backup og meta

ကလေးတွေမှာ ဖြစ်တဲ့ တီဘီ ရောဂါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေမှာ ဖြစ်တဲ့ တီဘီ ရောဂါ

    တီဘီရောဂါဟာ Mycobacterium tuberculosisဆိုတဲ့ဘက်တီးရီးယားကြောင့်ဖြစ်လာတာပါ။ အဓိကအားဖြင့် အဆုတ်ကိုထိခိုက်စေတယ်ဆိုပေမယ့် တခြားကိုယ်တွင်းအင်္ဂါတွေကိုလည်း ထိခိုက်စေပါတယ်။

    တီဘီရှိတဲ့သူကချောင်းဆိုး၊ နှာချေလိုက်ရင်လေထုထဲလွင့်ထွက်လာတဲ့ အမှုန်လေးတွေထဲရောဂါပိုးတွေပါလာ ပျံ့နှံ့နိုင်ပါတယ်။ ဒါတွေကိုရှူသွင်းမိတဲ့သူတွေမှာ တီဘီရောဂါရသွားနိုင်တာပေါ့။ ဒါလူတိုင်းနီးပါးသိထားပြီးသားပါ။

    ဒါဆို ကလေးတွေမှာဖြစ်တဲ့ တီဘီရောဂါကရော ဘယ်လိုမျိုးလဲ။

    ဘယ်လို လက္ခဏာတွေတွေ့ရတတ်လဲ

    အသက်အရွယ်နဲ့ အနေအထားတွေကိုမူတည်ပြီး ကလေးတစ်ယောက်နဲ့တစ်ယောက် လက္ခဏာတွေမတူတတ်ကြပါဘူး။ ကလေးတွေမှာ တွေ့ရတတ်တဲ့ တီဘီလက္ခဏာတွေကတော့ –

    • ကိုယ်ပူတာ

    • ကိုယ်အလေးချိန်ကျတာ
    • ကြီးထွားဖွံ့ဖြိုးမှုနှေးတာ

  • ချောင်းဆိုးတာ
  • ဂလင်းတွေရောင်တာ

  • ချမ်းတုန်တာ တို့ပါဝင်ပါတယ်။
  • ဆယ်ကျော်သက်ကလေးတွေမှာ အဖြစ်များတဲ့ တီဘီလက္ခဏာတွေက –

    • ၃ ပတ်ထက်ကျော်ပြီးချောင်းဆိုးနေတာ
    • ရင်ဘတ်အောင့်တာ

    • ချွဲသလိပ်မှာ သွေးပါတာ

    • အားနည်းတာ

    • ပင်ပန်းနွ်မ်းနယ်တာ

  • ဂလင်းတွေရောင်တာ
  • ကိုယ်အလေးချိန်ကျတာ

  • အစာစားချင်စိတ်နည်းလာတာ
  • ဖျားတာ

  • ညဘက်ချွေးထွက်တာ
  • ချမ်းတုန်တာ တို့ခံစားရနိုင်ပါတယ်။

  • ဘယ်လို ကုသလဲ

    ကလေးမှာ ဒီလက္ခဏာတွေသံသယရှိတာနဲ့ တီဘီရှိမရှိ ကနဦးဆေးစစ်ဖို့နဲ့ ကုသဖို့ ဆရာဝန်ကဆေးရုံကိုညွှန်းပေးမှာပါ။ အထူးသဖြင့် ကလေးက –

    • အရမ်းငယ်သေးရင်
    • ဆေးကို တုံ့ပြန်မှုပြင်းထန်နေရင်
    • တီဘီအပြင် တခြားရောဂါတွေရှိနေရင် ပိုအရေးကြီးပါတယ်။

    ဒါပေမယ့် တီဘီရှိတဲ့ကလေးအများစုကိုပြင်ပလူနာအဖြစ်ကုသပေးပြီးနေအိမ်မှာပဲပြုစုစေတာများပါတယ်။ ပုံမှန်အားဖြင့်သောက်ဆေးတွေနဲ့ကုသလေ့ရှိပါတယ်။ ကုသမှုက လနဲ့ချီပြီးကြာမြင့်တယ်ဆိုပေမယ့် ညွှန်ကြားထားတဲ့အတိုင်း တသဝေမတိမ်းလိုက်နာပြီးဆေးကိုအချိန်မှန်၊ပြီးပြတ်အောင်တိုက်ကျွေးဖို့ အရေးကြီးပါတယ်။

    ဘယ်လောက်ကြာတတ်လဲ

    တီဘီရောဂါဆိုတာ မကုသရင် နှစ်ပေါင်းများစွာကျန်ရှိနေတတ်တဲ့ နာတာရှည်ရောဂါပါ။ ကုသမှုခံယူတဲ့အခါ ၆ လကနေ ၉လ အထိဆေးပုံမှန်သောက်သုံးရပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ

    ကလေးမှာ ဒီလက္ခဏာတွေဖြစ်လာရင် ဆရာဝန်အမြန်ပြပြီး စစ်ဆေးကုသမှုခံယူသင့်ပါတယ် –

    • တီဘီရှိသူ( သို့မဟုတ် တီဘီရှိတယ်လို့ သံသယရှိသူ)နဲ့ နီးနီးကပ်ကပ်နေမိသွားရင်
    • အဖျားတာရှည်နေရင်
    • ညညဆို ချွေးတွေထွက်နေရင်
    • ချောင်းဆိုးတာရှည်နေရင် တီဘီကူးစက်ခံရခြင်းရှိမရှိ စစ်ဆေးသင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement