အဖျားကြီးနေတဲ့ကလေးကို အရေးပေါ် ဘယ်လိုပြုစုပေးမလဲ ဆိုတာ ကြည့်ကြည့်လိုက်ရအောင်နော်။
အဖျားကြီးနေတဲ့ကလေးကို အရေးပေါ် ဘယ်လိုပြုစုပေးမလဲ ဆိုတာ ကြည့်ကြည့်လိုက်ရအောင်နော်။
သွေးသားနဲ့ဖွဲ့စည်းထားတဲ့ ခန္ဓါကိုယ်မှာ ဖျားနာတာကရှောင်လွှဲဖို့ မဖြစ်နိုင်တဲ့အရာပါ။ မဖျားမနာဖူးတဲ့သူရယ်လို့မရှိပါဘူး။ အခုလိုရာသီဥတုမျိုးဆိုရင်တော့ ပိုဆိုးတာပေါ့။ အအေးမိနဲ့တုပ်ကွေးတွေ အဖြစ်များနေပြီလေ။ ကိုယ်တိုင်ဖျားနာတဲ့အခါကပြဿနာမရှိဘူး။ လူကြီးဆိုတော့ ကိုယ့်ဘာသာ ဂရုစိုက်နိုင်မယ်။ လိုအပ်မယ်ထင်တာတွေပြင်ဆင်နိုင်တယ်။
ဆေးရုံဆေးခန်းအလွယ်တကူသွားနိုင်တယ်။ ဒါပေမယ့် ကလေးတွေဖျားနာပြီဆိုရင်တော့ ကိုယ်တိုင်ဖျားနာတာထက်ပိုဆိုးတယ်။ အထူးသဖြင့် အဖျားကြီးပြီဆိုရင် အန္တရာယ်လည်းပိုနိုင်တယ်။ကလေး အဖျားတက်လာတာက နေ့ခင်းပိုင်းလိုမျိုးဆို နီးစပ်ရာဆေးခန်းမှ ပြသကုသပေးလို့ရပေမယ့် အချိန်မတော်ကြီးဖြစ်တဲ့ အခါမှာတော့ ကိုယ်တိုင် ပြုစုမှဖြစ်မှာပါ။ ဒီလိုပြုစုဖို့အတွက် နည်းလမ်းလေးတွေပြောပြပေးမယ်နော်။
ကလေးတွေက လူကြီးတွေလောက်ခံစားရတဲ့ ဝေဒနာကို စီကာပတ်ကုံးမပြောနိုင်ကြပါဘူး။ ဒါကြောင့် ကလေးတွေဖျားနာတဲ့အခါ မိဘတွေအနေနဲ့ အစစအရာရာကိုသတိထားကြရပါတယ်။ ကလေးမှာ ဒီလိုလေးတွေဖြစ်နေပြီဆိုရင်တော့ ဖျားနေပြီလို့ ဆိုရပါမယ်။
ကလေးတွေက အလွယ်တကူ အအေးမိဖျားနာနိုင်ပါတယ်။ ရေချိုးမှားတာ၊ ချွေးနဲ့အအေးပတ်တာ၊ လေအေးတိုက်ခံတာများတာတွေလိုမျိုး အမျိုးမျိုးသောအကြောင်းတွေကြောင့် ဖျားနာနိုင်ပါတယ်။ အိမ်မှာ သာမိုမီတာလေးတစ်ခုဝယ်ထားပြီး ကလေးဖျားနေတယ်လို့ သံသယရှိတဲ့အခါ တိုင်းကြည့်တာကလည်း အဆင်ပြေစေမယ့် နည်းလမ်းကောင်းတစ်ခုပါ။
အဖျားကြီးနေတဲ့ကလေးကို အရေးပေါ် ဘယ်လိုပြုစုပေးမလဲ ဆိုတော့ ကလေးကအဖျားရှိနေပြီဆိုရင် –
ကလေးမှာ အခုပြောပြမယ့် အခြေအနေတွေ ဖြစ်နေပြီဆိုရင်တော့ နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။