နှလုံးရောဂါဆိုတာ လူကြီးတွေဆီမှာတောင် မဖြစ်ချင်တာ ကလေးတွေမှာ မွေးရာပါပါလာတာဆိုတော့ ပိုဆိုးပြီပေါ့။ နှလုံးက ကိုယ်ခန္ဓါရဲ့ အလုပ်အများဆုံးနဲ့ အရေးအကြီးဆုံး အရာတစ်ခုလေ။ ဒါကိုမှ အကြောင်းမလှခဲ့လို့ ကိုယ့်ကလေးမှာ မွေးရာပါ နှလုံးရောဂါပါလာပြီဆိုရင်တော့ အခြား ပုံမှန်ကလေးတွေထက် ပိုဂရုစိုက်ပေးဖို့ လိုလာပါပြီ။
ဒီဆောင်းပါးထဲမှာတော့ မွေးရာပါ နှလုံးရောဂါတွေထဲကမှ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ Tetralogy of Fallot ခေါ် မွေးရာပါပြာနှမ်းနှလုံးရောဂါရှိတဲ့ ကလေးကို ဘယ်လို ဂရုစိုက်စောင့်ရှောက်ရမလဲဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။
Tetralogy of Fallot ဆိုတာ ဘာလဲ။
ပြုစုရမယ့်အကြောင်းမပြောခင် ရောဂါအကြောင်းလေး အရင်ပြောပြချင်ပါတယ်။
Tetralogy of fallot ဆိုတာ tetra ဆိုတဲ့အတိုင်း နှလုံးချို့ယွင်းချက် ၄ ခုပေါင်းထားတဲ့ ပြဿနာတစ်ခုပါ။ ဒီလို ချို့ယွင်းချက်ကြောင့် နှလုံးပုံစံမမှန်တော့တဲ့အပြင် သွေးထဲ ေအာက်ဆီဂျင်ပါဝင်လည်းနည်းသွားပြီး အောက်ဆီဂျင်နည်းတဲ့သွေးတွေ တစ်ကိုယ်လုံးမှာ လှည့်ပတ်စီးနေစေလို့ ပြာနှမ်းစေတဲ့ နှလုံးပြဿနာတစ်ခုပါ။ ရောဂါခံစားနေရတဲ့ကလေးတွေက အခြား ရွယ်တူကလေးတွေထက်ညှက်နေတတ်ပြီး၊ တစ်ချိန်လုံး ဂျီကျနေတာ ငိုတဲ့အချိန် နှုတ်ခမ်းတွေ၊ လက်သည်း တွေနဲ့ အသားအရေတွေ ပြာလာတာမျိုးတွေ ကြုံတွေ့ရလေ့ရှိပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။