက်က ၇၀ မီလီဂရမ်လိုအပ်ပါတယ်။ ဒါပေမယ့် အချဉ်ကြိုက်တဲ့ကလေးနည်းတယ်၊ ဗီတာမင်စီများတဲ့အစားအစာတွေလည်း လုံလောက်အောင်စားမိဖို့မလွယ်ဘူး(မိဘကသေချာ မစီစဉ်ပေးနိုင်ရင်)၊ ကျန်းမာရေးနဲ့ညီတဲ့တခြားသရေစာတွေကို ပိုမက်တယ် စတာတွေကြောင့် တစ်နေ့တာလိုအပ်ချက်ကို မပြည့်နိုင်တာများပါတယ်။ ဗီတာမင်စီ ချို့တဲ့ရင်ဖြစ်တဲ့scurvy ေရာဂါကို ကလေးတွေနဲ့သက်ကြီးပိုင်းတွေမှာ ပိုအဖြစ်များပါတယ်။scurvy ြဖစ်နေတဲ့ကလေးတွေမှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း