နို့တိုက်နေရင်းနဲ့ နို့ထဲ သွေးပါတာ ဘာဖြစ်လို့လဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နို့တိုက်နေရင်းနဲ့ နို့ထဲ သွေးပါတာ ဘာဖြစ်လို့လဲ။

    ကိုယ်ဝန်လရင့်တဲ့အချိန် ရင်သားကနေ နို့မထွက်လာဘဲ သွေးလေးတွေ စို့နေတယ်။ ကလေး နို့တိုက် နေတဲ့အချိန် ရင်သားက နို့မထွက်ဘဲ သွေးတွေ ထွက်လာမယ်၊ နို့ထဲသွေးတွေရောနေမယ် ဆိုရင် မေမေတိုင်း လန့်သွားကြမှာ ကျိန်းသေပါတယ်။ နို့တိုက်နေရင်းနဲ့ နို့ထဲ သွေးပါတာ ဘာဖြစ်လို့လဲ။ တစ်နေရာမှာများ ထိခိုက်မှုရှိလို့လား ကျန်းမာရေး တစ်ခုခုများဖြစ်ေနေပြီးလား။ အဲလိုဖြစ်ရင် ကလေးကို နို့ဆက်တိုက်လို့ရသေးရဲ့လား ။

    နို့တိုက်နေရင်းနဲ့ နို့ထဲ သွေးပါတာ ဘာဖြစ်လို့လဲ။

    နို့တိုက်နေရင်းနဲ့ နို့ထဲ သွေးပါတာ ဘာဖြစ်လို့လဲ။ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ကလေးမွေးပြီး ကာလနို့တိုက်နေချိန်မှာ နို့မဟုတ်ဘဲ သွေးတွေထွက်ခဲ့ရင်

    လုံးဝစိုးရိမ်စရာ မရှိပါဘူး။ ဒါဟာ ပုံမှန်ဖြစ်တတ်တဲ့ အရာတစ်ခုပါ။ ဒီတော့ စိတ်အေးလို့ရပါပြီ။ ဒါပေမယ့် ဘာ့ကြောင့်နို့ထဲသွေးပါရလဲဆိုတဲ့ အကြောင်းလေးတွေ သိထားဖို့တော့ လိုသေးတာပေ့ါနော်။

    ခုပြောပြမယ့် အချက်တွေက နို့တိုက်ချိန် နို့ထဲ သွေးပါ၊ နို့မထွက်ဘဲ သွေးတွေ ထွက်လာနိုင်တဲ့အကြောင်းလေးတွေပါ။

    ( ၁ ) နို့သီးခေါင်းကွဲခြင်း။ ။

    နို့သီးခေါင်းကွဲတဲ့ ပြဿနာဟာ နို့ထဲ သွေးပါစေနိုင်တဲ့အဓိက ပြဿနာတစ်ခုပါ။ ဒီလို နို့သီးခေါင်းကွဲရခြင်းကို အဓိကဖြစ်စေနိုင်တဲ့ ပြဿနာက နို့တိုက်တဲ့ ပုံစံနဲ့ တိုက်ပုံတိုက်နည်း မမှန်တာကြောင့်နဲ့ ရင်သားပတ်လည်ကိုသေချာသန့်ရှင်းရေး မလုပ်တာကြောင့်ဖြစ်ရတာပါ။

    ( ၂ ) Rusty Pipe Syndrome

    ကလေးမွေးပြီးခါစအချိန် ရင်သားဆီကို သွေးစီးဆင်းမှု များနေတဲ့အတွက်ကြောင့် နို့ဦးရည်နဲ့ နို့ထဲသွေးတွေပါလာတာ ဖြစ်တတ်ပါတယ်။ နို့ချောင်းတွေဖွံ့ဖြိုးလာဖို့နဲ့ နို့ထွက်များစေဖို့ သွေးလည်ပတ်မှု ကောင်းကောင်းရှိနေဖို့ အရေးကြီးပါတယ်။ ဒါကို ဆေးပညာမှာ rusty pipe syndrome ( ဒါမှမဟုတ်) vascular engorgement လို့ခေါ်ပါတယ်။ ဒီလို ပြဿနာဖြစ်တဲ့အခါ ဆေးကုသမှု ခံယူဖို့မလိုအပ်ပါဘူး။ ကလေးမွေးပြီး တစ်ပတ်လောက်ကြာရင် ဒီ နို့ထဲပါတဲ့သွေးပါတာတွေ ရပ်သွားမှာ ဖြစ်ပါတယ်။

    ( ၃ ) Intraductal Papilloma

    Intraductal Papilloma ဆိုတာ နို့ချောင်းထဲမှာ သေးငယ်တဲ့ အလုံးလေးတစ်လုံး ကြီးထွားလာတာတဲ့ပြဿနာဖြစ်ပါတယ်။ အလုံးဆိုတာနဲ့ ကင်ဆာလို့တော့ မထင်လိုက်ပါနဲ့။ Intraductal Papilloma က ကင်ဆာမဟုတ်တဲ့အလုံးလေးတစ်လုံးသာဖြစ်ပါတယ်။ သူ့ကြောင့်လည်း နို့ထဲသွေးပါတာတွေ ဖြစ်တတ်ပါတယ်။ နို့တိုက်ချိန် ရင်သားကို စမ်းလိုက်မိတဲ့ အကျိတ်လေးတစ်ခု စမ်းမိတယ်၊ နိထဲမှာလည်း သွေးတွေပါနေတယ်ဆိုရင် ဒါ ကင်ဆာမဟုတ်တဲ့ Intraductal Papilloma ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခြား ကင်ဆာဖြစ်နိုင်တဲ့ အကျိတ်တွေလည်း ရှိသေးတာမို့ ဒီလို အကျိတ်ရော သွေးရောပါတဲ့ ပြဿနာတွေမှာ ဆရာဝန်တွေဆီ သွားပြတာ အကောင်းဆုံးပါ။

    ဒီလို နို့တိုက်ရင်းနဲ့ နို့ထဲသွေးပါတဲ့အခါ မေမေတို့သိသင့်တဲ့ အချက်တွေဘာတွေရှိလဲ ။

    • မိခင်မှာ သွေးကနေတစ်ဆ့င့်ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်တဲ့ HIV ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ အသည်းရောင်အသားဝါ ဘီပိုး စီပိုး ရှိနေတယ်ဆိုရင်တော့ သွေးပါနေတဲ့ နို့ကို ကလေးကို မတိုက်တာအကောင်းဆုံးပါ။
    • ဒီလို နို့မတိုက်ရတဲ့ နို့တင်းလာတဲ့ပြဿနာကို ဖြေရှင်းဖို့ နို့တွေကို ညှစ်ထုတ်ဖို့ လိုအပ်ပါတယ်။
    • နောက်ပြီး သွေးရောနေတဲ့ နို့တွေကို သောက်မိတဲ့ ကလေးဝမ်းက မဲမဲလေးတွေ သွားတတ်ပါတယ်။
    • ဒီလို နို့ထဲ သွေးပါတဲ့ ပြဿနာဟာ ဘယ်လောက်ပဲ ဖြစ်တတ်တယ် ပုံမှန်ပဲလို့ပြောပြာ စိတ်ရှင်းအောင်လို့ ဆရာဝန်နဲ့ တစ်ခေါက်လောက်တော့ သွားပြီး တိုင်ပင်ကြည့်စေချင်ပါတယ်။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 07/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement