ဒီအချက်တွေကြောင့် ဘေဘီလေးမှာ အသားပို ဖြစ်နိုင်ပါတယ်
ဘေဘီလေးတွေမှာ အသားပို ဖြစ်ရတဲ့ အကြောင်းအရာတွေက တော်တော်လေးတော့ များပါတယ်နော်။
- ကလေးက အရမ်းဝနေတာ၊ အဝလွန်နေတာ
- မျိုးရိုးလိုက်တာ
- ဆီးချိုရှိတဲ့ မိဘက မွေးဖွားလာတာ
- ကလေးက HPV ဗိုင်းရပ်စ် ကူးစက်ခံထားရတာ
- မိခင်ဝမ်းထဲမှာ ဟော်မုန်းပြောင်းလဲမှု ဖြစ်တာ
- ကလေးက မွေးရာပါ ဆီးချိုရောဂါ ခံစားလာရတာတွေကြောင့် ဘေဘီလေးမှာ အသားပိုတွေ ဖြစ်ရတာပါနော်။
မွေးကင်းစကလေးတွေမှာ အသားပို ပါလာတာ အန္တရာယ်ရှိလား
မွေးဖွားလာတဲ့ ဘေဘီလေးမှာ အသားပို ပါလာရင် စိတ်ပူသွားမှာ သိပေမယ့် အရမ်း မစိုးရိမ်ဖို့တော့ ပြောပါရစေနော်။ အသားပိုတွေက အန္တရာယ် ရှိခဲပါတယ်။ ခန္ဓါကိုယ်မှာ ပါလာတဲ့ အပိုဆုလေးတွေသာ ဖြစ်ပြီး ဘေဘီလေးရဲ့ ခန္ဓါကိုယ် နေရာအနှံ့မှာ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် အသားပိုကနေ သွေးထွက်လာမယ်၊ အရောင် ပြောင်းလာမယ်၊ ကြီးလာမယ် ဆိုရင် ကင်ဆာ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။ အသားပို ဖြစ်တိုင်း စိတ်မပူပါနဲ့နော်။ ဆရာဝန်နဲ့ ပြသကြည့်ပြီး လိုအပ်တဲ့ ကုသမှုကို ခံယူပေးလိုက်ပါ။
နိဂုံးချုပ် အနေနဲ့ ပြောချင်တာကတော့ ကလေးရဲ့ အသားပိုက ကြီးလာတာ၊ သွေးထွက်တာ နဲ့ ပုံမှန် မဟုတ်တာမျိုး တစ်ခုခု မဖြစ်ဘူး ဆိုရင်တော့ စိတ်မပူပါနဲ့လို့ပြောပါရစေနော်။ အခုပြောခဲ့တဲ့ လက္ခဏာတွေ ထဲက တစ်ခု ဒါမှမဟုတ် တစ်ခုထက် ပိုတဲ့ အခြေအနေကို ခံစားရမယ် ဆိုရင် ကလေးကို တတ်သိနားလည်သူတွေနဲ့ ပြသပြီး လိုအပ်တဲ့ ကုသမှုတွေကို ခံယူပေးဖို့ လိုပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။