ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ချို့ယွင်းချက်ရှိနေသော ကလေးများကို အိမ်သာတက်နည်း သင်ပေးခြင်း

ကလေးတစ်ယောက်ကို အိမ်သာအိုးထိုင်တတ်ဖို့ သင်ပေးရခြင်းသည် လုံးဝမလွယ်ကူပါ။ အထူးသဖြင့် သင့်ကလေးတွင် အထူးလိုအပ်ချက်၊ ချို့ယွင်းမှုများ ရှိနေသည်ဆိုလျှင်ပေါ့။ သင့်သင်ကြားမှုကို ဘယ်တော့မှ အလျင်စလိုမလုပ်ပါနဲ့။ သင့်ကလေး၏ စွမ်းဆောင်နိုင်စွမ်းကို အရင်ဆုံး နားလည်ဖို့ အချိန်လိုအပ်သည်။ ဘယ်အချိန်ကစပြီး ကလေးတစ်ယောက် သည် အိမ်သာတက်နည်း သင်ပေးဖို့ အဆင်သင့်ဖြစ်ပြီလဲ။ ဘယ်အချိန်မှာ သင့်ကလေးသည် အိမ်သာတက်နည်း သင်ပေးဖို့ အဆင့်သင့်ဖြစ်ပြီလဲဆိုတာကို အတိအကျပြောဖို့ ခက်ပါသည်။ များသောအားဖြင့် ပုံမှန်ဖွံ့ဖြိုးမှုရှိသော ကလေးများသည် နှစ်နှစ်ကျော် သုံးနှစ်နီးပါးတွင် အဆင်သင့်ဖြစ်သည့် လက္ခဏာများ ပြသတတ်သည်။ သို့သော် ချို့ယွင်းချက်ရှိနေသော ကလေးများအတွက်တော့ အနည်းငယ် ကွဲပြားနိုင်ပါသည်။ ထိုကလေးများသည် သူတို့ဖွံ့ဖြိုးနှုန်းနှင့် သူတို့သွားနေသော ကလေးများဖြစ်သည်။ ထို့ကြောင့် သူတို့လေးတွေ အဆင်သင့်မဖြစ်သေးခင် အိမ်သာအိုးထိုင်နည်း လေ့ကျင့်ပေးဖို့ အတင်းအကျပ် မကြိုးစားပါနဲ့။ ထိုအစား သူတို့ပြသော လက္ခဏာများကို စောင့်ကြည့်ပါ။ ၎င်းတို့မှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ထိပ်တန်း မိဘအုပ်ထိန်းနည်းများ

ကလေးထိန်းနည်းများစွာရှိသော်လည်း အများစုမှာ သဘောထား ကွဲလွဲမှုလေးများ ရှိနေပါသည်။ ထိုကြောင့် မိဘများမှာ ကိုယ်လုပ်တာမှားများသွားသလားဆိုပြီး စိတ်ရှုပ်ထွေးမှု မကြာခဏဖြစ်ရပါသည်။ သို့သော် ကလေးထိန်းခြင်း၏ အရေးကြီးဆုံး အချက်ကတော့ ကလေးကိုအနိုင်ရဖို့ကြိုးစားရန်မဟုတ် ကလေးနှင့် မိဘကြား ခိုင်မာသော ဆက်ဆံရေး တည်ဆောက်ဖို့ပဲ ဖြစ်ပါသည်။ သင့်အတွက် အထောက်အကူဖြစ်မည့် ထိပ်တန်း ကလေးထိန်းနည်း အချို့ကို ဤဆောင်းပါးတွင် ဖော်ပြလိုက်ပါသည်။ ၁။ သင့်ကလေးနှင့် နေ့စဉ် အချိန်အတူကုန်ဆုံးပေးပါ။ သင့်ကလေးတစ်ယောက်ချင်းစီအတွက် အချိန်သတ်သတ်မှတ်မှတ်ပေးထားပါ။ ထိုအချိန်အတွင်းတွင် သင့်ကလေးကို အပြည့်အ၀ ဂရုစိုက်ပေးပါ။ သင်နှင့်အတူ သူတို့ဘာလုပ်ချင်တယ်ဆိုတာကို ရွေးချယ်ခွင့်ပေးနိုင်သည် (သို့) သင်တို့နှစ်ယောက်အလှည့်ကျ ရွေးချယ်နိုင်သည်။ အခြားသော ကလေကို လုပ်စရာတစ်ခုခုရှိနေပါစေ။ သို့မှသာ သူတို့ဝင်ရောက် မနှောင့်ယှက်မည်ဖြစ်သည်။ သင့်ဖုန်းကိုလည်း ပိတ်ထားလိုက်ပါ။ ဤနည်းသည် သင့်ကလေး၏ အမှားများကို ပြုပြင်ပေးဖို့ အနီးကပ်နေနိုင်သည့် အခွင့်အရေးဖြစ်သည်။ ၂ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်နေသော မိခင်များ ဘာကြောင့် အစားဆင်ခြင်သင့်တာလဲ

မိခင်နို့သည် ကလေးအတွက် အကောင်းဆုံး အာဟာရဖြစ်သည်။ ၎င်းသည် ကလေးပထမ ၆လနှင့် အထက်တွင် ကြီးထွားဖို့ လိုအပ်သော အရာအားလုံးကို ထောက်ပံ့ပေးပါသည်။ ထို့ပြင် ၎င်းသည် မိခင်နှင့် ကလေးကြား ပိုပြီး သံယောဇဉ် တွယ်စေရန် ကူညီပေးသည်။ မိခင်နို့တွင် အဆိပ်အတောက်အနည်းငယ်မျှ ပါသည်ဆိုလျှင်တောင် ထိုအနည်းငယ်သည် ကလေးအပေါ် လွှမ်းမိုးမှုမရှိပါ။ မိခင်ခန္ဓါကိုယ် အဆီတွင် ရှိသော နည်းပါးလှသော အဆိပ်အတောက်ပမာဏသည် မိခင်နို့ထဲတွင်ပါဝင်လာနိုင်သည်။ မိခင်နို့တွင် ပါရှိသော အဆိပ်အတောက်သည် ကလေးအတွက် အန္တရာယ်ရှိသလား။ မိခင်နို့တွင် အဆိပ်အတောက် ပါသည်ဆိုရုံမျှ အနည်းငယ်သာ ပါဝင်သည်။ ထို့ကြောင့် မိခင်နို့်တွင် ပါဝင်သော အဆိပ်အတောက်သည် ကလေးကို အန္တရာယ်ပြုနိုင်ချေ နည်းပါသည်။ ကလေးများသည် မမွေးခင် မိခင်ဝမ်းဗိုက်တွင် ရှိစဉ်အခါကတည်းက အဆိပ်အတောက်များနှင့် ထိတွေ့ ခဲ့ရနိုင်ပါသည်။ သို့သော်၎င်းသည်လည်း […]


ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးတွင် ဆိုရီရေးစစ်ရောဂါ ကုသမှုနည်းလမ်းများ

ဆိုရီရေးစစ်ရောဂါ ဆိုတာဘာလဲ။ ဆိုရီရေးစစ်ရောဂါဆိုသည်မှာ အရေပြားဆဲလ် ဖြစ်ပျက်မှု ဖြစ်စဉ်အပေါ် သက်ရောက်မှုရှိသော အဖြစ်များသည့် အရေပြားရောဂါတစ်ခုဖြစ်သည်။ ဆိုရီရေးစစ်ရောဂါသည် အရေပြားမျက်နှာပြင်တွင် ဆဲလ် အလျင်အမြန်တည်ဆောက်ခြင်းကို ဖြစ်ပေါ်စေသည်။ အရေပြားဆဲလ်အပိုများသည် ထူထဲပြီး ငွေရောင်အကြေးခွံရှိသော ယားယံ၊ခြောက်သွေ့၊ နီရဲသည့် အကွက်များဖြစ်သည်။ ထိုအကွက်များသည် တစ်ခါတစ်ရံ နာကျင်သည်။ ကလေးတွင် ဆိုရီရေးစစ် ရောဂါ လက္ခဏာများ ဆိုရီရေးစစ်ရောဂါသည် ပုံစံမျိုးစုံရှိသည်။ တစ်မျိုးချင်းစီတွင် ထူးခြားသော လက္ခဏာများရှိကြသည်။ ကလေးတွင် ဆိုရီရေးစစ်၏ အဓိကလက္ခဏာများမှာ အများအားဖြင့် နီရဲပြီး ငွေရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားသော အရေပြားအကွက်များ (အများအားဖြင့် တစ်နှစ်အောက်ကလေး သေးခံလောင်သော အကွက်များနှင့် မှားတတ်သည်။) တစ်ခါတစ်ရံ သွေးထွက်တတ်သော ခြောက်သွေ့ကွဲအက်နေသည့် အရေပြား ဆိုရီရေးစစ်ဖြစ်သော အရေပြားတွင် ယားယံ၊ နာကျင်ပြီး ပူစပ်ပူလောင် ခံစားရခြင်း အစင်းထနေသော ထူထဲပြီး ချိုင့်နေသည့် […]


ကလေးငယ်အာဟာရ

ကလေးများ၏ စိတ်ခံစားမှုနှင့် အစာစားချင်စိတ် ဆက်နွယ်မှု

အစာစားခြင်းဟာ ကလေးတိုင်းရဲ့ဘဝအတွက်အရေးကြီးတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ အစာကောင်းကောင်းစားခြင်းဟာ ခန္ဓါကိုယ်ဖွံ့ဖြိုး၍ ကျန်းမာစေရုံသာမကပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ဓါတ်ပိုင်းတွင်လည်းတိုးတက်စေပါတယ်။ အစာစားချင်းနှင့်အစားအစာရွေးချယ်မှုကိုနေထိုင်ရာပတ်ဝန်းကျင် ၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်၏အပူချိန်တို့က လွှမ်းမိုးပါတယ်။   စိတ်ခံစားမှုကြောင့် အစာစားခြင်းဆိုတာဘာလဲ။ စိတ်၏စေခိုင်းမှုကြောင့် အစာစားခြင်းမှာ အာဟာရပြည့်ဝရန်ထက် သက်တောင့်သက်သာရှိစေရန် ၊ ပျင်းရိမှုမှလွတ်မြောက်ရန် သို့ စိတ်လှုပ်ရှားမှုကိုတုံ့ပြန်ခြင်းအားဖြင့် ဖြစ်စေ စားခြင်းဖြစ်ပါတယ် ။ ကလေးများ ၊ ဆယ်ကျော်သက်များနှင့် အရွယ်ရောက်ပြီးသူများတောင်မှစိတ်၏အလိုအရ တစ်ခါ သို့ တစ်ခါထက်ပိုပြီး စားမိတတ်ကြပါတယ် ။ စိတ်ခံစားမှုကြောင့် အစာစားခြင်းသည်အမှန်တစ်ကယ်ဆာ၍စားခြင်းနှင့် မည်သို့ကွာသလဲ။ ကလေးတွေဟာ အခြေအနေတစ်ခု သို့ အတွေ့အကြုံတစ်ခုနှင့်ကြုံတွေ့ရတဲ့အခါမှာ စိတ်လှုပ်ရှားပြီး အစားစားချင်စိတ်များ အလွန်ဖြစ်ပေါ်လာတတ်ပါတယ်။ အခြားတစ်ဖက်မှာတော့ခန္ဓါကိုယ်လိုအပ်ချက်ကြောင့်ဗိုက်ဆာတဲ့ကလေးတွေဟာတော့ သူတို့ရဲ့အစာအိမ်ထဲမှာ ဘာမှမကျန်တဲ့အခါမှသာအစာစားချင်စိတ်ဖြစ်ပေါ်လာကြပါတယ်။ စိတ်ခံစားမှုကြောင့်အစာစားတဲ့ကလေးများဟာ အစားအစာတစ်မျိုးထဲကိုပဲစားချင်စိတ်ပြင်းထန်နေတတ်ကြပြီး ပုံမှန်ဗိုက်ဆာတဲ့ကလေးတွေဟာတော့မည်သည့်အစားအစာဖြစ်စေ ကျေနပ်တတ်ကြပါတယ် ။ ဥပမာအားဖြင့် သူငယ်ချင်းများနှင့်ရန်ဖြစ်ပြီးတဲ့ကလေးတွေဟာရေခဲမုန့်တွေအများကြီးစားတာကိုသူတို့ဘာသာသတိထားမိတတ်ကြပြီး အချို့ကတော့ သတိမထားမိတတ်ကြပါဘူး ။ စိတ်ခံစားမှုကြောင့်အစာစားခြင်းဟာ ဘာကြောင့်မကျန်းမာစေသလဲ။ စိတ်အလိုလိုက်၍ အစာစားခြင်းဟာ အဝလွန်ခြင်း( အလွန်အကျွံစားသုံးမိ၍) ၊လုံလောက်သောခန္ဓါကိုယ်အလေးချိန်မရှိခြင်း( […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို နည်းမှန်လမ်းမှန်ဖြင့် အားပေးချီးကျုးခြင်း

မိဘအများစုအဖြစ်ချင်ဆုံးဆန္ဒတစ်ခုကတော့ သူတို့ကလေးတွေကို ပျော်ပျောရွှင်ရွှင်၊ အောင်အောင်မြင်မြင် အသက်ကြီးလာစေချင်ကြတာပါပဲ။ ဒါကြောင့် ကလေးတွေ ကောင်းတာတစ်ခုခုလုပ်တာနဲ့ အားပေးချီးမြှောက်ကြပါတယ်။ ဒါပေမဲ့လည်း အားပေးမှုတိုင်းက မှန်နေသလား။ ဒါမှမဟုတ် မကောင်းတဲ့ဘက်တွေကို ရောက်သွားစေနိုင်သလား။ သင့်ကလေးစိတ်ဓါတ်ကောင်းတစ်ခုရရှိရန်အတွက် ဘယ်လိုအားပေးချီးမြှောက်ရမယ်ဆိုတာ အောက်တွင်ဖတ်ရှုပေးကြပါ။ အားပေးချီးမြှောက်မှုတွေက ကလေးတစ်ယောက် မိမိကိုယ်ကို ယုံကြည်မှုရှိစေရန်နဲ့တန်ဖိုးထားတတ်စေရန်အတွက် အဓိကနေရာမှာ ပါဝင်နေပါတယ်။ ကောင်းမွန်တဲ့အားပေးချီးမြှောက်မှုတစ်ခုက သူတို့မှန်တာကို လုပ်နေတာလို့ ယုံကြည်စေနိုင်ပါတယ်။ အဲဒီအကြောင်းအရာကနေပြီး တစ်သက်လုံးမှန်ကန်တဲ့လုပ်ရပ်တွေ လုပ်တတ်တဲ့အကျင့်ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမဲ့လည်း အမြဲတမ်းတော့ အားမပေးရပါဘူး။ အားပေးချီးမြှောက်ခြင်းရဲ့ အကျိုးနဲ့အပြစ်တွေ သိရှိပြီး ယင်းအားပေးမှုရဲ့ တန်ဖိုးကို နားလည်စေရပါမယ်။ ဘယ်အရာကို အားပေးချီးကျူးတယ်ဆိုတာ သေသေချာချာပြောပါ။ ပုံဆွဲထားသည်ကို အားပေးချီးကျူးခြင်းက သူတို့ကို ပျော်ရွှင်သွားစေနိုင်သော်လည်း ပုံဆွဲထားခြင်းမှာဘယ်အရာတွေက ကောင်းနေတာလဲဆိုတာကိုတော့ သိစေမှာမဟုတ်ပါဘူး။ ဥပမာအားဖြင့် ပုံဆွဲကောင်းကြောင်းပြောပြီး အရောင်လေးတွေ စုံစုံလင်လင်ထည့်သွင်းပေးသင့်တယ်၊ အဲဒါက ဖန်တီးနိုင်စွမ်းဖြစ်တယ်ဆိုတာကို ပြောပြရပါမယ်။ သင့်အားပေးချီးကျူးမှု […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ရည်၏ ဖြစ်ပေါ်ပုံအဆင့်ဆင့်

ဘေဘီလေးတွေ ကျန်းမာစွာ ကြီးထွားစေဖို့ အရေးပါတဲ့ မိခင်နို့ရည်၏ ဖြစ်ပေါ်ပုံအဆင့်ဆင့် အကြောင်းလေးကို ဗဟုသုတ ရအောင် ဖော်ပြပေးလိုက်ပါတယ်။ မိခင်နို့ရည်၏ ဖြစ်ပေါ်ပုံအဆင့်ဆင့် ကလေးငယ်အတွက် သူတို့ရဲ့ပထမဆုံး ၆ လမှာ အာဟာရ အရင်းအမြစ်ဟာ မိခင်နို့ပဲ ဖြစ်ပါတယ် ။ မိခင်နို့ကို  နို့ဦးရည် ၊ Transitional milk (နို့ဦးရည် ထွက်ပြီးနောက်၂ပတ်အတွင်း ထွက်သောနို့ရည်) နှင့် Mature milk (မီးဖွားပြီး၂ ပတ် နောက်ပိုင်း ထွက်သောနို့ရည်) ဟူ၍ အဆင့် ၃ ဆင့် ခွဲခြားထားပါတယ်။ နို့ဦးရည် နို့ဦးရည်ဆိုသည်မှာ မိခင်နို့ရည်ရဲ့ ပထမဆုံးအဆင့်ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ဖြစ်ပေါ်လာပြီး အဝါရောင် သို့ ပျစ်နှစ်သောအရောင်ရှိပါတယ် ။ နို့တိုက်စဉ်မှာထုတ်သော နို့ရည်ထက်လည်း ပိုပြီးပျစ်ပါတယ် ။ ကလေးမွေးပြီးတဲ့အခါမှာတော့ နို့ဦးရည်အဆင့်ကနေ ပြောင်းလဲဆဲနို့ရည်အဆင့်သို့ ၂ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများသူတို့ရဲ့ပါးစပ်ထဲသို့မထည့်သင့်သောအရာများ

ကလေးများဟာ သူတို့ရဲ့ပါးစပ်ထဲသို့ဘာကြောင့် ပစ္စည်းများထည့်လေ့ရှိကြသလဲ။ တစ်ခုခုကိုစုပ်နေခြင်းဟာ ကလေးအများစုကို သက်တောင့်သက်သာရှိစေပြီး နွေးနွေးထွေးထွေးရှိတယ်လို့ ခံစားရစေပါတယ်။ သူတို့မိခင်ရဲ့သားအိမ်ထဲတွင်ရှိနေစဉ်ကပင် သူတို့ရဲ့လက်မများကို စုပ်နေလေ့ရှိကြပါတယ်။ မွေးဖွားပြီးတဲ့အခါမှာလည်း သူတို့ကို အာဟာရရှိစေရန် သူတို့ရဲ့မိခင်များဆီမှ နို့ချိုတိုက်ကျွေးပြုစုခြင်းခံရသောကြောင့် ဒီလိုစုပ်လေ့ရှိတဲ့အလေ့အကျင့်ဟာ ဆက်လက်ရှင်သန်ကြီးထွားလာပါတယ်။ ကလေးများဟာ ကြီးထွားလာတာနှင့် အမျှ ( အထူးသဖြင့် အရာဝတ္ထုများကို ကိုင်ဆုပ်ဖို့လက်များ ကြီးထွားလာပြီးတဲ့အချိန်ဖြစ်တဲ့အသက်၆ လမှ ၁၂ လအရွယ်အတွင်းတွင်) သူတို့ကိုသူတို့ တည်ငြိမ်၍ လုံခြုံစိတ်ချမှုကိုခံစားရစေရန် သူတို့ရဲ့ပါးစပ်ထဲကိုအရာဝတ္ထုများ ထည့်တတ်ကြပါတယ်။ ပါးစပ်ထဲသို့ပစ္စည်းများထည့်ခြင်းဟာ ကလေးတွေရဲ့စူးစမ်းလေ့လာလိုစိတ်နဲ့ပစ္စည်းအမျိုးမျိုးကို အရသာခံ၍လေ့လာပြီး ကမ္ဘာကြီးကိုနားလည်ချင်သော ဆန္ဒများကိုညွန်ပြနေသောကြောင့် ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ကလေးများ သူတို့ရဲ့ပါးစပ်ထဲသို့မထည့်သင့်သောအရာများ။ စားစရာလို့မထင်တဲ့အရာများကိုတော့ သင့်ကလေးဟာ ပါးစပ်ထဲကိုထည့်မှာမဟုတ်ပါဘူး။ အရာအားလုံးဟာ အန္တရာယ်မရှိပေမယ့် ကလေးများအတွက်ကျန်းမာရေးနှင့် ပတ်သတ်ပြီး စိတ်ချရစေရန် ကလေးများနှင့် ဝေးဝေးထားသင့်သောအရာများ ရှိပါတယ် ။ ထိုအရာအများစုကတော့.... - အင်းစက်များနှင့် ပရိုတိန်းဓါတ်နှင့် အာဟာရပြည့်ဝသော အစားအစာများ ။ အင်းစက်များဟာ […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

သင့်မြီးကောင်ပေါက်အရွယ်ကလေးတွေကို ထိန်းသိမ်းနိုင်ဖို့ နည်းလမ်းများ

သင့်ရဲ့ကလေးတွေကြီးပြင်းလာသည့်အခါသူတို့က "ဆယ်ကျော်သက်" ဟုခေါ်သည့်ကာလကို ကျော်ဖြတ်ရပါလိမ့်မယ်။ အများအားဖြင့်, ဒီကာလမှာ သူတို့ရဲ့ လိင်, စိတ်ပိုင်း သို့မဟုတ်အပြုအမူတွေအများအပြားပြောင်းလဲမှုများရှိနေပါတယ်။ မိဘတစ်ဦးဖြစ်ရင် သင့်ရဲ့ တာဝန်ကတော့ သူတို့ကိုသင့်ရဲ့လမ်းညွှန်မှု အောက်မှာ ကိုယ်ပိုင်ရွေးချယ်မှုလွတ်လပ်ခွင့်ပေးဖို့နဲ့ စည်းကမ်းရှိဖို့ လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။ သင့်ကလေးကို ဆက်ဆံပုံဟာ သူတို့ရဲ့အမူအကျင့်များနှင့်အိမ်တွင်း ပဋိပက္ခတွေကို အကျိုးသက်ရောက်စေပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ သင်တို့ကြိုးစားကြည့်နိုင်တဲ့ အကြံပြုချက်များကိုပြသပါလိမ့်မယ်။ သင့်ကလေးကို လေးစားမှုပြပါ။ ဤကာလများမှာ ဆယ်ကျော်သက်တွေဟာ သူတို့ကိုယ်သူတို့လက်ခံနိုင်အောင် တစ်နည်းနည်းနဲ့ဖော်ပြပါလိမ့်မယ်။ သူတို့ကမလေးစားသလို လုပ်ပြီး မိဘတွေရဲ အာရုံစိုက်မှုရအောင်လုပ်ပါလိမ့်မယ်။ ဒီအချိန်က သင်စိတ်တည် ငြိမ်ဖို့အရေးကြီးပါတယ်။ သူတို့ကို လေးစားမှုပြပြီး စကားပြောရင်းအချိန်ဖြုန်းကြည့်ပါ။ ဒီအခါ သူတို့ဆက်ဆံခံရတဲ့ နည်းအတိုင်း သင့်ကို တုံ့ပြန်ပါလိမ့်မယ်။ သင့်အနေနဲ့လည်း အခြားသူများကိုလေးစားမှုရှိတာဟာ အရွယ်ရောက်ကြီးပြင်းဖို့အတွက် လေ့ကျင့်ရန်လိုအပ် တဲ့ အပြုအမူဖြစ်ကြောင်း သူတို့သိအောင်ပြောပြပါ။ သင့်ကလေးနှင့်အတူ ထူးခြားတဲ့ အချိန်တွေကုန်ဆုံးပါ။ ကြီးထွားလာသည့်အခါကလေးတွေက တစ်ဦးတည်းနေဖို့ လိုချင်ပါလိမ့်မယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများ မိမိဘာသာ အပေါ့အလေးသွားတတ်စေရန် လေ့ကျင့်ပေးနည်းများ

မိဘအများစုသည် ကလေးငယ်များအား မိမိဘာသာ အပေါ့အလေးသွားတတ်စေရန် လေ့ကျင့်ပေးရာတွင် အခက်တွေ့လေ့ရှိကြသည်။ ယေဘုယျအားဖြင့် ဤအချက်သည် ကလေးငယ် အဆင်သင့် ဖြစ်မဖြစ်ပေါ်တွင် မူတည်သောကြောင့် မိဘများကဂရုစိုက်စောင့်ကြည့်သင့်ပါသည်။ အများအားဖြင့် အသက် ၁၈ လမှ ၂၄လအတွင်း နှင့် အချို့မှာစော၍ အချို့မှာနောက်ကျတတ်ပါသည်။ ကလေးငယ်များအား potty train ရာတွင်မိဘများ၏ ကြိုးစားအားထုတ်မှုများလိုအပ်ပါသည်။ အောက်ပါအချက်များသည် ကလေးငယ်များအားလေ့ကျင့်ပေးရာတွင် အကူအညီရနိုင်ရန်ဖြစ်ပါသည်။ အပေါ့အလေးသွားခြင်းကိုကလေးငယ်နားလည်အောင် ဖော်ပြနိုင်မည့် စကားလုံးများကိုအသုံးပြုပါ။ (ရှုးရှုး ။ အင်းအင်း။ အိမ်သာ) 'အင်းအင်းပါလား' စသည်ဖြင့်မေးပါ။ ဆီးသွားခြင်းနှင့် အလေးသွားခြင်း၏လိုအပ်မှုကို သင့်ကလေးသိနိုင်ပါသည်။ သေးခံစို လျှင်ပြောရန်သင်ပေးထားပါ။ ကလေးငယ်အလေ့အကျင့်ရစေရန်အတွက် အိမ်သာတွင်အသုံးပြုသောကုလားထိုင်ကိုအသုံးပြုပါ။ ကလေးအးလေ့ကျင့်ပေးရာတွင် လုံလောက်သောအချိန်ယူပါ။ ကလေးအဆင်သင့်မဖြစ်သေးပါကအိမ်သာခွက်/အိုးပေါ်တွင် အတင်းထိုင်ခိုင်းခြင်းမလုပ်ပါနှင့်။ အိမ်သာခွက်ပေါ်တွင်ထိုင်နည်းကိုမိမိအရင်လုပ်ပြ၍ ကလေးငယ်အားတစ်ဆင့်ခြင်းစီရှင်းပြပါ။ ကလေးငယ်ကြည့်၍လိုက်လုပ်ပါစေ။ အပေါ့အလေးသွားရန်အတွက် ပုံမှန်အလေ့အကျင့်တစ်ခုပြုလုပ်ထားပါ။ ကလေးငယ် အလေးသွားချင်သည့်အခါ ညည်းခြင်း၊ ဆောင့်ကြောင့်ထိုင်ချခြင်း၊မျက်နှာနီလာခြင်းတို့ ဖြစ်တတ်သည်ကိုလဲဂရုပြုပါ။ gastro colic reflex ကိုသုံးပြီးလဲသင့်ကလေး၏အူများလှုပ်ရှားမှုကိုခန့်မှန်းနိုင်ပါသည်။ အစာအိမ်ပြည့်လာခြင်းကအူမကြီးအတွင်းရှိအစာဟောင်းများကိုစွန့်ထုတ်ရန်ပိုမိုအားပေးသောကြောင့် သင့်ကလေးအစာစားပြီး ၁၅မိနစ်မှ မိနစ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း