ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေး အငိုမတိတ်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

ငိုကြွေးခြင်းဟာ စကားမပြောတတ်သေးတဲ့ ကလေးတစ်ယောက်အတွက်တော့ သူရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြသခြင်း တစ်မျိုးပါ။ ဘာဖြစ်နေတယ်လို့ သဲသဲကွဲကွဲလည်း ကလေးက မပြောတတ်တော့ငို၊ ဘယ်လိုချော့ချော့ ကလေးအငိုမတိတ်တော့ ဘာဖြစ်လို့ ဘာဖြစ်မှန်းမသိတဲ့ မေမေတို့ကလည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်တတ်ကြပါတယ်။ သင့်ကလေး အငိုမတိတ်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ။ သင့်ကလေး အငိုမတိတ်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ။ ဗိုက်ဆာနေခြင်း ဒါကတော့ သိနိုင်ဖို့ အလွယ်ကူဆုံးပါ။ မွေးကင်းစ ကလေးတွေဆိုတော့ အိပ်မယ်၊ နိုးလာရင် ဗိုက်ဆာမယ်၊ ငိုမယ်၊ နို့သောက်မယ်။ သူတို့အတွက် ဒါတွေလုပ်စရာပဲ ရှိတာဆိုတော့ ကိုယ်နို့တိုက်ထားတာ ကြာသွားလို့ ကလေးငိုနေပြီဆိုရင် သိသာပါတယ်။ ဒါသူ ဗိုက်ဆာလို့ ငိုတာပါ။ ငိုတိုင်း ဗိုက်ဆာတာ တစ်ခုတည်းကြောင့်လို့ စွပ်စွဲလို့မရပါဘူး။ အခြား အကြောင်းအရာတွေ အများကြီးရှိပါသေးတယ်။ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကာကွယ်ဆေးထိုး ပြီး ကလေး အငိုမတိတ်တော့ဘူးလား။ ဒါလေးတွေ လုပ်ပေးကြည့်ပါ။

ကာကွယ်ဆေးထိုး တယ်ဆိုတာ ကလေးတွေရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် အရေးကြီးတဲ့ လုပ်ငန်းစဉ်ကြီးတစ်ခုပါ။ ရောဂါကို ကြိုတင်ကာကွယ်ဖို့ အတွက် ကာကွယ်ဆေး တွေပေါ်လာရ ကာကွယ်ဆေးတွေထိုးကြဆိုပေမယ့် ကိုယ့်အသားကို အပ်နဲ့ထိုးတာလောက် နာကျင်တဲ့အရာ မရှိပါဘူး။ လူကြီးတွေတောင်မှ ဆေးထိုးရမှာ ကြောက်နေတာ၊ နာလိုက်တာလို့ မပြောတတ်သေးတဲ့ ကလေးတွေ မှာဆို ပိုဆိုးတာပေါ့။ ကာကွယ်ဆေးလည်းထိုးပြီးရော နာတော့ ငို၊ ဂျီကျ ဘာကိုမှ အလိုမကျဖြစ်ပြီး ထိန်းရခက်တော့ မေမေတို့ အလုပ်စရှုပ်ပါလေရော။ ကာကွယ်ဆေးထိုး ပြီးနောက်ပိုင်း ကလေးတွေကို ဘယ်လိုပြုစုရမလဲ။  အဓိကကတော့ ဆေးထိုးထားတဲ့နေရာက နာကျင်တဲ့ဝေဒနာကို သက်သာအောင် လုပ်ပေးဖို့ပါ။ ရေခဲကပ်ပါ ကာကွယ်ဆေးထိုးပြီးရင် မချေရဘူးဆိုတာတော့ မေမေတို့အားလုံးသိမှာပါ။ အသားကို အပ်နဲ့ထိုးလိုက်တာဆိုတော့ အသားနာမယ့်အပြင် ထိုးလိုက်တဲ့နေရာမှာ ရောင်နေတာလည်း ဖြစ်တတ်ပါတယ်။ ဒီလို ကာကွယ်ဆေးထိုးပြီးပြီးချင်း ရောင်ရမ်းနာကျင်မှုကို သက်သာစေချင်တယ်ဆိုရင်တော့ ရေခဲကပ်ပေးလို့ရပါတယ်။ နာတဲ့နေရာကို ရေခဲတုံးချက်ချင်းကပ်လိုက်ရင် […]


ကလေးငယ်ပထမနှစ်

ဘေဘီလေးတွေရဲ့ ဆီးသွားခြင်း နဲ့ပတ်သက်ပြီး သိထားသင့်တာအချို့

ဘေဘီအတွက် အရာရာကိုစိုးရိမ်တတ်တာကမေမေဖေဖေတို့ရဲ့ မသင်ဘဲတတ်တဲ့ အလေ့အထတစ်ခုပေါ့။ ကလေးငိုရင်လည်းစိတ်ပူ။ အိပ်နေရင်လည်း ဘာလို့များ အကြာကြီးအိပ်နေတာလဲ ဆိုပြီးပူပြန်ရောဟုတ်။ ဒီတစ်ခေါက် မေမေဖေဖေတို့ စိတ်ပူမိနေတဲ့ အကြောင်းအရာလေးတစ်ခုဖြစ်တဲ့ ဘေဘီလေးတွေရဲ့ ဆီးသွားခြင်း နဲ့ပတ်သက်လို့ပြောပါရစေနော်။ ဘေဘီလေးတွေက ဆီးခဏဏသွားတတ်လား ပုံမှန်အားဖြင့်တော့ ကလေးက ဆီးခဏခဏ သွားတတ်ကြပါတယ်။ အကြောင်းကတော့ ကလေးတွေရဲ့ ဆီးအိမ်ကြွက်သားက အပြည့်အဝမဖွံ့ဖြိုးသေးတာကြောင့် ဆီးကိုမထိန်းတာကြောင့် ဆီးခဏခဏ သွားနိုင်ပါတယ်။ မိခင်နို့သောက်တဲ့ ကလေးတွေထက် နို့ဘူးသောက်တဲ့ကလေးတွေက ဆီးပိုသွားနိုင်ပါတယ်။မွေးစကလေးက နို့မဝရင်တော့ ဆီးသိပ်မသွားတာမျိုး ဖြစ်နိုင်ပါတယ်နော်။ ကလေးက မွေးစမှာ ဆီးမသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မိခင်နို့ကို ပြည့်ပြည့်ဝဝရမှ ကလေးရဲ့စနစ်က ကောင်းကောင်းလည်ပတ်မှာမို့ ကလေးက မိခင်နို့ဝမှ ဆီးသွားမယ်ဆိုတာကို သိထားဖို့တော့လိုအပ်ပါမယ်။ ကလေးရဲ့ ဆီးအရောင်ကဘယ်လိုပြောင်းလာမလဲ မွေးပြီး ပထမနေ့မှာ ကလေးဆီးအရောင်က ပန်းရောင် ဒါမှမဟုတ် လိမ္မော်ရောင် ဖြစ်နိုင်ပါတယ်။ မွေးပြီး ဒုတိယနေ့မှာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

လမ်းလျှောက်ခြင်း အနုပညာ

နေ့စဉ်လျှောက်လှမ်းနေတဲ့ခြေလှမ်းလေးတွကို သဘောကျရဲ့လား။ အခြားသူတွေက လမ်းလျှောက်ရင် စမတ်ကျလှပပြီး ကိုယ့်ကျမှအဆင်မပြေဘူးဖြစ်နေတယ်၊လို့ ထင်နေလား။ ဒီလိုဖြစ်နေတာက ဘာကြောင့်လို့ သင်ထင်လဲ။ အဖြေသိချင်ရင် ဒီဆောင်းပါးလေးဖတ်ကြည့်နော်။ ကိုယ့်ဆီမှာရှိနေတဲ့ အပြုအမူတွေရဲ့ ၃၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းလောက်က ငယ်စဉ်ဘဝက ထိတွေ့မြင်တွေ့ခဲ့ရသူတွေထံကနေ သင်ယူထားတာပါနော်။ ခြေလှမ်းလှလှလှမ်းပါစေ သင်စီးနေတဲ့ ဖိနပ်နှစ်ဖက်မှာ တစ်ဖက်နဲ့ တစ်ဖက် အထူအပါးမညီတာမျိုး၊ နောက်မြီးပေါက် ထိပ်ပေါက်ဖြစ်နေမျိုးတွေ ရှိနေလား။ ရှိနေတယ်ဆိုရင်တော့ သင့်ရဲ့လမ်းလျှောက်ပုံနဲ့ ခြေထောက်အနေအထားကြောင့်ဖြစ်နေတာပါ။ ဒီပြဿနာတွေရဲ့အစက ဘာဖြစ်မယ်လို့ သင်ထင်ပါသလဲ။ မြန်မာမှုနယ်ပယ်မှာ " လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ " ဆိုတဲ့စကားရှိပါတယ်။ သင့်ရဲ့လမ်းလျှောက်တဲ့ပုံစံ၊ အမူအကျင့်စတာတွေက သင်ငယ်စဉ်က သင့်မိဘနဲ့ ပတ်ဝန်းကျင်ကနေ သင်ယူရရှိလာတာပါ။ လက်ဦးဆရာက မိဘတွေဆိုပေမယ့် ဒီနေ့ခေတ်မှာတော့ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ကြတာက မိဘတွေတင်မဟုတ်တော့ပါဘူး။ မိဘတွေက […]


ကလေးငယ်ပထမနှစ်

ဗူးမှုတ်တတ်တဲ့ကလေးတွေ စကားပိုတတ်လွယ်

ဗူးမှုတ်တတ်တဲ့ကလေးတွေ စကားပိုတတ်လွယ် ကြပါသတဲ့။ တံတွေးတွေ ထွက်အောင် အထိ တဗူးဗူးနဲ့ ဗူးမှုတ်တတ်တဲ့ ကလေးတွေ၊ နှုတ်ခမ်းကို လျှာနဲ့သပ်တတ်တဲ့ ကလေးတွေက စကား စပြောတတ်ဖို့ ပိုလွယ်တယ်လို့ အင်္ဂလန်နိုင်ငံ Lancaster Universityရဲ့ သုတေသနကဖော်ပြခဲ့ပါတယ်။ ဗူးမှုတ်တတ်တဲ့ကလေးတွေ စကားပိုတတ်လွယ် ဗူးမှုတ်တတ်တဲ့ ကလေးတွေ စကားပိုတတ်လွယ် တယ်လို့ ပြောရတာက နှုတ်ခမ်း လှုပ်ရှားမှုတွေနဲ့ ကလေးရဲ့ ဘာသာစကား စွမ်းရည်တွေကြားမှာ ဆက်နွှယ်မှု ကြီးမားတယ်လို့ သုတေသီတွေက ပြောပါတယ်။ ကလေးတွေကို လျှာနဲ့ နှုတ်ခမ်း သပ်တတ်အောင် သင်ပေးတာ၊ ဗူးမှုတ်ဖို့ သင်ပေးတာ၊ ကစားနည်း လုပ်ပေးတာကမှ စကားလုံးတွေ အသံ ထွက်တတ်လာအောင် သူတို့ရဲ့ သင်ယူလေ့လာနိုင်စွမ်းကို ပိုကောင်းစေမယ်လို့ ဆိုပါတယ်။ သုတေသနမှာ အသက် တစ်နှစ်ခွဲ အရွယ် ကလေးငယ် အယောက် ၁၂၀ ကျော်ကို […]


ကလေးငယ်ပထမနှစ်

ဘေဘီလေး ဘူးမှုတ်လို့ မေမေ့ဆံပင်ကျွတ်တာ မဟုတ်ရပါ

ပုခက်ထဲကဘေဘီလေးတွေ လုပ်နေကျ အလုပ်တစ်ခုက အားတိုင်း ပါးစပ်က ဘူးမှုတ်နေတာပါပဲ။ တဘူးဘူးနဲ့ ထိုင်မှုတ်နေရင်း တံတွေးတွေထွက်၊ ပူဖောင်းလေးတွေတောင်ဖြစ်နေသေး။ ဒီနေရာမှာ ဘယ်ကအစပြုခဲ့မှန်းမသိတဲ့ အယူအဆတစ်ခုကဝင်လာပါတယ်။ "ဘူးမမှုတ်နဲ့ သမီးရယ်မေမေ့ကိုချစ်တယ်ဆို"ဆိုတဲ့ သီချင်းသံလိုပဲ... ကလေးက ဘူးမှုတ်ရင်မေမေ့ဆံပင်တွေကျွတ်လိမ့်မယ်၊ တစ်ခေါင်းလုံးပြောင်ရပါလိမ့်မယ်တဲ့။ ကလေးက ဘူးမှုတ်လေ မိဘဆံပင်ကျွတ်လေ ဆိုတာ ဘယ်သူကပြောလိုက်ပါလိမ့်။ ကလေးလေးတွေ ဘူးမှုတ်နေတာတွေ့ရင် အသံလေးကလည်းချစ်စရာ၊ စချင်စရာလေးလည်းဖြစ်နေတော့ တံတွေးလေးတွေသုတ်ပေးလိုက်ကြ၊ ဝိုင်းရယ်လိုက်ကြနဲ့၊မေမေတွေကလည်း ဆံပင်ကျွတ်မှာကြောက်လိုက်ကြနဲ့ပေါ့။ အမှန်က ကလေးမွေးပြီးရင်ဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်ကျွတ်ရတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ ဒီတော့ ကလေးက မှုတ်မှုတ် မမှုတ်မှုတ် ကျွတ်တာကကျွတ်မှာပါပဲ။ ဒီလိုတိုက်ဆိုင်မှုနဲ့တော့ဘေဘီလေးတွေဘူးမှုတ်တာကို မတားဆီးသင့်ပါဘူးနော်။ ဘာလို့ မတားဆီးသင့်တာလဲ ဘူးမှုတ်တယ်ဆိုတာ ကလေးတစ်ယောက်ရဲ့ဖွံ့ဖြိုးမှုအဆင့်ဆင့်မှာ အကျိုးပြုပါဝင်တဲ့ အမူအကျင့်လေးတစ်ခုဖြစ်နေလို့ပါပဲ။ အသက် ၂ လလောက်ရှိတဲ့ကလေးတစ်ယောက်က ဘူးမှုတ်တယ်ဆိုတာ သူ့ရဲ့ပါးစပ်ကိုအသုံးချဖို့ စမ်းသပ်နေတဲ့သဘောပါပဲ။ သုတေသနတွေအရတော့ ကလေးတိုင်းဘူးမမှုတ်တတ်ပေမယ့် ဘူးမှုတ်တဲ့ကလေးတွေက စကားပိုတတ်မြန်တယ်လို့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေမှာ ဖြစ်တတ်တဲ့ ပွေး

ဘေဘီလေးတွေရဲ့ အရေပြားက အထိခိုက်မခံနိုင်တာကတော့ သိထားပြီးသားဖြစ်မှာပါ။ အရေပြားမှာပြဿနာတွေဖြစ်တဲ့အခါမှာလည် လူကြီးတွေလိုမျိုးဆေးတွေလူးပေးဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ ကလေးကငယ်လေလေ ဘာလုပ်ပေးလို့လုပ်ပေးရမှန်းမသိလေလေပါပဲနော်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ဖြစ်တတ်တဲ့ ပွေး ကြောင့် စိတ်ညစ်နေရတဲ့ မေမေတို့အတွက် သတင်းကောင်းလေးပါးချင်တာပါ။ ပွေး (Baby face Ringworm) ဆိုတာကဘာလဲ ကလေးငယ်လေးတွေမှာဖြစ်တတ်တဲ့ ပွေး ဆိုတာက မှိုပိုးကူးစက်မှုတစ်မျိုးဖြစ်ပါတယ်။ ခြေထောက်မှိုစွဲတာကိုဖြစ်စေတဲ့ မှိုပိုးကြောင့်ဖြစ်တာပါ။ အဆိုပါမှိုပိုးက အရေပြားပွန်းပဲ့ရာတွေကနေတဆင့် ခန္ဓာကိုယ်အတွင်းပိုင်းကိုရောက်ရှိသွားပြီး အရေပြားပေါ်မှာဖြစ်ပေါ်တာဖြစ်ပါတယ်။ ကလေးငယ်မှာ ကုတ်ရာခြစ်ရာသေးသေးလေးပဲရှိတယ်ဆိုရင်တောင်မှ အဆိုပါမှိုပိုးကူးစက်ခံရနိုင်ပါတယ်။ ပွေးဆိုတာက အရေပြားပေါ်မှာ ပန်းရောင် (သို့) အနီရောင် ခပ်ဝိုင်းဝိုင်းသဏ္ဍန်လေးဖြစ်ပေါ်တာမျိုးဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ခန္ဓာကိုယ်အရေပြား (သို့) ဦးရေပြားတွေပေါ်မှာ အဖြစ်များပါတယ်။ ခြေလက်တွေနဲ့ မျက်နှာပေါ်မှာလည်းဖြစ်တတ်ပါတယ်။ မွေးကင်းစအရွယ်ကလေးငယ်တွေနဲ့ အသက် ၁၀ နှစ်အရွယ်လောက်အထိ ကလေးငယ်တွေမှာဖြစ်တတ်ပါတယ်။ ဒါက နို့ပွေးနဲ့ မတူပါဘူး။ နို့ပွေးက အရေပြားရောဂါပါ။ ဒါကတော့ မှိုပိုး ကူးစက်ခံရလို့ […]


ကလေးငယ်ပထမနှစ်

မွေးကင်းစကလေးလေးရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းတာ ဘာကြောင့်ဖြစ်ရတာလဲ။ ပုံမှန်ဖြစ်တတ်လား။

မွေးကင်းစကလေးတစ်ယောက်ရဲ့ သေးခံလဲပေးနေတဲ့အချိန် မိန်းမကိုယ်ကနေ သွေးဆင်းတာမျိုး မြင်လိုက်ရတဲ့အခါအထိတ်တလန့်ဖြစ်သွားတတ်ကြတာ မိခင်တိုင်းပါ။ မိန်းမကိုယ်ကနေ သွေးဆင်းတယ်ဆိုတာ အသက် ၁၃ နှစ် အပျိုဖော်ဝင်စ အချိန်မှပဲဖြစ်တတ်တာမျိုးဆိုတော့ နို့စို့အရွယ်ကိုယ့်ကလေးရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းတာဟာ ပုံမှန်ဟုတ်ရဲ့လား။ ဘာရောဂါများဖြစ်လို့လဲ ။ ဘာကြောင့်ဖြစ်ရတာလဲ ။ ။ မွေးကင်းစကလေးရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းတယ်ဆိုတာ ပုံမှန်ဟုတ်ရဲ့လား ။ ။ မွေးကင်းစကလေးရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းတာကို မြင်လိုက်ရရင် အရမ်းကြီး ထိတ်လန့်မသွားပါနဲ့။ ဒါက ပုံမှန်ဖြစ်တတ်တဲ့ အရာတစ်ခုပါ။ မွေးပြီးခါစ ၂ ရက် ၃ ရက်လောက်မှာ ကလေးတွေရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းလေ့ရှိပါတယ် ။ ဘာကြောင့်လဲဆိုတော့ မိခင် သားအိမ်အတွင်းမှာနေခဲ့စဉ်က ကလေးရဲ့ မျိုးပွားအဂါၤအပေါ်သက်ရောက်တဲ့ဟော်မုန်းတွေရဲ့ အရှိန် ကလေးဆီပါလာတာကြောင့် မိန်းမကိုယ်ကနေ သွေးဆင်းတာဖြစ်နိုင်ပါတယ်။ ဘယ်နှစ်ရက်လောက်ကြာတတ်လဲ ။ ။ ဒီလိုသွေးဆင်းတာမျိုးဟာ […]


ကလေးအရေပြားပြဿနာများ

နွေပူပူမှာ ကလေးတွေ မိတ်ထွက်ရင် ဘယ်လိုလုပ်ပေးရမလဲ

ရာသီဥတုက ပူလာပြီဆိုတော့ လူကြီးတွေတောင် အပူဒဏ်ကို အံတုဖို့ အမျိုးမျိုးကြိုးစားရတာ ကလေးလေးတွေဆို ပိုဆိုးပြီပေါ့။ Hello ဆရာဝန်မှာ ခုတလောအမေးများလာတာက ဘေဘီလေးတွေ မိတ်ထွက်တာ ဘယ်လိုလုပ်ပေးရမလဲဆိုတာပါပဲ။နွေမှာ မိတ်ထွက်တာ သဘာဝပဲဆိုပေမယ့် နုနယ်တဲ့ကလေးလေးမှာတော့ မေမေတို့စိုးရိမ်ကြမှာ သေချာတာပေါ့။ ဒါပေမယ့် မပူပါနဲ့။ ကလေးအရေပြားမှာ အဖုလေးတွေ အစုလိုက်ထွက်လာတာ အသည်းယားစရာ၊ မထိရက်စရာဖြစ်နေပေမယ့် ကလေးတွေမှာ အဖြစ်များတဲ့ နွေရာသီ အရေပြားပြဿနာတစ်ခုပါပဲ။ တစ်ခါတလေ အရည်ကြည်ဖုသေးသေးလေးတွေ၊ အနီဖုလေးတွေတောင် ထွက်တတ်ပါတယ်။ နွေပူပူမှာ ကလေးတွေ မိတ်ထွက်ရင် ဘယ်လိုလုပ်ပေးရမလဲ မိတ်ဖုထွက်ခြင်းက အသက်အရွယ်မရွေးမှာဖြစ်တတ်တဲ့ အရာဖြစ်ပြီး ခန္ဓာကိုယ်မှာ အပူဒဏ်ခံနေရတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ချိုင်းကြား၊ ပေါင်ကြား၊ လည်ပင်းကြား၊ တံတောင်ဆစ်ကြားတို့လို ကလေးရဲ့ အရေပြားအတွန့်အခေါက်လေးတွေကြားမှာရော၊ ရင်ဘတ်၊ ဗိုက်၊ တင်ပါး တို့အပြင် ဦးရေပြားမှာပါ မိတ်ပေါက်တတ်ပါတယ်။ ဒီတော့ ဘေဘီလေးတွေ နွေပူပူမှာ […]


ကလေးအာဟာရချို့တဲ့ခြင်း

ကင်ဆာဝေဒနာခံစားနေရတဲ့ကလေးတွေကို ဘာတွေ ကျွေးသင့်သလဲ၊ ဘာတွေ မကျွေးသင့်ဘူးလဲ

ကင်ဆာဝေဒနာရှင်တွေကို အစားအစာတွေ အလွန်အမင်းရှောင်တာက ရောဂါကို မသက်သာစေတဲ့အပြင် ပိုတောင်ဆိုးသွားစေနိုင်ပါတယ်။ ဆေးဒဏ်၊ ရောဂါဒဏ်ခံနိုင်ဖို့အတွက် က အာဟာရပြည့်ပြည့်ဝဝစားနေဖို့က အဓိကသော့ချက်တစ်ခုဖြစ်ပါတယ်။ ဘာတွေရှောင်သင့်လဲ၊ ဘာတွေဆောင်သင့်သလဲ (၁) ရေ နှင့် ဖျော်ရည်များ ဆောင်ရန် - ကျိုချက်ပြီးသား ရေကျက်အေး၊ ရေခဲရေ၊ အိမ်တွင်ခဲထားသော သန့်သော ရေသန့်ရေခဲတုံး၊ (ရေခဲတုံး ခဲရာတွင် အသားငါး အခြားသောပစ္စည်းများ နှင့် ရောနှော၍ တစ်ထပ်တည်းတွင် မခဲသင့်ပါ)၊ သဘာဝ သစ်သီးဖျော်ရည် (ဝမ်းလျှောနေစဉ်ကာလ အတွင်း မတိုက်ရ၊ ပုံမှန်အချိန် တွင်လည်း ၁၀၀-၁၅၀ စီစီ (မီလီလီတာ) လောက်သာတိုက်ပါရန်၊ အိမ်လုပ် သန့်သန့်ရှင်းရှင်းလုပ်ထားတာမျိုး ဖြစ်ရပါမယ်) ရှောင်ရန် - ရေစိမ်း၊ မကျိုချက်ရသေးတဲ့ရေ၊ ရေပိုက်ခေါင်းမှ ရေ၊ ရေစိမ်းဖြင့်ခဲထားသော ရေခဲတုံး၊ အသားငါးများ နှင့် ရောခဲထားသော ရေခဲတုံး၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း