နောက်ထပ် ဖြစ်လာနိုင်တာကတော့ ကျောင်းစာမှာ အာရုံမစိုက်နိုင်တော့တာပါပဲ။ စိတ်က ဖုန်းသုံးဖို့၊ ဂိမ်းဆော့ဖို့အကြောင်းပဲ အာရုံရောက်နေတော့ သင်နေသမျှ စာတွေကို မမှတ်မိတာ၊ စာတွေ လွတ်သွားတာ၊ ကျောင်းစာနဲ့ပတ်သက်ပြီး အာရုံမစူးစိုက်နိုင်တော့တာ၊ အမှတ်တွေ နည်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။
လေ့လာတွေ့ရှိချက်အရ ကလေးတွေကို အဝလွန်စေတဲ့ တရားခံတွေထဲမှာ ဖုန်းအသုံးပြုခြင်းလည်း ပါနေပါတယ်။ အပြင်ထွက်ပြီး လှုပ်လှုပ်ရှားရှားမနေဘဲ အမြဲ ထိုင်ခုံမှာ ထိုင်လိုက်၊ အိပ်လိုက်နဲ့ ဖုန်းသုံးနေတော့ တဖြည်းဖြည်းနဲ့ ကိုယ်အလေးချိန်က တက်လာပြီး အဝလွန်လာတော့တာပေါ့။ အဝလွန်တဲ့ ပြဿနာကို ပေါ့ဆလို့ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအပြင် တခြားသော ရောဂါပေါင်းစုံ ဖြစ်လာစေဖို့ အစလက္ခဏာမို့လို့ပါပဲ။

ကျန်းမာသွက်လက်ဉာဏ်ရည်ထက်တဲ့ ကလေးဖြစ်ဖို့ မိဘတွေ ဘယ်လိုပျိုးထောင်မလဲ။
ကလေးအတွက် ကိုယ်ခန္ဓာ ဖွံ့ဖြိုးစေပြီး ကျန်းမာရေးအတွက် ကောင်းစေတဲ့ အစာအာဟာရတွေကို စုံလင်စွာ ကျွေးပေးပါ။ ညဘက်မှာ အိပ်ချိန်ပြည့်ဝစွာ အိပ်ဖို့ ဂရုစိုက်ပါ။ ညအိပ်ခါနီးမှာ ဖုန်းသုံးတဲ့ အကျင့်တွေ တွေ့ရင်လည်း မိဘတွေက သေချာဆုံးမပြောဆိုဖို့ လိုအပ်ပါတယ်။
ဘယ်အရာမဆို တန်ဆေး လွန်ဘေးပါပဲ။ ဒါကြောင့် ဖုန်းလုံးဝမသုံးရဘူးလို့ တားမြစ်တာထက် အချိန်အကန့်အသတ်နဲ့ ပေးသုံးပါ။ တစ်နေ့ကို ၂နာရီထက်ပိုပြီး ပေးမသုံးပါနဲ့။ ပညာရေးဆိုတာ ကလေးဘဝ အနာဂတ်အတွက် အရေးကြီးတာမှန်ပေမယ့် ထိုင်ခုံမှာပဲ အမြဲငြိမ်ငြိမ်လေးထိုင်ပြီး တစ်နေကုန် စာလုပ်ရင်လည်း ကလေးကို အဝလွန်စေနိုင်တယ်၊ လေးလံထိုင်းမှိုင်းပြီး စာထဲ အာရုံစူးစိုက်ဖို့ ခဲယဉ်းနိုင်တယ်ဆိုတာ မေ့ထားလို့ မဖြစ်ပါဘူး။ ကလေးဘဝနဲ့ အနာဂတ် သာယာအေးချမ်းဖို့ မိဘတွေကိုယ်တိုင် ဒီအရာတွေကိုသေချာဂရုစိုက်ပေးဖို့ အရေးကြီးတယ်နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။