ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် မိဘတွေဘက်ကဘာလုပ်ပေးရမလဲ

မိဘတိုင်းက ကိုယ့်ရင်သွေးတွေ ကျန်းမာဖို့၊ ကြီးထွားသန်မာဖို့၊ ညဏ်ကောင်းဖျတ်လတ်ဖို့ ဆိုပြီး အဖို့ဖို့တွေ များစွာနဲ့ သူတို့လေးတွေအတွက် ကောင်းတဲ့အရာရာတိုင်းကို ဖြစ်စေချင်ကြတဲ့သူချည်းပါပဲ။ ကိုယ့်ကလေးကို မပျော်စေချင်တဲ့ မိဘ၊ ညဏ်ထိုင်းစေချင်တဲ့မိဘ ဘယ်မရှိမလဲနော်။ ဒီလို ဥာဏ်ကောင်းပျော်ရွင်တဲ့ ကလေးတွေ ဖြစ်ဖို့ မိဘတွေရဲ့ ပျိုးထောင်မှု၊ ပြုစုစောင့်ရှောက်မှုတွေ က နံပါတ်၁ ထိပ်ဆုံးနေရာက ရပ်တည်နေပါတယ်။ ဒါ့ကြောင့် ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် မိဘတွေဘက်ကဘာလုပ်ပေးရမလဲ ဆိုတာကို ဝေမျှပေးချင်ပါတယ် ။ ။ ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် မိဘတွေဘက်ကဘာလုပ်ပေးရမလဲ ၁ - မျှတပြည့်ဝတဲ့ အာဟာရသည်သာ အရေးအကြီးဆုံးပါ ။ ။ အစားအသောက်တွေဆိုတာ ကိုယ်ခန္ဓာကြီးထွားဖို့အတွက်သာမဟုတ် ဉာဏ်ရည်ဖွံဖြိုးမှုနဲ့လည်း တိုက်ရိုက်ဆက်စပ်နေတဲ့ အရာတစ်ခုပါ။ ဒါ့ဆို ဉာဏ်ကောင်းထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ပျိုးထောင်ပေးတဲ့နေရာမှာ ဘယ်လို အာဟာရဓာတ်တွေ ပါတဲ့ အစားအသောက်တွေကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကို အမြင်အာရုံ ကောင်းစေမယ့် အာဟာရဓာတ် ။ ။

ကလေးကို အမြင်အာရုံ ကောင်းစေမယ့် အာဟာရဓာတ် တွေက ဘာတွေဖြစ်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ကလေးဆိုပြီး အမြင်စူးရှမှာပဲ လို့ မထင်လိုက်ပါနဲ့။ ငယ်ငယ်လေးနဲ့ မျက်စိမှုန်လို့ မျက်မှန်တပ်ရတဲ့ ကလေးတွေလည်းရှိပါတယ်။ ဘာကြောင့်ငယ်ငယ်လေးနဲ့ မျက်စိမှုန်ရတာလဲ ။ ။ ငယ်ငယ်လေးနဲ့ မျက်စိမှုန်ရတဲ့ အကြောင်းရင်းတွေကတော့ ကလေးတွေ တီဗီအကြည့်များတာ၊ မီးအလင်းရောင်သိပ်မကောင်းတဲ့နေရာမှာ စာဖတ်တာ ဖုန်းကို မျက်လုံးနဲ့ နီးနီးကပ်ကပ်အသုံးပြုလွန်းတာ၊ မွေးရာပါအမြင်အာရုံချို့ယွင်းတာ၊ နဲ့ မျိုးရိုးဗီဇကြောင့် ကလေးတွေမှာ မျက်စိမှုန်နိုင်ပါတယ်။ ခုခေတ်ဆို ပိုဆိုးတာပေါ့။ အရင်ကလို ပြေးလွှားကစားတာမျိုးမရှိတော့ဘဲ ကျောင်းဆင်းပြီဆိုတာနဲ့ အိမ်တွင်းအောင်းပြီး ဂိမ်းဆော့၊ အင်တာနက်သုံးတဲ့ခေတ်ဆိုတော့ အမြင်အာရုံချို့ယွင်းစေတဲ့ လမ်းတွေ အများကြီးပေါ့ ။ ကလေးဆိုတာ ငယ်သေးတော့ ခုန်ပေါက်ကစားချင်တယ်၊ ဂိမ်းဆော့ချင်တယ်၊ ပြေးပြေးလွှားလွှား လုပ်ချင်တယ်ဆိုတော့ ဘယ်သူမှ မျက်မှန်မတပ်ချင်ကြပါဘူး။. အခန်းထဲမှာ သူငယ်ချင်းက မျက်မှန်မတပ်ဘဲ […]


ကလေးငယ်အာဟာရ

ကလေးတွေ အစာ ကျွေးရခက်တာကို ဘယ်လို ဖြေရှင်းကြမလဲ

ကလေးမိဘတွေရဲ့ အဖြစ်ချင်ဆုံးဆန္ဒကို ပြောပါ ဆိုရင်တော်တော်များများကတော့ မိမိကလေးအစားကျွေးရလွယ်စေချင်တာပါပဲ။ တကယ့် တကယ်တမ်းလည်း ကလေးကို အစာကျွေးတဲ့နေရာ နည်းစနစ်မကျရင် အချိန်ကုန်လူပင်ပန်းပြီး အရာမယွင်းတာတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ အောက်ပါ အချက်အလက်လေးတွေသတိထားသင့်ပါတယ်။ ကလေးတွေကို ကိုယ်တိုင်စားခိုင်းခြင်း - တစ်ခါတစ်လေ ကလေးတွေကို ခွံ့ကျွေးတာမလုပ်ဘဲ သူတို့လက်နဲ့ ကိုယ်တိုင်စားတတ်တဲ့အကျင့်လေး လုပ်ပေးဖို့လိုပါတယ်။ အဲ့လိုကျွေးရင် ပိုဆိုးတယ်၊ ပိုကြာတယ် ဆရာ ဆိုပြီး ပြန်ပြောပြတာလေးတွေ ခဏခဏ တွေ့ရပါတယ်။ ကိုယ်တိုင်စားခိုင်းတယ်ဆိုပေမယ့် ဘေးနားမှ အမေတို့ အဖေတို့ကတော့ ရှိသင့်ပါတယ်။ ကိုယ့်ဟာကိုယ် စားပါစေဆိုပြီး လုံးဝကို တစ်ယောက်တည်းထားပြီး စားခိုင်းရင်တော့ အမေတို့ အဖေတို့ ပြန်ပြောပြသလို အရမ်းကြာပြီး မကုန်တတ်ပါဘူး။ ရှင်းပြခြင်း  - ကလေးတွေက စူးစမ်းလေ့လာ သင်ယူနေဆဲကာလဖြစ်တဲ့ အတွက် သူတို့စားနေတဲ့ အစားအစာ၊ မုန့်တွေကို ဘာတွေပါတယ်၊ ဒါတွေ […]


ကလေးအစာခြေစနစ်ပြဿနာများ

လေနာနဲ့ ဝမ်းပြဿနာများကို ဖြေရှင်းပေးနိုင်မယ့် အကျိုးပြုဘက်တီးရီးယား

ကိုယ်ကျန်းမာစိတ်ချမ်းသာပါစေဆိုတဲ့ ဆုတောင်းပြည့်ပြီလား။ ဒီဆုက လူတိုင်းလိုလားကြမယ်ထင်တယ်နော်။ ကိုယ်တိုင်ကျန်းမာပြီး ချစ်ရတဲ့မိသားစုဝင်တွေနဲ့ကျန်းကျန်းမာမာနေနိုင်ဖို့က အမျှော်လင့်ဆုံးဆုတစ်ခုမဟုတ်ဘူးလား။ ဖေဖေမေမေတို့ကို ကျန်းမာစေချင်တယ်။ မမ၊ ကိုကို၊ မောင်လေး၊ ညီမလေးတွေနဲ့ ချစ်ရသူ၊နောက်ဆုံး ကိုယ်မွေးထားတဲ့သားသားမီးမီးလေးတွေအထိ ကျန်းမာစေချင်တဲ့ဆန္ဒမရှိဘူးဆိုတဲ့သူက ရှားမှာပါ။ ဒီဆုတောင်းလေးပြည့်အောင်ဖြည့်ပေးနိုင်မယ့် နည်းလမ်းလေးတစ်ခုရှိပါတယ်။ ကဲဘာများဖြစ်မလဲ စိတ်ဝင်စားနေပြီလား။ လူတွေနဲ့အတူ နှစ်သန်းပေါင်းများစွာ အတူတည်ရှိလာတဲ့ ဘက်တီးရီးယားလေး။ အခုခေတ် လူသားတွေရယ်လို့မဖြစ်လာသေးခင် လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာ လူသားတွေရဲ့ ဘိုးဘွားဘီဘင်ခေတ်ကတည်းက လူသားဖြစ်လာမယ့်သူတွေနဲ့အတူ တည်ရှိလာခဲ့တဲ့ အကျိုးပြုဘက်တီးရီးယားလေးရဲ့ နာမည်ကတော့ Lactobacillus reuteri (L. reuteri) လို့ခေါ်ပါတယ်။ သူက လူသားတွေရဲ့ အူလမ်းကြောင်းတလျှောက်မှာနေထိုင်ပြီး ကျန်းမာအောင်စွမ်းဆောင်ပေးပါတယ်။ ဒီအကျိုးပြုဘက်တီးရီးယားကို အရွယ်သုံးပါးစလုံးလိုအပ်ပါတယ်နော်။ ဒီလိုပြောလို့ ထူးဆန်းသွားပေမယ့် ဒီအကျိုးပြုဘက်တီးရီးယားတွေကနေ့စဉ်စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာပါဝင်နေပါတယ်။ ဒီအာဟာရဓာတ်က အစာခြေစနစ်အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကိုကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။ ဘက်တီးရီးယားဆိုတာနဲ့ မကောင်းတာလုံးဝမဟုတ်ပါဘူးနော်။ အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ အကျိုးပြုဘက်တီးရီးယားတွေ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးတွေမှာဖြစ်တတ်တဲ့ အစာခြေပြဿနာတွေကို ဖြေရှင်းပေးမယ့် သူရဲကောင်း

ကလေးကလည်း ဂျစ်ကျလိုက်တာ တစ်ချိန်လုံးငိုနေတယ်။ တစ်ခုခုကျွေးရင်လည်း မစားဘူးချည်းပဲငြင်းနေတယ်၊ စိတ်ညစ်လိုက်တာ ဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ညည်းမိနေပြီလား။ ဒါဆိုရင်တော့ စိတ်မညစ်ပါနဲ့နော်။ ဒီဆောင်းပါးလေးကနေပြဿနာရဲ့ အဖြေကိုထုတ်ပေးပါမယ်။ ကလေးက ဘာကြောင့် ဂျီကျရတာလဲ ကလေးတစ်ယောက်က အလကားနေရင်းတော့ ဂျစ်ကျမနေပါဘူး။ စကားမပြောတတ်သေးတဲ့အရွယ်၊ ကိုယ်ဖြစ်နေတာကို ဘာရယ်လို့တိကျရှင်းလင်းအောင် မပြောနိုင်သေးတဲ့ ကလေးတစ်ယောက်အဖို့ ခံစားရတဲ့ဝေဒနာကိုပြသတဲ့နည်လမ်းက ငိုတာနဲ့မို့ ကလေးက ဂျစ်ကျနေသလိုဖြစ်နေရတာပါနော်။ ကလေးက ကိုယ်မှမပူတာ ဘာမှမဖြစ်ဘူးလို့မထင်လိုက်ပါနဲ့နော်။ ကိုယ်ပူမှ၊ ဖျားနေမှ ကလေးက ဂျီကျတာမဟုတ်သလို ဒီလက္ခဏာတွေရှိမှ ကလေးကနေမကောင်းဖြစ်နေတယ်၊လို့ပြောလို့ရတာမဟုတ်ပါဘူး။ ကလေးတွက သူတို့ရဲ့ဗိုက်လေးနေမကောင်းရင်လည်း ဂျီကျတတ်ကြပါတယ်နော်။ ကလေးရဲ့ဗိုက်ကလေးကိုမကျန်းမမာဖြစ်တဲ့အကြောင်းအရင်းတွေများလဲ ကလေးတွေရဲ့ အစာခြေစနစ်က အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး။ အရမ်းနုနယ်သေးပါတယ်။ ဒါကြောင့် အစာမာမာတွေကိုစားလို့မရသလို အစာခြေစနစ်ကျန်းမာစေတဲ့ အာဟာရတွေကိုလည်းပြည့်ဝအောင်စားသုံးဖို့လိုအပ်မှာပါ။ များသောအားဖြင့်တော့ ကလေးရဲ့ဗိုက်ကို မကျန်းမမာဖြစ်စေတဲ့အကြောင်းအရင်းတွေက စားချဉ့်ရည်ပြန်ဆန်တက်တာ လေနာ ဝမ်းပျက်ဝမ်းလျှော အစာမကြေတာ အော့အန်တာ လေထိုးလေအောင့် ဝမ်းချုပ်တာတွေပါ။ ကလေးတွေရဲ့ ဗိုက်ဗိုက်ကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မေမေတို့သိထားရမယ့် DHA အကြောင်း

ကလေးတွေရဲ့ကမ္ဘာမှာမေမေဆိုတာ နတ်သမီးပါပဲ။ မျက်စိနှစ်လုံးပွင့်စတည်းက လိုအပ်တာမှန်သမျှဖြည့်ဆည်းပေး၊ အရိပ်တကြည့်ကြည့်ပြုစုစောင့်ရှောက်ပေးနေတဲ့လိုတရနတ်သမီးပါ။ ကလေးရဲ့ကိုယ်ကျန်းမာမှု၊ ကြီးထွားဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ စတဲ့အရာရာတိုင်းဟာ နတ်သမီးမေမေရဲ့လက်ထဲမှာပါပဲ။ ဒီလိုတာဝန်ကြီးမားတဲ့မေမေတို့အတွက် ကျန်းမာရေးအသိပညာ၊ဗဟုသုတတွေရှိနေဖို့လည်း အရေးကြီးပါတယ်နော်။ ဒါမှ ဖွံ့ဖြိုးဆဲ အရွယ်မှာကလေးအတွက် ဟာကွက်မရှိဖြည့်ဆည်းပံ့ပိုးနိုင်မှာဖြစ်သလို ကျန်းမာပျော်ရွှင်တဲ့ကလေးတစ်ယောက်အဖြစ် ပျိုးထောင်ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးအတွက် မရှိမဖြစ်အရေးကြီးတဲ့ အာဟာရဓာတ်တွေကို မသိထားရင် ဘယ်လိုပြည့်စုံအောင်ဖြည့်ဆည်းပေးနိုင်ပါ့မလဲ။ အာဟာရဓါတ်တွေဆိုတာနဲ့ လူသိများတာက ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေကိုပါ။ အဲဒီထဲမှာ မေမေတို့ အမှတ်တမဲ့မေ့လျော့နေတတ်ကြတဲ့ ဒါမှမဟုတ် မသိသေးတဲ့ ဓာတ်တချို့ကမှ အရေးပါမှုကြီးမားတာမျိုးရှိတတ်ပါတယ်။ ဒီတစ်ခါတော့ ကလေးရဲ့ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးမှုအတွက် ပံ့ပိုးမှုကြီးမားတဲ့ ဓာတ်တစ်မျိုးအကြောင်းမေမေတို့ကိုပြောပြချင်ပါတယ်။ အဲဒါကတော့ DHA လို့ခေါ်တဲ့docosahexaenoic acid အကြောင်းပါပဲ။ DHA ဆိုတာဘာလဲ DHA ဆိုတာက ငါးကြီးဆီမှာပါတတ်တဲ့Omega-3 fatty acid တစ်မျိုးပဲဖြစ်ပါတယ်။Omega-3 fatty acids အမျိုးအစားတွေထဲက အဆီဓာတ်သုံးမျိုး(alpha-linolenic acid (ALA)၊eicosapentaenoic […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအတွက် အရေးပါတဲ့ အာဟာရဓါတ်များ

စစားတတ်ပြီဆိုတာနဲ့ ကလေးကို အစုံတော့ကျွေးနေတာပဲ။ အားဖြစ်စေမယ့်၊ ထွားစေမယ့် အစားအသောက်တွေ စီစဉ်ပေးမယ်၊ အချိန်ဇယားနဲ့ မှန်မှန်ကျွေးမယ်။ ကလေးကို လူကောင်ကြီးလာ၊ ထွားလာ၊ ဝလာအောင်ကျွေးနိုင်ရင် အာဟာရလုံလောက်ပြီထင်နေပါသလား။ လူ့ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်ဆိုတာ အမျိုးစုံ၊ အများကြီးရှိပါတယ်။ အဲဒီထဲက တစ်ခုခုချို့တဲ့လို့ လူကောင်ချည်းပဲထွားလာပြီး ဉာဏ်ရည်ပိုင်းမှာ အားနည်းရှာတဲ့ ကလေးတွေ၊ ထွားနေပေမယ့် အဝလွန်အဆင့်ရောက်သွားတဲ့ကလေးတွေဆို စိတ်မကောင်းစရာပါပဲ။ ကလေးထွားတယ်ဆိုတာ ဝနေတာကို ဆိုလိုတာမဟုတ်ပါဘူး၊ ဝနေတိုင်းလည်း ကိုယ့်ကလေးရဲ့ဖွံ့ဖြိုးမှုနှုန်းက ထိုက်သင့်သလောက်ဖြစ်နေရဲ့လား မသေချာပါဘူး။ ဒါ့ကြောင့် ဗီတာမင်နဲ့သတ္တုဓါတ်တွေအပါအဝင် ကလေးတွေရဲ့ခန္ဓါကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေကို ပမာဏအချိုးညီညီရရှိနိုင်ဖို့ မိဘတွေက စီမံပေးရမှာပါ။ ကျန်းမာစွာနဲ့ဖွံ့ဖြိုးကြီးထွားလာဖို့ အာဟာရဓါတ်ပြည့်ဝအောင် ဂရုစိုက်သင့်ပါတယ်။ ဘာဓါတ်တွေကို ဘာလို့လိုအပ်တာလဲဆိုတာရောမေမေတို့ သိထားကြရဲ့လား။ ဗီတာမင် A အမြင်အာရုံအတွက် အဓိကအရေးပါတဲ့ ဗီတာမင်ဖြစ်ပါတယ်။ အထူးသဖြင့် အရောင်ခွဲခြားနိုင်စွမ်းနဲ့ ညဘက်မြင်နိုင်စွမ်းမှာ ပိုသိသာပါတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးဖွံ့ဖြိုးမှုကို ကူညီပေးမယ့် အဖိုးတန်ရတနာလေးများ

ကလေးကချစ်စရာလေး ထွားလိုက်တာ၊ တတ်လိုက်တာနော်။ အရမ်းဉာဏ်ကောင်းတာပဲဆိုတဲ့ ချီးကျူးသံတွေကြားရရင်ပျော်မဆုံးဂုဏ်ယူမဆုံးဖြစ်သူက ဘယ်သူများလဲ။မေးနေစရာများလိုမလား ဒါကမေမေထိန်းသိမ်းစောင့်ရှောက်မှုတော်လို့ပေါ့ဆိုပြီး စိတ်ထဲက ဝမ်းသာနေတယ်ဟုတ် ချစ်မေမေတို့ရေ။ ဒီစကားက အကြားချင်ဆုံးစကားဆိုပေမယ့်မေမေတိုင်းကြားရတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒါက လူလုပ်ယူလို့မရတဲ့ ဆုလာဘ်တစ်ခုတော့လည်း မဟုတ်ပြန်ဘူးနော်။မေမေတို့ အနေနဲ့ ဒီကြားချင်တဲ့စကားလေး ကြားရအောင် ကလေးကို ဘယ်လိုပျိုးထောင်ရမလဲဆိုတာ ဒီဆောင်းပါးလေးထဲကနေပြောပြပေးပါရစေနော်။ မေမေတို့ကြားချင်တဲ့ စကားလေးကြားရစေဖို့ မေမေတို့ကြားချင်တဲ့ စကားလေးကြားရဖို့ဆိုရင် လုပ်လို့ရမယ့် အလွယ်ကူဆုံးနည်းလမ်းက ကလေးကို အာဟာရပြည့်အောင်ကျွေးဖို့ပါ။ ဒီနေရာမှာ သိထားရမှာက ကလေးက စားတော့စားတယ်၊ကျွေးလည်းကျွေးနေတာပဲ ဘာလို့များဝမလာတာလဲပေါ့။ ဒါကတော့ ရှင်းပါတယ်။ အာဟာရမပြည့်လို့ပေါ့။ ဒါဆိုအာဟာရပြည့်အောင်ဘာတွေများကျွေးရမလဲစဉ်းစားနေပြီလား။ ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာစေဖို့ အထောက်အပံ့ပေးမယ့် အဖိုးတန်ရတနာလေးတွေရှိတယ်လေ။ ကလေးကိုအကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေမယ့် အဖိုးတန်ရတနာလေးတွေက ဘာတွေများလဲ ကလေးတစ်ယောက်ကောင်းမွန်စွာကြီးပြင်းအရွယ်ရောက်လာစေဖို့နေ့စဉ်စားသုံးမှုမှာ ဒီအာဟာရလေးတွေ ပါဝင်ဖို့လိုပါမယ်။ ပရိုတင်း -ကြွက်သားတွေနဲ့ ခန္ဓာကိုယ်တစ်ရှုးတွေဖြစ်ပေါ်ကြီးထွားစေဖို့ အထောက်အကူပြုပေးပါတယ်။ ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ အသက် ၂ နှစ်ကနေ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတစ်ယောက် စားသင့်တဲ့အချိုပမာဏ

ကလေးတစ်ယောက် မေမေ့ဗိုက်ထဲကနေထွက်ပြီးအပြင်လောကရောက်တဲ့အခါ အရင်ဆုံးအာဟာရဖြည့်တာက ဘာနဲ့လဲ။မေမေ့နို့နဲ့လေ။ ချိုချိုသောက်လို့တောင်ပြောတယ်ဟုတ်။ ဒီတော့ ကလေးတစ်ယောက်အဖို့ ပထမဆုံးခံစားဖူးမယ့်အရသာက ဘယ်အရသာလဲဆိုတာ မပြောဘဲတောင်သိလောက်ပြီပေါ့နော်။ ဒီလိုမှတော့ ကလေးက အချိုကြိုက်တာ အဆန်းတော့မဟုတ်ဘူးပေါ့။ စစားဖူးတဲ့အရသာကိုက အချိုကိုး။ ဒီလိုဆိုတာနဲ့ ကလေးကို အချိုကျွေးပါလို့ပြောတာ မဟုတ်ဘူးနော်။ ကလေးတစ်ယောက်က အချိုကိုလိုအပ်တဲ့ပမာဏလောက်ပဲ စားသင့်တာပါနော်။ မလိုအပ်ဘဲ အချိုအများကြီးကျွေးရင် ကလေးအတွက် မကောင်းပါဘူးနော်။ ကလေးကို အချိုတွေအများကြီးမကျွေးသင့်တဲ့ အကြောင်းအရင်း ကလေးတွေကို အချိုအများကြီးကျွေးတဲ့အခါ ကလေးက အဝလွန်တာ၊ သွေးတွင်းသကြားဓာတ်မြင့်တာနဲ့ သွားနဲ့ခံတွင်းကိုပါ ပျက်စီးစေနိုင်ပါသေးတယ်နော်။ ဒါတွေအပြင် ကလေးက အချိုစားလွန်းတာကြောင့် သွေးတိုးတာ၊ အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေပိုများစေနိုင်ပါတယ်။ အချိုစားတာများလွန်းတဲ့အခါ ကလေးမှာ သွားနဲ့ခံတွင်းပြဿနာရှိလာတဲ့အတွက် အစာအာဟာရကို ပြည့်ဝအောင်မစားနိုင်တော့တာမျိုးဖြစ်လာနိုင်ပါတယ်။ သွားနဲ့ခံတွင်း ကျန်းမာရေးကောင်းမှလည်း ကလေးက အာဟာရပြည့်ဝအောင်စားနိုင်မှာပါ။ ဒါမှ ကြီးထွားဖွံ့ဖြိုးမှုမှာ အနှောင့်အယှက်မဖြစ်မှာပါ။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

အမြင်အာရုံကောင်းပြီး ဉာဏ်ကောင်းတဲ့ကလေးဖြစ်ဖို့ ဘာတွေလိုအပ်လဲ

မေမေတိုင်းမှာ အမျှော်လင့်မိဆုံးဆန္ဒတစ်ခုရှိတတ်ကြစမြဲပါ။ တစ်ကိုယ်ရေဘဝက ဘာကိုမှ သိပ်မမျှော်လင့်တတ်ကြပေမယ့်မေမေနေရာကိုရောက်လာပြီဆိုရင်မျှော်လင့်တာကမွေးဖွာလာမယ့်ရင်သွေး ဉာဏ်ကောင်းကျန်းမာစေဖို့ပါ။ ဒီဆုတောင်းပြည့်အောင်တကယ်လုပ်ယူလို့ရနေပါပြီနော်။ မေမေတို့ရဲ့ဆုတောင်းပြည့်စေဖို့ ကလေးတစ်ယောက်ကိုမွေးဖွားပြီးမေမေဘဝကိုခံယူတာက အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာမှတ်တိုင်တစ်ခုစိုက်ထူလိုက်တာပါပဲ။ ကြီးမားတဲ့ပြောင်းလဲမှုကြီးတစ်ရပ်ဖြစ်သလိုစိန်ခေါ်မှုတစ်ရပ်ဆိုလည်းဟုတ်ပါတယ်။မေမေဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ်ထက်မွေးဖွားလာတဲ့ ကလေးအတွက်ပိုစိတ်ပူကြပါတယ်နော်။ ဒီလိုစိတ်ပူတဲ့အထဲမှာ ကလေးက အခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ဉာဏ်မကောင်းမှာကလည်းတစ်ခုအပါအဝင်ပဲနော်။ ဒီပြဿနာကိုဖြေရှင်းပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခုရှိနေပါပြီနော်။ ကလေးတစ်ယောက်ရဲ့ ဦးနှောက်က ဘယ်အချိန်မှာ အမြန်ဆုံးဖွံ့ဖြိုးလဲ ကလေးတစ်ယောက်ရဲ့ ဦးနှောက်နဲ့အာရုံကြောစနစ်က အသက် ၃ နှစ်မပြည့်ခင်မှာ အလျင်မြန်ဆုံးဖွံ့ဖြိုးတာပါ။ ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်စေချင်တယ်ဆိုရင် ကလေးကို ဒီအချိန်မှာ အာဟာရအကောင်းဆုံးဖြည့်တင်းပေးဖို့လိုပါမယ်နော်။ ဒီအချိန်မှာ မေမေဖေဖေတို့အနေနဲ့ ကိုယ့်ရင်သွေးကို မျက်ခြည်မပြတ်စောင့်ကြည့်လို့ ဦးနှောက်နဲ့အာရုံကြောတွေကိုအကောင်းဆုံးဖွံ့ဖြိုးအောင် ကူညီပေးလိုက်ပါနော်။ ကလေးရဲ့ ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးဖို့ အသုံးတည့်မယ့်နည်းလမ်း ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်စွာကြီးပြင်းအရွယ်ရောက်စေဖို့ မဖြစ်မနေလုပ်ပေးသင့်တဲ့အချက်တစ်ခုရှိပါတယ်နော်။ ဒါကတော့ ကလေးကို ငယ်စဉ်ကတည်းက အာဟာရပြည့်ဝအောင်ကျွေးတာပါ။ မမွေးခင်နဲ့ နို့တိုက်တဲ့ကာလမှာ လိုအပ်တဲ့အာဟာရကို မေမေကပြည့်ဝအောင်စားရင်ရပြီဆိုပေမယ့် ကလေးက အစားစစားတတ်ချိန်မှာပြည့်ဝစွာပါဝင်ဖို့ကမေမေတို့အတော်အာရုံစိုက်ရပါပြီနော်။ ဒီတော့ ဉာဏ်လည်းကောင်း အမြင်အာရုံလည်းကောင်းစွာဖွံ့ဖြိုးတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ဘာတွေကျွေးရမလဲလို့တွေးနေပြီလား။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း