တစ်ချိန်လုံး ဂျီကျငိုနေတတ်ပြီး ငိုနေတဲ့အချိန် ပြာလာတာ ပိုဆိုးလာတဲ့ အခိုက်အတန့်ကို tet spells လို့ခေါ်ပါတယ်။ ငိုပြီး ဂျီကျတဲ့ ၂ လ ၄ လအ ရွယ်ကလေးတွေမှာ ပိုဖြစ်တတ်ပြီး လမ်းလျှောက်တတ်ခါစ ကလေးတွေမှာတော့ ပြေးရင်းဆော့ရင်း ခုလို အသက်ရှူရကြပ်လာတဲ့အခါ ဆောင့်ဆောင့်ထိုင်လိုက်တတ်တဲ့ အကျင့်ရှိပါတယ်။ ဒီလို ဆောင့်ဆောင့်ထိုင်ခြင်းဟာ အဆုတ်ဆီကို သွေးစီးဆင်းမှုပိုကောင်းစေလို့ ကလေးတွေ ခံစားနေရတဲ့ အသက်ရှူရကြပ်ခြင်းတွေ ပြေသွားစေကြောင့်ပါ။
နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ဘာတွေရှိလဲ၊။
tetralogy of Fallot ဆိုတာ ခွဲစိတ်ပြီး ကုသမှု ခံယူသင့်တဲ့ရောဂါတစ်မျိုးပါ။၊ မကုဘဲထားတာဖြစ်ဖြစ်ကြာလာရင် နောက်ပိုင်းဝင်လာနိုင်တဲံ နောက်ဆက်တွဲ ပြဿနာတွေကတော့
- ကလေးက ထွားသင့်သလောက်မထွားဘဲ ရောဂါသည်လေးနဲ့တူနေမယ်
- အခြားပြင်းထန်တဲ့ပြဿနာတစ်ခုဖြစ်တဲ့ နှလုံးပိုးဝင်ရောင်ရမ်းတဲ့ပြဿနာတွေအပြင်
- နောက်ဆုံး ကလေးက အသက်သေဆုံးတဲ့ အထိဖြစ်နိုင်ပါတယ်။
ဒါဆို ဘယ်အချိန်မှ ာဆရာဝန်သွားပြဖို့ လိုမလဲ ။ ။
- ကလေးက အသက်ရှူရကြပ်ကြပ်နေတာ
- တစ်ကိုယ်လုံး မဟုတ်ရင်တောင် လက်သည်း နှုတ်ခမ်းနဲ့ အသားအရေတွေပြာနှမ်းနေတာ
- တစ်ချက်တစ်ချက် တက်တက်သွားတာ
- ကလေးက တက်ကြွမှုမရှိဘဲ အားနည်းနေတာ
- တစ်ချိန်လုံး ဂျီကျပြီးငိုနေတာ
- ငိုနေတဲ့အချိန်မှာ ပြာပြာသွားတာမျိုးတွေ ရှိရင်တော့ ဆရာဝန်ဆီသွားပြသင့်ပါတယ်။
ဆရာဝန်ဆီ သွားနေတဲ့ လမ်းမှာ ကလေးကို ဘေးစောင်းထားပြီး ကလေး ဒူးခေါင်းနဲ့ ရင်ဘတ်ထိအောင် ကွေးခိုင်းထားပါ။ ဒါမှ အဆုတ်ဆီရောက်တဲ့ သွေးများပြီး ပြာနေတာတွေ၊ အောက်ဆီဂျင်နည်းတာတွေ သက်သာသွားမှာ ဖြစ်လို့ပါ။
Tetralogy of Fallot ကို ဘယ်လိုကုသလဲ။
- Tetralogy of Fallot အတွက် အဓိက ကုသမှုကတော့ နှလုံးခွဲစိတ်ကုသမှုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခ်ျို့ကလေးတွေဆိုရင်တော့ ကျဉ်းနေတဲ့သွေးကြော အရင်ပြန်ကျယ်အောင် သောက်ဆေးတွေ ပေးပြီး
- စိတ်ချရတဲ့ ကလေးအခြေအနေ
- ခွဲစိတ်လို့ရတဲ့ အသက်အရွယ်ရောက်မှ ခွဲစိတ်ပေးတာများပါတယ်။
ခွဲစိတ်မှုမှာ
- Intracardiac surgery နဲ့
- Temporary surgery ဆိုပြီး ခွဲစိတ်မှု ၂ ခုရှိပါတယ်။ ကလေးရောဂါ အခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ ခွဲစိတ်မှုကို ဆရာဝန် ကဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ။
ဒီ Tetralogy of Fallot ရောဂါဟာ မွေးပြီးပြီးချင်း ( ဒါမှမဟုတ်) ကလေးတွေမှာ တန်းသိနိုင်တဲ့ပြဿနာတစ်ခုပါ။ စောစောသိလေ ပိုကောင်းလေဖြစ်တဲ့ ရောဂါတစ်ခုဖြစ်ပြီး ကုသမှုအဖြစ် ခွဲစိတ်မှုခံယူလိုက်တဲ့အခါ သာမာန်လူကောင်းတစ်ယောက်လို ပြန်ဖြစ်သွားစေမှာပါ။ ဒါပေမယ့် သူတို့ ဘဝတစ်လျှောက်လုံး ဆေးကုသမှုခံယူဖို့၊ တစ်ချို့လေ့ကျင့်ခန်းနဲ့ လှုပ်ရှားမှုတွေကိုတော့ သတိထားလုပ်ရမှာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။