ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

မွေးရာပါ ပြာနှမ်းတဲ့ နှလုံးရောဂါရှိတဲ့ ကလေးတစ်ယောက်ကို ဘယ်လို ဂရုစိုက်ရမလဲ။

နှလုံးရောဂါဆိုတာ လူကြီးတွေဆီမှာတောင် မဖြစ်ချင်တာ ကလေးတွေမှာ မွေးရာပါပါလာတာဆိုတော့ ပိုဆိုးပြီပေါ့။ နှလုံးက ကိုယ်ခန္ဓါရဲ့ အလုပ်အများဆုံးနဲ့ အရေးအကြီးဆုံး အရာတစ်ခုလေ။ ဒါကိုမှ အကြောင်းမလှခဲ့လို့ ကိုယ့်ကလေးမှာ မွေးရာပါ နှလုံးရောဂါပါလာပြီဆိုရင်တော့ အခြား ပုံမှန်ကလေးတွေထက် ပိုဂရုစိုက်ပေးဖို့ လိုလာပါပြီ။ ဒီဆောင်းပါးထဲမှာတော့ မွေးရာပါ နှလုံးရောဂါတွေထဲကမှ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ Tetralogy of Fallot ခေါ် မွေးရာပါပြာနှမ်းနှလုံးရောဂါရှိတဲ့ ကလေးကို ဘယ်လို ဂရုစိုက်စောင့်ရှောက်ရမလဲဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။ Tetralogy of Fallot ဆိုတာ ဘာလဲ။ ပြုစုရမယ့်အကြောင်းမပြောခင် ရောဂါအကြောင်းလေး အရင်ပြောပြချင်ပါတယ်။ Tetralogy of fallot ဆိုတာ tetra ဆိုတဲ့အတိုင်း နှလုံးချို့ယွင်းချက် ၄ ခုပေါင်းထားတဲ့ ပြဿနာတစ်ခုပါ။ ဒီလို ချို့ယွင်းချက်ကြောင့် နှလုံးပုံစံမမှန်တော့တဲ့အပြင် သွေးထဲ ေအာက်ဆီဂျင်ပါဝင်လည်းနည်းသွားပြီး အောက်ဆီဂျင်နည်းတဲ့သွေးတွေ တစ်ကိုယ်လုံးမှာ […]


အခြားကလေးကျန်းမာရေးပြဿနာများ

Tetralogy of Fallot မွေးရာပါ ပြာနှမ်းတဲ့နှလုံးရောဂါ ။ ။

ကလေးလိုချင်တဲ့ မိဘတိုင်း လောကထဲ ရောက်လာမယ့် ကိုယ့်ကလေး ခြေလက်အဂါစုံဖို့၊ မွေးရာပါ ပြဿနာတွေ မရှိစေဖို့ ဆုတောင်းကြတဲ့သူချည်းပါပဲ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ တစ်ချို့ကလေးလေးတွေဟာ မွေးရာပါပြဿနာ တစ်ခုခုနဲ့ ချို့ယွင်းချက်ရှိစွာ မွေးဖွားလာခဲ့ကြရပါတယ်။ ဒီလို မွေးရာပါချို့ယွင်းချက်တွေထဲမှာ ခုပြောမယ့် Tetralogy of fallot မွေးရာပါ ပြာနှမ်းတဲ့နှလုံးရောဂါကလည်း တစ်ခု အပါအဝင်ပေါ့။ ဒီနေ့ပြောပြမယ်ဆောင်းပါးကတော့ ဒီလို မွေးရာပြါပါနှမ်းတဲ့ နှလုံးရောဂါနဲ့ မွေးဖွားလာတဲ့ ရင်သွေး ပိုင်ဆိုင်ထားရတဲ့ မိခင်တိုင်းအတွက် ရည်ရွယ်ပါတယ်။ Tetralogy of Fallot ဆိုတာ ဘာလဲ ။ ။ Tetralogy of Fallot ဆိုတာ tetra ဆိုတဲ့အတိုင်း နှလုံးချို့ယွင်းချက် ၄ ခုပေါင်းထားတဲ့ ပြဿနာတစ်ခုပါ။ ဒီလို ချို့ယွင်းချက်ကြောင့် နှလုံးပုံစံမမှန်တော့တဲ့အပြင် သွေးထဲ အောက်ဆီဂျင်ပါဝင်လည်းနည်းသွားပြီး […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေးတွေမှာ ဖြစ်တဲ့ တီဘီ ရောဂါ

တီဘီရောဂါဟာ Mycobacterium tuberculosisဆိုတဲ့ဘက်တီးရီးယားကြောင့်ဖြစ်လာတာပါ။ အဓိကအားဖြင့် အဆုတ်ကိုထိခိုက်စေတယ်ဆိုပေမယ့် တခြားကိုယ်တွင်းအင်္ဂါတွေကိုလည်း ထိခိုက်စေပါတယ်။ တီဘီရှိတဲ့သူကချောင်းဆိုး၊ နှာချေလိုက်ရင်လေထုထဲလွင့်ထွက်လာတဲ့ အမှုန်လေးတွေထဲရောဂါပိုးတွေပါလာ ပျံ့နှံ့နိုင်ပါတယ်။ ဒါတွေကိုရှူသွင်းမိတဲ့သူတွေမှာ တီဘီရောဂါရသွားနိုင်တာပေါ့။ ဒါလူတိုင်းနီးပါးသိထားပြီးသားပါ။ ဒါဆို ကလေးတွေမှာဖြစ်တဲ့ တီဘီရောဂါကရော ဘယ်လိုမျိုးလဲ။ ဘယ်လို လက္ခဏာတွေတွေ့ရတတ်လဲ အသက်အရွယ်နဲ့ အနေအထားတွေကိုမူတည်ပြီး ကလေးတစ်ယောက်နဲ့တစ်ယောက် လက္ခဏာတွေမတူတတ်ကြပါဘူး။ ကလေးတွေမှာ တွေ့ရတတ်တဲ့ တီဘီလက္ခဏာတွေကတော့ - ကိုယ်ပူတာ ကိုယ်အလေးချိန်ကျတာ ကြီးထွားဖွံ့ဖြိုးမှုနှေးတာ ချောင်းဆိုးတာ ဂလင်းတွေရောင်တာ ချမ်းတုန်တာ တို့ပါဝင်ပါတယ်။ ဆယ်ကျော်သက်ကလေးတွေမှာ အဖြစ်များတဲ့ တီဘီလက္ခဏာတွေက - ၃ ပတ်ထက်ကျော်ပြီးချောင်းဆိုးနေတာ ရင်ဘတ်အောင့်တာ ချွဲသလိပ်မှာ သွေးပါတာ အားနည်းတာ ပင်ပန်းနွ်မ်းနယ်တာ ဂလင်းတွေရောင်တာ ကိုယ်အလေးချိန်ကျတာ အစာစားချင်စိတ်နည်းလာတာ ဖျားတာ ညဘက်ချွေးထွက်တာ ချမ်းတုန်တာ တို့ခံစားရနိုင်ပါတယ်။ ဘယ်လို ကုသလဲ ကလေးမှာ ဒီလက္ခဏာတွေသံသယရှိတာနဲ့ တီဘီရှိမရှိ ကနဦးဆေးစစ်ဖို့နဲ့ ကုသဖို့ ဆရာဝန်ကဆေးရုံကိုညွှန်းပေးမှာပါ။ အထူးသဖြင့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ရင်သွေးလေးကို သင်ပေးသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အထများ

စမတ်ကျလှပတဲ့ လူငယ်လေး၊ လှပကြော့ရှင်းပြီး နှစ်လိုဖွယ်ကောင်းတဲ့ မိန်းမပျိုလေးအဖြစ် ကိုယ့်ရဲ့ ရင်သွေးလေးကို ကြီးပြင်းလာစေချင်တဲ့မေမေဖေဖေတွေများရှိလား။ ဒါဆိုရင်တော့ စမတ်ကျလှပတဲ့အရွယ်ရောက်သူလေးဖြစ်လာစေဖို့ ကိုယ့်ရဲ့ရင်သွေးလေးကို ငယ်ငယ်ကတည်းက ဘာတွေသင်ကြားပျိုးထောင်ပေးဖို့လိုမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ငယ်စဉ်ကတည်းက ပျိုးထောင်ပေးသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ ကိုယ့်ရဲ့ ရင်သွေးလေးကို ငယ်စဉ်ကနေစပြီး ဒီအလေ့အကျင့်လေးကို ပျိုးထောင်ပေးပါ။ ဒါမှ ကျန်းမာပြီး စမတ်ကျတဲ့လူငယ်လေး၊ လှပကြော့ရှင်းတဲ့လေဒီလေးအဖြစ် ကြီးပြင်းအရွယ်ရောက်လာမှာပါ။ လက်ဆေးတတ်အောင်သင်ပေးပါ လက်ကနေတဆင့်ရောဂါပိုးတွေကအများကြီးကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို ငယ်စဉ်ကတည်းက လက်ဆေးတတ်တဲ့ အလေ့အကျင့်လေးရှိနေအောင် ပျိုးထောင်ပေးထားသင့်ပါတယ်။ ကလေးကို ညစ်ပေတာတွေကိုင်တွယ်ပြီးတိုင်း၊ အစားမစားခင်၊ အစားအသောက်တွေမပြင်ဆင်ခင်၊ အသားစိမ်း၊ငါးစိမ်းတွေကို ကိုယ်တွယ်မိချိန်၊ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေဖြစ်ကြတဲ့သွေး၊ဆီး၊ တံထွေးနဲ့အခြားသောအရာတွေကို ထိတွေ့ပြီးတိုင်း၊ တိရစ္ဆာန်လေးတွေကိုထိတွေ့ပြီးတိုင်း၊ နှာချေပြီးတိုင်း၊ နှပ်ညှစ်ပြီးတိုင်း၊ချောင်းဆိုးပြီးတိုင်း၊ အိမ်သာကဆင်းတိုင်း၊အစားစားပြီးတိုင်းမှာ လက်ဆေးတတ်တဲ့ အလေ့အကျင့်လေးကိုမွေးမြူပေးပါ။ ဒါကရောဂါပိုးမွှားတွေကို ကာကွယ်ရာရောက်လို့ ကလေးကို ကျန်းမာစေဖို့လည်း အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ ရေပုံမှန်ချိုးတတ်တဲ့အလေ့အကျင့်မွေးမြူပေးပါ ရေပုံမှန်ချိုးတတ်တာကလည်း တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးကို အဝမလွန်စေဖို့ မိဘတွေ ဒီလိုဂရုစိုက်ပေးဖို့ လိုမယ်နော်

လူကြီးတွေကတော့ ကလေးဝရင် ကျန်းမာတယ်ပဲ မြင်တတ်ကြတာပါပဲ။ တကယ်တော့ အသက်အရွယ်တိုင်းမှာ သူ့ဟာနဲ့ သူ သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်စံနှုန်းတွေဆိုတာ ရှိပါတယ်။ ဒီစံနှုန်းထက် နည်းလွန်းတဲ့ ကလေးတွေကျတော့လည်း ကြီးထွားဖွံ့ဖြိုးမှုနှေးတယ်၊ တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ပိန်ကပ်ပြီး သေးညှက်နေတယ်၊ စံနှုန်းထက် ကျော်ပြီး အရမ်းဝနေတဲ့ ကလေးကျတော့လည်း ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တယ်။ သူ့ရဲ့ ကိုယ်ခန္ဓာကြောင့် အတန်းထဲမှာ တခြားကလေးတွေရဲ့ စတာနောက်တာ ခံရနိုင်တယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးမှာ ကိုယ်သိပ်ချစ်ရတဲ့ ကိုယ့်ရဲ့ ကလေးကို အဝမလွန်စေဖို့ ဘယ်လိုပြုမူနေထိုင်သင့်လဲ၊ ဘာတွေများများကျွေးသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။ ကလေးတွေ အဝလွန်အောင် ဘယ်လိုအရာတွေက တွန်းပို့ပေးနေလဲ။ ၁။ ကလေးကြိုက်ရင်ပြီးတာပဲဆိုပြီး ကျွေးလိုက်တဲ့ အဆီတွေ၊ အကြော်အလှော်တွေ၊ အသင့်စား ရယ်ဒီမိတ် အစားအစာတွေ၊ အချိုများတဲ့ မုန့်တွေပဲ အမြဲလိုလို ကျွေးတဲ့အကျင့်က […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ အရမ်းအိပ်တာ ဒါ့ကြောင့်ပါ

ကလေးက တစ်ချိန်လုံး အိပ်ပဲအိပ်နေတယ်။ တစ်ခုခုများ ဖြစ်နေတာလားဆိုပြီး စိုးရိမ်နေတဲ့ မေမေဖေဖေတွေများ ရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ဘေဘီလေး အရမ်းအိပ်တာက ပုံမှန်တော့ ဖွံ့ဖြိုးဖို့အားယူတာပါ။ ဒါကြောင့် ဘေဘီလေး အိပ်စက်ရတဲ့ အကြောင်းအရင်းလေးတွေကို ဆက်ကြည့်လိုက်ရအောင်လား။ ဘေဘီလေးတွေ အရမ်းအိပ်တာ ဒါ့ကြောင့်ပါ။ ဘေဘီလေးတွေ အရမ်းအိပ်တာ စိုးရိမ်ရလား........ မွေးကင်းစ ဘေဘီလေး တစ်ယောက်က အချိန်တိုင်းလိုလို အိပ်နေတာက သူတို့လေးတွေ သူတို့ တာဝန် သူတို့ ထမ်းဆောင်နေတာပါ။ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်လို့ မစိုးရိမ်ပါနဲ့နော်။ မွေးစ ကလေးလေးတစ်ယောက်က တစ်နေ့ကို ၁၁ နာရီ ကနေ ၁၇ နာရီလောက်အထိ အိပ်စက်လေ့ ရှိကြပါတယ်။ တစ်နေ့တာရဲ့ ၃ ပုံ နှစ်ပုံလောက်ကို အိပ်ကြတာပါ။ ဒီလို အိပ်စက်ရတာကလည်း သူတို့ရဲ့ ခန္ဓာကိုယ်ပိစိလေး ကြီးထွားလာစေဖို့ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

အဖျားကြီးနေတဲ့ကလေးကို အရေးပေါ် ဘယ်လိုပြုစုပေးမလဲ

သွေးသားနဲ့ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်မှာ ဖျားနာတာကရှောင်လွှဲဖို့ မဖြစ်နိုင်တဲ့အရာပါ။ မဖျားမနာဖူးတဲ့သူရယ်လို့ မရှိပါဘူး။ အခုလိုရာသီဥတုမျိုးဆိုရင်တော့ ပိုဆိုးတာပေါ့။ အအေးမိနဲ့တုပ်ကွေးတွေ အဖြစ်များနေပြီလေ။ ကိုယ်တိုင်ဖျားနာတာက ပြဿနာမရှိဘူး။ လူကြီးဆိုတော့ ကိုယ့်ဘာသာ ဂရုစိုက်နိုင်မယ်။ လိုအပ်မယ်ထင်တာတွေပြင်ဆင်နိုင်တယ်လေ။ ဒါပေမယ့် ကလေးတွေဖျားနာပြီဆိုရင်တော့ ကိုယ်တိုင်ဖျားနာတာထက် ပိုဆိုးပါတယ်။ အထူးသဖြင့် အဖျားကြီးပြီဆိုရင် အန္တရာယ်လည်း ပိုနိုင်တယ်လေ။ ကလေး အဖျားတက်လာတာက နေ့ခင်းပိုင်းလိုမျိုးဆို နီးစပ်ရာဆေးခန်းမှ ပြသကုသပေးလို့ရပေမယ့် အချိန်မတော်ကြီးဖြစ်တဲ့ အခါမှာတော့ ကိုယ်တိုင် ပြုစုမှဖြစ်မှာပါ။ ဒီလိုပြုစုဖို့အတွက် အဖျားကြီးနေတဲ့ကလေးကို အရေးပေါ် ဘယ်လိုပြုစုပေးမလဲ ဆိုတာကို သိထားသင့်ပါတယ်။ ကလေး ဖျားနေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ ကလေးတွေက လူကြီးတွေလောက်ခံစားရတဲ့ ဝေဒနာကို စီကာပတ်ကုံးမပြောနိုင်ကြပါဘူး။ ဒါကြောင့် ကလေးတွေဖျားနာတဲ့အခါ မိဘတွေအနေနဲ့ အစစအရာရာကိုသတိထားကြရပါတယ်။ ကလေးမှာ ဒီလိုလေးတွေဖြစ်နေပြီဆိုရင်တော့ ဖျားနေပြီလို့ ဆိုရပါမယ်။ ကလေးကိုယ်အပူချိန်က ၃၈ […]


မိခင်နို့တိုက်ကျွေးခြင်း

ရင်သားထိပ်တွေကွဲနေလို့ ဘေဘီလေးကို နို့တိုက်ရတာ အခက်တွေ့နေတဲ့ မေမေတို့အတွက်

ရင်သားထိပ်တွေကွဲနေလို့ ဘေဘီလေးကို နို့တိုက်ရတာ အခက်တွေ့နေတဲ့ မေမေတို့အတွက် ၉ လလွယ် ၁၀ လ ဖွားလာခဲ့တဲ့ ဘေဘီလေးကို မိခင်နို့ရည် ပြည့်ပြည့်ဝဝ တိုက်ကျွေးချင်ပေမယ့် နို့သီးခေါင်းထိပ်တွေက ကွဲနေတာကြောင့် ဘေဘီလေးကို နို့ချိုတိုက်လိုက်တိုင်း နာလွန်းလို့ မျက်ရည်တောင် ကျမိတယ်ဆိုတဲ့မေမေတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေတို့ ခံစားနေရတဲ့ ပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မှာပါ။ ရင်သားထိပ်တွေကွဲနေလို့ ဘေဘီလေးကို နို့တိုက်ရတာ အခက်တွေ့နေတဲ့ မေမေတို့အတွက် ရင်သားထိပ်တွေကွဲနေလို့ ဘေဘီလေးကို နို့တိုက်ရတာ အခက်တွေ့နေတဲ့ မေမေတို့အတွက် Helloဆရာဝန်က ပြောပြပေးချင်တာက နို့တိုက်မိခင်တိုင်း ဒီပြဿနာကို ခံစားရနိုင်လား................. နို့တိုက်မိခင်တိုင်းတော့ ဒီပြဿနာကို မခံစားရနိုင်ပါဘူး။ နို့တိုက်မိခင် ၂၀ ရာခိုင်နှုန်းလောက်ကပဲ ဒီပြဿနာကို ခံစားရနိုင်တာပါ။မေမေက နို့ထွက်နည်းတာကြောင့် ဒီပြဿနာကို ခံစားရနိုင်သလို ကလေးကို နို့တိုက်တဲ့ ပုံစံမမှန်တာမျိုးကြောင့်လည်း နို့သီးခေါင်းထိပ်တွေ ကွဲတာမျိုးကိုခံစားရနိုင်ပါတယ်။ […]


ကလေးငယ်ပထမနှစ်

ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ ဦးနှောက်အမြှေးရောင်

ဒီတစ်ခေါက်တော့ ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ ဦးနှောက်အမြှေးရောင် အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ ဦးနှောက်အမြှေးရောင် ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ ဦးနှောက်အမြှေးရောင် အကြောင်း အတူတူ လေ့လာလိုက်ရအောင်နော်။ ဦးနှောက် အမြှေးရောင်တယ်ဆိုတာကဘာလဲ.......... ဦးနှောက်အမြှေးရောင်တယ်ဆိုတာက ဦးနှောက်နဲ့ကျောရိုးနဗ်ကြောကို ဖုံးအုပ်ထားတဲ့ အမြှေးပါးလေးရောင်ရမ်းတဲ့ အခြေအနေတစ်ရပ်ပါ။ ဦးနှောက်အမြှေးရောင်တာက အရွယ်မရွေးဖြစ်နိုင်တဲ့ရောဂါတစ်ခုပေါ့။ ဦးနှောက် အမြှေးရောင်ရောဂါက လူတစ်ဦးကနေ တစ်ဦးကို မကူးစက်နိုင်ပါဘူး။ရောဂါရှိတဲ့ခြင်ကိုက်ခံရမှသာကူးစက်နိုင်တာပါ။ ဦးနှောက်အမြှေးရောင်ရောဂါကမြန်မြန်သိပြီးမြန်မြန်ကုသနိုင်ရင်ပျောက်ကင်းနိုင်ခြေပိုများပါတယ်။ ကာကွယ်တာက ကုသတာထက်ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း ဦးနှောက်အမြှေးရောင်ကို ကာကွယ်ဖို့ အကောင်းဆုံးသောနည်းလမ်းက ကာကွယ်ဆေးထိုးနှံတာပါပဲ။ ဘာတွေကြောင့်ဦးနှောက် အမြှေးရောင်ဖြစ်တာလဲ........ ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ရတာကခြင်ကိုက်တာကနေတဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ် တွေကြောင့်ပါ။ရောဂါရှိတဲ့သူက အခြားတစ်ဦးကို ကိုင်တွယ်ထိတွေ့ရုံ၊ နမ်းရှုတ်ရုံလောက်နဲ့မဖြစ်သလိုရောဂါပိုးရှိနေသူက နှာချေ၊ချောင်းဆိုးတာတွေကနေတဆင့်လည်းရောဂါပိုးတွေ မကူးစက်နိုင်ပါဘူး။ အဓိကကတော့ရောဂါပိုးသယ်ဆောင်ထားတဲ့ခြင် ကိုက်ခံရတာကြောင့်ဖြစ်ရတာပါ။ ဒီရောဂါကဖြစ်နိုင်ခြေနည်းတယ်ဆိုပေမယ့်သေသေချာချာကုသမှုမလုပ်ဘူးဆိုရင်တော့ အသက်အန္တရာယ်ထိခိုက်တာမျိုးအထိဖြစ်နိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ...... ဦးနှောက်အမြှေးရောင်ရောဂါက ကူးစက်ခံရသူရဲ့ အသက်အရွယ်ကိုလိုက်ပြီးခံစားရတဲ့ လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ များသောအားဖြင့်ကတော့ အဖျားတက်မယ် အားအင်ကုန်ခမ်းသလိုဖြစ်မယ် ခြေကုန်လက်ပမ်းကျမယ် ခေါင်းကိုက်မယ် […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်နေရင်းနဲ့ နို့ထဲ သွေးပါတာ ဘာဖြစ်လို့လဲ။

ကိုယ်ဝန်လရင့်တဲ့အချိန် ရင်သားကနေ နို့မထွက်လာဘဲ သွေးလေးတွေ စို့နေတယ်။ ကလေး နို့တိုက် နေတဲ့အချိန် ရင်သားက နို့မထွက်ဘဲ သွေးတွေ ထွက်လာမယ်၊ နို့ထဲသွေးတွေရောနေမယ် ဆိုရင် မေမေတိုင်း လန့်သွားကြမှာ ကျိန်းသေပါတယ်။ နို့တိုက်နေရင်းနဲ့ နို့ထဲ သွေးပါတာ ဘာဖြစ်လို့လဲ။ တစ်နေရာမှာများ ထိခိုက်မှုရှိလို့လား ကျန်းမာရေး တစ်ခုခုများဖြစ်ေနေပြီးလား။ အဲလိုဖြစ်ရင် ကလေးကို နို့ဆက်တိုက်လို့ရသေးရဲ့လား ။ နို့တိုက်နေရင်းနဲ့ နို့ထဲ သွေးပါတာ ဘာဖြစ်လို့လဲ။ နို့တိုက်နေရင်းနဲ့ နို့ထဲ သွေးပါတာ ဘာဖြစ်လို့လဲ။ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ကလေးမွေးပြီး ကာလနို့တိုက်နေချိန်မှာ နို့မဟုတ်ဘဲ သွေးတွေထွက်ခဲ့ရင် လုံးဝစိုးရိမ်စရာ မရှိပါဘူး။ ဒါဟာ ပုံမှန်ဖြစ်တတ်တဲ့ အရာတစ်ခုပါ။ ဒီတော့ စိတ်အေးလို့ရပါပြီ။ ဒါပေမယ့် ဘာ့ကြောင့်နို့ထဲသွေးပါရလဲဆိုတဲ့ အကြောင်းလေးတွေ သိထားဖို့တော့ လိုသေးတာပေ့ါနော်။ ခုပြောပြမယ့် အချက်တွေက နို့တိုက်ချိန် နို့ထဲ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း