backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဘေဘီလေးတွေမှာရှိသင့်တဲ့ နှလုံးခုန်နှုန်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဘေဘီလေးတွေမှာရှိသင့်တဲ့ နှလုံးခုန်နှုန်း

နှလုံးခုန်သံကို စည်းချက်မှန်မှန်လေးကြားနေရတာက စိတ်ချမ်းသာစရာပါနော်။ အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ တစ်မိနစ်မှာ နှလုံးခုန်နှုန်းက ၆၀ ကနေ ၁၀၀ အတွင်းရှိပါတယ်။ ကလေးတွေကလူကြီးတွေထက် နှလုံးခုန်နှုန်း ပိုမြန်တယ်ဆိုတာက ကြားရတာ အံ့သြစရာကောင်းပေမယ့် တကယ့်ကို အမှန်ပါ။ ကလေးလေးတွေက အသက်အရွယ်ကိုလိုက်ပြီး နှလုံးခုန်နှုန်းကွာခြားပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ နှလုံးခုန်နှုန်းကဖြည်းဖြည်းချင်းကျဆင်းသွားမှာပါ။

ကလေးတစ်ယောက်မှာရှိသင့်တဲ့ နှလုံးခုန်နှုန်း

ကလေးလေးတွေရဲ့ နှလုံးခုန်နှုန်းကို သိထားတာကမိဘတွေအတွက် မလိုအပ်ဘဲ စိတ်ပူတာမျိုးမဖြစ်စေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့မေမေဖေဖေတို့ အနေနဲ့ မလိုအပ်ဘဲ စိတ်ပူတာမျိုးမဖြစ်စေဖို့အတွက်ဘေဘီလေးတွေမှာရှိသင့်တဲ့ နှလုံးခုန်နှုန်းအကြောင်းပြောပြပေးချင်ပါတယ်နော်။

ဘေဘီလေးတွေရဲ့ နှလုံးခုန်နှုန်းက အရွယ်ရောက်ပြီးသူတွေထက်ပိုများပါတယ်။ ကလေးကပြေးလွှားဆော့နေမယ်၊ ငိုနေမယ်၊ လှုပ်ရှားမှုတစ်ခုခုလုပ်နေချိန်မှာ နှလုံးခုန်နှုန်းက သာမန်ထက်ပိုမြန်နိုင်ပါတယ်။ အိပ်စက်နေချိန်မှာတော့ နှလုံးခုန်နှုန်းက ကျနေနိုင်ပါတယ်။ ဒါတွေက ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတာမို့ စိုးရိမ်စရာမလိုပါဘူး။

အသက်အရွယ်အလိုက်ရှိသင့်တဲ့ နှလုံးခုန်နှုန်း

မွေးစကနေ ၃ လအထိ
  • နားနေချိန်မှာရှိသင့်တဲ့ နှလုံးခုန်နှုန်း တစ်မိနစ်ကို ၁၄၃ ကြိမ် ၊
  • ပုံမှန်နှလုံးခုန်နှုန်းတစ်မိနစ်ကို ၁၀၇ ကြိမ်ကနေ ၁၈၁ ကြိမ်

၃ လကနေ ၆ လအတွင်း

  • နားနေချိန်မှာရှိသင့်တဲ့နှလုံးခုန်နှုန်း တစ်မိနစ်ကို အကြိမ်ရေ ၁၄၀၊
  • ပုံမှန်နှလုံးခုန်နှုန်း တစ်မိနစ်ကို ၁၀၄ ကြိမ် ကနေ ၁၇၅ ကြိမ်

၆ လကနေ ၉ လအတွင်း

  • နားနေချိန်မှာရှိသင့်တဲ့ နှလုံးခုန်နှုန်း တစ်မိနစ်ကို ၁၃၄ ကြိမ်၊
  • ပုံမှန်နှလုံးခုန်နှုန်းတစ်မိနစ်ကို ၉၈ ကြိမ် ကနေ ၁၆၈ ကြိမ်

၉ လကနေ ၁ နှစ်အတွင်း

  • နားနေချိန်မှာရှိသင့်တဲ့နှလုံးခုန်နှုန်း တစ်မိနစ်ကို ၁၂၈ ကြိမ်၊
  • ပုံမှန်နှလုံးခုန်နှုန်း တစ်မိနစ်ကို ၉၃ ကြိမ် ကနေ ၁၆၁ ကြိမ်

၁ နှစ်ကနေ ၁ နှစ်ခွဲအတွင်း

  • နားနေချိန်မှာရှိသင့်တဲ့နှလုံးခုန်နှုန်း တစ်မိနစ်ကို ၁၁၆ ကြိမ်၊
  • ပုံမှန်နှလုံးခုန်နှုန်းတစ်မိနစ်ကို ၈၈ ကြိမ် ကနေ ၁၅၆ ကြိမ်

၁ နှစ်ခွဲကနေ ၂ နှစ်အတွင်း

  • နားနေချိန်မှာရှိသင့်တဲ့နှလုံးခုန်နှုန်း တစ်မိနစ်ကို ၁၁၆ ကြိမ်၊
  • ပုံမှန်နှလုံးခုန်နှုန်း တစ်မိနစ်ကို ၈၂ ကြိမ် ကနေ ၁၄၉ ကြိမ်

၂ နှစ်ကနေ ၃ နှစ်အတွင်း

  • နားနေချိန်မှာရှိသင့်တဲ့ နှလုံးခုန်နှုန်း တစ်မိနစ်ကို အကြိမ်ရေ ၁၁၀၊
  • ပုံမှန်နှလုံးခုန်နှုန်းတစ်မိနစ်ကို ၇၆ ကြိမ် ကနေ ၁၄၂ ကြိမ်

၃ နှစ်ကနေ ၄ နှစ်အတွင်း

  • နားနေချိန်မှာရှိသင့်တဲ့နှလုံးခုန်နှုန်း တစ်မိနစ်ကို ၁၀၄ ကြိမ်၊
  • ပုံမှန်နှလုံးခုန်နှုန်း တစ်မိနစ်ကိုအကြိမ်ရေ ၇၀ ကနေ ၁၃၆ ကြိမ်

၄ နှစ်ကနေ ၆ နှစ်အတွင်း

  • နားနေချိန်မှာရှိသင့်တဲ့ နှလုံးခုန်နှုန်း တစ်မိနစ်ကို ၉၈ ကြိမ်၊
  • ပုံမှန်နှလုံးခုန်နှုန်းတစ်မိနစ်ကို ၆၅ ကြိမ် ကနေ ၁၃၁ ကြိမ်

၆ နှစ်ကနေ ၈ နှစ်အတွင်း

  • နားနေချိန်မှာရှိသင့်တဲ့နှလုံးခုန်နှုန်း တစ်မိနစ်ကို ၉၁ ကြိမ်၊
  • ပုံမှန်နှလုံးခုန်နှုန်း တစ်မိနစ်ကို ၅၉ ကြိမ် ကနေ ၁၂၃ ကြိမ်

၈ နှစ်ကနေ ၁၂ နှစ်အတွင်း

  • နားနေချိန်မှာရှိသင့်တဲ့နှလုံးခုန်နှုန်း တစ်မိနစ်ကို ၈၄ ကြိမ်၊
  • ပုံမှန်နှလုံးခုန်နှုန်းတစ်မိနစ်ကို ၅၂ ကြိမ် ကနေ ၁၁၅ ကြိမ်

၁၂ နှစ်ကနေ ၁၅ နှစ်အတွင်း

  • နားနေချိန်မှာရှိသင့်တဲ့နှလုံးခုန်နှုန်း တစ်မိနစ်ကို ၇၈ ကြိမ်၊
  • ပုံမှန်နှလုံးခုန်နှုန်း တစ်မိနစ်ကို ၄၇ ကြိမ် ကနေ ၁၀၈ ကြိမ်

၁၅ နှစ်ကနေ ၁၈ နှစ်အတွင်း

  • နားနေချိန်မှာရှိသင့်တဲ့ နှလုံးခုန်နှုန်း တစ်မိနစ်ကို၇၃ ကြိမ်၊
  • ပုံမှန်နှလုံးခုန်နှုန်းတစ်မိနစ်ကို ၄၃ ကြိမ် ကနေ ၁၀၄ ကြိမ်

ဒီလိုအခြေအနေဆို ဆရာဝန်နဲ့ပြပါ

ကလေးကလှုပ်ရှားနေချိန်မှာ နှလုံးခုန်နှုန်းမြန်တတ်သလို အိပ်နေချိန်လိုမျိုးငြိမ်နေချိန်မှာ နှလုံးခုန်နှုန်းနှေးတတ်တယ်ဆိုပေမယ့် အခုလိုအခြေအနေမျိုးဆိုရင်တော့ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသကြည့်ဖို့ အကြံပြုပါရစေ။

  • ကလေးက ရင်ဘတ်ထဲကအောင့်တယ်လို့ပြောမယ် ဒါမှမဟုတ် ရင်ဘတ်နာနေပုံရမယ်
  • ကြည့်ရတာ အားနည်းနေမယ်
  • ပန်းနာရင်ကျပ်ရှိတာမဟုတ်ဘဲ အသက်ရှုရခက်နေမယ်
  • ကလေးက ဖျော့တော့နေမယ်
  • နှုတ်ခမ်းတွေပြာနေမယ် ဆိုရင်တော့ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေနိုင်တာကြောင့် ဆရာဝန်နဲ့ပြသကြည့်ပါ။

ကလေးရဲ့ နှလုံးခုန်နှုန်းကို ဘယ်လိုစစ်ဆေးမလဲ

ကလေးရဲ့နှလုံးခုန်နှုန်းကို မတိုင်းတာခင် ၅ မိနစ်လောက် ကလေးကို သက်တောင့်သက်သာနေခိုင်းပါ။ ပြီးရင် လက်ညှိုးနဲ့လက်ခလယ်ထိပ်လေးတွေကိုသုံးပြီး ကလေးရဲ့ လည်ပင်းက သွေးကြော ဒါမှမဟုတ် လက်ကောက်ဝတ်၊ တံတောင်ခွက်တို့ကသွေးခုန်နှုန်းကိုစမ်းကြည့်ပါ။ လက်ထိပ်မှာ လာတိုးတာကိုခံစားမိမှာပါ။ စက္ကန့် ၃၀ အချိန်မှတ်ထားပြီးသွေးခုန်တဲ့အကြိမ်ရေကိုတိုင်းတာပါ။ ပြီးရင်တော့ ရလာတဲ့အရေအတွက်ကို ၂ နဲ့မြှောက်လိုက်ပါ။ ဒါကဘေဘီလေးရဲ့ နှလုံးခုန်နှုန်းပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement