ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ဘေဘီလေးကို ရေညှိကျွေးပေးတဲ့အခါ

ရေညှိ ထမင်းလိပ်တယ်။ ဘေဘီလေးက နည်းနည်းဆိုပြီး ပါးစပ်ဟတယ်။ ရေညှိကြော်လေး စားလည်း မေမေ သားသားဆိုပြီး ပါးစပ်ဟတယ်။ ဟယ် စားလို့ တည့်ပါ့မလား။ မကျွေးရင်လည်း ငိုနေပြီဆိုတော့ ဘယ်လို လုပ်ရမလဲဆိုပြီး အကြံအိုက်နေတဲ့ မေမေတွေ ရှိလား.......... ဘေဘီလေးကို ရေညှိကျွေးလို့ ရလား..... မေမေတိုင်း သိချင်နေမယ့် ဒီမေးခွန်းလေးကို ဖြေပေးရမယ်ဆိုရင်တော့ ဟုတ်ကဲ့ ကျွေးလို့ ရပါတယ်ပေါ့။ ဒါပေမယ့် သတိထားရမယ့်အချက်လေးတွေတော့ ရှိတယ်နော်။ ဘေဘီလေးကို ရေညှိကျွေးတဲ့အခါ အရသာတွေ ဖြည့်စွက်ထားတာမျိုး မဖြစ်ဖို့တော့ လိုပါမယ်။ ဆားတောင် နည်းနည်းပဲ စားရမယ့် ဘေဘီလေးကို အချိုမှုန့်၊ အရသာမှုန့်တွေပါနေတဲ့ ရေညှိကျွေးတာကတော့ ကောင်းကျိုးထက် ဆိုးကျိုး ပိုနေမယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါ။ ဘယ်အရွယ်မှာ ရေညှိ စကျွေးရပါ့......... ကျွေးလို့ ရတာကတော့ ဟုတ်ပါပြီ။ ဘယ်အရွယ်မှာ ရေညှိ […]


ကလေးငယ်အာဟာရ

ဘေဘီလေးနဲ့ နေကြာစေ့

နေကြာစေ့ တခွပ်ခွပ် ကိုက်ရင်း ရုပ်ရှင်ကြည့်နေတုန်း တူလေး၊ တူမလေးတွေက တီတီ ကျွေး၊ လေးလေး ကျွေး လို့ ပြောလာရင် ကျွေးလိုက်ရမလား၊ တည့်ရော တည့်ရဲ့လားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဇဝေဇဝါဖြစ်နေတာကို ဖြေရှင်းဖို့ ဒီဆောင်းပါးလေးကို ဖတ်ရင်း အဖြေထုတ်ရအောင်နော်။ ဘေဘီလေးကို နေကြာစေ့ ကျွေးလို့ရလား........... ဒီအမေးကို ဟုတ်ရပါတယ်ပဲ ပြောရမှာပေါ့။ တကယ်ကတော့ ဘေဘီလေးကို solid food စတင်မိတ်ဆက်တဲ့ ၆ လမှာကတည်းက နေကြာစေ့ ကျွေးလို့ ရပါတယ်။ ဒါဆို ခွံလို့ရတာပေါ့ဆိုပြီး အားပါးတရတော့ မခွံလိုက်ပါနဲ့နော်။ တီတီ၊ လေးလေးလို့ မပီကလာခေါ်နေတဲ့ ဘေဘီလေးက ၄ နှစ် မပြည့်သေးဘူးဆိုရင်တော့ နေကြာစေ့ကို ကြိတ်ပြီး ကျွေးတာက အကောင်းဆုံးပါ။ ဒီလိုပြောရတာက နေကြာစေ့က ကလေးကို အစာနင်တာ၊ သီးတာ​တွေ […]


ကလေးငယ်ပထမနှစ်

မွေးကင်းစကလေးတွေမှာ အတွေ့များတဲ့ ကျန်းမာရေးပြဿနာတွေ

ကလေးတွေဟာ မွေးကင်းစအချိန်ကနေ အသက်တစ်နှစ်ပြည့်တဲ့အချိန်ထိ မိဘတွေအနေနဲ့ သေချာအနီးကပ်စောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လုံခြုံတဲ့ မိခင်ရဲ့ ဝမ်းဗိုက်ထဲကနေ ပြင်ပလောကကို ရောက်ရှိလာပြီး အသက်ရှူဖို့၊ စားသောက်ဖို့၊ အိပ်စက်အနားယူဖို့ အစရှိတဲ့အရာတွေကို စတင်သင်ယူရပါတယ်။ ပြင်ပလောကနဲ့ အသားကျဖို့အတွက် ပြင်ဆင်နေရတဲ့ ဒီပထမတစ်နှစ်ကာလကတော့ ကလေးတွေအတွက် ကျန်းမာရေးပြဿနာများ ထူပြောတဲ့ ကာလမို့ မကြာခင်မှာ မိဘလောင်းဖြစ်တော့မယ့်သူတွေရော၊ အခုမှ ပထမဆုံး သားဦးသမီးဦးမွေးထားတဲ့ မိဘတွေအတွက်ပါ သိထားသင့်တဲ့ ကျန်းမာရေးပြဿနာများကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ ၁။ မွေးဖွားစဉ် ထိခိုက်မှုများ တစ်ခါတရံ မီးဖွားနေချိန်မှာ ကလေးကို မိခင်မွေးလမ်းကြောင်းကနေ လျင်မြန်စွာ ထွက်လာစေဖို့ ညှပ်ကိုအသုံးပြုရတာမျိုး ရှိပါတယ်။ ဒီညှပ်ကြောင့် ကလေးအနေနဲ့ ထိခိုက်မှုများ ဖြစ်စေနိုင်ပါတယ်။ ကလေးအများစုကတော့ ထိုထိခိုက်မှုကို တိုတောင်းတဲ့အချိန်အတွင်း ကုသပျောက်ကင်းသွားနိုင်ပါတယ်။ ဒီလိုမွေးဖွားစဉ် ထိခိုက်မှုတွေထဲမှာ ဦးရေပြားတစ်ဝိုက် နီရဲရောင်ရမ်းတဲ့ […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ဆယ်ကျော်သက်တို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့

စိတ်ပိုင်းဆိုင်ရာ ကျန်းမာ​ကြံ့ခိုင်စွာ ကြီးပြင်းလာစေဖို့ ငယ်စဉ်ကတည်းက ကလေးကို စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူ တစ်ဦးဖြစ်အောင် ပျိုးထောင်ပေးဖို့လိုပါမယ်။ ဆယ်ကျော်သက် အရွယ်ရောက်လာတဲ့အခါမှာ ကလေးတိုင်းက စိတ်ဓာတ်ကျတာ အပါအဝင် အမျိုးမျိုးသော စိတ်အခြေအနေတွေနဲ့ ရင်ဆိုင်ရပါတယ်။ ဒီလို အခြေအနေတွေကို ကျော်လွှားနိုင်မှ ကလေးက အောင်မြင်တဲ့ လူငယ်ဖြစ်လာမှာပါ။ ဒီတော့ ကိုယ့်ရဲ့ ဆယ်ကျော်သက်  ကလေးတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ကြံခိုင်စေဖို့ ဘယ်လို အလေ့အထလေးတွေများ မွေးမြူပျိုးထောင်ပေးဖို့ လိုမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဆယ်ကျော်သက်တို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ ခန္ဓာကိုယ် အပြောင်းအလဲ၊ စိတ်အပြောင်းအလဲကို ရင်ဆိုင်နေရတဲ့ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ဆယ်ကျော်သက် တစ်ယောက်အနေနဲ့ တစ်နေ့ကို တစ်နာရီလောက် ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးဖို့လိုပါမယ်။ လေ့ကျင့်ခန်း […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

Puberty က hit ဦးမှာလား။

ဆယ်ကျော်သက်တွေ ကြားထဲမှာ ခေတ်စားနေတာက puberty hit ဆိုတဲ့ စကားရပ်လေး ရှိပါတယ်။ အရင်က ပုပုသေးသေး ကောင်မလေးက ခုမှ အရပ်တွေရှည်ပြီး လှလာတယ်လို့၊ ပိန်ပိန်ညှက်ညှက်ကောင်လေးက ယောက်ျားပီသတဲ့ ရုပ်လေး ထွက်လာတယ်တို့ပေါ့။ အပျိုဖော် လူပျိုဖော်ဝင်တယ် (puberty)ဆိုတာ လူတိုင်း ကျော်ဖြတ်ရမယ့် ကိစ္စပေမယ့် လူတိုင်းကတော့ puberty hitချင်မှ hitမှာပါ။ လူတိုင်း နတ်ရေကန်ထဲ ပစ်ချလိုက်သလို ပြောင်းလဲချင်မှ ပြောင်းလဲမှာပါ။ ဒါဟာ ဘာကြောင့်များပါလိမ့်။ ဘယ်အချက်တွေကများ puberty hit စေတာလဲ။ ပျိုဖော်ဝင်ချိန်မှာ ပြောင်းလဲမှုတွေ ဖြစ်စေတာက အောက်ကအချက်တွေကြောင့်ပါ။ ဟော်မုန်း အပျိုဖော်ဝင်တော့မယ်ဆိုရင် ဦးနှာက်ထဲမှာရှိတဲ့ ဟော်မုန်းထိန်းချုပ်ရာ ဌာနချုပ်ကြီး ဟိုက်ပိုသလမက် (hypothalamus) က စပြီး လှုပ်ရှားလာပါပြီ။ သူ့ရဲ့ အမိန့်ပေးမှုနဲ့ ကောင်မလေးတွေရဲ့ သားဥအိမ်၊ ကောင်လေးတွေရဲ့ ဝှေးစေ့ကနေ […]


ကလေးအစာခြေစနစ်ပြဿနာများ

သင့်ရင်သွေး ဘာလို့ အော့အန်နေတာလဲ? ဘယ်လိုဖြေရှင်းမလဲ?

ရင်သွေးလေးတွေဟာ တစ်ခါတစ်ရံမှာ အကြောင်းပြချက် ရေရေရာရာမရှိပဲ အော့အန်တာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် မိဘတွေမှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ပြာယာခတ်တတ်ကြတာ သဘောဝပါပဲ။ တကယ်တော့ ကလေးတွေ အော့အန်ရတဲ့အကြောင်းအရင်းတွေဟာ အမျိုးမျိုးဖြစ်နိုင်ပြီး ဘယ်လိုပြဿနာကြောင့် အော့အန်နိုင်လဲဆိုတာကို သိနားလည်ထားမယ်ဆိုရင် တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းကုစားပေးနိုင်ဖို့ အခွင့်အလမ်းများပါတယ်။ အဖြစ်များတာကတော့ အစာအိမ်ဗိုင်းရပ်စ်တွေကြောင့် ဒါမှမဟုတ် အစာအဆိပ်သင့်တာမျိုးတွေကြောင့်ပါ။ ဒါပေမယ့် တခြားအကြောင်းအရင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ ရေဓာတ်ချို့တဲ့တာပါပဲ။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ အော့အန်တာကို သက်သာအောင် ကူညီနိုင်ပါတယ်။ ရေဓာတ်ချို့တဲ့တာဟာ အဖြစ်များတဲ့ပြဿနာဖြစ်ပါတယ်။ ကလေးတွေကို ကိုယ်တိုင်ဂရုတစိုက်နဲ့ အစားအစာမပြင်ဆင်ပေးနိုင်ရင် ရေဓာတ်ချို့တဲ့တာဖြစ်ဖို့ အလွန်နီးစပ်ပါတယ်။ အော့အန်တာအပြင် ပင်ပန်းနွမ်းနယ်နေတာ၊ ပါးစပ် အာခေါင်ခြောက်တာ၊ ငိုကြွေးချိန်မှာ မျက်ရည်သိပ်မကျတာ၊ အရေပြားအေးစက်နေတာ၊ ပုံမှန်အတိုင်း ဆီးမသွားတာ၊ ဆီးအရောင်ရင့်လွန်းနေတာတွေပါဖြစ်နေပြီဆိုရင် သင့်ကလေး ရေဓာတ်ချို့တဲ့တာသေချာနေပါပြီ။ ရင်သွေး အော့အန်ခြင်းကို သက်သောစေမယ့် နည်းလမ်းများ အော့အန်ရတဲ့အကြောင်းအရင်းတွေထဲက အဓိကအချက်တစ်ခုက ရေသောက်နည်းပြီး ရေဓာတ်ချို့တဲ့လို့ဖြစ်နိုင်ပါတယ်။ ရေဓာတ်ပြန်ပြည့်အောင် […]


မိခင်နို့တိုက်ကျွေးခြင်း

ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေ အစပ်စားလို့ရသလား

မိခင်တွေဟာကိုယ်ဝန်ဆောင်ချိန်မှာ ချဉ်ခြင်းတက်ကြတာဟာသဘာဝပါ။ တစ်မျိုးပြီးတစ်မျိုး စားချင်ကြပါတယ်။ ထိုနည်းတူပါပဲ။ နို့ချိုတိုက်ကျွေးချိန်ရောက်လာတဲ့ အခါမှာလည်း ချဉ်ခြင်းတက်တတ် ကြပါသေးတယ်။ ကလေးကိုနို့တိုက်ကျွေးနေရတဲ့အတွက် မိမိကိုယ်တိုင်မှာလည်း အစာစားချင်စိတ်တွေ ဟာ  ထိန်းမရပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ အများဆုံးချဉ်ခြင်းတက်ကြတာဟာ အစပ်ပါတဲ့စားစရာတွေ ကိုပါ။ နို့တိုက်ချိန်မှာလည်း အစပ်ကိုတောင့်တတတ်ကြပြန်ပါတယ်။ ဒါပေမဲ့ မေမေအများစုဟာ  သန္ဓေသား ကိုထိခိုက်မှာစိုးလို့အစပ်ပါတဲ့အစားအစာတွေကိုရှောင်တတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာရော နို့တိုက်ချိန်မှာပါအစပ်ကိုရှောင်ဖို့အမှန်တကယ်လိုအပ်လားဆိုတာမေးစရာရှိလာပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အစပ်စားခြင်းဟာမွေးလာမယ့်ဘေဘီလေးအတွက်အန္တရာယ်ရှိလား။ ကိုယ်ဝန်ဆောင်ချိန်အစပ်စားခြင်းဟာ မိမိရဲ့ရင်သွေးလေးကိုလုံးဝမထိခိုက်နိုင်ပါဘူး။ ၁၀၀ ရာခိုင်နှုန်းစိတ်ချရပါတယ်။ အချို့သောလေ့လာမှုတွေကတော့ ကိုယ်ဝန်ဆောင်ချိန်စားလိုက်တဲ့ အရသာတွေဟာ  ရေမြွာရည်ကိုသက်ရောက်မှုရှိတယ်ဆိုထားပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကိုယ်ဝန်ဆောင်ချိန်မှာ  အစပ်လုံးဝမစားသင့်ဘူးဆိုတဲ့ အယူအဆကိုမေ့ပစ်လိုက်နိုင်ပါပြီ။ ဒါဆိုကိုယ်ဝန်ဆောင်ချိန်အစပ်စားခြင်းဟာသင့်အတွက်ရောအန္တရာယ်ရှိနိုင်သလား။ အဓိကပြောပြချင်တဲ့အချက်လာပါပြီ။ အပူအစပ်စားခြင်းဟာ ပမာဏလွန်ကဲသွားခဲ့ရင် ကိုယ်ဝန်ဆောင်ချိန်မှာမှမဟုတ်ပါဘူး။ ပုံမှန်အချိန်မှာပါ သင့်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ရင်ပူခြင်း၊ အစာအိမ်နေရာမှပူလောင်မှုကိုခံစားရခြင်း၊ အစာမကြေခြင်း၊ ဗိုက်အောင့်ခြင်း၊ လေထခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းသွားခြင်းနဲ့ အစာအိမ်ရောင်ခြင်းတွေအထိဖြစ်စေနိုင်ပါတယ်။ အပူအစပ်ကိုအလွန်အမင်းစားရာကနေ အစာအိမ်အနာမှတစ်ဆင့် အစာအိမ်ကင်ဆာ ထိလည်း  ဖြစ်စေနိုင်ပါသေးတယ်။ အရင်ကအစပ်မကြိုက်သူဖြစ်ပြီး ကိုယ်ဝန်ရှိပါမှ အစပ်ကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေကို ဘယ်လိုသိပ်ကြမလဲ

မနက်သုံးနာရီကလည်းထိုးပြီ၊ မိမိရဲ့ဘေဘီလေးကလည်းမအိပ်သေးဘူး။ မေမေကတော့ အရမ်းအိပ်ချင်နေပြီပေါ့။ ဘေဘီလေးတို့အိပ်စက်ဖို့ရန်အတွက် မေမေတို့တွေ ဘယ်လိုနည်းလမ်းတွေ သုံးရမှာပါလိမ့်။ (၁) ‘S’ ငါးလုံးနည်းလမ်း Swaddling ဆိုတာ မြန်မာလိုဆိုရင် တင်းကြပ်စွာထုပ်ပိုးထားသည်လို့ အဓိပ္ပာယ်ရပါတယ်။ ကလေးတွေဟာ မေမေတို့ရဲ့ဗိုက်ထဲမှာ သန္ဓေသားဘဝအနေနဲ့ ကိုးလခန့်ရှိနေခဲ့တာပါ။ ထိုအချိန်က မေမေတို့ရဲ့သားအိမ်ဟာ သန္ဓေသားလေးတွေကို နွေးထွေးစွာထုပ်ပိုးထားခဲ့ပါတယ်။ ဒါကြောင့်အပြင်ရောက်လာသည့်တိုင် ဒီလိုခံစားမှုမျိုးကို ကြိုက်နေတတ်ကြပါတယ်။ ဘေဘီလေးတွေကိုချော့သိပ်ဖို့ဆိုရင် နွေးထွေးစွာထုပ်ပိုးယုယထားခြင်း နည်းလမ်းဟာလည်း အသုံးဝင်ပါတယ်။ တခြားအချိန်တွေမှာတော့လွတ်လပ်စွာဆော့ကစားပါစေနော်။ Side - ဘေးတစ်စောင်းအနေအထားနဲ့ သိပ်ကြည့်ပါ။ ဘေးစောင်းအနေအထားဟာ ဘေဘီလေးကို အိပ်မက်ကမ္ဘာထဲရောက်အောင် တဖြည်းဖြည်းနဲ့ခေါ်ဆောင်သွားနိုင်ပါတယ်။ အိပ်ပျော်သွားရင်တော့ ပက်လက်အနေအထားပြန်ပြောင်းပေးနိုင်ပါတယ်။ Shushing ဆိုတဲ့အဓိပ္ပာယ်ကတော့တိုးတိတ်ညင်သာတဲ့ ရှူးဆိုတဲ့အသံကို စည်းချက်ကျကျ ကလေးရဲ့နားအနီးမှာသီဆိုပေးပါ။ ဤအသံဟာ သားအိမ်ထဲမှာရှိနေစဉ် ကာလမှာ ကြားခဲ့ရတဲ့အသံနဲ့ ပုံစံတူတယ်လို့ဆိုထားကြပါတယ်။ Swing - ဒီနည်းလမ်းကိုတော့ လူတိုင်းသိပြီးသားပါ။ ကလေးကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်တွေကို ခေါင်းအုံးနဲ့ ပေးအိပ် လို့ရလား

လူကြီးတွေအတွက်တော့ ခေါင်းအုံးဆိုတာ အိစက်ညက်ညောပြီး ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်အောင် အထောက်အကူပေးနိုင်ပါတယ်။ ဒါပေမဲ့ ငယ်သေးတဲ့ ကလေးတွေအတွက်တော့ အသက်အန္တရာယ်ဖြစ်စေတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ကလေးငယ်တွေကို ခေါင်းအုံးနဲ့ ပေးအိပ် တာက အိပ်နေရင်း မတော်တဆ ဖိမိပြီး မွန်းသလို ခံစားရတာ၊ အသက်ရှူကျပ်တာ၊ အသက်ရှူမဝတာတွေ ဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေကို ခေါင်းအုံးနဲ့ ပေးအိပ် လို့ရလား အနည်းဆုံး ကလေးအသက် တစ်နှစ်အရွယ်မှသာ ခေါင်းအုံးနဲ့ သိပ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ အဲဒီထက်ငယ်တဲ့ ကလေးတွေ၊ အထူးသဖြင့် အသက် တစ်နှစ်အောက် ကလေးတွေဆိုရင်တော့ ခေါင်းအုံးနဲ့ ပေးအိပ်သင့်ပါဘူး။ အသက် တစ်နှစ်အောက် ကလေးတွေမှာ ရုတ်တရက်သေဆုံးခြင်းလက္ခဏာ (SIDS) ကို ဖြစ်စေတဲ့ တရားခံအကြောင်းရင်းတွေထဲမှာ ကလေးကို ခေါင်းအုံးနဲ့ ပေးအိပ်တဲ့အချက်လည်း ပါဝင်နေပါတယ်။ အသက် တစ်နှစ်နောက်ပိုင်းမှာတော့ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေး အစာမကြေဖြစ်နေလား ဘယ်လိုသိနိုင်မလဲ ..ဘယ်လိုကာကွယ်ကြမလဲ

လူကြီးတွေလို ရောဂါလက္ခဏာ တိတိကျကျ မပြောပြတတ်တဲ့ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ရင် သူတို့ရဲ့ အပြုအမူနဲ့ ပြင်ပလက္ခဏာလေးတွေကို အမြဲသတိထားမိဖို့ အရေးကြီးပါတယ်။ ကလေးက အစာမစားချင်ဘူးဘဲ ပြောနေပြီ ဆိုရင် ကလေးမှာ အစာမကြေတာများ ဖြစ်နေလားလို့ စတင် သံသယ ရှိသင့်ပါပြီ။ အစာမကြေတာက ဝမ်းချုပ်တာ လိုပဲ ကလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ကိစ္စ တစ်ခုပါ။ လူကြီးတွေမှာ လိုပဲ ကလေးတွေမှာလည်း ဖြစ်နိုင်ခြေများပါတယ်။ ကလေး အစာမကြေဖြစ်နေလား ဘယ်လိုသိနိုင်မလဲ ..ဘယ်လိုကာကွယ်ကြမလဲ ...... အစာမကြေတာက ကြီးကြီးမားမား ကျန်းမာရေး ပြဿနာလို့ မဆိုသာပေမယ့် သေချာလေး ဂရုစိုက် စောင့်ရှောက်ဖို့တော့ လိုပါတယ်။ အစာမကြေခြင်းက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေနိုင်သလို သားသားမီးမီးတို့ရဲ့ ပျော်ရွှင်စရာ အချိန်လေးတွေကို ထိခိုက်စေနိုင်လို့ပါ။ https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/healthy-food-for-childs/ ကလေးက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း