ဘေဘီလေးတွေ ကြို့ထိုးတဲ့အခါ


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေ ကြို့ထိုးတဲ့အခါ

    ကလေးကြို့ထိုးနေပြီ။ ဘာလုပ်ရမလဲ၊ နို့တိုက်လိုက်လေဆိုတာက အမြဲလိုလိုကြားနေရတယ်နော်။နောက်တစ်ခုရှိသေးတယ် ကလေးရဲ့ အင်္ကျီမှာထွက်နေတဲ့ ချည်စလေးကိုမေမေ ဒါမှမဟုတ် ဖွားဖွားက ဝါးပြီး ကလေးနဖူးမှာကပ်လို့ ကြို့ခမဲပေးလိုက်တာလေ။ ဒါကတကယ်ပဲ သက်သာသွားတာလား။ ဒီတစ်ခေါက်တော့ဘေဘီလေး ကြို့ထိုးနေပြီဆိုရင် ဘာလုပ်လို့ လုပ်ပေးရမှန်းမသိဘူးဆိုတဲ့မေမေတို့အတွက် နည်းလမ်းကောင်းလေးတွေပြောပြပေးပါရစေနော်။

    ဒါတွေကြောင့်ဘေဘီလေးကြို့ထိုးရတာပါ

    ဒီအချက်တွေကြောင့်ဘေဘီလေးကြို့ထိုးနိုင်ပါတယ်။

    • အစားစားရင်း ဒါမှမဟုတ် နို့ေသာက်ရင်းလေတွေမျိုချမိတာ
    • တစ်ခုခုကို လန့်သွားတဲ့အခါမျိုး
    • စိတ်ဖိစီးတဲ့အခါမျိုး
    • အစားတွေအများကြီးစားမိတဲ့အခါမျိုး
    • အစားစားတာကိုမြန်မြန်စားတာ ဒါမှမဟုတ် နို့ကို အငမ်းမရသောက်တာ
    • လေတွေ အများကြီးမျိုချမိတာတွေကြောင့်ဘေဘီလေးက ကြို့ထိုးရတာပါနော်။

    ကြို့ထိုးတဲ့ဘေဘီလေးကို ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ

    ကလေးလေးတွေကြို့ထားရတယ်ဆိုတာက ရင်ဝမ်းခြားမြှေးကျုံ့သွားပြီး အသံကြိုးတွေကိုမြန်မြန်ဆန်ဆန်ပိတ်လိုက်တာကြောင့် ထွက်လာတဲ့ အသံပါ။ လူကြီးတွေထင်ထားတာက ကြို့ထိုးရင် ခံရခက်တာကြောင့်ဘေဘီလေးတွေဆိုလည်း ခံရခက်မယ်ပေါ့။ တကယ်တော့ ကလေးအများစုက ကြို့ထိုးတာကြောင့် အနှောင့်အယှက်တစ်စုံတရာမရှိပါဘူး။ အအိပ်မပျက်သလို အသက်ရှုတဲ့အပေါ်မှာ ထိခိုက်မှုတစ်စုံတရာတောင်မရှိပါဘူးနော်။

    ဘေဘီလေးကြို့ထိုးနေပြီဆိုရင် သက်သာစေဖို့ ဒီလိုလေးတွေလုပ်ပေးလို့ရပါတယ်နော်။

    ကျောလေးကိုဖြည်းဖြည်းချင်းပုတ်ပေးပါ

    ကလေးကို နို့တိုက်ပြီးရင်ပဲဖြစ်ဖြစ်၊ အစားတစ်ခုခုကျွေးပြီးရင်ဖြစ်ဖြစ် ခဏလောက်နေပြီးကျောလေးကို ခပ်ဖြည်းဖြည်းလေးပုတ်ပေးပါ။လေထုတ်ပေးတာေပါ့။ ဒီလိုလုပ်ပေးတာက ကလေးကိုလေထွက်သွားစေပြီး ကြို့ထိုးတာကို သက်သာစေနိုင်ပါတယ်နော်။ နို့တိုက်ကလေးကိုလည်း နို့တိုက်ပြီးရင် ရင်ဘတ်ထဲပိုက်ရင်းလေထုတ်ပေးလို့ရပါတယ်နော်။ကျောကိုပုတ်တဲ့အခါ ခပ်ဖွဖွ ခပ်ဖြည်းဖြည်းလေးဖြစ်ဖို့ သတိထားပါ။ အားမသုံးမိပါစေနဲ့။

    ချိုလိမ်ေပးစို့လိုက်ပါ

    တစ်ခါတလေမှာ ကလေးကြို့ထိုးတာက အစားအစာတစ်ခုခုစားတာကြောင့်မဟုတ်ဘဲ သူ့အလိုလိုနေရင်းကဖြစ်လာတာမျိုးလည်းရှိပါတယ်။ ဒီလိုဖြစ်တဲ့အခါ ကလေးကို ချိုလိမ်လေးပေးစို့လိုက်ပါ။ ဒီလိုလုပ်ပေးတာက ရင်ဝမ်းခြားမြှေးကို သက်တောင့်သက်သာဖြစ်စေနိုင်ပါတယ်။

    ဒီအတိုင်းထားလိုက်ပါ

    တစ်ခါတလေမှာ ကလေးကြို့ထိုးတာက သူ့အလိုလိုနေရင်းပျောက်သွားတတ်ပါတယ်နော်။ ကြို့ထိုးတာကြောင့် ကလေးက စိတ်အနှောက်အယှက်ဖြစ်တာမျိုးမရှိဘူးဆိုရင် ဒီအတိုင်းသာ ထားလိုက်ပါ။ အချိန်နည်းနည်းကြာရင် သူ့အလိုလိုသက်သာသွားပါလိမ့်မယ်။

    လေဆေးေလးတိုက်ပေးပါ

    ကလေးက ကြို့ထိုးတာကြောင့်နေရထိုင်ရခက်နေပြီဆိုရင်တော့ ကလေူကိုလေဆေးအရည်လေးတစ်ခုခုလောက်တိုက်ပေးပါနော်။လေဆေးက ကလေးကို ကြို့ထိုးသက်သာစေနိုင်သလို အူနဲ့ အစာခြေစနစ်ကို သက်တောင့်သက်သာဖြစ်စေနိုင်ပါတယ်နော်။ ကလေးအတွက် သီးသန့်ထုတ်ထားတဲ့လေဆေးဖြစ်ဖို့တော့လိုပါမယ်နော်။

    ကြို့ထိုးတာက ကာကွယ်လို့ရပါတယ်

    ကလေးကိုကြို့ထိုးတာကြောင့်နေရထိုင်ရခက်တာမျိုးမဖြစ်ချင်ဘူးဆိုရင်တော့ ကာကွယ်ပေးလို့ရပါတယ်နော်။ ကလေးကိုကြို့မထိုးအောင် ကာကွယ်ဖို့ ဒီနည်းလမ်းလေးတွေက အသုံးဝင်မှာပါ။

    • ကလေးကို ဗိုက်အရမ်းဆာမှာ နို့တိုက်တာ၊ အစားကျွေးတာမျိုးမလုပ်ပါနဲ့။
    • ကလေးကို ထမင်းစားနေချိန်၊ နို့တိုက်နေချိန်မှာ သက်တောင့်သက်သာဖြစ်အောင် ဂရုစိုက်ပါ။
    • ကလေးကိုငိုနေတုန်း နို့တိုက်တာမျိုးမလုပ်ပါနဲ့။
    • ကလေးကို အစားတစ်ခုခုကျွေးပြီးတိုင်းမှာပြင်းပြင်းထန်ထန်လှုပ်ရှားတာမျိုးပေးမလုပ်ပါနဲ့။
    • အစားစားပြီးတိုင်း ကလေးကို မိနစ် ၂၀ ကနေ နာရီဝက်လောက် ခပ်မတ်မတ်လေးထိုင်ပေးပါ။
    • ကလေးကို နည်းနည်းချင်းနဲ့ မကြာမကြာကျွေးပေးပါ။
    • ကလေးပါးစပ်ထဲကိုလေမဝင်စေဖို့ ဂရုစိုက်ပါ။
    • ကုန်သွားတဲ့နို့ဗူးကိုပေးစို့ထားတာမျိုးမလုပ်ပါနဲ့။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement