ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ကလေးနှင့် ဗီတာမင်

ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် အာဟာရလိုအပ်ချက်များတွင် ဗီတာမင်သည် အရေးကြီးဆုံး အစိတ်အပိုင်းထဲမှ တစ်ခု ဖြစ်သည်။ ကလေး၏ ခန္ဓါကိုယ်သည် လိုအပ်သလောက် ဗီတာမင် ပမာဏကို မထုတ်လုပ်ပေးနိုင်သောကြောင့် ဗီတာမင်ဓါတ်များကို အစားအသောက်မှ နေ့စဉ် ရရှိရန်လိုအပ်သည်။ ဗီတာမင် အေ ဗီတာမင်အေကို အဝါရောင်၊ လိမ္မော်ရောင်ရှိသော အစားအစာများ (ဥပမာ။ ။ မုန်လာဥ၊ ဝဥ ၊ ဖရုံသီး၊ နို့၊ ဒိန်ခဲ၊ ဥ) တွင် အလွယ်တကူ တွေ့ရှိရသည်။ ထိုဗီတာမင်သည် ပုံမှန်ကြီးထွားဖွံ့ဖြိုးမှု၊ တစ်ရှုးနှင့် အရိုးပြန်လည် ပြုပြင်မှု၊ အရေပြားနှင့် မျက်လုံးကျန်းမာရေး၊ ကိုယ်ခံအား တို့ကို တိုးမြှင့်ပေးသော အစွမ်းအာနိသင်ရှိသည်။ ဗီတာမင် ဘီ ဗီတာမင်ဘီ အုပ်စုတွင် ဗီတာမင် ဘီ ၂၊ ၃၊ ၆ နှင့် ၁၂ တို့ပါဝင်ပါသည်။ ၎င်းတို့သည် […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

သင့်ကလေးတွင် အကြားအာရုံချို့ယွင်းခြင်းဖြစ်နေလျှင် ဘယ်လိုအကောင်းဆုံး ကူညီဖြေရှင်းမလဲ

ကလေးများတွင် အကြားအာရုံချို့ယွင်းရခြင်းသည် မွေးရာပါနှင့် မွေးပြီးမှဖြစ်သော အကြားအာရုံချို့ယွင်းခြင်း ဟူသော အဓိက အကြောင်းရင်း ၂ခုကြောင့်ဖြစ်နိုင်ပါသည်။ နားကြားနေမှသာ ပတ်ဝန်းကျင်ရှိအရာများကို စူစမ်းလေ့လာခြင်း၊ အတုခိုးခြင်းများပြုလုပ်တတ်လာပြီး ဦးနှောက်ဆဲလ်များ ဖွံ့ဖြိုးလာခြင်းဖြစ်ပါသည်။ ထိုသို့အကြားအာရုံချို့ယွင်းခြင်းသည် ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှုကို နှောင့်နှေးစေသည့်အတွက် ထိုကလေးများကို အခြားသော သာမန်ကလေးများကဲ့သို့ ကြီးထွားဖွံ့ဖြိုးမှုရရှိစေရန် မတူညီသော ပြုစုပျိုးထောင်မှုနည်းလမ်းများကို အသုံးပြုရပါသည်။   သင့်ကလေးသည် အကြားအာရုံချို့ယွင်းနေပါက သင်ဘာလုပ်သင့်သလဲ။ သင့်ကလေးကို ပေါင်းသင်းဆက်ဆံတတ်စေရန် အားပေးပါ။ အကြားအာရုံချို့ယွင်းနေသော ကလေးများသည် ဘာသာစကားများကိုလေ့လာရာတွင် အခြားကလေးများထက် နောက်ကျပါသည်။ ကလေးများသည် သူတို့၏အားနည်းချက်ကို ရှက်စိတ်ဖြစ်လာလေလေ လူအများနှင့် မဆက်ဆံချင်တော့လေလေဖြစ်ပါသည်။ ထို့ကြောင့် မိဘများအနေဖြင့် ကလေးများကို အခြေအနေကို နားလည်အောင်ရှင်းပြခြင်း၊ ပြုလုပ်ရန်တွန်းအားပေးခြင်း၊ အတတ်နိုင်ဆုံး ပုံမှန်ပတ်ဝန်းကျင်တစ်ခုတွင် နေရသည့် စိတ်ခံစားမှုမျိုးကိုရရှိအောင် ဆောင်ရွက်ပေးခြင်းတို့ပြုလုပ်ပေးသင့်ပါသည်။ နေ့စဉ်ပြောနေကျ စကားများကို ပြောပေးခြင်း၊ စာအုပ်များဖတ်ပြခြင်း၊ သီချင်းများဖွင့်ပြခြင်း၊ စကားလုံးများကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးငယ်ရှိ လက်မ စုပ်သော အကျင့်ကိုဖျောက်ပစ်ရန် နည်းလမ်းများ

သင့်ကလေးငယ် လက်မ စုပ်နေသည်ကိုကြည့်ရတာ ချစ်စရာကောင်းပါသလား။ သို့သော် လက်မ စုပ်ခြင်းသည် ကလေးငယ်၏ကျန်မာရေးကို အနှေးနှင့် အမြန်ထိခိုက်စေသောကြောင့် မိဘများအနေနှင့် လက်တွေ့တွင် ထိုအကျင့်ကို ဖျောက်ပစ်ရန်ကြိုးစားကြပါသည်။ ကလေးငယ်များတွင် ကြီးသွားများပေါက်လာချိန်တွင် လက်မ စုပ်ခြင်းကြောင့် သွားပေါက်ခြင်းညီညာမှုမရှိဖြစ်စေပါသည်။ အောက်ပါတို့သည် လက်မ စုပ်သော ကလေးငယ်များတွင် သွားပြသနာများ မဖြစ်ရအောင်ကာကွယ်ရမည့် နည်းလမ်းများဖြစ်ပါသည်။ အထူးသဖြင့် မူကြိုအရွယ်ကလေးများသည် သူတို့လက်မကလေးများကို ပါးစပ်ထဲသို့စုပ်လိုက် ထုတ်လိုက် ပြုလုပ်တတ်ကြပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ကလေး၏ကျန်းမာရေးကို ထိခိုက်ရုံသာမက မေးရိုးနှင့် သွားများကြီးထွားဖွံ့ဖြိုးကြီးထွားမှုကိုပါ ထိခိုက်စေပါသည်။ ထို့ကြောင့် ကလေးများသည် အသက်ကြီးလာသည်နှင့် အမျှ သူတို့တွင်ပျောက်သင့်သော လက်မစုပ်ခြင်းအကျင့်မပျောက်သေးလျှင် အောက်ပါနည်းများဖြင့် ကြိုးစားကြည့်နိုင်ပါသည်။   1. ကလေးများသည် အများအားဖြင့် အိပ်ရာဝင်ချိန်၊ နေ့ခင်းတရေးအိပ်ချိန်နှင့် ကျောင်းတွင်ရှိနေသော အချိန်များတွင်ပင် လက်မစုပ်တတ်ပါသည်။ မိဘများအနေဖြင့် ထိုအကျင့်မျိုးသည် ညဘက်မှသာလုပ်ရသောအကျင့်မျိုးဖြစ်ကြောင်း ပြောပြခြင်းဖြင့် […]


ကလေးငယ်ပထမနှစ်

ရုတ်တရက် တစ်နှစ်အောက်ကလေး သေဆုံးမှု အကြောင်းရင်းများ

တစ်နှစ်အောက်ကလေး ရုတ်တရက်သေဆုံးရခြင်းဆိုတာဘာလဲ တစ်နှစ်အောက်ကလေးရုတ်ရက်သေဆုံးရခြင်းဆိုတာကျန်းမာနေပုံရတဲ့ တစ်နှစ်အောက်ကလေးတစ်ယောက် အကြောင်းရင်းမဖော်ပြနိုင်ဘဲသေဆုံးခြင်း ဖြစ်ပါတယ်။ အများအားဖြင့်ကလေးငယ်တွေဟာပုခက်၊ အိပ်ရာအတွင်းအိပ်ပျော်နေစဉ် သေဆုံးတတ်ကြသည့်အတွက် ပုခက်တွင်းသေဆုံးမှုဟုလဲခေါ်ကြပါသည်။ ကလေးငယ်ရုတ်တရက်သေဆုံးခြင်းကိုတိကျသောအကြောင်းရင်းတစ်ခုထဲဖြင့် မဆုံးဖြတ်နိုင်သော်လည်းကလေးငယ်၏ အသက်ရှုခြင်းနှင့်အိပ်စက်ခြင်းကိုထိန်းချုပ်သောဦးနှောက် အစိတ်အပိုင်းတစ်ခုမူမမှန်ဖြစ်ခြင်းကြောင့် ဖြစ်နိုင်သည်ဟုသုတေသနပညာရှင် များကတွေ့ရှိခဲ့ကြသည်။ တစ်နှစ်အောက်ကလေးရုတ်တရက်သေဆုံးစေနိုင်သည့် အကြောင်းရင်းများ ရုပ်ပိုင်းချို့ယွင်းချက်များ ဦးနှောက်မူမမှန်ဖြစ်ခြင်း : ကလေးငယ်၏ အသက်ရှုခြင်းနှင့်အိပ်စက်ခြင်းကိုထိန်းချုပ်သောဦးနှောက်အစိတ်အပိုင်းကောင်းစွာမဖွံ့ဖြိုးခြင်းကြောင့် ကလေးငယ်ရုတ်တရက်သေဆုံးမှု ပိုမိုဖြစ်ပွားနိုင်ပါသည်။ သည်အချက်ကိုဆရာများနှင့် မိဘများပါ မကာကွယ်နိုင်ပါ။ ကလေးမွေးစဉ် အလေးချိန်မပြည့်ခြင်း : လမစေ့ပဲမွေးဖွားခြင်းနှင့် အမွှာမွေးဖွားကလေးဖြစ်ခြင်းတို့သည်တစ်နှစ်အောက်ကလေးရုတ်တရက်သေဆုံးစေနိုင်သည့်အဓိကအကြောင်းရင်းများဖြစ်ပါသည်။ ပေါင်မစေ့သောကလေးများသည် ဦးနှောက်မူမမှန်မှုများကြောင့် အသက်ရှုခြင်းနှင့်နှလုံးခုန်ခြင်းတို့ကိုထိန်းချုပ်ရာတွင်ခက်ခဲတတ်ပါသည်။ ထို့ကြောင့်ကလေးငယ်ရုတ်တရက်သေဆုံးမှု ပိုအဖြစ်များပါသည်။ အသက်ရှူလမ်းကြောင်းရောဂါပိုးဝင်ခြင်း : ရုတ်တရက်သေဆုံးသောကလေးအများစုသည် မသေဆုံးခင် အအေးမိခြင်းနှင့် အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းတို့ခံစားခဲ့ရကြောင်းတွေ့ရှိရသည်။ အသက်ရှုလမ်းကြောင်းရောဂါပိုးဝင်ခြင်းသည် ကလေးငယ်၏အသက်ရှုခြင်းကိုပုံမမှန်ဖြစ်စေခြင်းကြောင့် ရုတ်တရက် အသက်ဆုံးရှုံးမှု ပိုဖြစ်စေနိုင်သည်။ အိပ်စက်မှု မူမှန်ဖြစ်ခြင်း မှောက်အိပ်တတ်တဲ့ကလေးတွေနဲ့ ဘေးတစောင်းအိပ်တဲ့ကလေးတွေကပက်လက်အိပ်တဲ့ကလေးတွေထက် အသက်ရှုရပိုခက်ခဲနိုင်ပါသည်။ အိပ်ရာပျော့လွန်းခြင်း : မျက်နှာကိုမှောက်အိပ်ခြင်းနှင့် စောင်ခေါင်းမြီးခြုံအိပ်ခြင်းတို့သည်လဲကလေးငယ်ရဲ့ အသက်ရှုလမ်းကြောင်းကိုပိတ်စေပြီးအသက်မရှုနိုင်ဖြစ်စေတဲ့အတွက် အလွန် အန္တရာယ်များပါတယ် မိဘများနှင့် အတူသိပ်ခြင်း : မိဘများနှင့် အိပ်ရာတစ်ခုထဲအတူအိပ်ခြင်းသည်လဲပျော့ပြောင်းတဲ့အရာများသောကြောင့် အသက်ရှုလမ်းကြောင်းကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ် ဘယ်လိုကလေးတွေမှာအဖြစ်များသလဲ ဥပမာ · […]


လမစေ့၊ ပေါင်မပြည့်သောကလေးငယ်များ

လမစေ့ဘဲမွေးသော ကလေးများတွင် အဖြစ်များသော ကျန်းမာရေးပြဿနာများ

လမစေ့ဘဲ မွေးသော ကလေးများသည် သာမန်ကလေးများနှင့်စာလျှင် နောက်ဆက်တွဲပြဿနာများ ခံစားရလေ့ရှိပါတယ်။ ထိုကလေးများသည် မိခင်၏ ဝမ်းကြာတိုက်မှ အချိန်မတိုင်မီ ထွက်ခွာလိုက်ရသည့်အတွက် အချို့သော ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်ရတတ်ပါသည်။ ကိုယ်ဝန်အပတ် ၂၄ ပတ်မှ ၃၂ပတ်အတွင်းမွေးသော ကလေးများသည် များစွာသော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ခံစားရနိုင်ပါသည်။ လမစေ့ဘဲမွေးသော ကလေးများတွင် အဖြစ်များသော ကျန်းမာရေးပြဿနာများ က ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ လမစေ့ဘဲမွေးသော ကလေးများတွင် အဖြစ်များသော ကျန်းမာရေးပြဿနာများ လမစေ့ဘဲမွေးသော ကလေးများတွင် အဖြစ်များသော ကျန်းမာရေးပြဿနာများ ကတော့ သွေးအားနည်းခြင်း လမစေ့ဘဲမွေးသော ကလေးများသည် သွေးနီဥများ လုံလောက်စွာမရှိခြင်းကြောင့် သွေးအားနည်းရောဂါများ ခံစားရနိုင်ပါသည်။ ပုံမှန်အားဖြင့် ကလေးငယ်ထံတွင် သွေးနီဥများတည်ဆောက်ရန်အတွက် သံဓာတ်များကို သိုလှောင်ရခြင်းလုပ်ငန်းစဉ်ကို ကိုယ်ဝန်နှောင်းပိုင်းကာလများတွင် လုပ်ဆောင်ရပါသည်။ လမစေ့ဘဲ မွေးသော ကလေးများတွင် အဆိုပါဖြစ်စဉ်ကို […]


ကလေးငယ်အာဟာရ

ကလေးများအတွက် အကျိုးပြု ဘက်တီးရီးယားများနှင့် ဘက်တီးရီးယားအစာများ

လူတို့၏ အစာခြေစနစ်ထဲတွင် ကျန်းမာရေးကို အကျိုးပြုသော ပိုးကောင်များ သန်းပေါင်းများစွာ ရှိပါသည်။ ထိုပိုးကောင်များသည် ဗိုင်းရပ်စ်များ ၊ မှိုများ၊ ဘက်တီရီးယားများဖြစ်ကြပြီး ယေဘူယျအားဖြင့် ပြောရလျှင် လူတို့ အတွက် အကျိုးပြုစေသော ပိုးကောင်များ ဖြစ်ပါသည်။ ဘက်တီးရီးယားများတွင် ကောင်းသော ဘက်တီးရီးယားများနှင့် မကောင်းသာ ဘက်တီးရီးယားများဟူ၍ ၂ မျိုးရှိပါသည်။ ကောင်းသော ဘက်တီးရီးယားများသည် အစာချေလမ်းကြောင်းတွင်ရှိပြီး အစားအစာများနှင့် ဗီတာမင်များကို ချေဖျက်ရာတွင် ကူညီပေးပါသည်။ ကောင်းကျိုးမပြုသော ဘက်တီးရီးယားများသည် ပိုးသတ်ဆေးများဖြင့် နှိမ်နင်းသင့်သော ဘက်တီးရီးယားများ ဖြစ်ပါသည်။ ထို့ကြောင်းကောင်းကျိုးပြုသော ဘက်တီးရီးယားများကို ပွားများစေရန် နှင့် မကောင်းသော ပိုးကောင်များကို မကြီးထွားလာစေရန် ပြုလုပ်သင့်ပါသည်။ ထို့ကြောင့် ကလေးများသည် အကျိုးပြူ ဘက်တီးရီးယားများနှင့် ဘက်တီးရီးယားအစာများကို သင့်တင့်မျှတစွာ စားပေးရန် လိုအပ်ပါသည်။ ကလေးများတွင် အကျိုးပြူ ဘက်တီးရီးယားများနှင့် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများတွင် ဖြစ်သော အမျိုးအစား (၁) ဆီးချို

သင့်ကလေးတွင် ဆီးချိုရောဂါရှိနေပြီဟု ဆရာဝန်ကပြောလိုက်သောအခါ စိတ်ဓါတ်မကျပါနဲ့။ သင့်ကလေးတယောက်တည်း ဆီးချိုရောဂါဖြစ်ခြင်းမဟုတ်ပါ။ ဆီးချိုရောဂါဆိုသည်မှာ ဂရုတစိုက်ပြုရမည့် နာတာရှည်ရောဂါဖြစ်ပါသည်။ သို့သော် သင်သည် လက်တွေ့ကျသော ဗဟုသုတအချို့ကို သိထားခြင်းဖြင့် သင့်ကလေးအား အကောင်းဆုံးကူညီ ထောက်ပံ့မှုများကို ပေးနိုင်ပါလိမ့်မည်။   ဆီးချိုရောဂါဆိုတာ ဘာလဲ။ ဆီးချိုသည် လူများတွင် ဖြစ်နိုင်သော ရောဂါဖြစ်ပါသည်။ သင်စားလိုက်သော အစားအစာများသည် သင့်ကိုယ်ထဲတွင် သကြားဓါတ်များအဖြစ်ပြောင်းလဲသွားသည်။ ထိုအခါ မုန့်ချိုအိတ်သည် ထိုသကြားဓါတ်များကို စုပ်ယူနိုင်ရန် ခန္ဓါကိုယ်အတွက် အရေးပါဆုံးဟော်မုန်းဖြစ်သည့် အင်ဆူလင်ဟော်မုန်းတမျိုးကို ထုတ်ပေးပါသည်။ ကျွနုပ်တို့စားပြီးသောအခါ အင်ဆူလင်သည် ကိုယ်ထဲရှိ ဆဲလ်များအတွင်းသို့ စွမ်းအင်များရရှိအောင် ပို့ဆောင်ပေးသော အဓိက သော့ချက်ဖြစ်ပါသည်။ ဆီးချိုသမားများတွင် အဆိုပါဖြစ်စဉ် လုပ်ဆောင်မှုမမှန်ကန်ခြင်းဖြစ်ပြီး ဆီးချိုရောဂါကို မကုဘဲထားပါက ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်လာစေပါသည်။ အမျိုးအစား ၁ ဆီးချိုရောဂါသည် မုန့်ချိုအိတ်မှ အင်ဆူလင်လုံးဝမထုတ်ခြင်းကြောင့် သွေးတွင်း […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

လမ်းသွားတတ်ကာစအရွယ် ကလေးငယ်များအတွက် စိတ်မချရသော အစားအသောက်များ

သင့်ကလေးသည် ကြီးထွားလာသည်နှင့်အမျှ သူစားသော အစားအစာများသည်လည်း ပိုမိုများပြားလာပါသည်။ သို့သော ်အချို့သောအစားအစာများသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် သင့်ကလေးစားသော အစားအစာများကို ဂရုစိုက်သင့်ပါသည်။ အောက်ပါတို့သည် သင့်ကလေးကို ထိခိုက်စေသော အချို့သော အစားအစာများဖြစ်ပါသည်။ သကြား ကလေးများသည် သဘာဝအားဖြင့် အချိုကြိုက်တတ်ကြသည်။ သကြားလုံးများ၊ ဂျယ်လီများ၊ ဘီစကစ်နှင့် ကိတ်မုန့်များသည် ကလေးများအကြိုက်ဖြစ်ပြီး ထိုအစားအစာများကို စားခြင်းဖြင့် အခြားသော ကျန်းမာစေသည့် အစားအစာများကို နေရာမပေးချင်ဘဲဖြစ်တတ်ကြသည်။ ထို့ကြောင့် ထိုအချိုများသော အစားအစာများကို ကလေးအသက်၂ နှစ်အရွယ်လောက်ထိ တတ်နိုင်သမျှ လျှော့စားစေခြင်းဖြင့် သွားပိုးစားခြင်းနှင့် သွားများပျက်စီးခြင်းကို ကယကွယ်နိုင်ပေလိမ့်မည်။ ပန်းသီးဖျော်ရည် အခြေခံအားဖြင့် အသီးဖျော်ရည်များသည် ကျန်းမာရေးအတွက်ကောင်းမွန်သော်လည်း ပန်းသီးဖျော်ရည်သည် သကြားဓါတ်အများအပြားပါဝင်ကြောင်းတွေ့ရသည်။ မိဘများသည် ပန်းသီးဖျော်ရည်က လိမ္မော်ရည် ၊ မက်မွန်ရည်နှင့် စပျစ်ဖျော်ရည်များထက် ပိုပြီး ကျန်းမာစေမည်ဟု မှားယွင်းယူဆနေကြသည်။ ၁၀၀ % […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မိဘများအနေဖြင့် အရှက်အကြောက်ကြီးသော ကလေးများကို အုပ်ထိန်းရန် နည်းလမ်းကောင်းများ

အရှက်အကြောက်ကြီးခြင်းသည် ပြသနာမဟုတ်ပါ။ အများအားဖြင့် အရှက်အကြောက်ကြီးသော ကလေးများသည် ကျောင်းတွင် ပြသနာဖြစ်လေ့မရှိပါ။ သူတို့သည် အများအားဖြင့် ကောင်းမွန်စွာ ပြုမူနေထိုင်တတ်ကြသည်။ ထို့ကြောင့် အရှက်အကြောက်ကြီးခြင်းသည် သင့်ကလေးအဆင်ပြေနေသ၍ ပြသနာတရပ်မဟုတ်ပါ။ သို့သော် သင့်ကလေးသည် · ကျောင်းသွားရန် ဝန်လေးလာခြင်း · သူငယ်ချင်းများမဖွဲ့နိုင်ခြင်း · မွေးနေ့ပွဲများကဲ့သို့ လူမှုရေးပွဲများကိုသွားရန် ကြောက်ရွံ့လာခြင်း · သူတို့ကိုယ်သူတို့ စိုးရိမ်တကြီးဖြစ်လာခြင်း စသည်တို့ကို ကြုံတွေ့လာရပြီ ဆိုလျှင် သင့်ကလေးကို သင့်ဘက်မှ ကူညီထောက်ပံ့မှုများ ပေးရန်လိုအပ်ပါသည်။ အများအားဖြင့် အရှက်အကြောက်ကြီးသော ကလေးများသည် သူတပါးအတွက်စဉ်းစားပေးခြင်း၊ မိမိကိုယ်ကို အားကိုးခြင်း နှင့် ကိုယ်ချင်းစာစိတ်ရှိခြင်း စသည့်စိတ်ဓါတ်များရှိတတ်ကြသည်။ သို့သော် လူအများစုက ထိုကလေးများကို လူမှုရေးခေါင်းပါးသော ကလေးများဟုထင်နေတတ်ကြသည်။ အမှန်မှာ လူအများနှင့် မည်သို့ လိုက်လျောညီထွေအောင်ပေါင်းရမလဲ မသိခြင်း နှင့် ပေါင်းသင်းဆက်ဆံရေးတွင် နည်းလမ်းများ မှားယွင်းနေခြင်းတို့ကြောင့်ဖြစ်ပါသည်။ သူတို့အတွက် ပတ်ဝန်းကျင်တခုနှင့် နေသားကျသွားရန် အချိန်လိုအပ်ပါသည်။ သူတို့ကို […]


ကလေးအရေပြားပြဿနာများ

ကလေးငယ်များတွင် အပူဖုများ ထွက်ခြင်း

ကလေးငယ်များတွင် အပူဖုများ ထွက်ခြင်း အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ ကလေးငယ်များတွင် အပူဖုများ ထွက်ခြင်း ကလေးငယ်များတွင် အပူဖုများ ထွက်ခြင်း ဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ အပူဖုဆိုတာ ဘာလဲ။ အပူဖုကို ချွေးဖု၊ မိတ်ဖု၊ miliaria သို့မဟုတ် နွေရာသီတွင် ထွက်သော အဖုဟုလည်း ခေါ်သည်။ အရေပြားပေါ်တွင် ဖြစ်ပေါ်သော သေးငယ်သော အနီစက်များ၊ အဖုများ ဖြစ်သည်။ အပူဖုများသည် ကလေးများ အလွန်ပူသောအခါ ပေါ်လာတတ်သည်။ အပူဖုကို ဘာတွေက ဖြစ်စေသလဲ။ ကလေးများ ချွေးအလွန်ထွက်သောအခါ ချွေးပေါက် ပိတ်ဆို့ပြီး ချွေးများအပြင်သို့ မထွက်နိုင်တော့ပါ။ ထိုအခါ အပူဖုများ ဖြစ်လာသည်။ နို့စို့ကလေးငယ်များနှင့် ငယ်ရွယ်သော ကလေးများသည် အပူဖု ပိုဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ချွေးဂလန်းများသည် မဖွံဖြိုး သေးသောကြောင့် ဖြစ်သည်။ အပူဖုများသည် ပူပြင်းသော […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း